ပြန်လာမယ့်နှင်းတွေ

ပုစဉ်းပျံလေးတွေ ဝဲနေတယ် ဆောင်းဝင်လာတော့မယ် လေသံတိုးတိုးလေးနဲ့ ကိုယ့်ငွေ့နွေးနွေးလေးကို လွမ်းရ တချိန်ကအကြောင်းဟာ တနေ့နေ့ကို မျှော်တလင့်လင့် နှင်းရည်စိုလက်တဲ့ လမ်းကလေးပေါ် အရင်လိုစိတ်နဲ့ ကြည်နူးရိပ် အချစ်ရေ ရောက်ရာအရပ်က ပြန်လှည့်ပါ ရင်ထဲမှာ တကျည်ကျည်မြည်နေပြီ။ . ထွန်းကို

လူ့ဝန်တာ

ကောင်းကင်နဲ့ မြေလွှာ သာယာပါရဲ့။ အလှကို ပုံစံပျက်အောင် (အိုကွယ်…) မဖျက်ပါနဲ့။ ။ အောင်ကိုထိုက် (အရာတော်) Photo Credit

တောလမ်းကလေး

တရားသံနည်းနည်း တောအဖျားမှာ လှိုက်ခတ် ဝေဖြာ ခြေလှမ်းတိုင်း အေးချမ်းမှုကို ခင်းထားတယ်။ ဘဝဆိုတာ စစ်မြေပြင်တစ်ခုပဲ…လို့ သင်ကြားပေးသူ မမတစ်ယောက် စိန်တစ်ဆင်စာမှာ စစ်ရှုံးသွားခဲ့ပုံ ဦးနှောက်ထဲဝင်ပြီး တောခြောက်ဆဲ။ ကြာပြီလား/ကြာခဲ့ပြီလား/ကြာပါပြီ တောလုံးစိမ်းမြ နှင်းရည်သောက် သောကတချို့ ဆောင်းဦးပေါက်ခဲ့တာ….။ အောင်မှူးဝေ ၃၊၁၀၊၂၀၂၁

နိယာမ အလွဲများ

ကမ္မစိတ္တာ နိယာမရယ်နဲ့ ဥတုဗီဇတဲ့ ဓမ္မနိယံ။ ချမ်းသာလို မြဲကြိုးစားတော့ တိုးပွားအမှန်။ ဖြစ်ပွားခြင်း အကြောင်းကံ ကုသလံ အကုသလ။ ကံ ကိုပုံ ဉာဏ်မသုံးတော့ လူဖြစ်ရှုံးရ။ စိတ်အလို လိုက်သမျှတော့ အမိုက်ဘဝ တဏှာနွံ။ လှုပ်လေလေ နွံမှာနစ်လို့ စင်စစ်နယ်ကျွံ။ စိတ်အတွေး မလွန် ဉာဏ်တံခွန်နဲ့ ချွန်းအုပ်ကောင်း။ မိတ်အပေါင်းရွှင် စိတ်ကောင်းလျှင် ဒေါသဝေးတော့ လောကအေးကြောင်း။ သုံးရာသီ နွေမိုးဆောင်းရယ်က ပြောင်းလဲကြ အချိန်မှန်။ ပူ နေလျှင် အေးအောင်လုပ်လို့ ကျုပ်တို့စီမံ။ အေးလေတော့ နွေးအောင်ဖန် ရာသီဒဏ်ကို ကုစား။ တစ်မျိုးပြောင်းစေ မိုးဆောင်းနွေ အချိန်ကိုက်ပေါ့ အလိုက်ပြင်သွား။ ဗီဇအနွယ် ဖြစ်မြဲတရားကိုလ လွဲမှားဖို့ ကြံဆယူ။ တိုးတက်လာ ကမ္ဘာကြီးက မီး လိုပဲပူ။ ပေါင်းကူးလို့ […]

နှင်း သို့ — ၁

ပြာလဲ့လဲ့ အရောင်လေး စိတ်ကို ငြိမ်းချမ်းလို့ ဆောင်းဦးရာသီထက် စောလွန်းစွာ ငါ့နှလုံးသားဆီအထိ တိုးဝှေ့ အိပ်မက်ထဲယောင်မိလျှင်တောင် စံပယ်ပန်းရနံ့လေးသယ်ဆောင်လာပြီး စိတ်ချင်း နွေးထွေးမှုကိုပေးတယ် စိတ်တွေပဲတူနေသလား ရနံ့လေးတွေပဲမွှေးနေတာလား ပကာသန မပါတဲ့ သနပ်ခါးရနံ့လေး ငါ့ရင်ကို နွေးထွေးစေတယ် မနက်စောစော အိပ်ယာအထမှာ ရင်ခွင်ထဲကို အဦးဆုံးတိုးဝှေ့သူဟာ စံပယ်ပန်းရနံ့လေးနဲ့အတူ နှင်း ပွင့်လေးတွေ ပြုံးပြပျော်မြူးလို့ ။ ။ ရိုးခက်

ဗွတ်ကလုံ

သစ်ပင်ပေါ်က တေးသံစုံ ပါးနီလေးနှင့် ဗွတ္ကလုံ ဟိုခုန်သည်ခုန် သစ်ခက်ကြား ကောင်းနိုးရာရာ သူရှာစား တို့အိမ်နားက ခြံထဲမှာ သူ့အသိုက်ကို တွေ့ရပါ အသိုက်ထဲမှာ စုတရုံး ပန်းရောင်နီပြောက် ဥေလးလုံး ဥေလးလုံးက ပေါက်သောခါ သူတို့ တေးသံ ကြားရမှာ ပေါက်ပါကြီးပါ ငှက်ငယ်များ ငါတို့တစ်တွေ မျှော်စောင့်စား #မင်းသုဝဏ် Photo:#Kothant(MDY)

ကလောသို့ဆိုက်ရောက်ချိန်

ကားပေါ်ကဆင်းလိုက်တာနဲ့ သူ့အထိအတွေ့က အေးခနဲ။ အနွေးထည်ဝတ်ထားပေမယ့် ခြေဖျားလက်ဖျား နှာသီးဖျား နားဖျားလေးတွေ ရေခဲမတတ်။ နှင်းဖုံးနေတဲ့သူ့အကြည့်က ရင်ဘတ်ထဲ ကျဉ်ခနဲ။ နံနက် လေးနာရီဆိုပေမယ့် မြို့ကလေးရဲ့ ဟောက်သံတွေ ပြင်းထန်နေတုန်း။ ကုန်းအမြင့်လေးတွေပေါ် လျှောက်တက်လိုက်တိုင်း ကြယ်တွေနဲ့ပိုနီးလာသလိုလို တစ်စုံတစ်ရာနဲ့ပိုဝေးကွာသွားလေသလား။ ကျွန်တော်လေ… ခိုက်ခိုက်တုန်နေတဲ့ ကြယ်အလင်းရောင်ကိုအားပြုလို့ သူ့ရင်ခွင်ထဲ တိတ်တိတ်ကလေး တိုးဝင်ခဲ့ပါတယ်။ ။ မိုးဟိန်းထက် November 24, 2014 Photo #CrdOrginalUploader

ခေါ်နူးဇုမ်

ခေါ်နူးဇုမ်က လှတယ် တစ်နေ့ ခေါ်နူးဇုမ်ဆီ ငါ သွားမယ် ။ အိပ်မက်နီနီတွေ အထပ်ထပ်ပွင့်နေတဲ့ အဲဒီတောင်တန်းတွေဆီ ငါ သွားမယ် ငါ သွားမယ်ဆိုပြီး ဘယ်တော့မှ ငါမရောက်တော့မယ့် အရပ်ဟာလည်း ခေါ်နူးဇုမ်ပဲ ခေါ်နူးဇုမ်ကို ငါ သွားမယ် ။ ငါ့အရပ်အမောင်းထက် ပေပေါင်းများစွာမြင့်တဲ့ ငါ့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရကောင်းမှန်း မသိတဲ့ ခေါ်နူးဇုမ် သူ့ပေတံကြီးနဲ့ သူ့ကိုယ်သူပြန်တိုင်းပြီး ငါ့ကို သူ့အနားကပ်မရအောင်လုပ်ထားပြီး တိမ်တွေကို တိုးတိုးဖော်လုပ်ထားတဲ့ ခေါ်နူးဇုမ် ခေါ်နူးဇုမ်ကို ငါ သွားမယ် ။ ရောက်ဖို့ မလွယ်ကူတော့မှန်း သိပေမယ့် ငါ့အိပ်မက်တွေက အဆုပ်လိုက် အခိုင်လိုက် နီနီရဲရဲ ငါ ခေါ်နူးဇုမ်ကို သွားမယ် ။ ငါ့ ့ခရီးနဲ့ ငါ တိုးတိုးတိတ်တိတ်ပဲ […]

ပန်းချီ

ဘဲငန်းတွေက ရေထဲကသူ့အရိပ်ကို အတောင်ပံတွေ ထဲ ဖြန့်ကြည့်လို့ တိမ်တွေရေသောက်ဆင်းတဲ့အခါ ကန်ရေပြင်ဟာ အ်ပာ ကမ်းစပ်မှာ ရေတိမ်နစ် မှော်ပင်တချို့ လေ အလာဆို လှိုင်းကြက်ခွပ် တေနရာမွာ သစ်ပင်စိမ်းစိမ်းတွေ ကိုင်းညွှတ် ငါးတစ်ကောင်တစ်လေ ထခုန်လိုက်တဲ့အခါ ကန်ရေပြင်ခမျာ လှုပ်ခတ် နေဝင်ချိန် အမှောင်ဆည်းဆာ မကြာခင်ရောက်လာခဲ့တယ်။ #သင်းရည်လွင် မြားနတ်မောင်၊ ၁၉၉၈ #Photo:MCN

ဧည့်သည်ငှက်လေးတွေ (ကဗျာ)

ရွှေ့ပြောင်းပျံသန်းလာခဲ့ပြီ မိုင်ပေါင်းထောင်သောင်းချီ ရေခဲရာသီဆောင်းအစ ကမ္ဘာ့မြောက်ခြမ်းက ။ အိမ်ကသာလို့ ဧည့်သည်လာ မြန်မာနိုင်ငံပါ ကမ္ဘာလှည့်သူခရီးသွား ရေပျော်ငှက်လေးများ ။ ယာယီခိုနားအရောင်စုံ ဘဲရစ် ရေကြက်ဒုံ ဗွတ်ကလုံလေး လွန်လှပ ဟင်္သာငှက်စုံစွ ။ မိန်းမလှကျွန်း တောင်သမန် ပျူ နဲ့ အင်းလေးကန် မြစ်ဝမကျန် မိုးယွန်းကြီး က်က္စား အင်းတော်ကြီး ။ ခရီးသာလို့မာပါစေ ဆောင်းခိုငှက်လေးတွေ ကမ္ဘာမြေနဲ့ချိတ်ဆက်ထား စောင့်ရှောက်ကြစို့လား ။ #ဝင်းမင်းစိုး(မိတၳီလာ) အောက်တိုဘာ ၁၀ ရက်နေ့ ကမ္ဘာ့ဆောင်းခိုငှက်များနေ့သို့

Page 9 of 10
1 2 3 4 5 6 7 8 9 10