တန်ဖိုးရှိခြင်း

အုန်းသီးပြောင်ချော ၊ ပုံဖော်နှောက မျောက်ချောတစ်ကောင် ၊ သဏ္ဍာန်ဆောင်၍ ရ အောင်ဖိုးတန် ၊ ဝင်ငွေတိုး ။ ရွှံ့ကိုခူးခွါ ၊ ပြုလုပ်ရာတွင် လောက်စာ နွားရုပ် ၊ ပြောင်းပြီးလုပ်က ဆေးလှရောင်တင် ၊ များလိုချင် ။ သဘာဝကို ၊ လုပ်အားပို၍ အလိုရှိရာ ၊ ပုံဖော်ပါမူ သင့်ရာတန်ဖိုး ၊ အဆတိုး ။ သြော်- — – — လူပြည်လူ့ရွာ ၊ မှတ်သားကာဖြင့် ပညာထပ်တိုး ၊ ပြုလုပ်ပိုးလျှင် အကျိုးကောင်းလှ ၊ နေပျော်ရ သဘာဝက ၊ ပေးဝေငှ အားလုံးကိုယ်စီ လူတိုင်းရ ။ ။ ခေတ်သစ် (ကြွေပုဂံ) ဦးအောင်သင်း […]

ထန်းဥယျာဉ်တဲ

ထန်းပင်ထန်းလက် ၊ ထန်းလျှော်ဆက်၍ ထန်းရွက်အမိုး ၊ ထန်းသားထိုးခံ အုတ်ရိုးအထက် ၊ လှေကားတက်နှင့် လိုက် ဖက်အလှ ၊ ရှုမဝ လာကြဧည့်သည် ၊ လွမ်းမောဖွယ် ။ ထန်းအိမ်ကိုဆောက် ၊ ထန်းပင်အောက်မှာ အရောက်ခိုနား ၊ လူအများတွက် ထူးခြားနေရာ ၊ အသေချာ ဝင်ကာသောက်ကြ ၊ ထန်းရည်ရ အေးမြစိတ်ထား ၊ ခရီသွား ။ ထန်းဥယျာဉ်တဲ ၊ အသည်းထဲမှာ စွဲမြဲရှိရာ ၊ ထိုနေရာ သာယာစိမ်းလန်း ၊ ပုဂံ လမ်းဝယ် စိတ်မှန်းတမ်းတ ၊ သတိရ နောက်ကြတဖန် ၊ ရောက်လိုပြန် ။ ။ ခေတ်သစ် (ကြွေပုဂံ) Photo- Credit […]

ဘိုးတို့ယာ

ကျောက်စရစ်ဖြုန်း၊ မြေနီကုန်းနှင့် ထွေးလုံးရစ်ချာ၊ ဘိုးတို့ယာ။ ဒဟတ် သန်း ရှား၊ သနပ်ခါးနှင့် ထွားထွားဖွံဖြိုး၊ ယာစည်းရိုးနှင့် တစ်မျိုးသာယာ ဘိုးတို့ယာ။ တဲငယ်ကုပ်ကုပ်၊ ထန်းပင်အုပ်နှင့် လိမ်ရှုပ်သောသော၊ ဆီးချဉ်တောနှင့် သာမောဖွယ်ရာ ဘိုးတို့ယာ။ ပုတတ် ဘီလုံး၊ ချိုး ခါ ငုံး နှင့် ခြကုန်း ဖွတ်တွင်း၊ ယုန်ဝပ်ကျင်းနှင့် ပျံ့ခင်းသာယာ ဘိုးတို့ယာ။ နွားပြာနွားညို၊ မတမ်းပျိုနှင့် ဦးချိုကောက်ကောက်၊ စာဥပြောက်နှင့် ချိန်မြှောက်နှင်တံ၊ ကြိမ်းမောင်းသံတို့ လွင့်ပျံခဲ့တာ ဘိုးတို့ယာ။ ယခုအခါ၊ ဘိုးတို့ယာတွင် ကွက်စိပ်မြေကွင်း၊ အိမ်ရာခင်းလို့ အိမ်ဝင်းပြန့်ညီ၊ စီရရီနှင့် ကိုယ်စီကိုယ်င၊ နေထိုင်ကြသည် ရှေးကနေရာ၊ ဘိုးတို့ယာကို လွမ်းကာမချိ၊ ပုံဖော်ကြည့်ကာ တမ်းမိရှေးခါ သည်မြေယာ..။ နွမ်းရိဆွေးကာ မဖြေသာ…။ နောင်နောင်(နံ့သာမြေ)

အင်းလေး

နံရိုးတွေနဲ့ ကာရန်ထားတဲ့ နှလုံးသည်းပွတ် ရေပြင်ကျယ်ကျယ်နဲ့ တောင်တန်းတွေဟာ လိုက်ဖက်စုံတွဲ လေပေါ်မှာ ဝမ်းစာရှာသူ ဇင်ယော်ငှက်များ ရေပေါ်မှာ ဝမ်းစာရှာသူ အင်းသူ အင်းသားများ သဘာဝကို စားသုံးသူ ခရီးသွားများ အားလုံးဟာ မိခင်နို့ရည်ကို ဝဝလင်လင် သောက်သုံးခွင့်ရကြတယ် အင်းလေးတဲ့ မိသားစုဓာတ်ပုံ တစ်ပုံဟာ ဧည့်ခန်းမှာ ဂုဏ်တင့်တယ်။ အယ်လ်သင် photo-crd

အနာတရ မြစ်ဆုံ

မေခနှင့် မလိခ ချစ်စရာ့ မြစ်နှစ်သွယ်။ ညီညီညာ အတူစီး ခရီးသာတယ်။ ဧရာရဲ့ အစကွယ် အလှရယ် စုံသည်ပေါ့။ ရာဇဝင်တွင် သတို့သမီးတဲ့ ရှုမငြီးစရာနော့။ ဧရာကို အမှီပြု လူမှုဘဝ ဖွံ့ဖြိုးစေ။ တိုင်းနိုင်ငံ ပြည်အဝှမ်း အေးချမ်းခဲ့ပေ။ မိခင်သို့ ပမာပေ ဖြာဝေသည့် သူ့အလှ။ တို့မြန်မာ သမီးသားနဲ့ ခွဲခြားမရ။ ဧရာကို မောင်ပိုင်ပြု လူတစ်စု ဖေါက်ပြန်ချိန်။ တို့ခေတ်မှာ ရေကြည်နောက် ပျောက်မလောက်မှိန်။ မြန်မာရဲ့ ဂုဏ်သိန် တိမ်တိမ်လာနေပြီမို့။ မြစ်ဧရာ နဒီကြောရယ် (အမှိုက် သရိုက်တွေကလေ…) မျောရှာပြီပေါ့။ ။ အောင်ကိုထိုက် (အရာတော်) Photos Credit.

သစ်ရွက်ခြောက်

မကြာခင် အိပ်ရေး၀၀ အိပ်ရတော့မယ် ဇောက်ထိုးမြင်တဲ့ ကောင်တွေဘေး စိတ်အေးရတော့မယ် နွေဦးမှာ ကိုယ်ဖော့တတ်ရုံနဲ့ လေရူးနောက် လိုက်ရတာလည်း ပျော်စရာကောင်းပါတယ် ကြွေကျပြီးမှတော့ ဒီလောက်ပဲ။ ။ #ရွှေပိုးအိမ်(ပဲခူး) ၂၀၁၉

ဒုဋ္ဌဝတီ

တောင်ကို လက်ဆွဲတက်နေတဲ့ သစ်ပင်နဲ့ တောင်ကို ဆင်းနမ်းနေတဲ့ တိမ်ဆိုင်နဲ့ တောင်ကို ကွေ့ဆင်းနေတဲ့ လမ်းခရီးနဲ့ တောင်ကို ခြဲထြက္သြားတဲ့ လမ်းမကြီးနဲ့ တောင်ကို ဖမ်းယူနှုတ်ဆတ်နေတဲ့ ရေစိမ်းစိမ်းနဲ့ ဒုဋ္ဌဝတီဟာ ခွဲခွာခြင်း သင်္ကေတဖြစ်သလို ရှမ်းပြည်နှစ်ခု ပေါင်းဆုံပေးရာတံတား မြစ်က ကျဉ်းတယ် ရေစီးက သန်တယ် ဖြတ်ကူးသွားမယ်ဆို စိတ်ခိုင်ခိုင်ထားဖို့လည်းလိုတယ်။ သုခေတ်အိမ် 23.4.2018

မျှော်လင့်သစ်ပင်

သူနမ်းလျှင် ပန်းပွင့်ဖြစ် သူပစ်တော့ ဝါရွက်ကြွေ.. မျှော်လင့်ခြင်း ဆိုတဲ့အပင်အောက် ခင် လျှောက်ရင်း.မြင်စေ.. ပန်းမပွင့်တဲ့ အခန်းဆက်နွေ အလွမ်း ရွက်တွေကြွေနေရဲ့။ အပင်ရင်းမှာတော့ ခင်နင်းလျှင်ရွက်ကြွေပျောက် ခင်လျှောက်မှရွက်ကြွေစင် ရက်ရှည်ပင် မညှိုးခြောက်သေးပါဘူး… မိုးပေါက်ကလေးလို ခင်သာနမ်းလျှင်.. ပန်းပွင့်ဝေမတဲ့။ မောင်စိန်ဝင်း(ပုတီးကုန်း) (သမုဒယနှင်းဆီပြာ ကဗျာပေါင်းချုပ် မှ)

မာန်

အပွင့်ကိုခူး အဖူး ငါ့မှာ ကျန်သေးတယ် အဖူးကို ဖျက် အခက် ငါ့မှာကျန်သေးတယ် အခက္ကို ချိုး အရိုး ငါ့မှာ ကျန်သေးတယ် အရိုးကို နှုတ် အငုတ် ငါ့မှာကျန်သေးတယ် အငုတ်ကိုပယ်ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် မနက်ဖြန်ဆို ငါပင်ပျိုသည် ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ မြေကမ်ဘာမှာ သာယာဝင့်လန်း မေတ္တာဖျန်းပြီး ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။ #ဒေါင်းနွယ်ဆွေ

ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင်

ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် ခေါင်ရည်အ၀သောက်မယ် ချယ်ရီပန်းတွေခူးမယ် သစ်ခွတွေရှာမယ် ဓာတ်ပုံတွေ အ၀ရိုက်မယ် အမြင့်ဆုံးတောင်ထွဋ်တစ်နေရာကနေ ကမ်ဘာကြီးကိုခူးဆွတ်မယ် လက်ဖက်ခင်းထဲ ဖျာကြမ်းခင်းပြီး ဖက်နဲ့ထမင်းစားမယ် တောင်ပေါ်သံ၀ဲ၀ဲနဲ့ စကားပြောမယ် ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် နှင်းတွေ တစ်ကိုယ်လုံးရွှဲရွှဲစိုအောင် နေပစ်မယ် တောင်ဇလပ်န်းနီလေးကို တဝကြီးငေးမယ် တောင်ရိုးတွေပေါ်တက်မယ် လိပ်ပြာလေးတွေဖမ်းမယ် ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် ကိုယ် အတ္တမကြီးတော့ဘူး စမ်းချောင်းထဲ ဖိနပ်စီးပြီးမဆင်းတော့ဘူး အချစ်ကိုလည်း မခြောက်သွေ့စေတော့ဘူး အဲဒါတွေအစား တံမြက်စည်းပင်ခုတ်တဲ့ကလေးတွေကို ပုံပြင်တွေပြောပြမယ် တဲအိုလေးထဲကနေ ရွာဝင်လမ်းကိုငေးမယ် ကဗျာတွေရေးမယ် လရောင်စိုနေတဲ့တောင်ပေါ်ညတွေကိုဖွင့်ဆိုမယ် ဘုရားသခင်ဆီသွားရာလမ်းမှာ အနိုင်ကျင့်ခံရပြီး အလောင်းဖျောက်ခံလိုက်ရတဲ့ကောင်မလေးကို အမ်ွဝေမယ် ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် စီးကရက်မဖွာတော့ဘူး အရင့်အရင် တောင်ပေါ်ရောက်ဖြစ်တုန်းကအကြောင်းတွေ မေ့ထားမယ် ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် ပြောပါတယ် ။ ။ #ခိုင်သွေးကို အောင်ပင်လယ်မဂ္ဂဇင်း အတြဲ ၃၀၊ အမှတ် ၄၆ မတ်-ဧပြီ […]

Page 6 of 10
1 2 3 4 5 6 7 8 9 10