ချင်းတောင်

( က ) ဆပ်နီခေါင်ကို နွားနောက်သားနဲ့ မြည်းတယ် တောင်ကို ရုန်းတယ် တောကို ရုန်းတယ် ပလိုင်းထဲ မိသားတစ်စုလုံးပါတယ်။ ( ခ ) ရေ ကျောက်ကြိုကျောက်ကြားက စီးတယ် ကြမ်းတယ် ကြည်တယ် စိတ်လိုပဲ။ ( ဂ ) တောင်ထိပ်မှာရပ်ပြီး ခါးဆန့်လိုက် သလုံးသားခဲနေတဲ့ကျွတ်ကို ခါချလိုက် ဂေးလီ … နှလုံးသားကိုခဲတဲ့ ကျွတ်ကလေး ဒီမိုးလည်း ကုန်ပြန်ဦးတော့မယ်။ ( ဃ ) မွေးလာတယ် သေသွားတယ် ဘဝဆိုတာ ချည်တစ်လုံးစာပဲ စပြီးမကြာမီမှာ ဆုံးတယ်။ ( င ) ခေါင်တိုင်မှာ ဆဋ္ဌမမြောက်နွားနောက် ဟာငိုင်းလက် တူမီးတစ်လက် ခေါင်ခွက်ကိုယ်စီနဲ့ ခေါင်ပွဲ တစ်နှစ်တာ တောင်ယာသိမ်းခဲ့ပြီ။ ( […]

ပြည်

မြူဆိုင်းလမ်းတွေအတိုင်း တိုးဝင်သွားရင် ဆိုင်ကယ်မီးတလက်လက် နှင်းတဖျပ်ဖျပ် လိပ်ပြာအတွေး လွင့်လွင့်ဝဲဝဲ နာဖျားနေ့ရက်တွေအတွက် ခင်ဝမ်း သီချင်းများရှိ ခင်ဝမ်း သီချင်းများအတွက် ကြင်နာတတ်သော နားများရှိ စက်ခေါင်းတွဲတန်းရှည်ကြီးနဲ့ ရကောက်ရထားဟာ အလွမ်းဖြေဆေးကို မြို့ရဲ့ အလယ်ခေါင်ကို တိုက်ရိုက်တင်ပို့တယ် အစိမ်းသက်သက်ဖြစ်သွားတဲ့တစ္ဆေပုံပြင်များအတိုင်း နှင်းငွေ့အိပ်ရာဖူးငုံခင်းလေးတွေ ယမ်းငွေ့တဝေ မြူငွေ့ဆိုင်းဆိုင်း အတွေးတန်းမီးအိမ်လေးတွေ တမှိတ်မှိတ် ကြယ်ကလေးတွေ တဖိတ်ဖိတ် ဒုက္ခတရားတွေ ဘယ်လောက်ဝေဝေ ဆည်းလဲသံခိုနန်းမြင့် ဆံတော်ရှင်အရိပ်အောက် မျက်လှည့်ပြသလို ခနတော့ ငြိမ်းချမ်းမိမယ် မင်း‌ကြီးတောင်ပန်းပွင့်များ ဝေဝါးရှုခင်းကို တောက်ပစေမယ် ခုတော့ သူစိမ်းတွေ မဟုတ်တော့ဘူး မြို့ပြကြီးအလယ်ခေါင်က ကျနော်လည်း ဧရာဝတီ ညာဘက်ခြမ်းရဲ့ နှလုံးသားဖြစ်ခဲ့ပြီ။။ ရွှေကြယ်မိုး #photocredit

သူတို့ကို မယုံနဲ့

သူတို့ကို မယုံနဲ့ သူတို့ဘာပြောပြော မယုံနဲ့ သူတို့ကနေ သစ်ပင်ကို သစ်ပင်လို့ ပြောလည်း မယုံနဲ့ လူကို လူလို့ ပြောလည်း မယုံနဲ့ လကို လလို့ ပြောလည်း မယုံနဲ့ ယုန်ကို ယုန်လို့ ပြောလည်း မယုံနဲ့ သူတို့ ဘာပြောပြော မယုံနဲ့ ။ သူတိုကနေ ရွှေကို ရွှေလို့ ပြောလည်း မယုံနဲ့ ငွေကို ငွေလို့ ပြောလည်း မယုံနဲ့ ရေကို ရေလို့ ပြောလည်း မယုံနဲ့ သူတို့ ဘာပြောပြော မယုံနဲ့ ။ တက်နေတာက ဈေး ကျနေတာက စိတ်ဓာတ် သစ်လည်းပြောင်ပြီ မြစ်လည်းခေါင်ပြီ လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းတဲ့ သဘာဝဓာတ်ငွေ့တွေ အလုံးအရင်းနဲ့ ပြည်ပကိုထွက်ခွာ ငါတို့တော့ အမှောင်ထဲမှာ […]

ပြန်ပေး

ရေနံသိုက်တွေ သဘာ၀ဓာတ်ငွေ့တွေ ကျောက်မီးသွေးတွေ မလိုချင်ဘူး အန္တာတိက ပြန်ပေး။ ကား၊ ရထားတွေ လေယာဉ်ပျံတွေ သင်္ဘောတွေ မလိုချင်ဘူး မြက်ခင်းစိမ်းတွေ ပြန်ပေး။ ဘော်ဒီစပရေးတွေ အင်းဆက်ကေလာတွေ ဂက်စ်မီးခြစ်တွေ မလိုချင်ဘူး အိုဇုန်းလွှာ ပြန်ပေး။ စာရေးစားပွဲတွေ ကုလားထိုင်တွေ ပရိဘောဂတွေ မလိုချင်ဘူး အမြဲစိမ်းသစ်တောတွေ ပြန်ပေး။ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဖော်စီမြူရယ်တွေ ဖန်လုံအိမ်အာနိသင်တွေ မလိုချင်ဘူး သန္တာကျောက်တန်းတွေ ပြန်ပေး။ နျူကလီးယားဓာတ်ပေါင်းဖိုတွေ ယူရေနီယံသန့်စင်စက်တွေ ဂျင်နရေတာတွေ မလိုချင်ဘူး လသာညတွေ ပြန်ပေး။ အပန်းဖြေစခန်းတွေ ကမ်းခြေဟိုတယ်တွေ အဆင့်မြင့်အိမ်ယာတွေ မလိုချင်ဘူး ဒီရေတောတွေ ပြန်ပေး။ ယုန်မွှေးဆွယ်တာတွေ မိချောင်း သားရေအိတ်တွေ ကျားသစ်အင်္ကျီတွေ မလိုချင်ဘူး အမေဇုန် ပြန်ပေး။ ကြွပ်ကြွပ်အိတ်တွေ စက်ရုံမီးခိုးတွေ အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေ မလိုချင်ဘူး ကောင်းကင်ပြာပြာပြန်ပေး။ […]

မိုးကောင်းအလွန်

ကား အဲယားကွန်းက သိသိသာသာပိုအေးလာတယ် တိမ်တွေနဲ့နီးလာတဲ့အသိမှာ မြူတွေဆိုင်းလို့ တောင်တန်းတွေရဲ့မျက်လုံးတွေဟာ စိမ်းကားလွန်းခဲ့ပါတယ်။ မိုးဟိန်းထက် (၂၀၁၆)

နေဝင်ရီတရောပန်းခင်း

ငြိမ်နေတဲ့အချစ်ထဲ ကိုယ့်နှလုံးသားက ချွေးပြန်နေတယ် မင်းဆီလာမယ် တွေးပြီး ကိုယ်မလာဖြစ်တဲ့ အကြောင်းတွေ ငြိမ်နေတဲ့ အပူငွေ့နဲ့ ပိုပိုပြင်းလာတဲ့ ရာသီဥတုမွာ ကိုယ်ကမချိုင်ဘဲ သစ်ခက်တွေ ပြတ်ကျ ကိုယ်ကမခူးဘဲ သစ်ရွက်တွေတဝုန်းဝုန်းကြွေ သေသွားတဲ့သစ်ပင်တွေကို ရေရွတ်ကြည့်မိတယ် ရှင်သန်ဟန်ဆောင်နေတဲ့ သစ်ပင် တိမ်ရိပ်တိမ်မျှင်တွေကြား ကိုယ် သေဆုံးသွား လမသာတဲ့ညမှာလည်း မြက သာတယ် အပိုလိုရဲ့ လကမ္ဘာခရီးကလည်း ကိုယ်လိုက်ဖြစ်တဲ့အခေါက်မှ မအောင်မြင်ခဲ့ ခက် ခက် လွန်း တယ် အင်း. . . ဝေး ဝေ လွန်းတယ် ပန်းရဲ့ရနံတွေကလည်း မွှေးလွန်းတဲ့ ညနေပါပဲ ။ #ခိုင်သွေးကို

မလိုချင်တဲ့ကမ္ဘာ

ရောဂါဘယတွေ ပွေလီနေတဲ့ ကမ္ဘာ အကြမ်းဖက်မှုတွေ တောထနေတဲ့ ကမ္ဘာ တောရိုင်းဥပဒေတွေ မျိုးပွားနေတဲ့ ကမ္ဘာ ဂေဟစနစ်တွေ ပျက်ယွင်းနေတဲ့ ကမ္ဘာ စစ်မီးလျံတွေ တောက်လောင်နေတဲ့ ကမ္ဘာ ကဗ်ာဆရာ တန်ခိုးရှင်သာဆို အဲဒီကမ္ဘာကို စကြာဝဠာအပြင်ရောက်အောင် ကိုင်ပေါက် လွှင့်ပစ်လိုက်ချင်တာ…။ မောင်ခင်မှိုင်း(ချောက်)

နှင်းရည်စက်လက်

မေမေ့ဆီမှာ စိတ်ရဲ့အသုံးစရိတ်အနေနဲ့ စာရင်းပြပြီး ခရီးစဉ်လေးတစ်ခုကိုတောင်းယူခဲ့ ၊ တောင်ကုန်းလေးပေါ်မှာ တည်ရှိနေတဲ့ မြို့ကလေးလို့ ပြောမယ့်အစား တောင်ကုန်းလေးပေါ်မှာ ဖူးပွင့်နေတဲ့ မြို့ကလေးလို့ ပြောကြရအောင်ပါ၊ နေလုံးနီနီရေ ကိုယ် ကျေးဇူးအထူးတင်ပါတယ် ပန်းတွေဝတ်ထားတဲ့ နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ သဘာဝရဲ့ ကိုယ်ထည်လှလှကို အထင်းသား ကိုယ်မြင်ခွင့်ရတယ်။ ဒီနေရာလေးဟာ တကယ်တော့ ကဗျာရေးဖို့မကောင်းပါဘူး ၊ ဘာမွမေရးဘဲ မွှေးရနံ့တွေကိုသာ ငေးကြည့်နေဖို့ ကောင်းပါတယ် ။ ကဲ ကိုယ့်ရာဇဝင်အတွက်တော့ 101ဆိုတဲ့ အိပ်ခန်းလေးမပါလည်း ဖြစ်တယ် ၊ ဥရောပတိုက်ကြီးမပါလည်း ဖြစ်တယ် ၊ ပန်းပွင့်နဲ့ နေရောင်ခြည်တွေ မပါလည်းဖြစ်တယ် ၊ မြို့ကလေးရေ မင်းကတော့မပါလို့ မဖြစ်ပါဘူးကွယ် ဒါပေမယ့် မေမေရယ် မြို့ကလေးသာ သူလှနေတာ သူသိမနေရင် သူဟာဒိထက်ပိုပြီး လွေနမွာပဲ […]

မိန်းမလှကျွန်းတမ်းချင်း

တစ်ချိန်က မိန်းမလှကျွန်းဆိုတာ ဂေဟစနစ်တွေကို ကာကွယ်ပေးထားတဲ့ အဖိုးတန်ဒီရေတောကြီးလေ နေဝင်မခင် တောခြင်တွေ သောင်းကျန်းလွန်းလို့ ပိတ်ခြင်ထောင် ထူထူကြီးထဲ ထမင်းဝင်းစားခဲ့ရတဲ့နေ့ရက်တွေကို မှတ်မိသေးရဲ့ ”နောက်မီးရွာ ” နောက်မီးချောင်းကိုကျော် ပင်လယ်ကို မျှော်ကြည့်လိုက်တာနဲ့ ”မိန်းမလှကျွန်း” တောကြီးဟာ ဟိန်းလို့ ဟည်းလို့ အုံ့ဆိုင်းစိမ်းရီ သဘာ၀ပန်းချီကားကြီးတစ်ချပ်လို ကိုယ်တိုင်ခြေချဖူးလို့ မြင်တွေ့ခံစားခဲ့ရ မျော၊ ကနစို၊ မဓမ၊ သင်ပေါင်း လိုတာအကုန်ရ အကုန်ရတော့ အကုန်ခုတ် အကုန်လှဲကြ အကန့်အသတ်မရှိ၊ အထိန်းအချုပ်မရှိ နောက်ဆုံးတော့ မိန်းမလှကျွန်းတောကြီးဟာ တောသင်္ချိုင်းဖြစ် ဆို့နစ်ဖွယ် ကောင်းလှတယ် အခုတော့ အမည်နာမ တအားလှခဲ့တဲ့ မိန်းမလှကျွန်းဟာ မိန်းမပျက်တော ဖြစ်ခဲ့ရ သူ့ခမျာ အငိုလွယ် အရှိုက်ခက်ခဲ့ရ သူ့ဒုက္ခတွေအကြောင်း တောအပေါင်းကိုတပ်လှန့်ပြီး သူဟာ တစ်ချိန်က မိန်းမလှ အခုတော့ […]

ရွေးကဗျာ

ပတ်ဝန်းကျင် ကဗျာ တကယ်တော့ ” ရွေး ဟာ မြို့ကလေးရဲ့အစ ။ တကယ်တော့ ရွေး ဟာ တောမကျ မြို့မကျ မြို့လေးကို ဖက်တွယ်ရှင်သန်ရင်း ငေးမျှော်ကြည့်ရင်း “ဒီရဲ့ နရီစည်းမှာ ကလိုက် ခုန်လိုက် ။ နှစ်ပေါင်းများစွာ မြို့ကလေးကို ထွေးပိုက်ရင်း တခါ တခါ ကြည်နူးပျော်ရွှင်ရင်း တခါ တခါ အနာတရ ဒါဏ်ရာတွေနဲ့ မြို့ကလေးကို ဖေးမရင်း မြို့ကလေးရဲ့အခင်အကျင်းမှာပျော်ဝင်နေခဲ့ ။ ခုတော့ ရွေးရဲ့ ရင်ခွင်ထဲ အတင်းကျူးကျော်လာတဲ့ မြို့ကလေးဟာ ရွေးကို အကျည်းတန်စေခဲ့ပြီလား ရွေးကို အထီးကျန်စေပြီလား ရွေးကို မသိချင်ယောင် ဆောင်နေပြီလား… ရွေး ဟာ မြို့လေးကို ဆိတ်ဆိတ်ငြိမ်ငြိမ်ကြည့်နေရင်း နာနာကျင်ကျင် ကြေကြေကွဲကွဲ ဖြစ်နေရှာ တကယ်တော့ […]

Page 5 of 10
1 2 3 4 5 6 7 8 9 10