အန္တာတိကတိုက်ကိုတောင် ငှက်တုတ်ကွေး ရောက်နေပြီ
ကူးစက်မှုပြင်းထန်တဲ့ ငှက်တုတ်ကွေး ( HPAI ) က ကမ္ဘာ့တောင်ဝင်ရိုးစွန်းက ရေခဲပြင်တွေဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်ကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး ငှက်တွေကိုရောဂါကူးစက်နေလို့ ဒေသတွင်း ပင်ဂွင်းငှက်ဦးရေကို ခြိမ်းခြောက် နေပါတယ်။ စပိန်နိုင်ငံ၊ Severo Ochoa Molecular Biology Center မှ သိပ္ပံပညာရှင်များက အန္တာတိက ကျွန်းဆွယ်ရှိ အာဂျင်တီးနား သိပ္ပံသုတေသနစခန်း Primavera မှာ သေဆုံးသွားတဲ့ skuas နှစ်ကောင်မှာ H5N1 ဗိုင်းရပ်စ် ရှိနေကြောင်း အတည်ပြုခဲ့ပါတယ် ။ ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်ဖြစ်တဲ့ တောင်ဂျော်ဂျီယာနှင့် တောင် Sandwich ကျွန်းစုရှိ ငှက်ကျွန်းတွင်လည်း ငှက်တုတ်ကွေး ဖြစ်ပွားခဲ့တာကို albatross ငှက်အချို့သေဆုံးနေတာနဲ့ပတ်သက်ပြီး သတင်းပို့ထားပါတယ်။ နမူနာများကို ယခုလအစောပိုင်းတွင် စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာပြီးနောက် […]