သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ

သဘာဝပြန်လည်ပျိုးထောင်ရေး စီမံထိန်းသိမ်းမှု လယ်သမားများဘ၀ ( FMNR) ရဲ့ အမှုဆောင် အရာရှိ နဲ့ အကြံပေး ဖြစ်သူ တိုနီရင်နူဒို က သြစတေးလျှ စိုက်ပျိုးရေးပညာရှင်တစ်ဦးပါ။ သူက ခြောက်သွေ့တဲ့ ကုန်းမြေတွေကို ကုန်ကျစရိတ် နည်းနည်း နဲ့ ပြန်လည်စိမ်းလန်းလာအောင် သရုပ်ပြနိုင်ခဲ့တဲ့အတွက် သြစတေးလျှအစိုးရရဲ့ မှန်ကန်သော အသက်မွေးမှု ၂၀၁၈ ဆုကိုရရှိထားတဲ့သူပါ။ သူက ပျားရည် ထုတ်လုပ်ခြင်းနဲ့ သစ်တောကြားညပ်စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်နိုင်ပေးခဲ့ပါတယ်။ အာဖရိကတိုက်က နိုက်ဂျာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် သစ်တောပြန်လည်ပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ သူ့ကို မွန်ဂါဘေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝက်ဘ်ဆိုက်က အင်တာဗျူးခဲ့ပါတယ်။ မွန်ဂါဘေး ။။ ခင်ဗျားက ကုန်းပြောင်တွေပါ်မှာ အပင်တွေရှင်သန်လာအောင် လုပ်နိုင်တဲ့နည်းပညာရှိတယ်ဆိုပြီး လူသိများပါတယ်။ အဲ့ဒါကို […]

လယ်သမားမှ လယ်သမားဆီသို့ အစီအစဉ်ကို အဖေဆီက အမွေဆက်ခံခဲ့ ချက်ကီ နန်ဂျာဒက်စ်ဝါမီနဲ့ တွေ့ဆုံခြင်း

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ကန်နာတာကာပြည်နယ်မှာ စိုက်ပျိုးရေးဂေဟဗေဒကို လေ့လာလို့ရတဲ့ အမ်ရီတာ ဘိုအိုမီ လို့ခေါ်တဲ့ စင်တာတစ်ခုရှိပါတယ်။ အဲ့ဒိနေရာမှာ စိုက်ပျိုးရေးဂေဟ ဗေဒနဲ့ပတ်သက်ပြီး လယ်သမား အချင်းချင်း အသိပညာဖြန့်ဖြူတဲ့ ၊အသိပညာ ဖလှယ်တဲ့လုပ်ငန်းတွေကို လုပ်နေပါတယ်။ ဒီကနေ့ခေတ် လို အစိမ်းရောင် တော်လှန်ရေးကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုပစ္စည်းတွေ အများကြီးသုံးရတာရယ် ၊ ဈေးကြီးတဲ့ မျိုးတွေကို ဝယ်ရတာကို ရှောင်နိုင်ဖို့အတွက် ရယ် ရိုးရာစိုက်ပျိုးရေးပုံစံကို အများကြီးပြုပြင်ပြောင်းလဲစရာမလိုဘဲ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ကို အန္တရယ်မဖြစ်စေတဲ့ ပိုးသတ်တဲ့ စနစ်တွေကို ဖလှယ်နိုင်ဖို့အတွက် ၂၀၀၀ ခုနှစ်လောက်ကတည်းက ပါမောက္ခ ဒေါက်တာမဟန်သာဒီဗာရူနန်ဂျာဒက်စ်ဝါမီက အဲ့ဒိစင်တာကို တည်ထောင်ခဲ့တာပါ။ အဲ့ဒိလိုမျိုး စင်တာတွေက ကမ္ဘာပေါ်မှာ အရည်အတွက် နည်းနည်းပဲ ရှိပါသေးတယ်။ ဒေါက်တာဆုံးသွားတော့ အဲ့ဒိအချိန်မှာအသက်၂၂ နှစ်အရွယ် […]

ဂျွန်မြူယာ (သို့ ) အမျိုးသားဥယျာဉ်တို့ရဲ့ဖခင်ကြီး

    “ ခင်ဗျား သဘာဝထဲမှာ လမ်းလျှောက်ပြီး လိုချင်တာတစ်ခုခုကို ရှာကြည့်ပါ။ သဘာဝက ခင်ဗျားလိုချင် တာထက် အများကြီး ပိုပြီး ပေးပါလိမ့်မယ်” “ ခင်ဗျားမှာ စိတ်ဝေဒနာ တစ်ခုခုခံစားလိုက်ရပြီဆိုရင် သဘာဝရဲ့ ခန္တာကိုယ်ဖြစ်တဲ့ တောင်တွေပေါ် ကိုတက်လိုက်ပါ။ ဒါမှမဟုတ်ရင် တောတွေထဲမှာ တစ်ပတ်လောက် စခန်းချ နေပြီး သဘာဝရဲ့ နလုံးသားနဲ့ အနီးစပ်ဆုံး ကပ်နေလိုက်ပါ။ သဘာဝက ခင်ဗျားရဲ့ စိတ်ဝေဒနာတွေကို အကောင်းဆုံး ကုသပေးမှာပါ” စကော်တလန်သား ဂျွန်မြူယာကို နိုင်ငံတကာက “တောင်တန်းတို့ရဲ့ဂျွန်” သို့မဟုတ် “အမျိုးသားဥယျာဉ်တို့ရဲ့ ဖခင်ကြီး”လို့ လူသိများကြ ပါတယ်။ သူ့ကို ၁၈၃၈ ဧပြီလ ၂၁ရက်နေ့မှာမွေးပြီး ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာသေဆုံးခဲ့ပါတယ်။ အဲ့ဒိ စကော်တလန်ဖွား […]

ထိုင်နိုင်ငံသား​တွေ ဘာကိုရွေးကြမှာလဲ

ဆာတန်ပြည်နယ်ဆိုတာ ထိုင်နိုင်ငံရဲ့ တောင်ဖက်အစွန်ဆုံး အန်ဒမန်ပင်လယ်ရဲ့ အနားသတ် ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ပြောရရင်တော့ ထိုင်နိုင်ငံမှာ သိပ်ပြီးမဖွံ့ဖြိုးသေးတဲ့ နေရာတွေအများကြီးရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။ ကျောင်းသား၁၆၀၀ ကို ဆရာ ၉၀လောက်နဲ့ လည်ပတ်နေရတဲ့နေရာလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ခေါင်တိုခရမ်လို ထုံးကျောက်တောင်ကြီးတွေ ရှိလို့ ဘိလပ်မြေထုတ်ဖို့အတွက် စီးပွားရေးသမားတွေ နဲ့ အစိုးရဝန်ကြီးဌာန စီမံကိန်းတွေ အကြိုက်ဖြစ်နေပါတယ် ။ ထိုင်း ဥပဒေမှာကကျောက်မိုင်းတွေက လူနေအိမ်ခြေတွေနဲ့ အနည်းဆုံး မီတာ၅၀၀ အကွာမှာ ရှိရမယ်လို့ ဆိုထားပေမဲ့ လက်ရှိခေါင်တိုခရမ် ကျောက်မိုင်းနဲ့ စာသင်ကျောင်း က မီတာ ၃၀၀ ကျော်ပဲ ဝေးပါတယ် ။ ရှေးကျတဲ့ ထုံးကျောက်ဂူတွေ အလွန်ရှားပါတဲ့ ခရုအသေးမျိုးစိတ်တွေ က ကျောက်မိုင်းကျောက် ပျောက်ကွယ်သွားနိုင်ပါတယ် ။ အစိုးရက […]

ကျွန်တော်တို့ ဘာကြောင့် သစ်တောတွေ ထိန်းသိမ်းနေရတာလဲ

ကျွန်တော်တို့ ဘာကြောင့်သစ်တောတွေကို ထိန်းသိမ်းနေရတာလဲ ဆိုတာကိုမေးလာရင် ရှည်ရှည်ဝေးဝေးတွေ လိုက်ရှင်းပြနေရပါတယ်။ ဒီမှာတော့ တိုတိုနဲ့ လိုရင်းရောက်တဲ့အချက် ၁၄ချက်ရှိပါတယ်။ တစ်ချက်ချင်းစီမှာ လေးနက်တဲ့အဓိပ္ပါယ်တွေရှိပေမဲ့ ဖတ်လိုက်တာနဲ့ လူတိုင်း နားလည်အောင် ရှင်းပြထားပါတယ်။ကျွန်တော်တို့ သစ်တောတွေကို မထိန်းသိမ်းရင် ကျွန်တော်တို့ရှူနေတဲ့လေကို ဘယ်သူက သန့်စင်ပေးမှာလဲ။ ကာဗွန်တွေကို ဘယ်သူ သိုလှောင်ပေးမှာလဲ။ ရေတွေကိုသန့်စင်အောင် ဘယ်သူလုပ်ပေးမှာလဲ။ ကျွန်တော်တို့ဂြိုဟ်အတွက် တကယ်အလုပ်လုပ်ပေးနေတဲ့ သစ်ပင်တွေမှာ အောက်ပါဂုဏ်သတ္တိတွေရှိပါတယ်။ ၁။ တောထဲမှာ စခန်းချနေလိုသူတွေအတွက် သစ်တောတွေရှိနေတာက ဘယ်လောက်ကျေနပ်စရာကောင်းလဲ။ ရေငန်သစ်တောတွေ ၊ အပူပိုင်းသစ်တောတွေ ၊ တောကောင်တွေနေတဲ့သစ်တောတွေ အစရှိသဖြင့် တောတွေက ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ ၃၀% လောက်ကျန်နေသေးတယ်။ အများစုက ရုရှား ၊ကနေဒါနဲ့ အမေရိကားက တောတွေမှာ စခန်းချနေလို့ကောင်းပါတယ်။ ၂။ ကျနော်တို့ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို အောက်စီဂျင်အဖြစ် […]

ကမ္ဘာ့အပင်လောကရဲ့ ဇီ၀မျိုးကွဲ ရတနာသိုက်ကျွန်း

ကမ္ဘာပေါ်မှာတွေ့ရှိပြီးတဲ့ အန်ဂျီယိုစပမ်းလို့ ခေါ်တဲ့ အပွင့်ဆောင်ပင်ပဲပြောပြော အစေ့ဝှက်ပင်လို့ပဲပြောပြော မျိုးစိတ်တွေက သိန်းပေါင်းများစွာရှိနေပါတယ်။ ကုန်းနေ အပွင့်ဆောင်ပင် တွေက မျိုးခွဲ ၆၄ မျိုးရှိပြီး အဲ့ဒိက ခွဲလိုက်ရင် မျိုးရင်း ၄၁၆ မျိုးထွက်လာပါတယ်။ အဲ့ဒိထဲကမှမျိုးစု ၁၃၀၀၀ ကျော်ဆင်း သက်လာပြီး မျိုးစိတ်အားဖြင့် ၃သိန်းကျော်သွားပါပြီ။ အန်ဂျီယိုစပမ်းတွေက အစာကြောရှိတဲ့ အပင်တွေဖြစ်ပြီး အမြစ်ပင်စည် အရွက် အင်္ဂါအပြည့်အစုံရှိပါတယ်။ အသီးနဲ့ အစေ့က အပွင့်ကနေဖြစ်လာပြီး အစေ့က အသီးထဲမှာ မြုပ်နေလို့လို့ အစေ့ဝှက်ပင်လို့ခေါ်တာပါ။ အပင်လောက မှာ ရေညှိ၊ မှို မျိုးတွေကနေစပြီး ထင်းရှုးတို့ ဆိုက်ပရက်တို့လို ဂျင်မနိုစပမ်းတို့ ဘုံအမြင့်ဆုံးဖြစ်တဲ့ အန်ဂျီယိုစပမ်းတို့ ကို တော်တော်များများစုံအောင်တွေ့ နိုင်တဲ့ကျွန်းကတော့ ပါပူဝါနယူဂီနီ ကျွန်းပါပဲလို့ ကမ္ဘာ့သုတေသီတွေက လက်ရှိနောက်ဆုံး သုတေသနအရ […]

အသက်နှင့်ရင်းပြီး သစ်ပင်ကို ကာကွယ်ခဲ့သော အမျိုးသမီးများ

ဒီပုံလေးက အိန္ဒိယနိင်ငံ Garhwal တောင်တန်း ဒေသ ရှိ Bishnoi အမည်ရှိတဲ့ရွာလေး တစ်ရွာမှ ပုံပဲဖြစ်ပါ တယ်။ ရုတ်တရက်ကြည့်ရင် တစ်ခုခု အပြစ်ပေးခံရတဲ့ အပြစ်သားတွေလို့လည်း ထင်မြင်နိုင်တဲ့ ပုံလေး ပါ။ ဒါပေမယ့် ဒီပုံရဲ့ နောက်ခံသမိုင်းကတော့တကယ့် ကို လေးစား ချီးကျူးဖွယ် အရမ်းကောင်းသလို သဘာဝကို ချစ်မြတ်နိုးတဲ့ လူနည်းစုလေးတွေရဲ့အကြောင်းတွေရှိနေ ပါတယ်။ “Tree hugger”လို့ သူတို့ကို ခေါ်ဆိုကြသလိုသူတို့ရဲ့ သူတို့ကျေးရွာဝန်းကျင်က သစ်ပင်တွေကို မခုတ်ရလေ အောင် သစ်ပင်အတွက်တစ်ရွာလုံးစုပေါင်းပြီးအရူးအမူး နဲ့ အသည်းအသန်ကာကွယ်ခဲ့ကြတဲ့ ရွာလုံးကျွတ်ပါဝင် သော လှုပ်ရှားမှုကြောင့် မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖက်တွယ် ဆုပ်ကိုင်ထားမှု လို့ သုံးနှုန်းသည့် ဟိန္ဒူဘာသာစကား “Chipko”ဆိုသည့် စကားလုံးနဲ့တင်စားပြီးတော့လည်း ခေါ်ဆိုထားကြပါသေးတယ်။ အခုဖော်ပြပါပုံက၁၉၇၀ ခုနှစ်များအတွင်းက […]

အာဂလူသားရဲ့အံ့မခန်းကြိုးစားအားထုတ်မှု

ဆယ်နှစ်အတွင်း သစ်ပင်ပေါင်းတစ်သောင်းကျော် စိုက်ပျိုးခဲ့တဲ့ မျက်မမြင်အဘိုးနဲ့ လက်နှစ်ဖက်မရှိတဲ့အဘိုး သင်ဟာ ပစိဖိတ်အနောက်မြောက်ဘက်ကို ရောက်တဲ့အခါ သစ်ပင်များစွာ စိမ်းစိုနေတာကို တွေ့ရမှာပါ။ သစ်ပင်တွေက စီတန်းနေပြီး တစ်မျှော်တစ်ခေါ် အုပ်ဆိုင်းနေပါတယ်။ အဲဒီနေရာကတော့ တရုတ်နိုင်ငံ၊ ဟူဘေး၊ Jingxing ဒေသ၊ Sunzhaung မြို့နယ်၊ Yeli ရွာရဲ့မြောက်ဘက်က သစ်တောအုပ်လေး ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၂ နှစ်ကတော့ အဲဒီနေရာမှာ ဘာသစ်ပင်မှမရှိဘဲ ကျောက်တုံးတွေ၊ ပေါင်းပင်တွေပဲ ရှိနေခဲ့ပါတယ်။ အဲဒီနေရာကို စိမ်းစိုတဲ့နေရာဖြစ်အောင် လုံးဝပြောင်းလဲလိုက်သူကတော့ Jia Haixia နဲ့ သူ့သူငယ်ချင်း Jia Wenqi တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ခြောက်သွေ့နေတဲ့ နေရာလွတ်ကြီးကို သတိထားမိပြီး စိမ်းစိုတဲ့နေရာအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီဒေသမှာ သူတို့ရဲ့ နှလုံးနဲ့ […]

ရေအောက်သတ္တုမိုင်းတွင်းတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူတာဝန်ယူမှာလဲ

ပလန်နာတီတာကာရာက တွန်ဂါကျွန်းစုဆီကို အမြဲလိုလို ခရီးထွက်ဖြစ်ပါတယ်။ တွန်ဂါကျွန်းစု ဆိုတာ တောင်ပစ္စိဖိတ်က ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်းပေါင်း ၁၇၀ လောက်ရှိပြီး လူနေထိုင်တဲ့ ကျွန်းက ၇၀ လောက်ရှိပါတယ်။ သူမတွေ့ခဲ့တဲ့ ကျွန်းသားတော်တော်များများက ရေအောက်သတ္တု တူးဖော်ရေး မိုင်းတွင်းတွေ နဲ့ ပတ်သက်ပြီး ဗဟုသုတမရှိကြပါဘူး။ သူမက ရေဒီယို အစီအစဉ်တစ်ခုလုပ်ပြီး ရေအောက်သတ္တုတူးဖော်ရေး မိုင်းတွင်းတွေ အကြောင်း ကို အများသိအောင် ဟောပြောနေပါတယ်။ တွန်ဂါ ဘုရင့်နိုင်ငံမှာ အစိုးရက ကုမ္ပဏီတွေ ကို ရေအောက်မှာ သတ္တုတူးဖော်ဖို့ ခွင့်ပြုနေပါတယ်။ ရေအောက်ဂေဟစနစ်ပျက်သွားနိုင်တယ်ဆိုတဲ့အကြောင်း ကို ပြောဟောနေရ တာက နှင်းဆိုတာကို မမြင်ဖူးတဲ့ တွန်ဂါနိုင်ငံသားတွေကို နှင်း အကြောင်း ရှင်းပြနေရတာနဲ့ တူပါတယ်လို့ သူမကဆိုပါတယ်။ သူမပြောတဲ့ ရေအောက် သယံဇာတ […]

Page 2 of 2
1 2