ဖင်လန်နိုင်ငံက သဲဘတ်ထရီ အကြီးကြီးတစ်ခုကို စမ်းသပ်တီထွင်
ဖင်လန်နိုင်ငံတောင်ပိုင်း ပေါ်နိုင်နမ်မြို့တွင် စက်မှုလုပ်ငန်းသုံးလို့ရတဲ့ လျှပ်စစ် သိုလှောင်မှုစနစ်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး သဲဘက်ထရီ တစ်လုံးကို စမ်းသက်တီထွင်မှုပြုနေပါတယ် ။ အဲ့ဒိဘတ်ထရီက နေရောင်ခြည်နှင့် လေအရင်းအမြစ်များမှ အပူစွမ်းအင် 100 MWh ကို သိုလှောင်ထားနိုင်ခြင်းကြောင့် ဒေသခံများအတွက် အပူပေးလို့ကုန်ကျနေတဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို ၇၀ ရာခိုင်နှုန်း နီးပါးလျှော့ချပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ၎င်းတို့၏ ခရိုင်အပူပေးကွန်ရက်မှ ဆီများကို ဖယ်ရှားနိုင်ကာ ဓာတ်ငွေ့ထုတ်လွှတ်မှု 70 ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ “Pornainen ရဲ့ခရိုင် အပူကွန်ရက် ထဲကို အဲ့ဒိဘတ်ထရီကလာတဲ့ အပူကို အဓိကထုတ်လုပ်ပေးတဲ့ စက်ရုံတစ်ခု အဖြစ် လုပ်ဆောင်မှာမို့လို့ အကြီးစား အပူစွမ်းအင် သိုလှောင်မှုကို တည်ဆောက်ရခြင်းက စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ” လို့ ဆန်းသစ်တီထွင်မှု နောက်ကွယ်ရှိ […]