လေရဟတ်တွေကို သစ်သားနဲ့ စမ်းလုပ်နေပြီ

လေရဟတ် တာဘိုင်တွေက အစိမ်းရောင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဖို့အတွက် အရမ်းကို အားကိုးရတဲ့ လုပ်ငန်းစည်တစ်ခုဖြစ်ပါတယ် ။ လေတိုက်နှုန်းပုံမှန်နီးပါးရှိတဲ့ ဒေသတွေမှာ လေရဟတ်တွေထက်ပိုကောင်းတဲ့ လျှပ်စစ်ထုတ်ယူနိုင်တဲ့ ပစ္စည်း မရှိသေးပါဘူး ။ ဒါပေမဲ့ လေရဟတ်တွေလုပ်ဖို့အတွက် အကြီးစားသံမဏိလုပ်ငန်းတွေက ကာဗွန်ထုတ်လုပ်မှု များနေတဲ့အတွက် လေအားလျှပ်စစ် လုပ်ငန်းက ကာဗွန်မထွက်ဘူး ဆိုတဲ့ အစိမ်းရောင်ထိန်းသိမ်းရေး လုပ်ငန်းနဲ့ လားလား ဆန့်ကျင်နေပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ ဆွီဒင်နိုင်ငံက ပညာရှင်တွေက သစ်သားနဲ့လေရဟတ်တာဘိုင်တွေလုပ်ဖို့အတွက် တီထွင်မှုက စလုပ်နေပါတယ် ။ ကာဗွန်လုံးဝမထွက်တဲ့ လေအားလျှပ်စစ်စီမံကိန်းကို စပြီး တပ်ဆင်ဖို့လုပ်နေပါတယ် ။ ဆွီဒင်နိုင်ငံအနောက်တောင်ပိုင်း ဂိုသမ်ဘာဂ်မြို့နားမှာ အဲ့ဒိသစ်သားလေရဟတ်ကို စတင်စမ်းသက် တပ်ဆင်နေပါတယ် ။ မီတာ ၁၅၀ မြင့်တဲ့ အဲ့ဒိလေရဟတ်ကို ပြီးခဲ့တဲ့ အပတ်က တပ်ဆင်ပြီးသွားလို့ စမ်းသက်လည်ပတ်စေရာ ၂ မီဂါဝပ်ထွက်ပြီး […]

ဆိုလာဈေးနှုန်းတွေက တဖြည်းဖြည်းကျလာနေပါပြီ

နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အေဂျင်စီ ( IEA ) ရဲ့အဆိုအရ ၂၀၂၃ မှာ ဆိုလာပါဝါ တပ်ဆင်မှု အများဆုံး နိုင်ငံတွေက တရုတ် ၊ ဥရောပ နဲ့ အမေရိကန်တို့ပဲ ဖြစ်ပါတယ်လို့ သိရပါတယ် ။ ဒီနှစ်တစ်နှစ်ထဲမှာကိုပဲ တရုတ်က လျှပ်စစ်ပမာဏ ၁၈၀ ကနေ ၂၃၀ ဂစ်ဂါဝပ် ထုတ်နိုင်တဲ့ ဆိုလာပါဝါတွေကိုတပ်ဆင်နိုင်ခဲ့ပါတယ် ။ ဥရောပကတော့ ၅၈ ဂစ်ဂါဝပ် ထုတ်နိုင်တာမှန်ပေမဲ့ အဲ့ဒိထဲက ၄၀ ရာခိုင်နှုန်းက ၂၀၂၂ ကတည်းက တပ်ဆင်ခဲ့တာပါ။ ၂၀၂၂ ဒီဇင်ဘာလကနေ ၂၀၂၃ နိုဝင်ဘာလအတွင်း ဥရောပမှာရှိတဲ့ ဆိုလာဈေးနှုန်းတွေက ၃၀ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ် ။ […]

စင်ကာပူနိုင်ငံထက်ကြီးတဲ့ ဆိုလာဥယျာဉ်ကြီးတည်ဆောက်ဖို့ အိန္ဒိယ ပြင်နေ

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဥယျာဉ်ကို တည်ဆောက်နေသည်။ ပါကစ္စတန်နှင့် အိန္ဒိယကို ပိုင်းခြားထားသော ဆားသဲကန္တာရကြီးသည် တစစနှင့် ကျယ်ပြောလာမှုကြောင့် နေရောင်ခြည်နှင့် လေအားလျှပ်စစ် စိုက်ခင်းများကို တည်ဆောက်နေရာ သုံးနှစ်အတွင်း ပြီးစီးမည်ဟု မျှော်လင့်ရသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဥယျာဉ်သည် အလွန်ကြီးမားမည်ဖြစ်ပြီး ၎င်းကိုအာကာသမှမြင်နိုင်မည်ဖြစ်ကြောင်း developer များကဆိုသည်။ စီမံကိန်း ပြီးစီးပါက စတုရန်းကီလိုမီတာ ၇၂၆ဝ ကျော် ကျယ်ဝန်းပြီး စင်္ကာပူ နိုင်ငံထက် ကျယ်ဝန်းမည်ဖြစ်သည်။ အိန္ဒိယအစိုးရသည် အနည်းဆုံး ဒေါ်လာ ၂.၂၆ ဘီလီယံ (ယူရို ၂.၀၈ ဘီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းခြင်းသည် COP28 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် အဓိကပြဿနာဖြစ်သည်။ အချို့သောခေါင်းဆောင်များသည် ကမ္ဘာတစ်ဝှမ်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးဆတိုးစေမည့် ပစ်မှတ်ကို ထောက်ခံအားပေးကြပါသည်။ ကျောက်မီးသွေး၊ ရေနံနှင့် […]

မှောင်ခိုစျေးကွက်ထဲမှာ ပန်းပန်နေတဲ့ ရုရှား ရေနံ

ယူကရိန်းကို ကျူးကျော်လို့ ရုရှားရေနံကို အီးယူအပါအဝင် အ‌နောက်အုပ်စုတွေ ပိတ်ဆို့မှုတွေလုပ်လိုက်ကြတယ်။ ပိတ်ဆို့မှုလုပ်ပြီးမကြာခင်မှာ ရုရှားက ရေနံကနေဝင်တဲ့ ဝင်‌ငွေတွေ ၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး စီးပွားရေး ယုတ်လျော့ သွားပါတယ်။ ဒါပေမဲ့ ရုရှား ကမ်းလွန်တွင်းတွေကနေ ထွက်တဲ့ ရေနံ ၁စည်က ဒေါ်လာ ၆၀လောက်တောင် မရနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ ကျူးကျော်စစ်က ၁၈ လကြာလာပါပြီ။ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုကို ရုရှားက ရှောင်လွဲလို့ ရတဲ့နည်းလမ်းတွေနဲ့ ရေနံစိမ်းတင်ပို့မှုလုပ်လာပါတယ်။ ကမ်းလွန်ရေနံတွင်းတွေက ရေနံစိမ်းတွေကို မှောင်ခိုသင်္ဘောတွေနဲ့ တင်တယ်၊ ခြေရာခံလို့မရတဲ့ ဆက်သွယ်‌ရေး စနစ်တွေကို သုံးတယ်။ ပြီးတော့ လျှော့စျေနဲ့ စျေးဆိုင်လိုက်တဲ့အခါမှာတော့ ရုရှားရဲ့ ရေနံတင်ပို့မှုက ပြတ်တောက်သွားတယ် မရှိဘူး ဖြစ်နေပါတယ်။ အီးယူက ရုရှားရေနံစိမ်းကို ယူတဲ့နိုင်ငံတွေကို […]

အမေရိကန်တွေက ရေပေးတူးမြောင်းတွေပေါ်မှာ ဆိုလာတွေ တည်ဆောက်နေ

၂၀၁၅ ‌တုန်းက ကယ်လီဖိုးနီးယားမှာ ၄နှစ်ဆက် မိုးခေါင်မှု ဖြစ်ခဲ့ပါတယ်။ မြေကြီးခြောက်သွေ့ အက်ကွဲကုန် ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ပြည်နယ်အတွင်း ရေသုံးစွဲမှုကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့အတွက် အမိန့်ထုတ်ခဲ့သလို ရေအများအပြားသုံးစွဲတဲ့ လယ်သမားတွေကတောင် ရေသုံးစွဲမှုကို စေတနာ့ဝန်ထမ်းအဖြစ် လျှော့သုံးခဲ့ရပါတယ်။ ဘရောင်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းတွေ အများကြီးလုပ်ခဲ့ပါတယ် ။ အဲ့ဒိနောက်မှာတော့ ကယ်လီဖိုးနီးယားမှာ ရာသီဥတုဖောက်ပြန်မှု လျော့ပါးလာတာကို တွေ့လာရပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေက ကယ်လီဖိုးနီးယားမှာ စံချိန်တင်အပူလှိုင်းကျတာတွေ ၊ တောမီးအကြီးအကျယ်လောင်တာတွေ ၊ ကော်လိုရာဒိုမြစ်ရေကျဆင်းသွားတာတွေ နဲ့ရာသီဥတုဖောက်ပြန်မှုဖြစ်လာတာတွေက စွန့်ဦးတီထွင်သူတွေ ဖြစ်တဲ့ ဂျော်ဒန်ဟာရစ်နဲ့ ရော်ဘင်ရာဂျ်တို့ကို ဆည်မြောင်ဖုံး ဆိုလာပြားတွေ တပ်ဆင်ဖို့အတွက် စိတ်ကူးရသွား စေပါတယ် ။ သူတို့ရဲ့ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ် […]

ဂရိတွေ ဓာတ်ငွေ့တူးဖော်မှု ရပ်တန့်ပေးဖို့ ဂရင်းပိစ်အဖွဲ့ တောင်းဆို

ဂရိနိုင်ငံ၏ Aegean ပင်လယ်တွင် သဘာဝဓာတ်ငွေ့ တူးဖော်မှု ပြုလုပ်ရန်အတွက် စမ်းသက်မှုများ လုပ်ကိုင် နေသောကြောင့် လင်းပိုင်နှင့် ဝေလငါးများကဲ့သို့သော ရေနေတောရိုင်းတိရစ္ဆာန်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမည်ကို Greenpeace မှ စိုးရိမ်မှုများ ဖြစ်ပေါ်နေသောကြောင့် ဂရိအစိုးရကိုတောင်းဆိုမှုများ လုပ်ခဲ့ပါတယ်။ Greenpeace သည် မြေထဲပင်လယ်တွင်ဂရိနိုင်ငံ၏ရည်မှန်းချက်ကြီးသော ရေနက်ပိုင်းဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းကို စွန့်လွှတ်ရန် အသနားခံစာ ရေးပြီးတင်သွင်းခဲ့ပါတယ်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော သုတေသနကို ကိုးကား၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းမှ အဆိုပါ စီမံကိန်း၏ သက်ရောက်မှုမှာ ယခင်က ယုံကြည်ထားသည်ထက် ကြီးမားသော အန္တရာယ်ရှိသဖြင့် ဝေလငါးများနှင့် လင်းပိုင်များအပေါ် အကျိုးသက်ရောက်မှုရှိသည် ဟု စောဒကတက်ခဲ့ပါတယ်။ ဂရိနိုင်ငံ အနောက်တောင်ပိုင်းနှင့် ကရေတေတို့ရှိ ရေပြင်တွင် စူးစမ်းလေ့လာတူးဖော်ရန် လျာထားသည့် ဧရိယာများတွင် ယမန်နှစ်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုက […]

ရုပ်ကြွင်းလောင်စာစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အကူအပြောင်းကာလမှ အာဆီယံနိုင်ငံတွေ ဘာလဲ ဘယ်လဲ

ဒီကနေ့ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်‌ငွေ့တွေကို စွန့်လွှတ်ပြီးတော့ သန့်စင်ပြီး ပြန်ပြည့်မြဲစွမ်အင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို လူမှုဘဝလုံခြုံရေးအတွက် သုံးစွဲရန် ကြိုးစားနေတဲ့ အကူးအပြောင်းကာလထဲကို ရောက်နေပါတယ်။ အဲ့ဒိလို အကူးအပြောင်းကာလမှ အာဆီယံနိုင်ငံတွေအနေနဲ့ အနာဂတ်မှာသုံးစွဲမယ့် စွမ်းအင် ဘေးကင်လုံခြုံရေးကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာ ကမ္ဘာ့ကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီအထိ လျှော့ချရန်နဲ့ ၂၀၅၀ မှာ ကမ္ဘာ့လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု သုည အခြေအနေထိ ရောက်အောင် ကြိုးစားကြဖို့အတွက် နိုင်ငံတကာက ကြိုးစားချိန်မှာ လက်ရှိသုံးနေတဲ့ ရုပ်ကြွင်းလောင်စာကနေ ရယူတဲ့ စွမ်းအင်တွေကို အပြီးတိုင် အစားထိုးနိုင်ဖို့က အရေးကြီးနေပါတယ်။ အစားမထိုးနိုင်ဘူးဆိုရင်တော့ စွမ်းအင်ပြဿနာတွေက ဒေသတွင်း ပဋိပက္ခ တစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် […]

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို လုပ်နေပေမဲ့ ရုပ်ကြွင်းလောင်စာသုံစွဲမှုက မကျသေး

ကမ္ဘာကြီးသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆီသို့ “မရပ်မနား” အပြောင်းအလဲကို လုပ်ဆောင်နေသော်လည်း ရုပ်ကြွင်းလောင်စာများ သုံးစွဲမှုကို လျှော့ချခြင်း မြန်မြန်ဆန်ဆန် မလုပ်နိုင်သေးပါလို့ အစီရင်ခံစာအသစ်တစ်ခုက ဖော်ပြခဲ့ပါတယ် ။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စောင့်ကြည့်ရေးအဖွဲ့က ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လျှပ်စစ်ဓာတ်အား၏ ထက်ဝက်ကို ထောက်ပံ့ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ဒီကနေ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုက ကမာ္ဘကြီးပူနွေးလာမှုကို ဖြစ်စေတဲ့ ၁.၅ စင်တီဂရိတ် သတ်မှတ်ချက်ကို တားဆီးရန် မြင့်မားနေသေးကြောင်း သတိပေးထားပါတယ် ။ အစီရင်ခံစာက ရုပ်ကြွင်းလောင်စာများတွင် ရင်းနှီးမြှုပ်နှံမှုကို ထက်ဝက်လျှော့ချရန် လိုအပ်နေတယ်လို့ဆိုပါတယ်။ ပါရီမြို့အခြေစိုက် စွမ်းအင်အေဂျင်စီ၏ အင်္ဂါနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို အလုံးစုံ ရပ်ဆိုင်းလိုက်ပါလို့ ဆိုလိုတာမဟုတ်ဘူး လို့ ဖော်ပြပါတယ် ။ […]

ပြင်သစ်ဘောလုံးသမားတွေ ခရီးနီးရင် ရထားပဲစီးတော့မယ်တဲ့

ပြင်သစ်ဘောလုံးအသင်းများသည် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးပမ်းမှုအဖြစ် သုံးနာရီ အောက်ခရီး အဝေးကွင်းသို့သွားရောက်ကစားရာတွင် လေယာဉ်အစား ရထားဖြင့် သွားရောက်မည်ဖြစ်သည်။ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံလုံးဆိုင်ရာ မူဝါဒသစ်ကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။ သို့သော် Fédération Française de Football (FFF) မှ အမ်ဘတ်ပေး ကဲ့သို့သော ကမ္ဘာကျော် ကြယ်ပွင့်များ အတွက် ရိုးရိုးခရီးသည်တင်သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်ပြီး စဉ်းစားချင့်ချိန် နေသောကြောင့် အမျိုးသားအသင်းကြီးများအတွက် အကောင်အထည်ဖော်ရန်မူ အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။ “လက်‌ရွေးစင်အသင်း မန်နေဂျာ Didier Deschamps နဲ့ အတူ၊ မတ်လအတွင်း လိုင်ယွန်မြို့မှာ ယှဉ်ပြိုင် ကစားမယ့် ပြင်သစ်စီနီယာအသင်းက ရထားနဲ့ ခရီးထွက်နိုင်ခြေကို ကျွန်တော်တို့ ပြင်သစ်အသင်းက စံနမူနာပြပြီး ဂေဟစနစ်ဆိုင်ရာ အကူးအပြောင်းမူဝါဒကို မီးမောင်းထိုးပြနိုင်စေဖို့အတွက် ကျွန်တော်တို့က […]

လျှပ်စစ်ဓာတ်အားရရှိခြင်းဖြင့် ပိုမိုရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်ကြမယ်

လျှပ်စစ်ဓာတ်အားရရှိမှုက စွမ်းအင်ထိရောက်မှုမှသည် ရေရှည်တည်တံ့သောအလေ့အကျင့်များအထိ၊ သယ်ယူပို့ဆောင်ရေးမှ ကုန်ထုတ်လုပ်မှုအထိ၊ လူနေအိမ်၊ စီးပွားရေး နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် ဝန်ထမ်းပေါင်း ၁၅၀၀ကျော်ရှိသည့် အီတလီတွင် ရုံးချုပ်အခြေစိုက်သည့် ZAPI GROUP သည် လျှပ်စစ်အားလုံး၏ အနာဂတ်သို့ ကူးပြောင်းမှုကို အင်ဂျင်နီယာအဖြစ် ကူညီပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီသည် လှုပ်ရှားမှုထိန်းချုပ်ရေးကိရိယာများ၊ လျှပ်စစ်မော်တာများ၊ ကြိမ်နှုန်းမြင့်ဘက်ထရီအားသွင်း ကိရိယာများ နှင့် အလိုအလျောက်သွားလာနိုင်သော ဆော့ဖ်ဝဲများပါဝင်သည့် ထုတ်ကုန်လုပ်ငန်းများကိုတီထွင် လုပ်ကိုင်နေသော အဖွဲ့ ဖြစ်သည် ။ ZAPI GROUP မှ အမှုဆောင်ဒါရိုက်တာ Claes Avasj သည် POWER မဂ္ဂဇင်း နှင့် မေးခွန်း-အဖြေကဏ္ဍတွင် လျှပ်စစ်ဓာတ်အားရရှိရေးဆိုင်ရာ ကဏ္ဍပေါင်းစုံနှင့် ၎င်း၏ကဏ္ဍအသီးသီးအပေါ် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့သည်။ Avasj […]

Page 3 of 4
1 2 3 4