ဝေလငါးများကို အမဲမလိုက်ခြင်းဖြင့် တစ်နှစ်ကိုကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန်သန်း၂ထောင်နီးပါးမျှ ထိန်းသိမ်းနိုင်
ဝေလငါးဆိုတဲ့ သတ္တဝါသည် ကျနော့်တို့ဂြိုဟ်ကမ္ဘာပေါ်တွင် သာမန်မဟုတ်ဆုံး သတ္တဝါဖြစ်တယ်ဆိုတာ သံသရဝင်စရာမရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ ရာသီဥတုပြောင်းလဲမှုဝန်ထုပ်ကို လျှော့ချပေးနိုင်တယ်လို့ပြောရင် ခင်ဗျားတို့ အံ့အားသင့်သွားမှာပါ။ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို သစ်ပင်တွေက သဘာဝရဲ့နိယာမသဘောတရားအတိုင်း စုပ်ယူတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်က ကာဗွန်တွေကိုစုပ်ယူပြီး အောက်ဆီဂျင်ကိုထုတ်ပေးပါတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာတော့ ကာဗွန်စုပ်ယူဖို့ကို အဲ့ဒိတိုက်တန်ကြီးတွေက အလုပ်လုပ်ပေးနေပါတယ်။ ဝေလငါးကြီးတွေဟာ သူတို့ခန္တာကိုယ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်မြောက်အမြားကို သိုလှောင်ထားပါတယ်။ အဲ့ဒိကာဗွန်တွေကို သူတို့သေဆုံးတဲ့အခါမှာ သူတို့နဲ့အတူ သမုဒ္ဒရာကြမ်းပြင်ကိုယူဆောင်သွားပါတယ်။ အဲ့တာကို ဝေလငါးသင်္ချိုင်း( whale falls )လို့ ခေါ်ပါတယ်။ whale fallsတွေက အာဟာရကြွယ်ဝလို့ ရေနက်ပိုင်းနဲ့ ရေအောက်ကြမ်းပြင်မှာနေထိုင်တဲ့ သတ္တဝါတွေအတွက် အထူးအကျိုးရှိပါတယ်။ ပင်လယ်ရေအောက်ထဲမှာကာဗွန်တွေကို ဖမ်းပြီးသိမ်းထားတဲ့သဘောပါပဲ။ ဆန်ဖရန်စ္စကိုတက္ကသိုလ်က ပြုလုပ်တဲ့ အဏ္ဏဝါသုတေသနတစ်ခုမှာ whale fallsတွေက ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု […]