အင်းဆက်ကောင်ရေ ကျဆင်းလာလို့ ဝတ်မှုံကူးဖို့အတွက် အခက်အခဲဖြစ်လာ

               ဒီအပတ်ထုတ် Science Advances ဂျာနယ်မှာ ပါတဲ့ ဆောင်ပါးတစ်ပုဒ်အရ ကမာ္ဘ့အပူပိုင်း ဒေသတွေမှာ ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေရဲ့ ကောင်ရေ ကျဆင်းလာတဲ့ အတွက် ကော်ဖီလိုမျိုးစားသောက်ကုန် လုပ်ငန်းတွေ ထိခိုက်မှု ၂ ဆမက ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးထားတာကို သိရပါတယ်။               ရာသီဥတုပြောင်းလဲမှုနဲ့ ကျက်စားရာဒေသဆုံးရှုံးမှုတွေကြောင့် ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေဟာ အပူပိုင်းဒေသတွေမှာ သိသိသာသာကျဆင်းနေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ တရုတ် ၊ အိန္ဒိယ ၊ ဘရာဇီး ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်နိုင်ငံ နဲ့ အာဖရိက […]

ရေအောက်ရောက်နိုင်သည့် မြန်မာ့ကမ်းရိုးတန်းဒေသကြီးများ

မင်းချစ်နိုင်ရေးသားသည်—-၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတချို့ အပါအဝင် အာရှတိုက်ရှိ ဒေသများ ရေအောက်ရောက်သွားနိုင်သည့် အခြေအနေသည် ယခင်ခန့်မှန်းထားသည်ထက် သုံးဆပို၍ ထိခိုက် နိုင်ကြောင်း နယူးဂျာစီပြည်နယ်အခြေစိုက် သိပ္ပံအဖွဲ့အစည်းတစ်ခုဖြစ်သည့် Climate Centralက သတိပေး ထုတ်ပြန်ထားသည်။ Climate Central က ထုတ်ပြန်သည့် ထိုလေ့လာမှုအသစ်တစ်ရပ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထိုလေ့လာမှုကို မထုတ်ပြန်ခင် လွန်ခဲ့သော နှစ်များအတွင်းကလည်း ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် အစိတ်အပိုင်းအချို့ နှင့် အာရှဒေသရှိ ကမ်းရိုးတန်း အစိတ်အပိုင်းအချို့ ရေအောက် ရောက်သွားနိုင်ကြောင်း ပညာရှင်များက သုံးသပ် ပြောဆိုခဲ့ဖူးပါသည်။ တွေးကြည့်ရုံနှင့် ထိတ်လန့် ကြောက်ရွံ့စရာ […]

ဒီနှစ်မိုးခေါင်မှုက ပြင်သစ်မြို့ ၁၀၀ကျော်ကို သောက်ရေပြတ်လပ်မှုဖြစ်

ပြင်သစ်နိုင်ငံ ဂေဟစနစ် ဝန်ကြီးက တိုင်းပြည်ရဲ့ တောင်ပိုင်း အပူလှိုင်းကျတဲ့ ဒေသတွေကို သွားရောက် လေ့လာပြီးနောက် မိုးခေါင်မှုကြောင့်သောက်ရေ ပြတ်လပ်တဲ့ မြို့တွေကို ရေသယ်ကားတွေနဲ့ လိုက်လံ ပိုဆောင်ပေးနေရပါတယ်။ သူရဲ့ အပြောအရ သောက်ရေ မလုံလောက်မှု ဖြစ်သွားတဲ့ မြို့ ရာနဲ့ ချီတယ်လို့ သိရပါတယ်။ “ ကျနော်တို့ က သောက်ရေကိုရေလှောင်ကန်တွေကနေ တစ်ဆင့် ပိုက်လိုင်းတွေနဲ့ မြို့တွေကို ရေပို့ပေးနေတာပါ။ ရေလှောင်ကန် တွေမှာ ရေမရှိတော့လို့ သောက်ရေ လုံးဝမရတော့တဲ့ မြို့ က ရာနဲ့ ချီသွားပါတယ်” လို့ ခရစ္စတိုဖီ ဘဲချူက ဆိုပါတယ်။ ဥရောပနိုင်ငံတော်တော်များများမှာလည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူလှိုင်းကျရောက်ခြင်းနဲ့ စံချိန်တင်မိုးခေါင်မှု ဖြစ်စဉ် ဖြစ်ပွားနေပါတယ်။ ပြင်သစ်ဝန်ကြီးချုပ် အဲလိစဘတ်ဘော်နီက “ […]

ကုလသမဂ္ဂရဲ့ သမုဒ္ဒရာညီလာခံကတော့ ကတိစကားတွေနဲ့ ပြီးသွားပါပြီ.. ပင်လယ်ပြင်ကြီးက ပြောင်းလဲသွားတော့မှာလား..

လစ္စဘွန်းမြို့မှာ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင်လ ၁ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂက ပြုလုပ်တဲ့ ဒုတိယအကြိမ် သမုဒ္ဒရာ ညီလာခံကြီးကတော့ ပြီးစီးသွားခဲ့ပါပြီ ။ ရေအောက်မှာ ရှင်သန်ကြီးပြင်းကြတဲ့ သတ္တဝါတွေကို ကာကွယ်ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံဖြိုးမှု ပန်းတိုင် အမှတ် ၁၄ ပေါ်မှာ အခြေပြုပြီး နိုင်ငံတကာ အဖွဲ့ဝင်တွေက ကတိစကားတွေ အများကြီးပေးခဲ့ပါတယ်။ အဲ့ဒိညီလာခံကို ၂၀၂၀ မှာကျင်းပဖို့အတွက် ရည်ရွယ်ခဲ့ပေမဲ့ ကိုဗစ် ၁၉ ရောဂါ ပြန်နှံ့မှုကြောင့် နှောင့်နှေးခဲ့ရပါတယ်။ နိုင်ငံတကာအစိုးရတွေ ၊ အန်ဂျီအိုတွေနဲ့ အဖွဲ့အစည်းတွေက ဒီညီလာခံမှာ ကမ္ဘာ့ရေထု ထိန်းသိမ်းရေးအတွက် ရာနဲ့ချီတဲ့ အဆိုတွေ တင်သွင်းခဲ့ပါတယ် ။ ပင်လယ်ရေပြင်ကို ကာကွယ်ဖို့အတွက် နဲ့ ထိန်းသိမ်းရမယ့် ဧရိယာတွေ […]

ပန်းနဲ့ပေါက်တာလည်း နာချင်တယ်

(မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်(မောင်ထွန်းလွင်(မိုးလေဝသ))ရေးခဲ့တဲ့ နာဂစ်အတွေ့အကြုံဆောင်းပါးပါ။ ဆရာကြီးကို သတိရစွာဖြင့် ပြန်လည် ဖော်ပြအပ်ပါသည်။) ၂၀၀၈ ခုနှစ်၊ မေလ(၃)ရက်နေ့ဟာ ကျွန်တော့်ရဲ့ အမှုထမ်းသက် (၄၃)နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ကျွန်တော့်အတွက် တစ်သက်တာ မမေ့နိုင်စရာ အမှတ်တရ ဖြစ်စေတဲ့ ဖြစ်ရပ်တစ်ခုကလည်း ဖြစ်ခဲ့ပါတယ်။ အဲဒါကေတာ့ ၂၀၀၈ ခုနှစ်၊ မေလ(၃)ရက်နေ့ နံနက်ပိုင်းမိုးမလင်းမီမှာ ရန်ကုန်မြို့ရဲ့ အနီးကို အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး နာဂစ်(Nargis) ဖြတ်သွားခဲ့လို့ ဖြစ်ပါတယ်။ အဲဒီလင်းအားကြီးက နာဂစ်မုန်တိုင်း ဘယ်လောက်သောင်းကျန်းသွားခဲ့တယ်ဆိုတာကို အများအားဖြင့် မုန်တိုင်းအတွေ့အကြုံမရှိကြတဲ့ ရန်ကုန်သူ ရန်ကုန်သားများ ခေါင်းမဖော်ဝံ့အောင် ပထမဆုံးအတွေ့အကြုံအနေနဲ့ တွေ့ကြုံခံစားခဲ့ကြရပါတယ်။ နာဂစ်မုန်တိုင်းဟာ လေတိုက်နှုန်းအားဖြင့် တစ်နာရီမိုင်(၁၂၀) ခန့်နှုန်းနဲ့ မေလ(၃)ရက်နေ့ နံနက်လင်းအားကြီး နံနက်(၁)နာရီ လောက်ကစပြီး ဒေါသတကြီးနဲ့ […]

တိမ်ကောယိုယွင်းလာသော ရေချိုကန်ကြီး ” အင်းလေး “

အာရှတိုက်အရှေ့ပိုင်းရှိ တရုတ်ပြည် ပိုယန်း ရေချိုအိုင်ကြီး ခမ်းခြောက်သွားပုံကို သီးခြားစာစုများဖြင့် ဖော်ပြခဲ့ပြီး လက်လှမ်းမှီရာ နိုင်ငံများ ဒေသများရှိ မြစ်ကြီးများ ရေကန်ကြီးများ တဖြေးဖြေး ခမ်းခြောက်လာကြပုံကို အမေရိကန်နိုင်ငံရှိ ကိုလိုရာဒိုမြစ်ကြီး နှင့် မစ္စစ္စပီမြစ်ကြီး အပါအဝင် ကမ်ဘာ့ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု၏ အကျိုးဆက်များဖြစ်သော မိုးခေါင်ခြင်း ကမ်ဘာကြီးပိုမိုပူနွေးလာခြင်းစသည်တို့အပြင် လူတို့၏ မှားယွင်းသော ပယောဂများကြောင့် ဖြစ်ရပုံကို ဖော်ပြခဲ့ပြီး ယခုတဖန် ကမ်ဘာ့ပညာရှင်များက အထူးအလေးပေးပြောကြား သတိပေးနေသော ကမ်ဘာ့ရေချိုကန်ကြီး (၃) ကန်မှာ တိုက်ကြီး (၃) တိုက်တွင် တည်ရှိသည့်အနက် ကျနော်တို့နိုင်ငံမှ “အင်းလေးကန်ကြီး” လည်း ပါဝင်နေသည်ကို တွေ့ရပါသည်။ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် တည်ရှိပြီး ဧရိယာအကျယ်စုစုပေါင်း (၁၁၆ ) စတုရန်းကီလိုမီတာ ခန့်ရှိပါသည်။ ထူးခြားသည့်မှတ်တမ်းမှာ ၁၉၁၈ […]

ဧဝရတ်တောင် ရေခဲထုကို အကြီးအကျယ်ခြိမ်းခြောက်နေသော ရာသီဥတု ပြောင်းလဲမှု

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် ကမ်ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရတ်တောင်၏ သိပ်သည်းသော ရေခဲထုများကိုပင် ခြိမ်းခြောက်လာပြီဖြစ်သည်။ သုတေသီများ၏ လေ့လာတွေ့ရှိချက်တစ်ခုအရ ရာသီဥတုပြောင်းလဲမှုကြောင့် ဧဝရတ်တောင်တွင် လျင်မြန်သောအရှိန်ဖြင့် ရေခဲပျော်ကျမှုများ ဖြစ်ပေါ်နေပြီး ထိုသို့ရေခဲပျော်ဆင်းမှုကြောင့် ပြီးခဲ့သည့် ၂၅ နှစ်အတွင်း ၂ဧဝရတ်တောင်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော South Col ရေခဲတောင်၏ ရေခဲထု ၅၄ မီတာ၊ ၁၈၀ ပေ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇,၉၀၆ မီတာ၊ ၂၅,၉၃၈ ပေခန့်တွင်ရှိသော South Col ရေခဲတောင်၏ မျက်နှာပြင်ရေခဲထု ဖြစ်ပေါ်လာသောနှုန်းထက် အဆ ၈၀ ခန့် မြန်ဆန်စွာပျော်ဆင်းနေကြောင်း၊ ထို့ကြောင့် ရေခဲထုမှာ ပါးလွှာလာကြောင်း University of Maine က ဦးဆောင်ပြုလုပ်သည့် လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားပြီး ရာသီဥတု […]

တောရိုင်းမျိုးစိတ် ၁၀ မျိုး လောက်က မျိုးသုဉ်းဖို့အရမ်းနီးစပ်နေ

တောရိုင်း မျိုးသုဉ်းတယ်ဆိုတာ ကမ္ဘာနဲ့ယှဉ်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ကျက်စားရာဒေသပျောက်ဆုံး လာတာရယ် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာတာရယ်က တောကောင်တွေမျိုးသုဉ်းဖို့အတွက် အဓိက စေ့ဆော်တဲ့ အကြောင်းအရင်းပါပဲ ။ ကမ္ဘာ့ရာသီပြောင်းလဲမှု ကို ကျနော်တို့ ဂရုမစိုက်ဘူးဆိုရင်တော့ သေချာတာက တောရိုင်း မျိုးစိတ် ၆ မျိုး မှာ ၁မျိုး နှုန်း နဲ့ ၁၀စုနှစ် တစ်ခုစီတိုင်းမှာ ပျောက်ကွယ်ကုန် ကြတော့မှာပါ။ ကမ္ဘာ့ တောရိုင်း ရန်ပုံငွေ အဖွဲ့ (WWF) ရဲ့ အစီရင်ခံစာမှာ လက်ရှိ မျိုးသုန်းနေတဲ့ အကောင်တွေထဲမှာ ကြံ့တွေ ၊ ပရိုင်းမိတ် ၆မျိုး နဲ့ ကြောင်ကြီးမျိုး ၂ မျိုးတို့က လုံးဝကို အရေးပေါ် အခြေအနေဖြစ်နေပါတယ်။ ဆာအိုလာ တောင်ဆိတ် မျိုးလို […]

အမေဇုံကို ဆိုလာနဲ့ ကယ်ဖို့ကြိုးစားနေပြီ

တောင်အမေရိက တိုက်မှာရှိတဲ့ အမေဇုံ တောဆိုတာ ကမ္ဘာကြီးရဲ့ အဆုတ်လို့ ခေါ်ပါတယ်။ ကမ္ဘာ့လေထုထဲ မှာ ရှိတဲ့ တန်ပေါင်းများစွာသော ကာဗွန်တွေကို သိုလှောင်ပြီး အောက်ဆီဂျင်တွေ ထုတ်ပေးနေတဲ့ သဘာ၀ စက်ရုံကြီး တစ်ခုပါ။ ဒီဖက်ခေတ်တွေမှာတော့ အမေဇုံတောကြီးက မြို့ပြချဲ့ထွင်မှု နဲ့ သစ်ထုတ်လုပ်မှုတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ စွမ်းအင်လိုအပ်မှု နဲ့ အလုပ်အကိုင်အခွင့်အလမ်းက သစ်တောကြီးကို လုံးပါးပါး လာစေပါတယ်။ အခုတော့ အမေဇုံတော ကိုကာကွယ်ဖို့အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ဖို့ ပထမဆုံး ခြေလှမ်းတစ်ရပ်ကို စတင်နိုင်ခဲ့ပါပြီ။ အမေဇုံတောရဲ့ မြောက်ဖက်ပိုင်း ဘရာဇီးနိုင်ငံရဲ့ ဆန်တာဟယ်လီနာပြည်နယ်မှာ ဆိုလာပြားတွေကို စတင်တပ်ဆင်ပြီး ဆေးရုံ ၊ စာသင်ကျောင်း ၊ ဘုရားရှိခိုးကျောင်းတွေ […]

ကမ္ဘာပေါ်က လူသတ်ကောင်အကြီးစားက လေထုညစ်ညမ်းမှုပါ

လေထုညစ်ညမ်းမှုကြောင့် ကလေး ၃သိန်းကျော်ကို နှစ်စဉ် ကိုယ်ဝန်ပျက်ကျနေတယ်ဆိုရင် ကျနော်တို့ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချဖို့သင်တယ်လို့ မထင်ဘူးလား။ အာရှမှာစီပွားရေးကျားကြီးတွေ ဖြစ်တဲ့ တရုတ်တို့ ၊ အိန္ဒိယတို့ မှာ လေထုညစ်ညမ်းမှု နဲ့ ပတ်သက်ပြီး ကမ္ဘာကပြောနေဆိုနေပေမဲ့ သူတို့ ထက်ပိုဆိုးတဲ့ ဥရောပက မြို့တွေ ရှိပါသေးတယ်။ ကားတွေ မော်တော်ဆိုင်ကယ်တွေက ထွက်တဲ့ အငွေ့တွေ ၊ ထင်း တွေ မီးသွေးတွေနဲ့ လောင်စာဆီတွေ လောင်ကျွမ်းလို့ ထွက်တဲ့ မီးခိုးငွေ့တွေမှာ ရှိတဲ့ အမှုန်တွေကို PM ဆိုတဲ့ ယူနစ်နဲ့ တိုင်းကြပါတယ်။ အကြမ်းအားဖြင့် ကိုယ့်ရဲ့ရှေ့က မြင်းကွင်း ကို ကြည်ကြည်လင်လင် မြင်ရတယ်ဆိုရင်တော့ PM ၂.၅ ရှိတယ်လို့ မှတ်ထားရပါမယ်။ အဲ့ဒိအခြေအနေက လေထုထဲမှာ […]

Page 2 of 4
1 2 3 4