ရွက်သင်္ဘောခေတ်ကို ပြန်သွားဖို့ လုပ်နေကြပြီ
ရေကြောင်းသဘောၤလုပ်ငန်း ဆိုတာ ကမ္ဘာကုန်စည် ၈၀ % လောက်ကို သယ်ယူပို့ဆောင်ပေးနေတဲ့ လုပ်ငန်းပါပဲ ။ စတစ္စတာ ဆိုတဲ့ စာရင်းအင်း ကုမ္ပစီရဲ့ မှတ်တမ်းများအရ ၂၀၂၀ ခုနှစ် ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု ၁၁ % ကအဲ့ဒိကုန်တင်သဘောၤတွေ ကနေ လာတာပါ။ တိတိကျကျပြောရရင် ကမ္ဘာ့လေထုထဲကို ကာဗွန် တန်ချိန် သန်း၁၄၀ ကျော် ကို သဘောၤတွေက ထည့်ပေးနေတာပါ။ အဲ့ဒါကြောင့် ပြင်သစ် သင်္ဘောကုမ္ပဏီတစ်ခုက သူတို့ရဲ့ ကုန်တင်သင်္ဘောတွေကို ဆီစားသက်သာအောင် စွန်ကြီးတွေလုပ်ပြီး သင်္ဘောကိုဆွဲခိုင်းဖို့ စတင်စမ်းသက်နေပါတယ်။ အဲယားဘတ်စ် လေယာဉ်ကုမ္ပဏီက အင်ဂျင်နီးယာတွေကိုခေါ်ပြီး ကုန်တင်သင်္ဘောကြီး တစ်စင်းလုံး ကို ဆွဲနိုင်တဲ့ စွန်တစ်ခုက ဘယ်လောက်ပမာဏ ရှိရမလဲဆိုတာကို အရင်ဆုံးစမ်းသက်ခဲ့ပါတယ်။ စမ်းသက်ချက်အရ စတုရန်းမီတာ ၁၀၀၀ရှိတဲ့ […]