စီးဆင်းနေသော မိုးတိမ်များ

(ဒီရက်ထဲ ဘာက သွယ်ဝိုက်စေ့ဆော်နေတယ်မသိ၊ စာရေးချင်စိတ်အတော်ပေါက်နေပါတယ်။ စာရေးချင်စိတ်ပျောက်နေတာ နှစ်နဲ့ချီခဲ့ပြီမို့ ဘာကိုစရေးရမှန်းမသိတာနဲ့ မိခင်မြေနဲ့ဝေးစ အမေရိကန်ဘဝအစမှာရေးခဲ့ဖူးတာလေးပြန်ဖတ် ပြန်မျှရင်း စျာန်ပြန်သွင်းမိပါတယ်။ ဇာတိမြေလွမ်းချင်းတပုဒ်ပါပဲ။ ပုံကတော့ ၁၉၉၀ စွန်းစလေးတုန်းက ဒီအက်ဆေးလေးထဲကဇာတ် ကောင် မလက်တိုချောင်းကလေးမှာ ရိုက် ထားတာပါ။ မဂ္ဂဇင်းတွေမှာ ကျမ ဝတ္တုတိုလေးတွေဆက်တိုက်ပါစပေါ့။ အခုအချိန်မှာ ကျမမြို့ ကျမရွာဟာ ဒီအက်ဆေးလေးထဲက ဘဝတွေနဲ့ ဘယ်လောက်ကွာသွားပြီလဲ မသိဘူးတွေးမိတော့ စာရေးစရာ တွေ့သွားသလိုပဲ။ ) ချမ်းချမ်းစီးစီး ညလည်ခေါင်ကြီးတွင် အိပ်ပျော်ဖို့ကြိုးစား၍မရသောအခါ ကြည်အေးကဗျာကိုသတိရမိသော် လည်း ရွတ်ဆိုဖို့စိတ်မပါတော့ပြန်။ ပြတင်းပေါက်မှဟိုဟိုဒီဒီငေးကြည့်မိပြန်တော့လည်း မြင်သမျှက နှင်းများ ဖြင့်ဖွေးဖွေးဖြူနေလေသည်မို့ အချမ်းပိုရသည့်အပြင် အဖြူအမည်းပန်းချီကားနှင့်တူသောဆောင်းညက ဘ၀ အလွမ်းကိုပင် အားပေးပိုကဲစေပြန်သည်။ ဒီတော့အိပ်ရာဆီပြန်လှည့်၊ထုံးစံအတိုင်းစောင်ထူထူအောက်မှနေ၍ ဂြိုလ်ကမ္ဘာနေရာအနှံ့ စိတ်ဖြင့်လည်ပတ်လွန်းထိုးဖို့ကိုသာ ရွေးချယ်ရတော့သည်။ အိပ်ရာနှင့်ကျောထိမိလိုက်တာနှင့် ထိုအသံကိုကြားလိုက်ရတာဖြစ်သည်။ ရေစီးသံ…။ […]

အလွမ်းတောင်တန်း

ဟားခါးမြို့သည်ဆောင်းရာသီဆိုလျင်နေပူကြီးထဲမှာပင်တုန်နေအောင်ချမ်းသည့်မြို့ ဖြစ်သည်။ ရေချိုးသည့်အခါ ဓာတ်လိုက်သလို၊ ကြိမ်လုံးသေးသေးလေးတွေနှင့် ကိုယ် တစ်ခုလုံးအရိုက်ခံရသလို ခံစားရသည်။ မနက်စောစော အပြင်ထွက်လျင် ခြေအိတ် လက်အိတ်မပေါဘဲထွက်လို့မရ။ ဟားခါးမြို့ကိုရောက်ပြီးပထမဦးဆုံး ဆောင်းမနက်ခင်း ကို ကျွန်တော်မှတ်မိနေသည်။ ဟားခါးဆောင်းမနက်အကြောင်းကို မသိသေးသည့် ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်း နှစ်ယောက် ခြေအိတ်၊လက်အိတ် တွေမပါဘဲ မြို့ ထဲလဘက်ရည်သောက်ရင်း လမ်းလျောက်ထွက်ကြရာ ခဏကြာတော့ ကျွန်တော်တို့ ခြေလက်တွေ ခံစားမူတွေကင်းမဲ့အောင်ထုံကျင်သွားခဲ့သည်။ လမ်းဘေးပလက်ဖောင်း ပေါ်မှာရောင်းသည့် ခြေအိတ်၊လက်အိတ်တွေကို အမြန် ဝယ်ဝတ်ခဲ့ကြရသည်။ ညဆို လျင် အိမ်တခါးကိုစေ့နေအောင်ပိတ်ပြီးမှအိပ်ရသည်။ လေဝင်ပေါက်လေးသေးသေး ရှိနေလျင်တောင် အိမ်ရှိလူအကုန်နိူးလာအောင်ထိ အေးတတ်သည်။ဟားခါးမြို့သည် ဆောင်းရာသီတွင် စောစောအိပ်ယာဝင်ပြီး၊ အိပ်ယာထနောက်ကျတတ်ပါသည်။ မိုးရာသီဆိုလျင် တိမ်နှင့်မိုး တစ်လှည့်စီ အဆက်မပြတ်လာတတ်သည်။ တိမ် တွေကိုငုံ့ကြည့်ခဲ့ရသည့် ဘဝကိုကျွန်တော်လွမ်းသည်။ တစ်တောင်နှင့်တစ်တောင် ကြား တွင်တိမ်ပင်လယ်ကြီးဖြစ်နေသည်။ တောင်အောက်ကိုမမြင်ရ။ […]

”ချောင်းလေးမှာမျက်ရည်စတွေနဲ့”

ဇူလိုင်လ ၏ တနင်္ဂနွေနံနက်ခင်း ကမိုးလေးဖွဲဖွဲကျ နေသည် ။ နံနက်ခင်းမှ စ၍ ရွာသည့်မိုးဖွဲ ‌လေးများမဟုတ်။ ညကတည်းက ရွာ နေသော စွေမိုး ကလေးဖြစ်သည်။ ရွှံထူထူ လမ်းမများသည်ပျစ်ချွဲ၍နေပေတော့မည်။ အလားတူ ကျွန်ုပ်၏က လေး လေးများလည်း စောင်ခြုံထဲ ကွေးနေ ရော့မည်ထင်၏။ ကျွန်ုပ်တို့‌ရွာကလေး‌‌တွင် တနင်္ဂနွေနေ့တိုင်း ကျေးရွာသန့်ရှင်းရေးအတွက် ပလတ်စတစ်များ ကောက်ကြသည် ။ ပြီးလျှင်မီးရှို့ကြသည်။ထိုအလုပ်ကို လုပ်ကိုင်ကြသူများမှာ အသက်ဆယ်နှစ်နှင့် ဆယ်နှစ်အောက် ကျွန်တော့်ကလေးလေးများဖြစ်ပါသည်။ အပတ်စဉ်တနင်္ဂနွေတိုင်း ပြုမြဲဝတ်တစ်ခုနှယ်ဖြစ်‌နေ‌သော်လည်း သည်တနင်္ဂနွေကိုမူ သူတို့လာမည်မထင် ။ မိုးသည် စွေလွန်း နေသည်ကို ။ ကျွန် တော့်အတွေးမဆုံးလိုက်ပေ။ အိမ်ရှေ့လမ်းမထက်မှ ဆူဆူညံညံအသံများ ၊ကလေးတို့ဘာသာဘာဝ စိတ်ကူးတွေ့ရာဆိုလာ သော ကဗျာများ ၊သီချင်းသံများကိုကြားရတော့၏။ လာကြပေပြီ။ ထီးကလေးများဆောင်းသူဆောင်း၊မိုးကာတွေ […]

ဖလော်ရီဒါတေးသွား

အခန်းထဲကနေထွက်ကာ အိမ်နောက်ဖေးဝရံတာကနေမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲဆွဲထည့်နေမိတယ်။ ရှေ့တည့်တည့်ရှိဒန့်သလွန်ပင်အကိုင်းကိုကျော်ကာ ခပ်ဝေးဝေးက တောထန်းပင်လေးတွေကို ငေးကြည့်နေမိတယ်။ တိုက်ခတ်နေတဲ့လေတဖြူးဖြူးကြောင့် သစ်ကိုင်းတွေနဲ့သစ်ရွက်တွေတဖျပ်ဖျပ်လှုပ်ရမ်းနေပြီး သစ်ရိပ်တွေဟာလည်း မြေကြီးပေါ်ရမ်းခါကျနေလေရဲ့။ တစ်ပင်ပြီးတစ်ပင် ပြေးလွှားဆော့ကစားနေတဲ့ရှဥ့်ငယ်လေးတွေကတေ့ာ ရှုခင်းထဲထပ်ဖြည့်ပေးထားတဲ့ ဖြည့်စွက်အရသာဖြစ်မှာပေါ့။ သူတို့ဦးခေါင်းသေးသေးလေးတွေနဲ့အမြီးတွေကတေ့ာ မကြာခဏဆက်ခနဲလှုပ်ရှားနေတတ်ပြီး သူတို့အပြုအမူတိုင်းဟာ မနာလိုစရာကောင်းအောင် လျှင်မြန်ဖြတ်လက်လွန်းလှချည်ရဲ့။ စိမ်းနေတဲ့သစ်ရွက်တွေအပေါ် နေရောင်ခြည်ကျနေပုံက ခပ်ဖွဖွလေး။ သစ်ရွက်တွေနာကျင်သွားမှာစိုးရိမ်တဲ့ပုံနဲ့ အသာအယာဖြာကျနေပုံမျိုး။ အခုတလော မကြာခဏရွာတတ်တဲ့မိုးကြောင့် မြေသားဟာအနည်းငယ်စိုစွတ်နေပြီး သစ်ရွက်ကြွေများကတေ့ာ ဟိုတစဒီတစ ပြန့်ကျဲနေလေရဲ့။ ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ မျက်နှာချင်းဆိုင်ကခြံဝန်းထဲမှာတေ့ာ အမြဲတမ်းလိုလိုငြိမ်သက်တိတ်ဆိတ်နေတဲ့တိုက်အိမ်များသာမြင်ရလေ့ရှိပြီး လူမြင်ရလေ့မရှိတာကတေ့ာ နေ့စဉ်လိုလိုပါပဲ။ ကျွန်တော့်အနေနဲ့ နေ့စဉ်သတင်းဆိုးတွေနဲ့ကမ္ဘာကြီးကို အဆက်အသွယ်ဖြတ်ချင်လာရင်တေ့ာ အိမ်နောက်ဖေးဝရံတာဘက်လာထိုင်လေ့ရှိပြီး ဒီမှာရနိုင်တာကတေ့ာ သစ်ပင်များ၊လေကောင်းလေသန့်၊တိတ်ဆိတ်မှုနဲ့ ကိုယ့်ကိုယ်ကိုပြန်လည်ရရှိမှုတွေပါပဲ။ ဖလော်ရီဒါပြည်နယ်ဟာ နေပူတဲ့နေရာဖြစ်ပြီး သစ်ပင်သစ်တောများလည်းပေါများတဲ့ဒေသပါ။ ကိုဗစ်ရောဂါမဖြစ်ခင် ဟိုအရင်အချိန်တွေတုန်းကတေ့ာ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေဟာ ဖလော်ရီဒါကို နေ့စဉ်တဖွဲဖွဲလာနေကြပါ။ အခုတေ့ာ နိုင်ငံအတွင်းကအပန်းဖြေလိုသူအချို့သာ လာရောက်နေကြပေမယ့် မြို့ကတေ့ာ […]

မြို့ကလေးနှင့် ရာသီစာ

ယခုလို ဆောင်းဦးကာလ၏နှင်းရည် စိုစွတ်နေသော နံနက်ခင်းအစတွင်သံပုရာပွင့် ရနံ့ များကို ရှူရှိုက်ရသည်ကလည်း တစ်မျိုးတစ်ဘာသာ ဆန်းလှသည်။ တစ်ချို့ ကတော့ဆောင်း နံနက်ခင်းတွင် ရတတ်သော ပြင်သစ်ပန်း ဒီဇင်ဘာ ပန်းရနံ့များကို ပို၍နှစ်ခြိုက်ကောင်း နှစ်ခြိုက်ပါလိမ့်မည်။ ကျွန်မကတော့ သံပုရာ ပွင့်ရနံ့များကို ပို၍စွဲလန်းနေမိပြီ။သံပုရာ ပင်တွေမှာ ပန်းပွင့်တတ်ကြောင်း ထို အပွင့်သည် ရနံ့ ရှိကြောင်း အရင်ကတော့ မသိခဲ့ ပါ။ ကျွန်မ၏ အမေက သစ်ပင် ပန်းမာန်များစိုက်ပျိုးရတာ ဝါသနာ ပါသောသူမို့ ခြံဝန်းထဲ မှာတစ်ပိုင်တနိုင်စိုက်ပျိုးထားသည်။ တစ်ခုသော ဆောင်းရာသီ၏နံနက်ခင်း စောစောတွင် ထူးခြား၍ညံ့သက်သော အမွှေးနံ့ တမျိုး ရခဲ့သည်။ ခြံ အနောက်ပိုင်း ရေကန်နားတွင် မွှေးသော ပန်းပင်ဘာမှမရှိ။ဒန့်သလွန်ပင်တွေ အဖူး ဖူးပြီးအပွင့် ပွင့်ချိန်ဆိုလျှင်တော့ ထိုအနံ့ကို […]

ဆောင်း နံနက်ခင်း

ညက ကောင်းကောင်း အိပ်မပျော်ပေမဲ့ ထုံးစံအတိုင်း မနက်စောစော အိပ်ရာမှ ထ လိုက်ပါသည်။ ကိုယ်လက်သန့်ရှင်းရေးလုပ် မျက်နှာသစ်ပြီး လမ်းလျှောက်ထွက်ဖို့ ပြင်ဆင်ရသည်။ အားကစားဘောင်းဘီ၊ အနွေးထည်၊ ခေါင်းစွပ်၊ လမ်းလျှောက်ရှူးဖိနပ်တို့ကို စီးပြီး တံတားဘက် လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ အအေးဓါတ်သည် ဆောင်းပီသစွာ မြို့အနှံ့ကို လွှမ်းခြုံထားသည်။ ဟိုနေ့က ရန်ကုန်က သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်၍ သူတို့ ရန်ကုန်မှာတော့ အအေးဓါတ်ကောင်းကောင်း မရသေးဟု ဆိုသည်။ ချင်းပြည်နယ်၏ အစပ်မှာ ဖြစ်သော ဒီမြို့ကလေးမှာတော့ နို၀င်ဘာလလောက်ကတည်းက အေးနေခဲ့ပြီ ဖြစ်သည်။ မြို့လေးထဲက လမ်းများပေါ်တွင် လူသွားလူလာ သိပ်မရှိသေး၊ လင်းနေဆဲ ဖြစ်သော လမ်းမီးရောင် လဲ့လဲ့များထဲတွင် မြူနှင်းမှုံတို့က ဝေ့၀ဲစှာ ကျနေသည်။ ဟို အရှေ့ဘက်ဆီမှ ရောင်နီသည် ပျပျလင်းနေ၏။ […]

ချောင်းနံဘေးက ရွာကလေး

ဤ ရွာကလေးကို အပေါ်စီးမှ ကြည့်လျှင် ကျောက်ပျဉ်တစ်ချပ်လို မြင်ရမည်မှာမလွဲပါ။အနောက်ရိုးမ တောင်တန်းပေါ်မှာ တည်ထားသော ဤရွာကလေးကို ဥက္ကံချောင်းက မြွေတစ်ကောင်လို ရစ်ခွေစီးဆင်းကာ ပတ်ခွေထားသည်။ဤ ရွာကလေးနှင့်အခြားရွာကလေးသို့ ကြိုးတံတား တစ်ခုနှင့်ဆက်သွယ်ထားသည်။ထိုကြိုးတံတားသည် အကာအရံမရှိ။ဆိုင်ကယ်တစ်စီး သွားသာရုံ အကျယ်အဝန်းသာရှိသည်။ကြိုးတံတား တည်ဆောက်ထားသည်က မကြာသေး။ကြိုးတံတား မတည်ဆောက်ခင်တုန်းက ဝါးဖောင်ဖြင့် သာ ဖြတ်ကူးကြရသည်။ရေစီးအင်မတန် သန်သဖြင့် ဟိုဘက်ကမ်း ဒီဘက်ကမ်းကို သွယ်ထားသော ကြိုးကို ဝါးဖောင်ပေါ်မှဆွဲကာ ဖြတ်ကူးကြရသည်။ကြိုးဆွဲမတက်လျှင် ဝါးဖောင်မှ တစောင်းဖြစ်ကာ တိမ်းမှောက်သွားတတ်သည်။ ကျွန်တော် ကျောင်းဆရာ တာဝန်ဖြင့် ဤရွာကလေးကို စကျတော့ ကြိုးတံတား ကို ဖြတ်ရင်း ကျွန်တော်တွေးမိသည်။ကျွန်တော်တို့ နဝမတန်းတုန်းက မြန်မာစာမှာ သင်ခဲ့ရသည့် ဆရာဘုတလင်ချစ်‌လေးရဲ့ ချောင်းကလေး ကဗျာကို သတိရနေမိခဲ့သည်။ဤရွာကလေးမှ ရွာသူရွာသားများကလည်း ဆရာ့ ကဗျာထဲကလို သည်ချောင်းက […]

လက်ပံပင်တမ်းချင်း

ကျနော်တို့ငယ်ငယ် စာသင်ကျောင်းဝင်းထဲက လက်ပံပင်ကြီးမှာ စကောလောက်ရှိတဲ့ပျားးအုံတွေ အုံတစ်ရာနီးပါလောက်ထိရှိခဲ့တာလို့ ပြောရင် နားထောင်တဲ့သူတွေက အံ့သြကြတယ်။ တချို့ကလည်း ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယနဲ့ ကြည့် ကြတယ်။ ဒါဟာတကယ်ရှိခဲ့တာပါ။ ကျွန်တော်သုံးတန်းနှစ်မှာ သူငယ်ချင်းဝင်းဇော်နှင့်အတူ လက်ပံပင်ကြီးပေါ်က ပျားအုံတွေကို ရေကြည့်ကြတာ ကိုးဆယ့်ရှစ်အုံတိတိရှိခဲ့ပါတယ်။ စာသင်ကျောင်းဝင်းထဲကဒီလက်ပံပင်ကြီးနဲ့ကျနော်တို့ရွာဟာ ခွဲမရခဲ့ပါဘူး။ စာသင်ကျောင်းဝင်းဟာလည်း ကျနော့်အဖိုး လှူခဲ့တဲ့ကျောင်းဝင်းမို့ ကျနော်ခုထိဂုဏ်ယူနေပါသေးတယ်။ ဒီလက်ပံပင်ကြီးမှာ ပြောစမှတ်ပြုရမယ့် ဖြစ်ရပ်တစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ်ကျော်က ဒီလက်ပံပင်ကြီးပေါ် ဝံကြီးတစ်ကောင်တက်ခဲ့တယ်။ အဲဒီဝံကြီးက ရွာသားတစ်ယောက်ကို မျက်နှာတစ်ခြမ်းပဲ့အောင် ကုပ်ဖဲ့ပြီးမှ လက်ပံပင်ကြီးပေါ်တက်သွားခဲ့တာပါ။ ရွာကလူတွေက သေနတ်သမားကိုခေါ်ပြီး ဝံကြီးကိုပစ်ချခဲ့ကြတယ်။ အပင်ပေါ်မှာ ဝံကြီးဟာ မျက်ရည်ကျခဲ့တယ်လို့ ကျနော့်သူငယ်ချင်း တေဇော်ဝင်းက ပြောပါတယ်။ အဲ့ဒီဝံကြီးသေတော့ ပိသချိန်တစ်ရာ ကျော်ပါတယ်။ ကျနော်က ရွာကလေးမှာလေးတန်းအထိနေပြီး မြို့ကိုပြောင်းရွေ့နေထိုင်ရပါတယ်။ ကျနော်ခြောက်တန်းနှစ် ရွာကိုခဏအလယ်ပြန်တော့ […]

မြို့ကလေး နှင့် ဧရာဝတီ

‘ဧရာဝတီ မြစ်သည် ထုံးဘိုမြို့အပေါ်သဘောကောင်းသည်’တဲ့။ တက္ကသိုလ်ဘုန်းနိုင်ကတော့ တပြည်သူမရွှေထားဝတ္ထုထဲတွင် မြို့ကလေးရဲ့ ဧရာဝတီ ကို ထိုသို့ ဖွဲ့ဆိုခဲ့ဖူးသည်။ “ထုံးဘို ဆိပ်ကမ်းမှာ ကျောက်ဆောင်မရှိ။ သောင်မထွန်းပဲ မြစ်အတွင်း လှေ သမ္ဗာန်ကြီးငယ်တို့ ကောင်းစွာဆိုက်ကပ် နိုင်သောကြောင့် ဖြစ်သည်။မြစ်ကမ်းလမ်းဘေး တလျှောက်က ရွက်ဝါကြွေသော ကုက္ကိုတောသည်လည်း ဧရာဝတီနှင့် အလှချင်း ပြိုင်နေခဲ့သည် မဟုတ်လား” ဆိုခဲ့ သည့် အတိုင်း မြစ်က မြို့အပေါ် သဘောကောင်း၍ မြစ်ဆိပ်မှာ သောင်မထွန်း ကျောက်ဆောင်မရှိပေမယ့် ကမ်းပါးတွေက တော့ တအိအိပြိုနေခဲ့ပြီ။ မြို့ကလေးသည် ဧရာဝတီ မြစ်၏အနောက်ဘက်ကမ်း နဖူးမှာ မေးတင်ထားသည်။ အနောက်ဘက် ကြည်းတောင်နှင့် ဆုံရာမှ သွယ်ဆင်းလာသော တောင်တန်းကြီးသည် ဧရာဝတီထဲရေဆင်းသောက်နေဟန် ပုံမျိုးဖြင့်မြစ်ထဲကို တိုးထွက်နေသည်။ အကောက်တောင် ဟုခေါ်သော ထိုတောင်တန်းသည် […]

ပြန်မရတော့တဲ့ ဆောင်းရာသီများ

ကျွန်တော်တို့ငယ်ဘဝကို ပြန်မရနိုင်သလို ငယ်ဘဝကဆောင်းရာသီတွေကိုလည်း ပြန်မရနိုင်တော့ပါလားလို့ ကျိုးတို့ကျဲတဲ နှင်းမြူတွေကို ကြည့်ပြီး ကျွန်တော်တွေးနေမိတယ်။ ငယ်ဘဝကို ပြန်မရနိုင်ပေမယ့် ငယ်ငယ်တုန်းက ဆောင်းကိုတော့ အကောင်းအတိုင်း ကျနော်တို့ပြန်ရသင့်တယ်လို့လည်း တောင့်တနေမိတယ်။ ပြန်မရတော့တဲ့ ဆောင်းရာသီတွေထဲမှာ ပါသွားတာတွေက အများကြီးပါပဲ။ နှင်းပေါက်ကြီးကြီးတွေ၊ ထူပိန်းနေတဲ့မြူတွေ၊ အော်ဂဲနစ်စစ်စစ် အသီးအနှံတွေ စသဖြင့် ပြန်မရနိုင်တော့တာတွေ အများကြီး။ နှင်းတွေစိုစွတ်နေတဲ့ မြက်ခင်းစိမ်းတွေ၊ ချိုးကူသံတွေလို ပြန်မရနိုင်တော့တဲ့ လွမ်းစရာတွေကလည်း အများကြီး။ ကျနော်တို့ငယ်ငယ်က ဆောင်းရာသီဆို မီးဖိုဘေးမှာ မီးလှုံရင် ကောင်ညှင်းနဲ့ ခရမ်းချဥ်သီးချက်ကို စားရတဲ့အရသာ ဘယ်မေ့နိုင်မလဲ။ ကောင်ညှင်းကလည်း လယ်ကွင်းထဲက ရိတ်ကာစ စပါးကနေရထားတဲ့ ကောက်ညှင်းဆန်အသစ်စက်စက်ဆိုတော့ ရနံ့က‌ မွှေးမြပြီး ကောက်ညှင်းထမင်းကလည်း စေးနေတာကိုး။ ခရမ်းချဥ်သီးဆိုတာကလည်း ဘာဓာတ်မြေသြဇာမှမသုံး၊ ဘာဓာတုပိုးသတ်ဆေးမှမသုံးတဲ့ ပေါ်ဦးပေါ်ဖျား သဘာဝခရမ်းချဥ်သီးပါ။ ကောက်ညှင်းကို […]

Page 2 of 7
1 2 3 4 5 6 7