ရေဇလာသင်ဖျာခင်းရင်ပေါ့ (၄)

ကွင်းပိုင်ကြီး ကြည့်ရူ့မှိုင်းမ​လေပြီလား။ နတ်ကောင်းဒေဝတာများကပဲ သနားဂရုဏာအပြည့်ဖြင့် လူကပ်ပါးတံငါသမားကို စောင့်မခဲ့ပြီထင်ပါရဲ့။ အကြောင်းကတော့ ကိုသာအေး အမျှော်ကြီးမျှော်နေရရှာတဲ့ တံငါလရာသီတစ်ခုကို ရောက်ရှိလာခဲ့လို့ပါပဲ။ ဟုတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလိုပါပဲ။ ဒီအချိန်ကာလရောက်ရှိဖို့အရေး အမြဲတွေးမျှော်နေရသော နေ့ရက်တွေဆိုတာများ နည်းမှမနည်းတာ။ ရက်ရှည်လများစွာ ကြာခဲ့ရပါတယ်။ မရှိဘူးဆိုရင်တောင် ရက်ပေါင်း(၃၀၀) အသာလေးပေါ့။ ကိုသာအေး စောင့်မျှော်နေရတဲ့လက ဗမာလိုဆိုတော်သလင်းလပါပဲ။ ဘာကြောင့် တော်သလင်းလကို စောင့်မျှော်နေရလဲဆိုတော့….။ `တော်သလင်းနေ ပုစွန်သေ၊ တော်သလင်းမိုး ကန်သင်ကျိုး တဲ့။ မြစ်ဝကျွန်းပေါ်အရပ်မှာ ဆိုရိုးစကားလေးရှိခဲ့ပါတယ်။ တော်သလင်းလဆိုတာ နေပူပြီဆိုရင်လဲ ရက်ဆက်နီးပါး မခံမရပ်ဖြစ်လောက်အောင် အလွန်အကျွံကိုပူတာပါ။ မိုးရွာပြီဟေ့ဆိုရင်လည်း ရှိသမျှမိုးသားမိုးတိမ်တွေကုန်ခမ်းသွားလောက်အောင် အဆက်မပြတ်ကိုရွာချတော့တာပါပဲ။ တော်သလင်းမိုး၏ စွေဖြိုးမှုအောက်ဝယ် ရွာအရှေ့၊အနောက်လယ်ပြင်တစ်ခွင်လုံးကား ရေအတိ​ဖြင့်ပြည့်ဖုံးခဲ့ပါပြီ။ အောင်ရေရလာပြီဖြစ်သော စပါးခင်းတွေဖို့ ပိုလျှံနေသောရေများကို တဖန်ပြန်လည်ဖောက်ချပေးရပါတော့မယ်။ ဒီလို ရေပြန်လည်လို့ဖောက်ချချိန်က ကိုသာအေးရဲ့ တံငါရာသီလုပ်ငန်းခွင်တစ်ခုပါပဲ။ […]

ရေဇလာသင်ဖျာခင်းရင်ပေါ့ (၄)

ကွင်းပိုင်ကြီး ကြည့်ရူ့မှိုင်းမ​လေပြီလား။ နတ်ကောင်းဒေဝတာများကပဲ သနားဂရုဏာအပြည့်ဖြင့် လူကပ်ပါးတံငါသမားကို စောင့်မခဲ့ပြီထင်ပါရဲ့။ အကြောင်းကတော့ ကိုသာအေး အမျှော်ကြီးမျှော်နေရရှာတဲ့ တံငါလရာသီတစ်ခုကို ရောက်ရှိလာခဲ့လို့ပါပဲ။ ဟုတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလိုပါပဲ။ ဒီအချိန်ကာလရောက်ရှိဖို့အရေး အမြဲတွေးမျှော်နေရသော နေ့ရက်တွေဆိုတာများ နည်းမှမနည်းတာ။ ရက်ရှည်လများစွာ ကြာခဲ့ရပါတယ်။ မရှိဘူးဆိုရင်တောင် ရက်ပေါင်း(၃၀၀) အသာလေးပေါ့။ ကိုသာအေး စောင့်မျှော်နေရတဲ့လက ဗမာလိုဆိုတော်သလင်းလပါပဲ။ ဘာကြောင့် တော်သလင်းလကို စောင့်မျှော်နေရလဲဆိုတော့….။ `တော်သလင်းနေ ပုစွန်သေ၊ တော်သလင်းမိုး ကန်သင်ကျိုး တဲ့။ မြစ်ဝကျွန်းပေါ်အရပ်မှာ ဆိုရိုးစကားလေးရှိခဲ့ပါတယ်။ တော်သလင်းလဆိုတာ နေပူပြီဆိုရင်လဲ ရက်ဆက်နီးပါး မခံမရပ်ဖြစ်လောက်အောင် အလွန်အကျွံကိုပူတာပါ။ မိုးရွာပြီဟေ့ဆိုရင်လည်း ရှိသမျှမိုးသားမိုးတိမ်တွေကုန်ခမ်းသွားလောက်အောင် အဆက်မပြတ်ကိုရွာချတော့တာပါပဲ။ တော်သလင်းမိုး၏ စွေဖြိုးမှုအောက်ဝယ် ရွာအရှေ့၊အနောက်လယ်ပြင်တစ်ခွင်လုံးကား ရေအတိ​ဖြင့်ပြည့်ဖုံးခဲ့ပါပြီ။ အောင်ရေရလာပြီဖြစ်သော စပါးခင်းတွေဖို့ ပိုလျှံနေသောရေများကို တဖန်ပြန်လည်ဖောက်ချပေးရပါတော့မယ်။ ဒီလို ရေပြန်လည်လို့ဖောက်ချချိန်က ကိုသာအေးရဲ့ တံငါရာသီလုပ်ငန်းခွင်တစ်ခုပါပဲ။ […]

လဲသီးခြွေသည့်လတပေါင်း

တပေါင်းငယ်မှညှာကျင် နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်။ နုညိုစင်ငယ်တဲ့လေ။ ကျောင်းသားဘဝကအကြိုက်ဆုံး ကုန်းဘောင်ခေတ်စာဆိုဦးယာ၏ အဲချင်း ကဗျာတစ်ပုဒ်ကို နွေဦးကာလ တပေါင်းလတွင်ပြန်ပြောင်းဖတ်ရှုအရသာခံနေမိသည်။ လတပေါင်းတွင်တော့ သစ်ရွက်ခြောက်တို့ကြွေကျကာ ပင်တိုင်းနီးပါးတွင် ရွက်နုသစ်ဦးပုရစ်ဖူးလေးများကထွက်ပြူလို့လာပေပြီ။ ပတ်ဝန်းကျင်တခွင်မှာတော့အပူရှိန်က တရိပ်ရိပ်မြင့်တက်လို့မြို့ပြတွင်နေထိုင်နိုင်ဖို့မလွယ်ပါပေ။ အညာများတွင် လည်းပူရှာရော့မည်။ တောဓလေ့မြင်ကွင်များကမျက်လုံးထဲမြင်ယောင်လာမိသည်။ ဒီအချိန်တွင်တောရွာများတွင် ဓါတ်ပုံရိုက်လို့ကောင်းမည့်မြင်ကွင်းလေးများ ဖြစ်ပေါ်လာတော့မည်။ အထူးသဖြင့်တော့နောက်ကျသွားပြီဖြစ်သည့် လက်ပံပွင့်ချိန်။ အဆိုတော်သန်းထွန်းလေး၏ သီချင်းထဲကလက်ပံပွင့်တွေ။ အပွင့်နီနီရိုးတံပြိုင်းပြိုင်းမှာ လေတိုက်တိုင်းတဝဲ၀ဲကြွေသွားတာ ဒါကိုချစ်စရာဟု တင်စားသွားသည်။ လက်ပံပွင့်ချိန်ခွေးရူးချိန်ဟု လူကြီးများကခြောက်တော့ လက်ပံပွင့်ချိန်ကို ကြောက်စရာအချိန်အဖြစ်မြင့်ခဲ့ဘူးသည်။ အပူရှိန်မြင့်ခြင့်ကြောင့်ခွေးများ ရူးတတ်သည်ကို လူကြီးများက အလွယ်ပြောခဲ့ခြင်းသာ။ အခုတော့လက်ပံပွင့်တွေကုန်သွားခဲ့ပြီ။ ပွင့်ချိန်တန်ခဲ့လို့၊ သီးချိန်တန်ခဲ့ပြီ၊ ဓါတ်ပုံကောင်းကောင်းမရခဲ့ပါပေ။ ခရီးဝေးမသွားနိုင်သည့်တိုင်၊ မြို့ရဲ့အနီးတဝိုက်တောရွာလေးများဆီသွားချင်မိသည်။ တစ်ရက်တော့ သရေခေတ္တရာပျူမြို့ဟောင်းထဲက မှော်ဇာကျေးရွာလေးထဲက ဆရာဦးနေဦးကဖုန်းဆက်ခေါ်သည်။ သူအိမ်ကရွာအစွန်ဟုပြောမလား ခြံကွက်ကျယ်ကြီးထဲတွင်၊ သီးပင်စားပင်၊ မျိုးစုံနှင့်စိုက်ပျိုးရေးသင်တန်းဆရာ ပီပီ […]

ရေဇလာသင်ဖျာခင်းရင်ပေါ့ (၃)

ဝါခေါင်မိုးသည် အငြှိးဖြင့်တိုးလို့ပင် တစိမ့်စိမ့်စွေကာရွာသွန်းနေဆဲ။ ရှူ့မြင်​လေရာအရပ်ရပ်သည် မိုးရေတို့ဖြင့်အတိပြီးကာ စွတ်စိုစိမ်းမြလို့ပင်။ မိုးရေနှင့်အပြိုင် ဒီရေကလည်း တလိမ့်လိမ့်ထိုးတက်လာခဲ့ပါတယ်။ `မိုးရေတက်ရေ တဖွေးဖွေးဆိုသော ဆရာမင်းသုဝဏ်၏ လယ်စောင့်တဲကဗျာအတိုင်း တမျှော်တခေါ်ဖြစ်နေသော လယ်ကွင်းအသီးသီးဝယ် လယ်စောင့်တဲရှိရာ ကုန်းမို့မို့မှာလွဲ၍ အခြားမဲ့တွင်မှုရေပြင်အတိအဖြစ်သာ ဖွေးဖွေးလှုပ် လို့နေပါပြီ။ လယ်ရေဖွေးဖွေးဝယ် လှေကလေးတွေလှော်ခတ်နေသော မြင်ကွင်းသည် သန္တရသအတိပြီးလို့ပင်။ `ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ် ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ် မျှော့နက်ဆိုတာ ချို(ဂျို)နဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဖူးကွယ်” အစချီသော ဆရာမင်းသုဝဏ်၏ သပြေသီးကောက် ကလေးကဗျာလေးကို သံနေသံထားဖြင့် သားဖြစ်သူ” မောင်ကျော်မိုး” ရွတ်ဆိုနေလေတော့ “ကိုသာအေး” တစ်ယောက် ပြုံးမိပါတယ်။ အပြုံးနဲ့အတူ အတွေးစဉ်ထဲမှာလည်း ရေတဖွေးဖွေးလယ်ကွင်းပြင်တွေကို မြင်ယောင်လာပါတော့တယ်။ ဒါပေမဲ့ သားဖြစ်သူရွတ်ဆိုနေတဲ့ကဗျာထဲကအတိုင်း သပြေသီးမှည့်ကောက်ဖို့တော့မဟုတ်ပါဘူး။ ကိုသာ​​အေးရဲ့ […]

ရေဇလာသင်ဖျာခင်းရင်ပေါ့- ၂

(၂) ဂိမှာန်ရာသီ၏ ခြောက်သွေ့ညှိုးရော်ခြင်းအပေါ်ဝယ် ဝါဆိုမိုးကား အငြိုးထားခဲ့လေရော့သလားမသိ။ လေရောမိုးပါအပြိုင် သည်းသည်းမည်းမည်းရွာသွန်းလျက်ပင်ရှိပါသည်။ မုန်တိုင်းဝင်ခြင်းမဟုတ်သော်လည်း မုတ်သုံမိုးကား အထူးအားကောင်းနေသော အခြေအနေတစ်ရပ်ပင်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်တခွင်သည် သည်းသည်းမည်းမည်းရွာချနေသောမိုးရေစက်လက်များကြားတွင် မပီဝိုးတဝါး ရှူ့ခင်းကိုရေးသား​ခြယ်သလျက်ပင်ရှိပါသည်။ အချိန်ကား နံနက်ငါးနာရီအစွန်းထွက်​ပြုစ အခါကာလပင်။ အရှေ့ကျောင်းထံမှ ထွက်ပေါ်လာခဲ့သော အုန်းမောင်းသံအောက်ဝယ် ကိုသာအေးတစ်ယောက် အိပ်ရာမှနိုးလာခဲ့ပါပြီ။ မနိုးလို့လဲ မဖြစ်ဘူးလေ။ မိသားစုတာဝန်ဝတ္တရားဆိုသော စေ့ဆော်မှုက အသိစိတ်ကို အုပ်စိုးမင်းမူထားလို့ပါ။ ကိုသာအေးခင်မျာ အပျင်းဆန့်မနေအားရှာပါဘူး။ အလျင်အမြန်ပဲ အိပ်ရာကထလိုက်ရပါတယ်။ ညဦးပိုင်းကတည်းက ရိုးထဲမှာထောင်ထားတဲ့ ယင်းတွေဖော်ရပါဦးမယ်။ တောသူတောင်သား ကပ်ပါးတံငါသည်များအတွက်တော့ အလုပ်ကိုလက်နဲ့မပြတ်အောင်ဇယ်ဆတ်သလို လုပ်ကိုင်ဖြစ်မှသာလျှင် ဝမ်းဝရမယ့်ဘဝတွေပါ။ အချိန်သည် အဖိုးမဖြတ်နိုင်သော ရတနာဆိုတဲ့ ဆိုရိုးစကားကို ကိုသာအေးနားမလည်ပါ။ ဒါပေမဲ့ ဘဝနဲ့ယှဥ်ပြီး ရရှိခဲ့သောအသိက အလုပ်ကိုအမြဲမပြတ် ကြိုးစားပန်းစားလုပ်ကိုင်ဖို့ဆိုတာကိုပါပဲ။ အလုပ်လုပ်မှသာ ဝမ်းရေးအဆင်ပြေမယ်ဆိုသော အခြေခံအသိက နှလုံးအိမ်မှာ […]

ရေးလက်စ စာ

လက်တလော ကျွန်တော်တွေးနေတဲ့အကြောင်းက ဘာလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ရေးလက်စ စာအကြောင်းကို တွေးနေတယ်ပြောရမှာပဲ။ ပြောသာပြောရတာ ဘယ်သူကမှလည်း မေးတာမဟုတ်ပါဘူး။ ကျွန်တော့်မှာသာ တစ်ယောက်တည်းနေရင်းထိုင်ရင်း ရေးလက်စစာတွေ ပျောက်နေတာ။ ညနေခင်းက အရှေ့ဝိုင်းက အမကြီးအိမ် ရောက်သေးတယ်။ အမကြီးအိမ်ကလည်း ညနေဆိုပေမယ့် အားလုံးမှောင်နေပြီ။ အပြင်မှာ ညတာတိုတို အလင်းတိုတိုလေးတော့ ရှိနေသေးတယ်။ ဒါပေမယ့် မှောင်နေတာပါပဲ။ ဒါလည်း မီးပါပဲ။ မီးက ပြတ်တော့ မှောင်ပြီလေ။ အမယ် မနက္က ပြောသေးတာ….” မီးက သဘောကောင်းနေတယ်။ ဒီနေ့ မပြတ်တော့ဘူးလား မသိဘူး…” တဲ့။ အမကြီးက ပြောတာပါ။ အမကြီးယောကျ်ား ယောက်ဖကြီးကတော့ “ဟ….. ပြတ်ချင်တဲ့အချိန် ပြတ်မှာဟ..”တဲ့။ သူတို့လင်မယားကြား ဝင်မပါဘဲ။ ထိုင်ခုံလေးတစ်လုံး အသာယူပြီး မန်ကျီးပင်အောက် သွားထိုင်။ […]

ရေစီးကြောင်းများပြောင်းလဲခြင်း

ရုံးဆင်းချိန်က ပုံမှန်ငါးနာရီဆိုပေမယ့် ခုလိုကြားရက်တွေမှာ တခြားအလုပ်ကိစ္စရှိရင် လေးနာရီလေးခွဲခန့်ဆို အိမ်ပြန်လို့ရပြီ။ ဒီနေ့လည်း လေးနာရီခွဲကတည်းက ကွန်ပြူတာကို Shut Down ချထားလိုက်တယ်။ တစ်နေကုန် ကွန်ပြူတာ မော်နီတာကို ကြည့်ရလို့ နွမ်းနယ်နေတဲ့ မျက်လုံးတွေကို အနားပေးရင်း မှေးနေမိတယ်။ ” အကို ဒီနေ့ ကျနော့်အိမ် လိုက်ခဲ့ဗျာ” အသံကြားလို့ မျက်လုံးဖွင့်ကြညိ့မိတော့ ရုံးမှာအလုပ်အတူတူလုပ်နေတဲ့ ဒီဇိုင်နာ။ ဘယ်ကိုလဲဆိုတော့။ သူ့အိမ်ကိုတဲ့။ ကျွန်တော်က မလိုက်ဘူးပြော။ သူက ဇွတ်ခေါ်။ ငြင်းလို့မရတော့တဲ့ အဆုံး သူ့အိမ်ကို လိုက်ခဲ့ရတယ်။ သူ့အိမ်က ရန်ကုန်၊ တောင်ဒဂုံ၊ ၁၀၅၊ ၁၀၆ ရဲ့ အပြင်ဘက်ကိုရောက်တယ်။ YBS -7 နတ်စင်ကားစီးပြီး ၁၀၆ လမ်းဆုံမှာ ဆင်းရတယ်။ ကားပေါ်ကဆင်း လမ်းလျှောက်ရတာ ခြေသလုံးတွေ […]

#ဝါးရိပ်

ဝါးပင်ကလေးများ အစီအရီ ပေါက်နေကြသော နေရာလေးတစ်ခု။ ထိုဝါးပင်လေးများအောက်မှာ သစ်သားခုံတန်းလျားလေးနှစ်ခု ဘေးချင်းယှဉ်လျက် တည်ရှိနေသည်။ ကျွန်တော်သည် ထိုခုံတန်းလျားနှစ်ခုထဲမှ တစ်ခုတွင် ထိုင်ကာ စာဖတ်နေခြင်းဖြစ် သည်။ အပြင်မှာ စူးစူးရဲရဲတောက်ပနေသော နေ၏အပူရှိန်သည် ကျွန် တော်ထိုင်နေသည့် ဝါးပင်ရိပ်အောက်သို့ ရောက်မလာခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် အေးအေးချမ်းချမ်းနှင့် သက်သောင့်သက်သာ စာဖတ်ခွင့်ရနေပါသည်။ စာဖတ်ရသည်မှာလည်း ဇိမ်ရှိလှပါပေသည်။ သြော် အေဟာဝတ ချမ်းသာပေစွ … ချမ်းသာပေစွ။ ကျွန်တော် ထိုကဲ့သို့ စာဖတ်နေစဉ်လေပြည်ညင်းသည် တစ်ခါတစ်ရံ ဝေ့ဝိုက်ကာ တိုက်ခတ်လေ၏။ ထိုအခါ မြေပြင်ပေါ် သို့ ကြွေကျနေသော ဝါးရွက်ကလေးများ ရှက်တိုက်ပြေးလွှားသံကို ကြားရသည်။ ထို့အပြင် အပင်ပေါ် ရွိ ဝါးရွက်အချင်း ချင်း ပွတ်တိုက်သံကိုလည်း ကြားရသည်။ ခပ်လှမ်းလှမ်းရှိ လမ်းမကြီး […]

ရေဇလာသင်ဖျာခင်းရင်ပေါ့

(၁) ကဆုန်နွေ၏ အပူဓာတ်ထံ၌ ဝန်းကျင်တခွင်သည် နွေငွေ့များယှက်သန်းပျော်ဝင်ကာဖြင့် အခိုးထတောက်လောင်လျက်ပင်ရှိပါ၏။ ရာသီစက်ဝန်းကား တရွေ့ရွေ့ဖြင့် သဏ္ဟာန်ရောရုပ်အားဖြင့်ပါ ရွေ့ဆိုင်းပြောင်းဝင်လျက်ပင်ရှိလေသည်။ နွေတစ်ခင်း၏ အပူထံဝယ် ငွေ့ရည်ဖွဲ့သီမိသော နယုန်မိုးပြေး တပြိုက်နှစ်ပြိုက်ကား အနောက်တောင်လေရူးကလေးများ မြူးထူးကြည်စယ်ခိုက်တွင် မိုးဖွဲမိုးစက်များအဖြစ် လောကတခွင်လုံးအားဖုံးအုပ်ခြုံလွှမ်းလျက်ပင်။ နယုန်မိုးတို့ကား ကန်သင်းရိုတခိုဝယ် ငုပ်လျှိုးအိပ်မောကျလျက်ရှိသော မြက်ရင့်အိုတို့အား မြက်နုငယ်များအဖြစ် ပုတ်နိုးအသက်သွင်းပေးခဲ့လေပြီ။ နယုန်မိုးပြေးထံ၌ မြက်သားမွေးခဲ့သော ဆေးရေးသည် တုပခြယ်သလို့ ရစကောင်းပါရဲ့လား။ နယုန်လလွန်၍ ဝါဆိုလသို့ကူးပြောင်းရောက်ရှိလာပြီဆိုပါလျှင် လယ်ကန်သင်းရိုးတခိုဝယ် မြက်စိမ်းစိုစိုများနှင့် ရေတဖွေးဖွေးလယ်ပြင်သည် လိုက်ဖက်ထောင့်ချိုးလေးအနေဖြင့် သဘာဝအလှကိုခြယ်မှုန်းပြသလျက်ပင်ရှိ၏။ ရွာပတ်ဝန်းကျင်တခိုက လယ်တခွင်မှာ ရေဖွေးပြီဆိုပါလျင် “ကိုသာအေး”တယောက် ခြေဖဝါး၊လက်ဖဝါးများ ယားယံလာခဲ့ပါပြီ။ သင်္ဘောစင်ပေါ်မှာတင်ထားသော ပိုက်အမျိုးမျိုး၊မြှုံးအမျိုးမျိုး၊ဇကာအမျိုးမျိုးတို့ထံ တချက်စိုက်ကြည့်မိချိန်ရင်း ငါးပတ်၊ငါးစင်ရိုင်း၊ကကတစ်၊ကသားပိုးငါးတို့၏ ဗိုက်သား ဖွေးဖွေးများအား အတွေးထဲမြင်ယောင်လာပါတော့တယ်။(သင်္ဘောစင်ဆိုတာ အိမ်တစ်လုံးရဲ့ခေါင်မကြီးအောက်မှာ ထပ်ခိုးပုံစံလေးလုပ်ပြီး လယ်လုပ်ငန်း၊ရေလုပ်ငန်းသုံး ပစ္စည်းများထားရှိတဲ့စင်ကိုဆိုလိုတာပါ) “ကိုသာအေး”က […]

” နွေဦးရဲ့ ပုံပြင်”

ဥသြငှက်မွန် တွန်ပါပေါ့လေး။ ပုရစ်ကလေးငယ်တို့ မြသွေး တစ်ထည်ဆင်နှင့် နွေအဝင် သည်စခန်းမှာ လန်းတော့မယ်လေး။ (ဇော်ဂျီ) အိပ်ရာမှ နိုးနိုးခြင်း ပထမဦးဆုံး ကြားလိိုက်ရသည်က ဆွေးဆွေးမြေ့မြေ့ အော်မြည်လိုက်သည့် ဥသြ ငှက်ငယ်တစ်ကောင်၏ တြန္သံ ချိုမြမြကို ဖြစ်သည်။အမှန်အတိုင်း ဝန်ခံရလျှင် “ဥသြ ဥသြ “ဆိုသည့် လွမ်းလွမ်း ဆွေးဆွေး ဆွေးဆွေးမြေ့မြေ့ အော်မြည်သံကလေး၏နောက် စိတ်ထဲသို့ တိုးဝင်ရောက်ရှိလာခဲ့သည်က အေးမြ သည့် အရသာကိုမ်ွ ပြည့်ပြည့်ဝဝ မခံစားရသေးခင် ဆောင်းရာသီက ကုန်ဆုံးတော့မည်လားဟူသည့် မေးခွန်း ပင်ဖြစ်သည်။အမှန်တကယ်ပင် နှင်းမှုန် နှင်းစက်များ၏ လွွှမ်းခြုံဖြန်းပက်ခြင်းကိုမှ နေရာဒေသစုံအောင် မခံစားရ သေးခင် ဆောင်းက နှုတ်ဆက်ကာ ထွက်ခွာသွားတော့မည်လား ၊နွေကကော ကျွန်တော်တို့ရှိရာဆီသို့ တိုးဝင်ေ ရာက်ရှိလာဖို့ရာအတွက်များ စိုင်းပြင်းနေခဲ့ပြီလား။ သေချာသည်က ဥသြဆိုသည့် […]

Page 4 of 7
1 2 3 4 5 6 7