ရထားစီးခြင်း

(၁) Greta Thunberg (ဂရီတာ သွန်းဘာ့ဂ်) က ကာဗွန်ထုတ်လုပ် မှုလျှော့ချဖို့အတွက် လူအများကို ရထားစီးကြရန် မတိုက်တွန်းခင် အချိန်ကတည်းက ကျွန်တော် ရထားစစီးခဲ့တာ။ ဆရာလှသန်းရဲ့ ညရထားကဗျာကို ကျွန်တော် မဖတ်ဖူးခင်အချိန်ကတည်းက ရထားစစီးခဲ့တာ။ ဒါပေမဲ့အဆို တော်ကိုင်ဇာရဲ့ ကိုယ်လေရထား လေးနဲ့ မွေးဌာနီသွားတဲ့ခရီးဝယ်၊ စိုပြည်စိမ်းလန်းလို့ သာယာတဲ့ မြေ၊ တောအထပ်ထပ် တောင်အ သွယ်သွယ်ကွေ့ဝိုက်လို့ရယ် ဖြတ် ကျော်ရင်းတွေ့ခဲ့ရတယ်ကွယ် စတဲ့ ရထားစီးတဲ့အကြောင်း သီ ချင်းစာသားပါတဲ့ သီချင်းလေးကို တော့ ကျွန်တော်နားထောင်လို့ပြီး ပြီပဲဖြစ်တယ်။ (၂) ကျွန်တော် ရထားစစီးတော့ အသက်က (၁၈) နှစ်။ အထက် တန်းစာမေးပွဲ ဖြေပြီးတဲ့အချိန်။ ဘယ်အရာကိုမဆို ပြုလုပ်ဖို့အ တွက် စိတ်ဓာတ်တက်ကြွနေတဲ့အ ချိန်။ အပူအပင်တွေ […]

တမာရိပ်လေညင်း

( တစ် ) တမာရိပ်ကိုလွန်ပြီး စိမ်းစိမ်းမှိုင်းမှိုင်း ပုပ်ပါးတောငျကို ဟိုးခပ်ဝေးဝေးက လှမ်းမြင်လိုက်ကတည်းက အေးစက်တဲ့ တောရိပ်တောင်ရိပ်ဟာ ကျွန်တော်တို့ကိုယ်ပေါ် ပြိုအိကျလာခဲ့ပြီ။ ပုပ်ပါးကတော့ မြူတွေကြားမှာ ဒဏ္ဍာရီဆန်ဆန် လွင့်တက်နေတဲ့ တောင်ပြာတစ်လုံး။ ဥတုရာသီအပေါ် တည်မှီပြီး စိမ်းလိုက် ညိုလိုက် ဝါလိုက် ပြာလိုက်နှင့်။ အခုပဲ ကျွန်တော်တို့ လှမ်းမြင်နေရတဲ့ ပုပ်ပါးဟာ အမြင်အာရုံထဲမှာ ဖျပ်ခနဲ ပေါ်လာလိုက်..ပျောက်ကွယ်သွားလိုက်နှင့် ညနေမှောင်ရီထဲမှာ ကျွန်တော်တို့ကို မြှူနေ…ညှို့နေသလိုလို။ မြို့ပြထဲမှာ မွန်းကျပ်ပူလောင်နေတဲ့ကျွန်တော်တို့ဟာ ပုပ်ပါးရဲ့ အငွေ့အသက်ကိုရလိုက်တယ်ဆိုရင်ပဲ ကိုယ်ထဲမှာ ငြိကပ်တိုးဝင်နေတဲ့ အပူငွေ့မျှင်တွေဟာ ပါးလျားသွားခဲ့။ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်မီးလျှံနဲ့ကိုယ် ပူလောင်ဝင်းပနေခဲ့တာ ကြာမြင့်ခဲ့ပြီ။ အဲဒီ တငွေ့ ငွေ့ မီးလျှံတွေနဲ့ ပူလောင်လေးလံနေတဲ့ ကျွန်တော်တို့ဟာ ပုပ်ပါးဝန်းကျင်ကို ရောက်သွားတယ်ဆိုရင်ပဲ တစ်စုံတစ်ခုခုက စုပ်ယူဆွဲချသွားသလို […]

တမာနုချိန်စစ်တမ်း

အညာသားဖြစ်၍လား မသိ။ ကျွန်တော်သည် နွေဆန်းလျှင် အညာကို လွမ်းတတ်လေသည်။ အညာကို အလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ ” ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝိုးဝါးထှေးလကြျ” နေသော စပ်ကူးမပ်ကူး အချိန်ကလေး။ ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှမ်းချိန်။ ကျေးငှက်ကိုယ်စားလှယ် အဆင်ဆင်တို့၏ နှစ်ပတ်လည် ကွန်ဖရင့်။ ဂီတမိခင်က ဥသြငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။ ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲ ဆောက်နေဆဲ။ ထန်းဆော်လေက ထန်းပင်များကြားတွင် လက်ညိုညိုများကို ရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။ ရုက္ခဗေဒက ကလေးတို့ကို ဇီးသီးဝေချိန်။ […]

လွမ်းစရာရိုးလမ်းမ

“ကျနော်တို့ရွာ အဝင်လမ်း”ဆိုတဲ့ စာတမ်းကလေးနဲ့အတူ တွဲလို့တင်ထားတဲ့ လမ်းမဘေးနှစ်ဘက်က စိမ်းစိမ်းစိုစိုနဲ့ပြေပြစ်ညီညာတဲ့ မြေနီလမ်း ဓာတ္ပုံကေလးကို တွေ့ရတော့ ကိုယ့်ရွာရဲ့အဝင်လမ်းကလေးကိုလည်း တစ်ပြိုင်နက်ပြေးမြင်မိပါရဲ့။ကျမတို့ရွာကလေးရဲ့ လမ်းကတော့ ဒီလိုသာယာပြန့်ပြူးခြင်း မရှိရှာ။ဒီတော့ ကိုယ့်ရွာလမ်းကလေးကိုလည်း အခြားရွာတွေရဲ့ လမ်းကလေးလို သာယာလှပချင်မိတာ အမှန်ပါပဲ။”လမ်းသာမှ ရွာသာတယ်”ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ဒီတော့ ရွာတစ်ရွာရဲ့ သာယာလှပမှုအတွက် ရွာရဲ့လမ်းတွေက အဓိကက်တယ္လို့ ဆိုလိုရင်းပါပဲ။ ကျမတို့ရွာကလေးဟာ တောင်သူလယ်သမားရွာကလေးဖြစ်တဲ့အတွက် ရွာရဲ့အရေးပါဆုံး အရေးအကြီးဆုံးလမ်းဟာ တောင်ယာခင်းတွေဆီကို မျက်နှာမူနေတဲ့ လမ်းမကြီးပဲပေါ့။အဲ့ဒီလမ်းမကြီးဟာ ရွာကနေထွက်တဲ့တစ်ပြိုင်နက် နိမ့်လျှောတဲ့ ရိုးလမ်းကြီးထဲက ခုန်ဆင်းထားလေရဲ့။ဒီတော့ မိုးရာသီမှာရေစီးနေလေ့ရှိတတ်တဲ့ ရိုးလမ်းမကြီးဟာ ရွာရဲ့အဓိကကျတဲ့ ရိုးလမ်းမကြီးပေါ့။နှစ်စဉ်မပြတ်စီးဆင်းလာခဲ့လို့ ထင်ပါရဲ့။ရိုးလမ်းမကြီးဟာ ကျမတို့မျက်စိရှေ့မှာပဲ တစ်နှစ်ပြီးတစ်နှစ် နက္သထက္နက္လာသလို ကျယ်သထက် ကျယ်လာတော့တယ်။ဒါဟာ ကျမမှတ်မိနေတဲ့ ရွာရဲ့အဝင်အထွက်လမ်းမကြီးတစ်ခုပါပဲ။ က်မတို့ငယ္ငယ္က တောလမ်း ရိုးတလျှောက်ဟာ ဝါဆိုဝါခေါင်ဆိုရင်ဖြင့် ရိုးရေမပြတ်စီးနေတော့တာ။ရေကစပ်စပ် […]

ထမင်းတစ်နပ်ကိုရှာဖွေခြင်း

တစ်စုံတစ်ခုကိုကြားရသောအခါ ဖတ်ရသောအခါ တွေ့ကြုံရသောအခါ ထိုအကြောင်းအ ရာနှင့်စပ်ယှက်ပြီး အတွေးပွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော သဘာတရားဖြစ်သည်။ ထိုသို့သောတိုက်ဆိုင်မှုမှတဆင့် အတိတ်မှတွေ့ကြုံဖူးသော အဖြစ်အပျက်များ၊ ကြားဖူး နား၀စကားမ်ားကို ပြန်လည်သတိရတတ်သည်မှာလည်း လူသားသဘာ၀တစ်ခုပင်ဖြစ်သ ည်။ လတ္တေလာ ကျွန်တော်စာအုပ်ဖတ်နေသည်။ ကျွန်တော်ဖတ်နေသောစာအုပ်မှာ ဆရာငြိမ်းအေးအိမ်၏ ညို့ငင်တောင် ဖြစ်သည်။ မြန်မာပြည်အရှေ့မြောက်ဖျားဒေသ ဆွမ်ပရာဘွမ် အီမောဘွမ်ဒေသအကြောင်းရေးထားသောစာအုပ်ဖြစ်သည်။ သူကိုယ်တိုင် ထိုဒေသဘက်တွင်နေခဲ့သောကြောင့်လား သို့မဟုတ် ဆရာ၏စာအေရးအသား စကားလုံး အသုံးအနှုံးများကို သဘောကျနှစ်သက်မိသောကြောင့်လားမသိ စာအုပ္ကိုစဖတ္ကတ ည်းက လက်ထဲမှမချချင်အောင်ဖြစ်ရသည်။ စာအုပ်ဖတ်ရင်း ကြည်နူးပီတိဖြစ်ရတာတွေရှိ သလို ရင်မောနာကျင်ရတာတွေလည်းပါသည်။ စာဖတ်နေရင်းကမတွေးပဲမနေနိုင်သောအ တွေးများရောက်လာသည်။ မစဉ်းစားပဲမနေနိုင်သော စဉ်းစားစရာများရောက်လာသည်။ အသက်၏အစေ့အဆန်…တဲ့။ ခေါင်းစဉ်ကိုနာမည်ပေးတာကအစ စွဲမက်ဖွယ်ကောင်းသ ည်။ စာကိုဖတ်တဲ့အခါ တွေးစရာတွေပါလာသည်။ ဆင်ခြင်နှလုံးသွင်းစရာတွေပါလာသည် ။ အထူးသဖြင့် ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေနဲ့ဘကြီးကိုတိုက်တိုက်ဆိုင်ဆိုင် သတိရသြား […]

“ဝါခေါင်ရက်ဆက်မိုး”

(၁) အခုတေလာ မိုးကပိုပြီး ရက်ဆက်လာသည်။ သြဂုတ်လ၏ အုံ့အုံမှိုင်းမှိုင်း အေးအေးလူလူရက်တွေလို့ပဲ ဆိုရမည်ပင်။ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်ဘက်တွင် မုန်တိုင်းရယ်လို့စသည်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ကို မိုးလေဝသသတင်း မကြည့်လည်း ဧရာဝတီသားမှန်လျှင် သိပြီးသားဖြစ်သည်။ ‘ဝါဆိုဝါခေါင် ရေဖောင်ဖောင်’ ဆိုသည့်အတိုင်း မိုးမစဲလေမစဲသည့် ဝါခေါင်လရာသီကို ရောက်ခဲ့ပြီ။ စာဆိုတော် ဦယာကေတာ့ – “ရွှေသိဟ်ရာသီ၊ ခါမှီဆန်းစ ခန်းဝလေ။ တေဇောတစ်ခါ လှည့်ပြန်လာသော် လမှာဝါခေါင် မိုးမှောင်လျှပ်စို့၊ သက်တံညို့သား” ဟု သည်ရာသီကို ဖွဲ့ဆိုခဲ့သည်။ သည်ရာသီက Alexandrian Laurel ခေါ် ပုန်းညက်ပန်းများ ကြိုင်နေအောင် မွှေးပြီး မြိုင်နေအောင် ပွင့်သည့် ဝါဆိုအကုန် ဝါခေါင်အကူး လအထူး ဖြစ်သည်။ (၂) ကိုယ့်အိမ်ခေါင်းရင်းဘက် ခြံအစပ်နားမှာ ပုန်းညက်ပင်တစ်ပင်ရှိသည်။ […]

အဆင်ပြေပါစေ ကမ္ဘာကြီးရေ…

++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ … ပြန်စိမ်းလန်းဖို့အတွက် အချိန်ယူစေ.. မကြာခင်ပြန်ဆုံမယ် ကမ္ဘာ ကြီးရေ… ပြန်လည်နလန်ထဖို့အတွက်ကွာ..သင်လည်း နားဖို့လိုမှာ…၊ အဆင်ပြေပါစေ ကမ္ဘာကြီးရေ.. ပျက်စီးခဲ့ ရသမျှ ပြင်ဆင်စေ..မကြာခင် ပြန်ဆုံမယ် ကမ္ဘာကြီးရေ.. ဒါဟာ ငါတို့အမှားကြောင့်သာ ငါတို့ရတဲ့ ကံတရား…) ×× သမိုင်းတလျှောက် ငါတို့လွန်ကျူးခဲ့သမျှ.. သင် ခါးစီးခံခဲ့ရတာပါ.. ပူလောင်ရင်း..ဖောက်ပြန်ရင်း ဝမ်းနည်းစွာ…×× မပြေး..ဘဲ ငါတို့တွေ ဝေးရတာ.. အေးဆေး.. ပြန်တွေ့ကြမှာပါ.. ဒီအချိန်တော့ အားယူရင်း နားဦးကွာ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ….………………………………………………………………………………) ×× အခိုက်အတန့်.. ငါတို့ငြိမ်သက်ရတာ.. အလိုက်အထိုက်..ဖြတ်သန်းရမှာပါ… ကံကိုတော့ အပြစ်ပုံ မချလိုက်နဲ့ကွာ…×× သမိုင်းတစ်လျှောက်.. ငါတို့ ဖျက်စီးခဲ့သမျှ..အထိုက်အလျှောက်..ပြန်ခံကြရမှာပါ.. မျက်နှာ လွှဲ ခဲတွေ ပစ်ခဲ့ကြသမျှ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ…………………………………………………………………………………) ××(အချိန်က […]

မိုးရာသီအကြောင်းများ

မနက်ငါးနာရီခွဲတော့ နေ့စဉ်မြည်နေကျနာရီအလမ်းက ထမြည်တယ်။ လူက အိပ်ယာထဲ ကရုန်းမထွက်ချင်သေးဘူး။ အမှန်တော့ နာရီအလမ်းမမြည်ခင်ကတည်းက နိုးနေတာဖြစ် ပေမယ့် အိမ်အမိုးပေါ်တဖြောက်ဖြောက်မြည်သံပေးပြီး ရွာနေတဲ့မိုးကြောင့် အိပ်ယာကမ ထေသးဘဲ စောင်ပါးပါးလေးအောက်မှာ စည်းစိမ်ရစ်ပြီးကွေးနေခြင်းသာဖြစ်တယ်။ နောက် တစ်ကြိမ်နာရီအလမ်းထပ်မြည်မှ အိပ်ယာထဲကလူးလဲထလိုက်တယ်။ မျက်နှာသစ်ပြီး ရပ်ကွက်ဈေးထဲထွက်ခဲ့တယ်။ ထီးကိုယ်စီနဲ့ ဈေးဝယ်လာသူတွေကိုကြည့်ရတာ စိတ်မှာ ရွှဲရွှဲစိုသွားတယ်။ ဈေးသည်တွေကတော့ မိုးရေနဲ့အသားကျနေတဲ့ပုံပဲ။ မိုးကြောင့် ရောင်းရေးဝယ်တာအဆင်မပြေဘူးလို့ ပြောဆိုနေသံတွေက ရပ်ကွက်ဈေးသေးသေးလေးရဲ့ ဗွက်တစီစီလမ်းကျဉ်းလေးတွေပေါ် ပြန့်ကျဲနေတယ်။ ကျွန်တော်လည်း အတိုအထွာဝယ်စရာရှိတာလေးတွေဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။ မိုးစိုစိုလမ်းတွေပေါ်ကြာကြာမနေရဲဘူး။ ခုတေလာ လူကတချောင်ချောင်ဖြစ်နေတာကများ တယ်။ ငယ်ငယ်တုန်းကတော့ မိုးရွာပြီဆိုတာနဲ့ ‘ မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ် ‘ သီချင်းကိုအော်ပြီး မိုးရွာထဲပြေးလွှားဆော့ကစားခဲ့တာ မှတ်မိတယ်။ ကလေးဘဝတုန်းက မိုးရေထဲဘယ်လောက်နေနေ၊ […]

မြစ်တစ်စင်း၏တန်ဘိုး

ပရွတ်၊ မေငးစု၊ ရေစို၊ ကသပေါင်း ဒီဝေါဟာရတွေက ကျေးရွာတွေရဲ့အမည်နာမတွေဖြစ်တယ်။ နာမည်တွေက ခပ်ဆန်းဆန်းပဲ။ ကိုယ်နဲပက်သက်ဆက်စပ်တဲ့ရွာတွေလည်း မဟုတ်ပါဘူး။ တစ်နေ့က စာရေးဆရာတစ်ယောက် ဖုန်းဆက်တယ်။ သူလှိုင်သာယာဘက်သွားစရာရှိတယ် လိုက်ဦးမလားတဲ့။ လူရောစိတ်ပါ မအီမသာဖြစ်နေတာက တကြောင်း အားနေတာကတကြောင်းကြောင့် လိုက်မယ်လို့ ပြောဖြစ်လိုက်တယ်။ တကယ်သွားတော့ လှိုင်သာယာ ကိုလွန်ပြီး အပေါ်မှာပြောခဲ့တဲ့ ရွာတွေအထိရောက်သွားတယ်။ သြားရတဲ့ခရီး ကလည်းမနည်းဘူး။ အသင်းတိုက်ကနေ စံပြဈေး။ စံပြဈေးကနေ လှိုင်သာယာမီးခွက်ဈေး။ မီးခွက်ဈေးကတဆင့် ပန်တိုင်ကို သြားတဲ့ YBS -၅၂ စီးရတယ်။ မငေးစုမှာဆင်းပြီး ဆိုင်ကယ်ကယ်ရီနဲ့ ကက်သပေါင်းကိုသွားရတယ်။ ဆိုင်ကယ်ကယ်ရီသမားကပြောတယ်။ မေငးစု၊ ရေစိုနဲ့ကက်သပေါင်းက မြို့နယ်ချင်းမတူဘူး။ မငေးစုနဲ့ ရေစိုက ပန်းလှိုင်မြစ်ရဲ့ ဒီဘက်ခြမ်း ထန်းတစ်ပင်မြို့နယ်ဖြစ်တယ်။ ကက်သပေါင်းက ပန်းလှိုင်မြစ်ရဲ့ဟိုဘက်ခြမ်း တွံတေးမြို့နယ်ဖြစ်တယ်လို့ဆိုတယ်။ မြစ်ဆို တဲ့စကားလုံးက […]

ဖုန်းဆိုး၀န်းကျင်

မော့ကြည့်မိလိုက်သော ကောင်းကင်သည် ခါတိုင်းလို အပြာရောင် မဟုတ်ချေ။ နီညိုရောင် လွှမ်းနေသည့် ကောင်းကင်ကို အံ့သြစွာ တွေ့လိုက်ရသည်။ ဘယ်လိုဖြစ်တာပါလိမ့်။ ထို့အပြင် ကောင်းကင်ကို ကြည့်ရသည်မှာ ခါတိုင်းကဲ့သို့ ကြည်လင် လွတ်လပ်မှုကို မခံစားရပါ။ ကောင်းကင်ဟူသည် လွတ်လပ်မှု၏ သ‌ေင်္ကတ မဟုတ်လား။ အခုတော့ ကောင်းကင်ကို ကြည့်ရသည်မှာ မွန်းကျပ် ပိတ်လှောင်နေသကဲ့သို့ပင်။ ကြည့်ရင်း ကြည့်ရင်း အသတ်ရှူပင် မ၀သလို ခံစားနေရသည်။ ထိုအချိန်မျိုးမှာ လေပြည်လေညင်းကို တောင့်တမိသည်။ သို့သော် လေပြည် လေညင်းအစား စိမ်းရွှေရွှေ အနံ့ပါသည့် လေကိုသာ ရှူရှိုက်လိုက်ရသည်။ အားပါးပါး ဆိုးရွားလိုက်တဲ့ အနံ့ပါလား။ ယခင်ကဆိုလျှင် ကောင်းကင်ကို ငေးကြည့်လေတိုင်း ငှက်တစ်အုပ် ဖြစ်ဖြစ် ငှက်တစ်ကောင်တလေ ဖြစ်ဖြစ် အတောင်ဖြန့်ကာ အသာအယာ ပျံသန်းသွားသည်ကို […]

Page 6 of 7
1 2 3 4 5 6 7