ကိုယ့်လက်နဲ့စိုက်တဲ့သစ်ပင် ရှင်သန်နေတာမြင်ဖူးပြီးလား

ကျွန်တော်တို့ကလေးဘဝက ကျွန်တော်တို့ ဒေါ်ကြီးက ကျွန်တော်နှင့် ကျွန်‌တော့်ညီဝမ်းကွဲ ညီအစ်ကိုနှစ်ယောက်ကို အိမ်ဝင်းထဲမှာ အုန်းပင်တစ်ယောက်တစ်ပင် စိုက်ခိုင်းပါသည်။ ” သစ်ပင်ဆိုတာ ကလေးစိုက်မှ အကြီးမြန်တာ” ဟု ဆိုပါသည်။ ထိုအုန်းပင်နှစ်ပင်တွင် ကျွန်တော်စိုက်ခဲ့သည့်အပင်က သေပြီး ကျွန်တော့်ညီစိုက်ခဲ့သည့်အပင်က ရှင်ပါသည်။ ထိုအုန်းပင်မှာ နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိပြီး အသီးတွေသီးနေပါပြီ။ ကျွန်တော့်ညီကတော့ ငါစိုက်ခဲ့တဲ့အုန်းပင်ကလေးဟု ဂုဏ်ယူတတ်ပါသည်။ ကျွန်တော်ကတော့ ကိုယ်စိုက်သည့်အပင်သေသည့်အတွက် သူ့လိုဂုဏ်ယူစရာမရှိ။ ထိုအခါ အပင်ကြီးတစ်ပင်ဖြစ်ဖြစ်မြောက်မြောက်စိုက်ပြီး ရှင်သန်ဖို့မလွယ်တာ သဘောပေါက်လာပါသည်။ ကျွန်တော်စိုက်ခဲ့သည့်သစ်ပင် ဘယ်နှပင်ရှင်လဲ ပြန်စဥ်းမိပါသည်။ ကျွန်တော်သစ်ပင်တွေကို ကိုယ့်အသိနှင့်ကိုယ်စပြီး စိုက်ပျိုးဖူးတာက အသက်နှစ်ဆယ်ကျော်မှဖြစ်သည်။ လမ်းမကြီးဘေး အရိပ်ရပင်မရှိသည့်နေရာတွေကို သူငယ်ချင်းတွေနှင့် သွားသွားပြီးစိုက်ကြပါသည်။ စိန်ပန်း၊ မယ်ဇလီပင်၊ ပိတောက် စသည့်အပင်ကြီးမျိုးတွေစိုက်ကြသည်။ စိုက်ပြီးတစ်နှစ်လောက်အကြာ လမ်းပြင်ဆင်မှုလုပ်တော့ ကျွန်တော်တို့အပင်တွေ အကုန်ပါသွားပါသည်။ ကျွန်တော်တို့နောက်နှစ်အားမလျော့ပဲထပ်စိုက်ကြပြန်ပါသည်။ ထိုအပင်တွေထဲမှ ဆယ်ပင်လောက်ရှင်သန်ကျန်ရစ်ပါသည်။ […]

တောအစပ် လယ်ထဲကရနံ့

သပြေရွာကလေးကမြို့နှင့်ဝေးလံခေါင်ပါးတဲ့အရပ်မှာရှိနေတာ။ဟိုတုန်းကသပြေရွာသားတွေကမြို့ကိုသွားရင်လှေနဲ့ပဲသွားကြ၊လာကြသေးတာ။သပြေရွာကမြို့မှာနေသူဆိုရင်မရှိသလောက်။မြို့ကိုသွာသည် ဆိုခြင်းမှာလည်းလူနာကို ဆေးခန်းပြတာ၊ သိပ်အရေးကြီး မှ မြို့ကို သွားကြသည်ပင်။ သပြေရွာက မြို့မှာတွေ့မြင်နေကျဆိုရင် တယုတယပွတ်သပ်လို့။ ရွာသို့ မြို့သားတစ်ယောက် ရောက်သည် ကိုပင် အထူးအဆန်းလုပ်လို့ ဝိုင်းအုံပြီး ကြည့်နေကြတာ ပွဲသဘင်ကျသည်အလား စည်စည်ကားကား။ မှုန်ရီမှုန်ဝါး ထူးထူးခြားခြား မှတ်ညာဏ်ထဲတွင် ရှိနေသည်က လူတောထဲတွင် တီဗွီ တိုးဝှေ့ကြည့်ကြခြင်း ဖြစ်၏။ ထိုအချိန်က ရွာထဲတွင် (TV) ဆိုလို့ အဒေါ်စိန် အိမ်တစ်အိမ်တည်းသာရှိသည် မဟုတ်လား။ ဇာတ်ကား တစ်ကားကြည့်ရဖို့ လူတောထဲမှာ မြေကြီးဖင်ခုထိုင်ပြီး စောင့်ရသည်မှာ ညည်းတွား စရာကောင်းသည်။ နွေရာသီဆို ပူကလည်းပူ၊ အိုက်ကလည်းအိုက် လူတွေရဲ့ အနံ့ပေါင်းစုံကို နှာခေါင်းခံပြီး ဇာတ်ကား ကြည့်ရသည့် ဘဝတွေကို တွေးမိတိုင်း ပြုံးသလို၊ ရွှင်သလို ခံစားချက် အသစ်အဆန်းဟု […]

လောကကို တကယ်အလှဆင်ခဲ့ကြပါသလား

“မြက်ရိတ်သမား” လူ့ဘုံလောက နိုးခါစတည့် ချိုးကသံရှည် တောဘွဲ့သီ၍ ဤမှာမြေပြင် မြစိမ်းဆင်လျက် ကောင်းကင်မိုးဝယ် နီလာခြယ်နှင့် အိုဘယ်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစွ၊ ခန့်ပေစွ။ ဆရာဇော်ဂျီ၏ မြက်ရိတ်သမား ဆိုသည့်ကဗျာတွင် လူသား၏ အားမာန်အလှကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ထိုကဗျာမှာ နာမည်ကြီးကဗျာတစ်ပုဒ်ဖြစ်သည်မို့ ကဗျာအကြောင်း ထွေထွေထူးထူးထပ်ပြောဖို့ မလိုအပ်ပါ။ ကျွန်တော်ပြောချင်သည်က ကဗျာထဲက မြက်ခင်းစိမ်း၊ ချိုးငှက် ကလေးတွေနှင့်ပတ်သက်သည့် မေးခွန်းတစ်ခုသာဖြစ်ပါသည်။ မြက်ခင်းစိမ်းမရှိလျှင်၊ ချိုးငှက်ကလေးရဲ့အသံကို မကြားရလျှင် မြက်ရိတ်သမား လူသားသည် လှနိုင်ပါဦးမည်လားဆိုသည့် မေးခွန်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် လူသားအဓိကဝါဒကိုသာ ယခုထက်တိုင် စွဲစွဲမြဲမြဲဆုပ်ကိုင် အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာလောကကြီးကို လူသားတွေပဲပိုင်သည် ဆိုပြီး စွဲမြဲမြဲစိတ်ထဲမှာ မှတ်မှားခဲ့ကြပါသည်။ မိမိတို့တည်ဆောက်မှုအားလုံးကို လောကအလှဆင်သည်ဟု ယုံကြည်ခဲ့ကြပါသည်။ လောကအလှဆင်နေ၏ …… ကြည့်စမ်း အဆွေ ငွေပိုးကောင်ငယ်၊ […]

တောင်ဇလပ်ပန်းတွေပွင့်တော့မယ့်အချိန်

တောင်ဇလပ်ပန်းတွေ ပွင့်တော့မယ့် ဆောင်းကိုရောက်လျင် ချင်းတောင်ကို လွမ်းရပြီ။ တောင်ဇလပ်ပန်းတွေနှင့် မဆုံနိုင်သည်မှာလည်း ဆောင်းသုံးရာသီမကတော့ပါ။ ချင်းတောင်မှာ တောင်ဇလပ်ပန်း နီနီတွေက ဒီဇင်ဘာလောက်မှ ပွင့်တတ်ကြပါသည်။ တောင်ဇလပ်တွေ မပွင့်ခင် ပွင့်လင်းရာသီအစ ခုလိုနိုဝင်ဘာလကစပြီး ချင်းတောင်ကို ခရီးသွားဖို့ ကောင်းပါသည်။ ချင်းတောင်ကိုခရီးသွားရလျင် ဆိုင်ကယ်နှင့် သွားရတာအကောင်းဆုံးဖြစ်သည်။ ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ တိမ်အုပ်များကို လွတ်လပ်စွာကြည့်လို့ရသည်။ တောင်ပေါ်က လတ်ဆတ်သည့် လေကို အားပါးတရရူရိူက်နိုင်သည်။ ရာသီဥတုကအေး၊ လေကလည်းတိုက်သည့် အတွက် လုံလုံခြုံခြုံ နွေးနွေးထွေးထွေးဝတ်ဖို့တော့လိုပါသည်။ သိုင်းငင်းက စားသောက်ဆိုင်မှာဝင်ပြီး ချင်းဒေသထွက် စပျစ်ဝိုင်တစ်ခွက်က သင့်ကိုအနွေးဓာတ်ပေးပါလိမ့်မည်။ ကျွန်တော့အတွက်တော့ ချင်းတောင်ကို တစ်ရက်တာခရီးထွက်ရမည်ဆိုလျင် သိုင်းငင်းနှင့် တီးတိန်ကြားက လေထန်ကုန်းကိုသွားချင်သည်။ လေထန်တောင်ကုန်းပေါ်မှာ တောင်ဇလပ်ပင်တွေ တော်တော်များများရှိသည်။ တောင်ဇလပ်ပန်းနီတွေကကျစ်လျစ်ပြီး မာကျောသည်။ ချင်းတောင်ပေါ်က ချင်းလူမျိုးတွေကလည်း တောင်ဇလပ်ပန်းတွေလိုပဲ […]

ပျောက်ဆုံးသွားသော သဘာဝကစားကွင်းများ

ကျွန်တော်တို့ငယ်ငယ်ကတော့ ရွာအရှေ့ဘက်ကိုထွက်လိုက်လျှင် တောတန်းကလေးကို တန်းရောက်တတ်သည်။ တောတန်းကလေးထဲမှာ ရုံးပင်ကြီးတွေ၊ ကြို့ပင်ကြီးတွေ၊ ဟင်းခုတ်ပွင့်ပင်တွေ စသဖြင့် အပင်ကြီးတွေတော်တော်အမျိုးစုံအောင်ရှိတတ်သည်။ တောတန်းထဲတွင် ဝါးရုံပင်တွေကလည်းပေါလှသည်။ ထိုတောတန်းထဲကိုသွားပြီး ကျွန်တော်တို့ ကလေးတသိုက် မှိုရှာ၊မြစ်ချိုး၊ မာလာဖူးချိုးခဲ့ကြရသည်။ ကျေးငှက်တွေက အပင်ကြီးတွေပေါ်မှာတေးသီလျက်။ ရှဥ့်ကလေးတွေက ဝါးရုံကိုင်းတွေပေါ်မှာပြေးပြီး တစ်ကိုင်းကနေတစ်ကိုင်းခုန်ကူးနေကြသည်ကို အတိုင်းသားတွေ့မြင်နေကြရသည်။ ထိုတောတန်းသည် ကျွန်တော်တို့ကလေးတသိုက်၏ ကျင်လည်ကျက်စားရာ အားကစားကွင်းပမာဖြစ်ခဲ့ရသည်။ ရွာတောင်ဘက်တွင် ငှက်ပျောပင်တွေရာချီရှိသည့် ငှာက်ပျောဥယျာဥ်ကြီးရှိသေးသည်။ ထိုငှက်ပျောဥယျာဥ်ကြီးကို ကျွန်တို့ရွာတောင်ဘက်ရှိရွာက ရွာသားတစ်ယောက်ကပိုင်သည်။ ထိုငှက်ပျောဥယျာဥ်ကြီးသည်လည်း ကျွန်တော်တို့၏ တူတူပုန်းကစားရာ ကစားကွင်းပင်ဖြစ်သည်။ ငှက်ပျောဥယျာဥ်ကကျယ်တော့ အဖွဲ့အလိုက်တူတူပုန်းတမ်းကစားခဲ့ရသည်။ ကစားလို့အားရပြီဆိုလျှင် ငှက်ပျောဥယျာဥ်ထဲတွင် ပိုင်ရှင်မသိအောင် ငှက်ပျောခိုင်ကိုခုတ်ပြီး ငှက်ပျောပင်တပင်၏ ခြေရင်းမှာဖွက်ထားသည့် ငှက်ပျောခိုင်ကိုဖော်ကာ ဝေမျှစားသောက်ပြန်ခဲ့ကြသည်။ ငှက်ပျောတောကပြန်ခဲ့လျှင် ကျွန်တော်တို့ခရီးစဥ်မှာမပြီးသေးပါ။ ရွာအနောက်ဘက်မြစ်ထဲသို့ချီတက်ကြပါသည်။ မြစ်ထဲက ရှဥ်းတောမှာ ပုဇွန်ဆိတ်ဖမ်းကြသည်။ ဝါးလုံးတွေကိုအပိုင်းပိုင်းဖြတ်ပြီး မြစ်ထဲကိုလွှင့်ထားသည့် […]

ရေမျောသီးတွေကြွေတဲ့ည

ည၏လရောင်သည် ပါးပါးဝပ်ဝပ်ကလေးဖြင့်သာ ရိုးချောင်းကလေး၏ ရေလွှာအပေါ်သို့ ဖြန့်ကျက်အုံ့ဆိုင်း လွှမ်းခြုံလျက်ပင်ရှိပါသည်။ ဓနိတောများဆီသို့ တိုးဝှေ့လာခဲ့သော ညလေပြည်ကလေးများ၏ တဖျပ်ဖျပ်တချပ်ချပ်လက်ခတ်သံများသည် အနုစိပ်မှုန်းခြယ်တီးခတ်ထားသော နဒီဂီတတစ်ရပ်နှယ်ပင် အလှဆင်လျက်ရှိပါသည်။ လရောင်ညတစ်ည၏ ဆွဲအားထံ၌ ဒီရေများသည် လျင်မြန်သောအဟုန်ဖြင့် လှိုင်းပွက်ရိုက်ခတ်သံများဖန်တီးကာ ရွေ့လျားစီးဆင်းလျက်ပင်ရှိပါသည်။ သာမောဖွယ်ရာ လအဆင်းသည် နဒီသားလွှာ၏ ခုံးကြွလှိုင်းဖန်သားနှင့် အလင်းခတ်မိလေသောအခါ ငွေလဲ့ရောင်ပုလဲတန်းကလေးများသည် ရေလွှာပေါ်ဝယ် ပြေးလွှားဆော့ကစားနေသကဲ့သို့ပင်။ ညဥ့်နက်ပျိုကလေးတစ်ခု၏နရီသည် စည်းချက်ကျနစွာဖြင့် ရွာရိုးကလေးအား အုံ့သိုင်းလွှမ်းပတ်ထားလျက်ပင်ရှိပါသည်။ ဒီရိုးကလေးထံ မှေးတင်လျက်ရှိသော ရေဆင်းတံတားကလေးသည် လရောင်ကြဲကြဲအောက်ဝယ် ငြိမ်သက်တိတ်ဆိတ်လို့နေဆဲ။ မလင်းတလင်း ဆိုလာမီးရောင်များအောက်တွင်မူ ရွာရိုးကလေး၏ ငြိမ်ဆိတ်ခြင်း အနုရသများသည် လရောင်ညတစ်ခုကိုရေးဆွဲထားသော သက်ငြိမ်ပန်းချီတစ်ချပ်နှယ်ပင်ဖြစ်ပါသည်။ လေနရီသည် ညင်းပြေရာမှတစ်ဆင့် ညင်းထန်မှုအဆင့်သို့ ကူးပြောင်းဝင်ရောက်စပြုလာခဲ့ပါပြီ။ ညင်းထန်စပြုလာခဲ့သော လေနရီသည် ညတစ်ည၏ သင်းရနံ့တချို့ကို ဆွတ်ယူဆောင်လာခဲ့ပါသည်။ ဖြည်းဖြည်းညင်းညင်းကလေးဖြင့် အဆုပ်ထဲသို့ ရှိုက်သွင်းလိုက်မိတော့ […]

အင်းကြီးတောင်သမန်

” အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန် ၁၁၄၄ခုနှစ်က အမရပူရရွှေနိုင်ငံ ရေချိုတွင်းနဲ့ပျံ့နန်းလှန်……. ရွှေဘိုမင်းဆက်မှန်နန်းစံ အင်းကြီးတောင်သမန် ” ဆရာတင်တောင်သမန် သီးချင်းမှ )   တောင်သမန်တဲ့…..။ သူက အမရပူရမြို့မှာရှိတယ် ။ ရှေးကအမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ် ၊ အရှေ့တောင်ရွှေစာရံ ၊ တောင်- ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက်စစ်ကိုင်းတိုင်းနယ်မြေ ၊ မြောက်တောင် ကျုံးကြီးနှင့် အရှေ့မြောက်ဘက် သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည် ။ ၁၁၄၄ ခုနှစ် ၊တပို့တွလ ဆန်း ၇ရက် အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ ရွှေနန်းတော် ၊ ရွှေဂူတော် ၊ ကျောင်းတော် ၊ပိဋိကတ်တိုက်တော် ၊ ကန်တော်ဟူသော (၇) ဌာနကို တစ်ပြိုင်နက်တည်း ဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည် ။ […]

တမာနုချိန်စစ်တမ်း

အညာသားဖြစ်၍လား မသိ။ ကျွန်တော်သည် နွေဆန်းလျှင် အညာကို လွမ်းတတ်လေသည်။ အညာကို အလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ ” ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝုိးဝါးထွေးလျက်” နေသော စပ်ကူးမပ်ကူး အချိန်ကလေး။ ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှမ်းချိန်။ ကျေးငှက်ကိုယ်စားလှယ် အဆင်ဆင်တို့၏ နှစ်ပတ်လည် ကွန်ဖရင့်။ ဂီတမိခင်က ဥသြငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။ ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲ ဆောက်နေဆဲ။ ထန်းဆော်လေက ထန်းပင်များကြားတွင် လက်ညိုညိုများကို ရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။ ရုက္ခဗေဒက ကလေးတို့ကို ဇီးသီးဝေချိန်။ […]

ရေဇလာသင်ဖျာခင်းရင်ပေါ့ (၆)

“ရေသေရေထ ရက်တွက်မနေနဲ့။ ကြုံရာတက်နဲ့ဖြစ်အောင်ခတ်ပါ”တဲ့။ ဒီဒေသမှာ နေထိုင်ခေါင်းချသွားခဲ့သော ရှေးလူကြီးများက အစဉ်အဆက်တလျောက် နူတ်တိုက်ချပေးထားခဲ့တဲ့ စကားပုံတစ်ခုပါ။ ဒီစကားပုံက ဘယ်သူတွေကို အထူးပြု ရည်ညွှန်းဆိုထားသလဲဆိုတာ တွေးမိကြပါသလား။ အခြားသူတွေအတွက် ဟုတ်နိုင်ရိုးလို့လား။ ကိုသာအေးတို့လို ကပ်ပါးတံငါသည်တွေအတွက် သီးသန့်ညွှန်း ထားပေးခဲ့တဲ့ စကားပုံတစ်ခုပါပဲ။ လရာသီကား ဗမာပြက္ခတိန်မူအားဖြင့်ဆိုပါလျှင် တော်သလင်းလကွယ် လွန်မြောက်လို့ သီတင်းကျွတ်လအနီးအနားသို့ပင် ချဉ်းကပ်နေခဲ့ပါပြီ။ မိုးကုန်စပြုပြီဆိုတော့ လယ်တွေထဲရေခန်းစပြုလာခဲ့ပါတယ်။ ရှူ့မြင်လေရာအရပ်ရပ်မျက်နှာထံဝယ် ရွှေမြသားအဆင်းနှယ် ပမာဆောင်ထားသော စပါးနှံများက လယ်တောတစ်ခိုဝယ် ကိုင်းညွှတ်အိကျလျက်ပင်ရှိနေပါ၏။ လယ်တောထဲမှာ သားငါးရှာဖွေရသော ရာသီကတော့ ကုန်ဆုံးလွန်မြောက်သလောက်ဖြစ်ရပြီပေါ့။ ကိုသာအေးအဖို့ စားကျက်အသစ်ဆီသို့ ရွှေ့ပြောင်းရှာဖွေရပါတော့မယ်။ ဘယ်ကိုရွှေ့ရမလဲဆိုတော့ ချောင်းမကြီးကခွဲထွက်လာတဲ့ ရိုးတိုကလေးတွေဆီကိုပါပဲ။ ဒီအခါကာလမှာ ရိုးတိုလေးတွေထဲ ကျက်စားနေလေ့ရှိသော မျှင်ပုစွန်များကိုဖမ်းဆီးလုပ်ကိုင်ရတဲ့ မျှင်ရာသီသို့ တစ်ကျော့ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။ သင်္ဘောစင်အပေါ်မှာတင်ထားသော မြှုံးပိုက်အသီးသီးရဲ့ အပေါက်အပြဲအနာအဆာများကို ဖာထေးလို့ပြီးစီးပြီမို့ […]

ရေဇလာသင်ဖျာခင်းရင်ပေါ့ (၅)

သဘာဝ၏ အစဉ်အလာတစ်ရပ်ဖြစ်သော နေ့၊ည၊ရာသီများ လည်ပတ်ခြင်း စက်ဝန်းကလေးအတွင်းဝယ် ကမ္ဘာ့ဆွဲငင်အားကြောင့် ဒီရေများကား တရိပ်ရိပ်​ဖြင့် ကျဆင်းလျက်ရှိနေဆဲပင်။ချောင်းမကြီးအတွင်း ရေစစ်စပြုနေချိန်မို့ ရိုးကလေးအတွင်း၌မှုကား ရေမရှိသလောက် အနေအထားသို့ပင် ဆိုက်ရောက်နေပါပြီ။ ခြောက်လက်မ မရှိတရှိ ရေစီးကြောင်းငယ်ကလေးတစ်ခုသာ ရိုးကျန်ရေထုထည်အဖြစ် ရွေ့လျားစီးဆင်းလျက်ပင်ရှိပါ၏။ နုန်းပြင်လတာထုကြီးတစ်ခုလုံးသာ ရိုးတလျှောက်လုံး ကြွင်းကျန်ရစ်လျှက်ပင်ရှိပါသည်။ ရိုးကလေးဘေးတွင်တည်ရှိသော လယ်ကွင်းများထံတွင်မှု ထွက်ပြုကာစ စပါးနှံစိမ်းစိမ်းများကား ဝဿန်မိုး၏ထွေးပွေ့လန်းရှင်​​စေလိုမှု အမှတ်လက္ခဏာအား ဆောင်ယူပြသလျက်ပင်ရှိပါသည်။ လူကြီးတစ်ယောက်၏ ဒူးအမြင့်အထိရှိနေပြီဖြစ်သော စပါးပင်များသည် လေအလာခိုက်ဝယ််နွဲ့ယိမ်းလှုပ်ရှားကခုန်နေလျက်ပင်။ စပါးပင်ပျိုတို့ကား ညွှတ်ကိုင်းဝင့်ချီလို့ ရွှေရည်သောက်ဆင်းကာ ရွှေလိုဝင်းဝါလာမယ့်နေ့များဆီသို့ အလုအယက်တိုးဝင်လို့နေပါတယ်။ ” တော် ကိုသာအေး။ မိုးဦးကောင်းလွန်းလို့ မိုးနှောင်းနဲ့မိုးလယ် အဆင်ပြေပါ့မလားထင်နေတာ။ အခု မိုးလယ်ရောက်နေပေမယ့် စားဖို့အတွက်တော့ မပူရသေးတော့ လောကပါလနတ်မင်းတွေကို ကျေးဇူးတင်ရမယ် တော်ရေ။ ” ” စားဖို့အတွက်တော့ ဒီလိုပဲ […]

Page 3 of 7
1 2 3 4 5 6 7