ကျွန်တော်ချစ်သောသစ်ပင်များ

အိပ်ယာနိုးလို့ နာရီကြည့်မိတော့ ခြောက်နာရီခြဲနေပြီ။ ဒါနဲ့ အိပ်ယာထဲက လူးလိမ့်ထပြီး မီနီဘားပေါ်က စီးကရက်ဘူးနဲ့ မီးခြစ်ကိုယူပြီး အခန်းအပြင်ထွက်ခဲ့တယ်။ အခန်းက No Smoking Room ဖြစ်တယ်။ အခန်းထဲမှာ စီးကရက်ဖွာလို့အဆင်မပြေဘူး။ အခန်းတံခါးကိုတွန်းဖွင့်လိုက်တာနဲ့ ဆောင်းပီသတဲ့ လွိုင်ကော်ဆောင်းက မင်္ဂလာမနက်ခင်းပါလို့ ချမ်းချမ်းစီးစီး နှုတ်ဆက်တယ်။ အညာဆောင်းနဲ့ လွိုင်ကော်ဆောင်းရဲ့ခြားနားချက်က အညာဆောင်းက လူကို ခြေလက်တွေ ထုံထိုင်းကိုက်ခဲသည်အထိ ကမူးရှုးထိုးအေးလေ့ရှိပြီး လွိုင်ကော်ဆောင်းကတော့ ညင်သာသိမ်မွေ့စွာနဲ့ ခပ်စိမ့်စိမ့်လေး အေးနေတာမျိုးဖြစ်တယ်။ ကျွန်တော်တည်းခိုနေတဲ့ အခန်းရဲ့ရှေ့မှာ အသီးတွေ လှိုင်လှိုင်ဝေအောင်သီးနေတဲ့ ထောပတ်ပင်ကိုတွေ့ရတယ်။ ကျွန်တော့်ဘဝမှာ ထောပတ်သီးပင်ကို ပထမဦးဆုံးမြင်တွေ့ဖူးခြင်း ဖြစ်တယ်။ စီးကရက်ဖွာပြီး အခန်းထဲပြန်ဝင်တယ်။ အခန်းထဲမွာတော့ A/C ဖွင့်ထားပေမယ့် နွေးနွေးထွေးထွေးပါပဲ။ ရေမိုးချိုး အဝတ်အစားလဲပြီး ဟိုတယ် Dinning Room ကိုသွားတယ်။ […]

မြောက်ပြန်လေရဲ့ ဆိုရိုးစကား

ဒီရာသီ ရောက်လာရင် ဓနိရည် အေးမြမြနဲ့ ဆောင်းဦး မနက်ခင်းကို လွမ်းပါရဲ့။ လမ်းလျှောက်ရင်း ခြေသလုံးမှာ နှင်းတွေဖတ်ဖတ်စိုပြီး ကပ်ငြိနေတဲ့ မြက်ဖျားသီးကလေးတွေက ယားကျိကျိ အရသာ။ ထိကရုန်း စူးမိတဲ့ ဒဏ်ရာတွေက ရှတတ အေးမြမြ။ အားပါးတရ ရှူ ရှိုက်ပြီး ပြန်လည် မှုတ်ထုတ်လိုက်တဲ့အခါ စီးကရက်မီးခိုးလို အထွေးလိုက် ပြန်ထွက်လာတဲ့ ဆောင်းငွေ့များ။ ရုတ်တရက် ဘင်္ဂလား ပင်လယ်အော်ဆီက ဖြတ်ပျံတိုက်ခတ်လာတဲ့ လေနွေးများ။ အုန်းပင်တန်းဆီကနေ အိပ်တန်းထ အုပ်ဖွဲ့ ပျံသန်းလာကြတဲ့ ဗျိုင်းအုပ်ဖွေးဖွေး မြူ ထွေးထွေး။ သစ်ပင်မြင့်တို့ဆီက တတောက်တောက် ကျဆင်းနေသော နှင်းသီးပေါက်များ။ နေရောင်ကို ငံ့လင့်တောင့်တနေသော မှိုင်းပြပြ ဝပ်စင်းနေတဲ့ ပတ်ဝန်းကျင်။ ခြံစည်းရိုးတိုင်ထိပ်မှာ သူ့ဝတ်ရုံလွှာကို တစ်ကိုယ်လုံးဖုံးအုပ်ထားတဲ့ စာခေါင်းကြီးတစ်ကောင်နဲ့အတူ အျခား ဆိုက်ဘေးရီးယား […]

ဖလော်ရီဒါတေးသွား

အခန်းထဲကနေထွက်ကာ အိမ်နောက်ဖေးဝရံတာကနေမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲဆွဲထည့်နေမိတယ်။ ရှေ့တည့်တည့်ရှိဒန့်သလွန်ပင်အကိုင်းကိုကျော်ကာ ခပ်ဝေးဝေးက တောထန်းပင်လေးတွေကို ငေးကြည့်နေမိတယ်။ တိုက်ခတ်နေတဲ့လေတဖြူးဖြူးကြောင့် သစ်ကိုင်းတွေနဲ့သစ်ရွက်တွေတဖျပ်ဖျပ်လှုပ်ရမ်းနေပြီး သစ်ရိပ်တွေဟာလည်း မြေကြီးပေါ်ရမ်းခါကျနေလေရဲ့။ တစ်ပင်ပြီးတစ်ပင် ပြေးလွှားဆော့ကစားနေတဲ့ရှဥ့်ငယ်လေးတွေကတေ့ာ ရှုခင်းထဲထပ်ဖြည့်ပေးထားတဲ့ ဖြည့်စွက်အရသာဖြစ်မှာပေါ့။ သူတို့ဦးခေါင်းသေးသေးလေးတွေနဲ့အမြီးတွေကတေ့ာ မကြာခဏဆက်ခနဲလှုပ်ရှားနေတတ်ပြီး သူတို့အပြုအမူတိုင်းဟာ မနာလိုစရာကောင်းအောင် လျှင်မြန်ဖြတ်လက်လွန်းလှချည်ရဲ့။ စိမ်းနေတဲ့သစ်ရွက်တွေအပေါ် နေရောင်ခြည်ကျနေပုံက ခပ်ဖွဖွလေး။ သစ်ရွက်တွေနာကျင်သွားမှာစိုးရိမ်တဲ့ပုံနဲ့ အသာအယာဖြာကျနေပုံမျိုး။ အခုတလော မကြာခဏရွာတတ်တဲ့မိုးကြောင့် မြေသားဟာအနည်းငယ်စိုစွတ်နေပြီး သစ်ရွက်ကြွေများကတေ့ာ ဟိုတစဒီတစ ပြန့်ကျဲနေလေရဲ့။ ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ မျက်နှာချင်းဆိုင်ကခြံဝန်းထဲမှာတေ့ာ အမြဲတမ်းလိုလိုငြိမ်သက်တိတ်ဆိတ်နေတဲ့တိုက်အိမ်များသာမြင်ရလေ့ရှိပြီး လူမြင်ရလေ့မရှိတာကတေ့ာ နေ့စဉ်လိုလိုပါပဲ။ ကျွန်တော့်အနေနဲ့ နေ့စဉ်သတင်းဆိုးတွေနဲ့ကမ္ဘာကြီးကို အဆက်အသွယ်ဖြတ်ချင်လာရင်တေ့ာ အိမ်နောက်ဖေးဝရံတာဘက်လာထိုင်လေ့ရှိပြီး ဒီမှာရနိုင်တာကတေ့ာ သစ်ပင်များ၊လေကောင်းလေသန့်၊တိတ်ဆိတ်မှုနဲ့ ကိုယ့်ကိုယ်ကိုပြန်လည်ရရှိမှုတွေပါပဲ။ ဖလော်ရီဒါပြည်နယ်ဟာ နေပူတဲ့နေရာဖြစ်ပြီး သစ်ပင်သစ်တောများလည်းပေါများတဲ့ဒေသပါ။ ကိုဗစ်ရောဂါမဖြစ်ခင် ဟိုအရင်အချိန်တွေတုန်းကတေ့ာ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေဟာ ဖလော်ရီဒါကို နေ့စဉ်တဖွဲဖွဲလာနေကြပါ။ အခုတေ့ာ နိုင်ငံအတွင်းကအပန်းဖြေလိုသူအချို့သာ လာရောက်နေကြပေမယ့် မြို့ကတေ့ာ […]

ရာဇူဒိုင်ရဲ့ ပခုံးနှစ်ဖက်နဲ့ နေ့ရက်များ

ဆိုင်ကယ်ပေါ်ကို ဘေးလွှဲထိုင်ဖို့ရာ မဖြစ်နိုင်တဲ့ လမ်းခရီးမို့ ဆိုင်ကယ်နောက်ကနေ ခွထိုင်လိုက်ရတယ်။ ခရီးက မဝေးပါ။ ငါးမိနစ်လောက်သာ စီးရတဲ့ (ကားလမ်းမကြီးလို့ အခေါ်ရှိကြတယ်) လမ်းတာကြီးပေါ်မှာပါ။ အဲ့ဒီငါးမိနစ်လောက် ဆိုင်ကယ်ဘီးတွေကို ကျောက်အကြမ်းခဲတွေ ပွတ်တိုက်တဲ့နှုန်းက ကတ္တရာလမ်းပေါ်က ငါးနာရီလောက် ဆိုင်ကယ်ဘီးတွေ ပွတ်တိုက်တဲ့နှုန်းထက် ဆိုင်ကယ်ဘီးတွေ ထိခိုက်တဲ့နူန်း မလျော့ဘူးပြောရင် လွန်မယ်မထင်မိပါ။ သွားနေကျ လမ်းခရီး။ စီးနေကျ ဆိုင်ကယ်ကယ်ရီ။ ဒါတွေဟာ မြင်ကွင်းအသစ် မဟုတ်သလို၊ ထိတွေ့မှု အသစ်တွေလည်း မဟုတ်ပါ။ ရာစုနှစ်တွေထဲက စီးဆင်းနေတဲ့ အလျင်တွေပါပဲ။ အဲ့ဒီအလျင်ထဲမှာ ကျွန်တော် လိုက်ပါတယ်။ ကျွန်တော့်ဝန်းကျင်က လူတွေ လိုက်ပါကြတယ်။ အသက်ရှူသံတွေ လိုက်ပါကြတယ်။ ညည်းတွားမှုတွေ လိုက်ပါကြတယ်။ အဲဒီလမ်းတာကြီးပေါ်မှာ ကျွန်တော်တို့တစ်တွေ ငြင်းချင်တဲ့အရာတွေ ရှိပေမယ့် ငြင်းဖို့အတွက် ခဲယဉ်းရင်း ရာစုနှစ်ရဲ့ […]

အမည်မသိရတဲ့မြစ်များ

ကျွန်တော်ကမြစ်ရဲ့နာမည်ကဘာလဲလို့မေးလိုက်တော့။အကုန်းလုံးကဘာကိုမေးတာလဲလို့ပြန်မေးကြတယ်။မြစ်ပြင်ကတော်တော်လေးကျယ်ပါတယ်။ကျွန်တော်တို့စီးလာတဲ့စက်လှေကမြစ်ရဲ့ဘယ်ဘက်အခြမ်းကနေခုတ်မောင်းနေရာကတစ်ချက်တစ်ချက်လူးလိမ့်ဝင်ရောက်လာတဲ့လှိုင်းကြက်ခွပ်လေးတွေကိုထိုးခွဲပြီးညာဘက်အခြမ်းကိုကူးဖို့အားယူခုတ်မောင်းနေပါတယ်။တစ်နေရာအရောက်မှာတော့ဒုန်းခနဲအသံတစ်ခုကိုကြားလိုက်ရတယ်။စက်လှေမောင်းသူကစက်ကိုချက်ခြင်းသတ်လိုက်တယ်။ဘာဖြစ်တာလဲလို့အလန့်တကြားထမေးကြတယ်။စက်လှေသမားကစိုးရိမ်ပူပန်မဲ့အမူအရာနဲ့ ပဲ့ကိုစက်လှေဘက်ဆီဆွဲယူလိုက်တယ်။ ပဲ့ကိုမယူလိုက်တော့ မြစ်ထဲဘယ်သူပစ်ချခဲ့မှန်းမသိတဲ့ ဆာလာအိတ်ကစက်လှေရဲ့ပန်ကာကို နွယ်ရှင်တစ်ခုကရစ်ပတ်သလိုရစ်ပတ်ထားတာကိုတွေ့ရတယ်။ စကလှေသမားကတော့ အေးဆေးပဲ။ ဘာမှမဟုတ်ပါဘူး၊ မစိုးရိမ်ကြပါနဲ့လို့လည်းမပြောဘူး။ ပန်ကာမှာလာငြိတဲ့ဆာလာအိတ်ကိုစိတ်ရှည်လက်ရှည် ဖြေယူပြီးစက်လှေကို ပြန်ခုတ်မောင်းတယ်။ ကျွန်တော်အတွေးတွေကတော့ စက်လှေသမားရဲ့စိတ်လိုမအေးဆေးပါဘူး။ တောင်တွေးမြောက်တွေးနဲ့ ငါးမိနစ်လောက်အတွင်းတစ်ကမ္ဘာစာလောက်အထိတွေးပစ်လိုက်တယ်။ ကျွန်တော်ကရေမကူးတတ်ဘူး။ မတော်တဆစက်လှေသာတစ်ခုခုဖြစ်သွားရင်ကျယ်ပျောတဲ့ မြစ်ပြင်ကို ကျွန်တော် ဘယ်လိုကူးခတ်ရမလဲ။ ဘယ်သူပစ်ချခဲ့မှန်းမသိတဲ့ ဒီဆာလာအိတ်ကြောင့် စက်လှေရဲ့ ပန်ကာရွက်တွေသာကျိုးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့ မြန်မာစကားပုံကြီးခေါင်းထဲရောက်ပြန်တယ်။ အဲဒီလိုငါးမိနစ်စာအချိန်အတွင်းတစ်ကမ္ဘာစာလောက် စိတ်ကတွေးပစ်လိုက်တယ်၊ မေခလာနတ်သမီးကဇနကမင်းသားကိုလာကယ်တဲ့အခန်းတွေတောင်ပါသေးရဲ့။ ကျွန်တော်လည်းဒီမြစ်ရဲ့နာမည်ကိုဘယ်လိုခေါ်လဲလို့ ဒုတိယအကြိမ်မြောက် ထပ်မေးလိုက်ပါတယ်။ စက်လှေကပုံမှန်အတိုင်း ပြန်လည်ခုတ်မောင်းနေပါပြီ။ စက်လှေပေါ်ပါသူတချို့က စက်လှေစီးရင်းအဆာပြေစားဖို့အတွက် မြို့ပေါ်ကဝယ်လာတဲ့ စားသောက်ဖွယ်နဲ့ မုန့်ပဲသွားရေစာတချို့ကိုထုတ်ယူစားသောက်နေကြပါတယ်။ ကျွန်တော်ရဲ့ ဒုတိယအကြိမ်မြောက်မေးခွန်းမှာလှေပေါ်ပါလာသူတချို့က ခရီးသွားတွေထဲကအသက်အကြီးဆုံးအမျိုးသမီးကြီးကိုလှမ်းကြည့်လိုက်ကြတယ်။ ပြီးတော့ ကျွန်တော့်ရဲ့မေးခွန်းကို ၎င်းအမျိုးသမီးကြီးကိုလှမ်းမေးကြပါတယ်။ ဒါပေမယ့် သူတို့ လှမ်းမေးတဲ့အသံကိုအမျိုးသမီးကြီးကမကြားပါဘူး။ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကြောာင့်ရော။ […]

Page 7 of 7
1 2 3 4 5 6 7