နှင်းမဝေနိုင်တဲ့ဆောင်း

ဆောင်းရဲ့အငွေ့အသက်တွေကို ပြည့်ပြည်ဝဝ ခံစားရရှိခြင်းမရှိတဲ့ ဆောင်းရာသီရဲ့ နံနက်ခင်းတစ်ခု မှာဖြစ်ပါတယ်။လူတစ်စုဟာ ဓားတွေ၊ လွှတွေ၊ ရဲဒင်းတွေ ကြိုးတွေကို အသုံးပြုပြီး သစ်ပင်ကြီး တစ်ပင်ကို ခုတ် ဖြတ်ဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။သစ်ပင်ကြီးကို ဘာအတွက်ခုတ်ကြမှာလဲ ၊ဘာ့ကြောင့် ခုတ်ကြတာလဲ။တချို့ အ ကိုင်း၊ အခက်ေတွေကိုပဲ ခုတ်မှာလား ၊ဒါမှမဟုတ် အဲဒီ့အပင်ကြီးရဲ့ ပင်စည်အရင်းကနေပဲ ခုတ်လှဲပြစ်လိုက်ကြ မြာလား ဘယ္လို ခုတ်ကြမှာလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ကျွန်တော် သိတာက အဲဒီ့နေ့က ကောင်းကင်ကြီးတစ်ခုလုံးမှာ မိုးရဲ့ အရိပ် မိုးရဲ့အရောင်တွေ တွဲလွဲဲခိုနေခဲ့ကြတယ် ဆိုတာကိုပါပဲ။ တကယ်လည်း အဲဒီနေ့က ဆောင်းဟာ လိင်ပြောင်းဖို့ စိတ်အား ထက်သန်နေသူတစ်ယောက်ရဲ့ ပုံစံ မျိုးနဲ့ မိုးရဲ့ အရိပ် မိုးရဲ့ အရောင်တွေကို ညို့နေအောင် ပန်ဆင်ထားခဲ့ပါတယ်။(မိတ်ဆွေတစ်ယောက်ကတော့ ဘ […]

နှင်းနဲ့ထွေးတဲ့ နောင်ချိုဆောင်း

ထုံကျင်အေးစက်နေသော ခြေထောက်များကို ကြိုးစားမယူ လျှောက်လှမ်းရင်းက walking shoe စီးမလာမိတာ မှားပြီဟု တွေးလိုက်မိသည်။ ထင်းရူးပင်များ ဝဲယာခြံရံထားသော လမ်းကလေးအတိုင်း လမ်းလျှောက်နေရာက ကျောင်းဝန်းအတွင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေသော ဆရာလေးသုံးပါးကို မြူနှင်းဖွေးဖွေးအောက်တွင် တွေ့ရသည်။ ဆရာလေးတွေက ဆောင်းနှင့် အသားကျနေပုံရသည်။ သူတို့ကိုကြည့်ရသည်မှာ ထွေထူးပြီး အအေးဒဏ်ကို ခံစားရသည့်ပုံမပေါ်။ ကျွန်တော့်မှာသာ ကိုယ့်ကိုယ်ကို ထိန်းမရအောင် တုန်ခါနေသည်။ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုဆောင်းကို တစ်ကြိမ်တစ်ခါမျှပင် မကြုံဖူးသော ကျွန်တော့်အတွက် ရှမ်းပြည်ဆောင်းဆိုတာ ဒီလိုမျိုးပါလားဟုတွေးလိုက်မိရင်း ဘာမှ ကောင်းကောင်းမမြင်ရသော တောရကျောင်းဝန်းထဲ ဖွေးဖွေးလှုပ် ပြိုဆင်းနေသော နှင်းဖတ်မျှင်မျှင်လေးများကြားတွင် လိုက်လံစူးစမ်းနေမိသည်။ တောရိုင်းပန်းဖြူဖြူလေးများသည် နှင်းဖွေးဖွေးအောက်တွင် ပျောက်နေသည်။ ရှမ်းတောင်တန်း၏ သင်္ကေတ နေကြာရိုင်းဝါဝါများကိုလည်း ကောင်းကောင်းမမြင်ရ။ စေတီခြေတော်ရင်းတွင် ဖိနပ်ကိုချွတ်ကာ စေတီရင်ပြင်ပေါ်သို့ ခြေထောက်ချလိုက်တော့ […]

” ဇာတိမြေလွမ်းချင်း”

အခြေအနေ အကြောင်းကြောင်းကြောင့် ရေကြည်ရာ မြက်နုရာအရပ်သို့ ရွှေ့ပြောင်း ရောက်ရှိ နေ ထိုင်နေခဲ့ရသော်လည်း ကျွန်တော်၏ ဇာတိက ရန်ကုန် တစ်ဖက်ကမ်းမှ “သန်လျင်” ဟု အမည်ရသည့် မြို့ကေ လးဖြစ်ပါသည်။သန်လျင်သည် တစ်ချိန်က ဟံသာဝတီခရိုင်၊ သန်လျင်နယ်၏ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ပါသည်။ ပဲခူးမြစ်ပေါ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းတည်ရှိရာ မြို့လည်း ဖြစ်ပါသည်။ယခင်က သန်လျင် နယ်တွင် ကျောက်တန်း၊ သုံးခြ ၊ ခရမ်းမြို့နယ်တို့ ပါဝင်ခဲ့ပါသည်။၎င်းအစုအဝေးကိုပင် အင်္ဂလိပ်တို့က (ဆီရီယမ်) Syriam ဟု ခေါ်ဆိုခဲ့ကြပါသည်။ သန်လျင်သည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ထင်ရှားသော မြို့တစ်မြို့ အဖြစ်ရှိခဲ့ပါသည်။မြို့ ကိုတည်သူ ငသန်လျင်အား အစွဲပြု၍ သန်လျင်မြို့ဟု တွင်ကြောင်း သန်လျင် သမိုင်း၌ဆိုသော်လည်း အချို့သော မှတ်တမ်းများကတော့ […]

သဘာဝမလွန်ပါစေနဲ့ဆောင်းရယ်

ဒီဇင်ဘာဆောင်းဆိုတော့ အေးစိမ့်လာတတ်တဲ့ ညတွေကို ဘယ်လိုမှ ငြင်းလို့မရဘူး။ရေနွေးပူပူ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်းသာ အအေးဒဏ်ကို ရနိုင်သမျှ တွန်းလှန်နေခဲ့မိတယ်။ ဒါပေမဲ့လည်း ခဏပဲ နွေးသလို ခံစားလိုက်ရတယ်။ အေးစိမ့်လာတဲ့ ညအစိုင်အခဲကိုတော့ ဖျော်ချမပစ်နိုင်ခဲ့ဘူး။ ညဦးပိုင်းလောက်ကတည်းက အေးလာတဲ့ အအေးဓာတ်က ညနက်လာလေလေ အေးလာလေလေဆိုတော့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့အတွက် မလွယ်ကူတော့။ဖျာကလည်း အေးစက်။ကိုယ့်ခန္ဓာက အသားတွေကလည်း အေးစက်။ဖတ်လက်စစာအုပ် ကိုင်ကြည့်တော့လည်း အေးစက်လို့နေတယ်။ဒီလိုနဲ့ပဲ အိပ်စက်ခြင်းဆိုတာထက် စာဖတ်ခြင်းဆီကိုသာ စိတ်က အမြဲ ရောက်နေခဲ့တယ်။စာအုပ်ရဲ့ မျက်နှာဖုံးနဲ့ နောက်ကျောဖုံး အေးစက်နေတာကိုတော့ သည်းခံနိုင်ပါတယ်။စာအုပ်ကိုင်ထားရင်းနဲ့ တစ်ခါတစ်ရံမှာ လက်တွေအေးစက်ထုံကျင်လာသလား ထင်မှတ်ရတယ်။စာအုပ်ကို ရင်ဘတ်ပေါ် ခဏတင်ပြီး လက်ဖဝါးနှစ်ဖက်ကို ဆုပ်လိုက်ဖြန့်လိုက်နဲ့ လက်ပူတိုက်ရပြန်တယ်။ဒါပဲ တက်နိုင်တယ်လေ။အတော်လေး နွေးလာတယ်ထင်တော့မှ စာအုပ်ကို ပြန်ကိုင်ဖတ်ဖြစ်တော့တယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပူလောင်အိုက်စပ်ခဲ့တဲ့ ညတွေကို […]

နွေးစေထွေး ဝေးဝေးနေ မိုးစက်တွေ

ညနေစောင်းလာတော့ အေအးဓာတ္က အနည်းငယ်ဝင်လာခဲ့ပြီ။ခြံရဲ့ တာထိပ္ကေန လယ်ကွင်းပြင်ဘက်ကို အကြည့်က အလိုလို ရောက်သွားခဲ့တယ်။တချို့ ထောင်လျက်သား စပါးပင်တွေ၊တချို့ ကိုင်းညွှတ်နေတဲ့ စပါးပင်တွေကို ကျွန်တော် ငေးကြည့်နေမိတယ်။မြောက်လေနဲ့အတူပါလာတဲ့ လယ်သင်းရနံ့တွေက ကျွန်တော့်စိတ်ထဲ တစ်မျိုးတစ်ဖုံ ကြည်နူးသွားသလို ခံစားလိုက်ရတယ်။ကျွန်တော် အသက္ကို တဝကြီး ရှုလိုက်မိတယ်။ကျွန်တော့် အဆုတ်ထဲမှာ ရိတ်သိမ်းလို့ရပြီဖြစ်တဲ့ စပါးနှံတွေ လေအတိုးမှာ ဝင်ရောက်လှုပ်ယမ်းသွားသလိုပဲ ခံစားလိုက်ရတယ်။ကောက်ရိတ်ပြီး ပြန်လာကြတဲ့ လယ်သူမတချို့ကို ဟိုးခပ်ဝေးဝေး လယ်ကန်သင်းရိုးပေါ်ကနေ လမ်းလျှောက်ပြန်လာကြတာကိုလည်း တွေ့နေရတယ်။တချို့က သီချင်းညည်းလို့။တချို့က ရယ်မော စကားပြောလို့။တချို့က တံစဉ်တွေကို ဘဝအပေါ် ထမ်းတင်လို့။ ညက ပျိုမျစ်လာခဲ့ပြီ။ဝန်းကျင်က အနည်းငယ် မှောင်လာခဲ့ပြီ။မြေမျက်နှာသွင်ပြင်က အရောင်တချို့ကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေခဲ့ပြီ။လယ်ကွင်းပြင်ထဲမှာလည်း အနည်းငယ် မှောင်လာခဲ့ပြီ။စပါးပင်တွေလည်း ဝိုးတဝါး။သစ်ပင်တောတန်းတွေလည်း ဝိုးတဝါး။ကောင်းကင်ပြင်လည်း ဝိုးတဝါး။ဒါပေမဲ့ လပြည့်ကျော်ရုံ လမင်းကြီးကတော့ တောက်ပမှုအရောင် […]

နှင်းတွေဆင်းတဲ့လမ်း

ဟောဒီလမ်းကို ကျွန်တော် သတိထားမိတာ ဟိုးအရင် လေးငါးခြောက်နှစ်အရွယ်၊ကလေးဘဝကတည်းကဆိုပါတော့။ ဟောဒီလို ဆောင်းလရာသီရောက်လာပြီဆိုရင် ကျွန်တော်သွားလေ့ရှိတဲ့လမ်းမတစ်ခုရဲ့ဘေးက မြက်ပင်တွေမှာအကိုင်းတွေညွှတ်အောင်သီးနေတဲ့ ရေစက်ကလေးတွေကို အျမဲ တွေ့ရလေ့ရှိတယ်။ အဲဒီ ရေစက်ကလေးတွေကိုမြင်ပြီဆိုရင် ကျွန်တော်က လက်ကလေးနဲ့ သွားတောက်လိုက်ရမှ ဒါမှမဟုတ် အဲဒီရေစက်ကလေးတွေကို လက်ဖျားကလေးတွေနဲ့ သဲ့ယူလိုက်ရမှ စိတ်ကျေနပ်သွားတာ။ အေဖကေတာ့ အဲဒီ မြက်ပင်ဖျားက ရေစက်ကလေးတွေကို နှင်းသီးကလေးတွေလို့ ခေါ်ကြောင်း ပြောပြဖူးတယ်။ ကျွန်တော်ဟာ အဲဒီနှင်းသီးကလေးတွေကို ဆောင်းဦးမနက်တွေထဲက တစ်ရက်ရက်မှာ သွားပြီး ခူးလေ့ရှိတယ်။ တစ်ခါတစ်ခါ စိတ်လိုလက်ရရှိတဲ့အခါ မနက်ခင်းတိုင်းလုနီပါးသွားခူးလေးရှိတယ်။ နှင်းသီးကလေးတွေကိုခူးတဲ့အခါ အေးစက်တဲ့အထိအတွေ့နဲ့အတူ မြက်ပင်ဖျားတို့ရဲ့ နှင်းလူးရနံ့ကိုပါ ရလေ့ရှိတယ်။ မြက်ခင်းပြင်ကြီးမှာပဲဖြစ်ဖြစ် ၊လမ်းဘေးက မြက်ပင်ကလေးတွေဆီမှာပဲဖြစ်ဖြစ် မြက်ပင်ကိုင်းဖျားတွေမှာနှင်းတွေအိကျနေအောင်သီးနေတာကိုမြင်ရင် အဲဒီ နှင်းတောထဲကို ကျွန်တော် မသြားဘဲ မနေနိုင်ဘူး။ လူတွေက ချမ်းချမ်းအေးအေးနဲ့ ဘာတွေလုပ်နေတာလဲလို့မေးရင် […]

သဘာဝ၏ ဟာမိုနီ

ကျွန်တော် ကြည့်နေစဉ်မှာပင် လမ်းဘေးရှိ သစ်ပင်များ နောက်တွင် တရိပ်ရိပ် ကျန်ရစ်ခဲ့ကြသည်။ ထိုသစ်ပင်များသည် ဘယ်တော့မှ ဆုံး တော့သည့် အတိုင်းပင်။ သစ်ပင်တစ်ပင်နောက်သို့ သစ်ပင်တစ်ပင်က လိုက်ပါသွားသည်။ တစ်ပင်ပြီး တစ်ပင် … နောက်တစ်ပင်ပြီး နောက်တစ် ပင်။ ထိုအခါ စီတန်းနေသော သစ်ပင် အတန်းကြီးသည် တဝဲလည်လည်နှင့် ကျန်ရစ်ခဲ့ကြတော့သည်။ ကျွန်တော့် စိတ်ထဲမှာ ကားစီးရင်း ကြည့်နေရသည်ဟု မထင်ဘဲ ခြားရဟတ်စီးရင်း ကြည့်နေရသလို ထင်မိလေသည်။ နေရောင်သည် ညနေချိန်််ဖြစ်သောကြောင့် စူးလည်းစူး၊ တောက်လည်းတောက်ပလှသည်။ ပြဇာတ်ခင်းနေသည့် ဇာတ်ခုံပေါ်မှာ စလိုက်မီးတွေ ပြိုင်ထိုးသည့်အတိုင်းပင်။ ကျွန်တော်သည် ပြေးနေသည့် ကားပေါ်မှာ လိုက် ပါလာရင်း ညနေခင်းပြဇာတ်ကို ထိုင်ကြည့်ရသည်နှင့် တူနေလေမလားမသိ။ သဘာဝက်လွေသာ ပြဇာတ်တစ်ပုဒ်။ သို့မဟုတ် ညနေခင်း […]

ဆယ့်နှစ်လရာသီ စာပန်းချီ

ပန်းပင်လေးတွေ ချစ်တတ်သောသူတိုင်း အိမ်၏ကျက်သရေကို အလှဆင်ဖို့ အိမ်ရှေ့မှာ ပန်းအိုးလေးတွေ တည်ထားတတ်ကြသည်။ ပန်းပင် လေးတွေစိုက်ပျိုးပြီး ပန်းခင်းလေးတွေ ပြုလုပ်ထားတတ်ကြသည်။ ထိုသို့ ပန်းခင်းလေးတွေ ပြုလုပ်ထားခြင်းသည် လောကကို အလှဆင်ပေးခြင်း လည်းမည်၏။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်လေ၏။ ပန်းပင်လေးတွေသည် သစ်ရိပ်ဝါးရိပ်ကြီးတို့ကဲ့သို့ အောက်ဆီဂျင် အများကြီးမပေးနိုင်သော်လည်း မိမိစွမ်းဆောင်နိုင်သည့် အင်အားဖြင့် လွင့်လာသော လေပြေလေညှင်းတွေကို မွှေးမြသွားအောင် နံသာရည်တို့ ဖြင့် ပက်ဖြန်းပေးတတ်လေသည်။ ဤကဲ့သို့ နံ့သာရည်များ ဖြန်းပက်ပေးတတ်သော ပန်းပွင့်လေးများသည် နံ့သာခူးသောလက်ကိုတော့ မုန်းမိကြသည်။ နံ့သာခူးသောလက်ဆိုသော နာမည်သည် အမည်အားဖြင့် တင့်တယ်လှပသလောက် ပန်းပင်လေးတွေအတွက် ပန်းပင်လေးတွေအတွက် အခံရခက်လှသည်။ ပန်းပွင့်လေးတွေအတွက် မျက်ရည်ဝဲရသည်။ ကြွေချိန်မတန်သေးဘဲ အချွေခံရမည်ကို တွေးပြီး ကြောက်မိကြသည်။ ပန်းပင်လေးတွေကို ချစ်မြတ်နိုးတဲ့သူတိုင်း ပန်းခင်းလေးများ၏ရှေ့တွင် ပန်းမခူးရဆိုသော […]

ဝါကောက်ချိန်

ဆောင်းအကြောင်းပြောတော့ နှင်းတွေက တပေါက်ပေါက်နဲ့။ လရောင်က တိမ်တွေကို ခစရာ မလိုတော့တဲ့ အချိန်။ ဝါပင်တွေသာ စကားပြောတတ်မယ် ဆိုရင် ဖြည့်စွက်ရေလိုတဲ့ အချိန်ပဲ။ မြန်မာပြည်မှာ မိုးနှောင်းဝါကို ရေသွင်းပြီး သိသလောက်တော့ မစိုကျနိုငျကွသေးဘူး။ ကုန်းမြင့်တဲ့ ယာတွေချည်းမှာပဲ အများစုက စိုက်ထားကြတာ။ ကြက်ဥတထောက် ဝါတပေါက်တဲ့။ ဝါတွေ သစ္စာရှိလိုက်ပုံများ ပြောပါတယ်။ လက်ဖျားသီးတဲ့။ လက်ရင်းသီးတဲ့။ ဝါသီးတာနဲ့ ပက်သက်ပြီး သုံးနှုံးကြတဲ့ ဘာသာ စကား။ ဝါထွက်ကောင်းမကောင်းက နောက်မိုးကောငျး မကောင်း အပေါ်မှာ မူတည်နေတယျ။ ယာထဲမှာ အဖေနဲ့ ဝါကောက်ရတယ်။ ကိုယ့် ယာထဲ ကိုယ်ပါပဲ။ အဖေကြီးက ဝါကောက်သမ မခေါ်ချင်ဘူး။ ဝါ လှိုင်လှိုင် ပေါက်ရင်တော့ တမျိုး။ သူကိုယ်တိုင် စိတ်တိုင်းမကျလို့တဲ့ လေ။ […]

ပင်လယ်ကြီးသာ စကားပြောတတ်မည်ဆိုလျှင်

(၁) ရွှေလက်က မြစ်ဝကျွန်းပေါ်ဒေသမြစ်၊ချောင်းများကြားတွင် တည်ရှိသည့် ကျေးရွာကလေးတစ်ရွာ၌ မွေးဖွားခဲ့သော်လည်းပင်လယ်နှင့် အနေမနီးခဲ့ပေ။ လပွတ္တာမြို့နယ်အတွင်းရှိပင် လယ်နှင့်နီးသောကျေးရွာများတွင် ဆွေမျိုးများရှိသော်လည်းတစ်ခါမှ မရောက်ခဲ့ဖူးပေ။ ထိုဒေသမှ ဆွေမျိုးများရွှေလက်တို့ ရွာသို့ အလည်လာပြီးအပြန်တွင် ပင်လယ်ဘက်သို့ အလည်လိုက်ခဲ့ ရန် ခေါ်ကြပါသည်။ သို့သော် မိခင်ကြီး၏ စိုးရိမ်ပူပန်မှုကြောင့် ပင်လယ်သို့ လိုက်ခွင့်မသာခဲ့ချေ။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ က တပ်မတော်(ရေ) ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက် ပြီးသတင်းယူရန်အတွက် ကိုကိုး ကျွန်းသို့ သွားရောက်ခဲ့ရသည်။ ထိုအခါမှ ရွှေလက်တစ်ယောက် ပထမဆုံးအကြိမ် ပင်လယ်ကို မြင်ခွင့်ရခဲ့သည်။ ကိုကိုးကျွန်းသို့ ရောက်ရန် ပင်လယ်ပြင်ကိုလေယာဉ်ဖြင့် ဖြတ်ခဲ့ရသည်။ ကိုကိုး ကျွန်းပေါ်တွင် ပင်လယ်လှိုင်းရိုက် သံများကိုနားဆင်ကာတစ်ညအိပ်ခဲ့ရသည်။ ကိုကိုးကျွန်းမှတစ် ဆင့် တပ်မတော်စစ်ရေယာဉ်များ ဖြင့် ပင်လယ်ကိုဖြတ်ကာစစ်ရေးလေ့ကျင့်မှုကိုဓာတ်ပုံရိုက် သတင်းယူခဲ့ရသည်။ ရွှေလက်သည် […]

Page 5 of 7
1 2 3 4 5 6 7