အညာနဲ့ ထန်း အိုးစားမကွဲစေချင်ပါ
နွေဦးကာလ မြူထသောခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက် ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ ဝန်ကြီးပဒေသရာဇာရေး တဲ့ ‘နွေဦးကာလ မြူထသောခါ’ တျာချင်းကဗျာရဲ့ နိဒါန်းအပိုဒ် လေး ဖြစ်ပါတယ်။ ရွှေလက်ဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ ကြီးပြင်း ခဲ့ရပေမယ့် အဲဒီကဗျာလေး ကြောင့် အညာဒေသနဲ့ ထန်းတောနဲ့ ထန်းတက်သမားမိသားစုနဲ့ စိတ်ထဲမှာ အလိုလိုရင်းနှီးကျွမ်း ဝင်ခဲ့ရတယ်။ အညာဒေသလို့ဆို လိုက်တာနဲ့ ထန်းပင်ထန်းတောကြီးတွေ၊ ထန်းတက်သမား မိသားစုဘဝတွေကို စိတ်အာရုံမှာ အလိုလိုမြင်ယောင်လာတဲ့ အထိ အဲဒီတျာချင်းကဗျာလေးက အ စွမ်းထက်လှပါတယ်။ အဲဒီကဗျာ ကြောင့်ပဲ နောက်ပိုင်းကာလတွေ မှာ အလုပ်တာဝန်တွေနဲ့ အညာဒေသရောက်တဲ့အခါမှာလည်း ထန်းပင်၊ ထန်းတောကြီးတွေဆီ အရောက်သွားခဲ့ တယ်။ ထန်းပင်ကျရည်ကို သောက်၊ ပဲကြီးလှော် နဲ့ […]