မျိုးသုဥ်းလုအန္တရာယ်ရှိ ကြိုးကြာခေါင်းနီများကို ကာကွယ်ထိန်းသိမ်းကြပါစို့

ကျွန်တော်တို့နိုင်ငံမှာ ငှက်မျိုးစိတ်အများအပြားရှိ ပါတယ်။သိရသလောက်တော့ ၁၁၃၀ လောက်ရှိတယ်လို့သိရပါတယ်။ဒေသရင်းငှက်တွေရှိသလို ဆောင်းခိုငှက်တွေလည်းလာရောက်လေ့ရှိတယ်။ယခုရာသီကလည်းမိုးကုန်လုဖြစ်နေပြီ။ မကြာခင်ဆောင်းဝင်လာတော့မှာမို့ ဆောင်းခိုငှက်တွေရောက်လာတော့မှာပါ။ တချို့ဒေသတွေဆို ဝင်ရောက်စပြုလာပြီလို့လည်း သိရတယ်။ မြန်မာနိုင်ငံမှာတချို့ငှက်မျိုးစိတ်တွေပျောက်ကွယ်လုဖြစ်လာနေတယ်။ ဆောင်းခိုငှက်မျိုး စိတ်ပေါင်း ၅၀ လောက်မျိုးသုဥ်းလုအန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဥပမာ-ငှက်ကြီးဝန် ပိုကဲ့သို့ငှက်မျိုးပေါ့။ငှက်ကြီးဝန်ပိုငှက်အကြောင်းကိုတော့ ကျွန်တော်ဆောင်းပါးရေးခဲ့ဖူးပါတယ်။ ယခုလည်းငှက်ကြီးဝန်ပိုတွေလိုပဲ ကြိုးကြာခေါင်းနီငှက်မျိုးစိတ်တ်မျိုးလည်း မျိုးသုဥ်းလုအန္တ ရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ သိရတယ်။ ကြိုးကြာငှက်က ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့ မစိမ်းပါဘူး။ ရှင်မောဂ္ဂလာန်နုစဥ်ဘဝက လယ်ထွန်နေရင်းကြိုးကြာဥနှစ်လုံးကိုယူလာပြီး ဇနီးသည်ကို ပြုတ်စေတယ်။ ပြီးတော့ဇနီးသည်တစ်လုံး အမေတစ်လုံး ကျွေးစေရာ ဇနီးဖြစ်သူက သူချည်း အကုန်စားပြီး မျက်မမြင်ယောက္ခမဖြစ်သူကို သံပရာသီးကို ကြိုးကြာဥဆိုပြီး လိမ်ကျွေးတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကကြိုးကြာအော်သံကြားတော့ ယောက္ခမဖြစ်သူက”အော် ရွှေကြိုးကြာရယ် နင်အသံသာပေမယ့်၊ နင့်ဥကချဥ်လိုက်တာ”လို့ ညည်းတွားခဲ့တယ်။ ဒီဖြစ်စဥ်လေးကြောင့် ကြိုးကြာငှက်ဟာ မြန်မာလူမျိုးတို့နဲ့ဆက်စပ်မှုရှိနေတယ်။ ကြိုးကြာဥကိုလည်း အစားကောင်းဟုယုံကြည်ကြသည်။ ကြိုးကြာငှက်သည် […]

ဘယ်တော့မှ လက်လျှော့လို့မရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကမ္ဘာ့အပူအချိန် တဖြည်းဖြည်းမြင့်တက်နေသည်။ ကမ္ဘာ့လေထုလည်း ညစ်ညမ်းနေသည်။ သစ်တောတွေလည်း ပြုန်းတီးနေဆဲဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနေသည်။ စိုက်ပျိုးရေးတွေမှာ မြေဆီလွှာနှင့် ကျန်းမာရေးကို ဒုက္ခပေးသည့် ပိုးသတ်ဆေး၊ မြေသြဇာတွေ သုံးနေကြဆဲဖြစ်သည်။ ပလစ်စတစ်ကိုလည်း လွယ်လွယ်သုံးလွယ်လွင့်ပစ်နေကြသည်။ မြစ်တွေချောင်းတွေ ညစ်ညမ်းပြီး ကောကုန်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေက ပြောလို့ပင်ကုန်နိုင်ဖွယ်မရှိပါ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကိုကြည့်ပြီး ထိန်းသိမ်းနိုင်ပါ့မလား ဟု တွေးထင်စရာဖြစ်ပါသည်။ ထို့နောက် ငါတစ်ယောက်ထဲ ထိန်းသိမ်းနေရုံနဲ့ရော ထူးပါ့မလားဟု နောက်ဆက်တွဲ အတွေးဝင်နိုင်ပါသည်။ ထိုကဲ့သို့အတွေး ဝင်လာလျှင် ဖျောက်ဖျက်ပစ်လိုက်ပြီး ကိုယ်တတ်နိုင်သလောက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါသည်။ မိုးရေတစ်ပေါက်ခြင်းစုဆောင်းရာကနေ ရေကန်တွေဖြစ်လာသလို ၊ မြက်ပင်တစ်ပင်ခြင်းစုပေါင်းရာကနေ မြက်ခင်းတွေဖြစ်လာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း တစ်ဦးချင်းထိန်းသိမ်းသူတွေများလာလျှင် မုချအောင်မြင်ရမည်ဖြစ်သည်။ မအောင်မြင်လို့လည်းမရ။ သဘာဝပတ်ဝန်းကျင် လုံးဝပျက်စီးသွားလျှင် လူအပါအဝင် သတ္တဝါတွေ အသက်မရှင်နိုင်ပါ။ […]

အင်းလေးကန်

အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။ လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။ ပထဝီဝင်ဆိုင်ရာအခြင်းအရာ ***************************** အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး […]

ကျေးလက်ကဗျာလေးတွေက ပြောတဲ့သဘာဝပတ်ဝန်းကျင်နှင့် ခေတ်ပေါ်ကဗျာတစ်ပုဒ်ရဲ့ဝန်ခံချက်

ရှေးကျေးလက် ကဗျာတွေထဲမှာ ရာသီဥတု၊သစ်ပင်တွေအကြောင်းပါနေတာလေးတွေကိုပြောချင်ပါတယ်။ ဒီကျေးလက်ကဗျာတွေလေးဟာ ဘယ်သူက စပ်ဆိုခဲ့တယ်ရယ်လို့ မသိကြရပါဘူး။ မြန်မာပြည်သူတွေ နူတ်ဖျားကနေ ရွတ်ဆိုလက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ ကဗျာလေးတွေဖြစ်ပါတယ်။ ” ကောက်တီနဲ့ မယ်စော ရောနှောပါလို့ ပျိိုးတောင် မိုးလေက ခေါင်။ သည်ပျိုးရေအောင်မှ မယ်နဲ့မောင် အလှူပေးမယ် မိုးကူပလေး။” တောင်သူဇနီးမောင်နှံနှစ်ဦးက သူတို့အလှူပြုနိုင်ဖို့ မိုးကိုအကူအညီတောင်းနေတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ရှေးခတ်အခါကလည်း ရာသီဥတုဟာ ခုခေတ်လို မဆိုးဝါးပေမယ့် မိုးခေါင်တဲ့နှစ်တွေဆိုတာ ရှိခဲ့ကြတာပေပဲလို့ နားလည်ရပါတယ်။ ဒါပေမယ့် ကဗျာရဲ့လေထဲမှာ ပူပန်မှုမပါ။ ကဗျာထဲမှာ မိုးကိုချစ်တဲ့စိတ်ကလေးကိုလည်း တွေ့မြင်နေရပြန်တယ်။ မိုးဟာရွာလာမှာပဲရယ်လို့ ယုံကြည်မှုကိုလည်း တွေ့ရပါတယ်။ ပျိုလေးတို့ အိမ်စွန်း ကျွန်းဆယ့်နှစ်ပင် စောင့်ရှောက်စေချင်။ မငြိုငြင် ရှင်အောင်ပမွေး။ မယ်နှင့်မောင် ကံဆိုင်တော့ ကျောင်းတိုင်ဖို့လေး။ ဒီကဗျာလေးကတော့ ချစ်သူနှစ်ဦးကံဆုံကြတဲ့အခါ ကျောင်းဆောက်လှူဖို့ […]

ဘိုးဘွားသစ်ပင်ကြီးတွေ

တစ်ရက်ကျွန်တော့်ဇာတိရွာကလေးက အစ်မဝမ်းကွဲတစ်ယောက်နှင့် ဖုန်းပြောကြရင်း စိတ်ထဲ ရုတ်တရက်ပေါ်လာသဖြင့် ရွာဘုန်းကြီးကျောင်းအနောက်ဘက် ကပ်ရက် လမ်းဘေးက ကုက္ကိုလ်ပင်ကြီး အကြောင်းမေးလိုက်မိပါသည်။ ” ခုတ်ပစ်လိုက်ပြီးပြီကား။ မရှိတော့ဘူး။ခုတ်ဆို ဟိုဘက်ရွာက လူတစ်ယောက်ကို ဆယ်သိန်းနဲ့ ရောင်းတာ” ဟု သူက ပေါ့ပေါ့ပါးပါးအသံဖြင့် ပြောဆိုပါသည်။ အစ်မဖြစ်သူက ပေါ့ပေါ့ပါးပါးအသံဖြင့်ပြောဆိုလိုက်သော်လည်း ကျွန်တော့်စိတ်ထဲမှာ မပေါ့ပါးနိုင်ပါ။ နှမျောစိတ်၊ လွမ်းမောစိတ်တွေဖြစ်လျက် နေပါတော့သည်။ ထိုကုက္ကိုလ်ပင်ကြီးအောက်မှာ ကျွန်တော်တို့ကလေးဘဝက မောင်နှမတွေအတူကစားခဲ့ကြသည်။ သူငယ်ချင်းတွေနှင့်ထိုအပင်အောက်မှာပင်ချိန်းဆို တွေ့ဆုံခဲ့ကြရသည်။ ကျွန်တော်တို့မောင်နှမတွေ ထိုအပင်ကြီးအောက်မှာပင် စက်ဘီးစီသင်ပြီး စက်ဘီးစီးတတ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ငယ်ဘဝကစ အပင်ကြီးအဖြစ်ရှိနေနှင့်ပြီး သက်တမ်းဘယ်လောက်မှန်းမသိသည့် ဘိုးဘွားသစ်ပင် ၁၀ ပင်လောက် ကျွန်တော်တို့ရွာကလေးမှာရှိပါသည်။ ရွာမြောက်ဘက်အဝင်က စိမ်းစားသရက်ပင်ကြီးတစ်ပင်၊ မြစ်ကမ်းပါးဘေးက မန်ကျည်းပင်ကြီးနှစ်ပင်၊ ဘုန်ကြီးကျောင်းအနောက်ဘက်က ကုက္ကိုလ်ပင်၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းကြားက အောင်းပင်ဟုခေါ်ကြသည့် သရက်ပင်ကြီးသုံးပင်၊ စာသင်ကျောင်းဝင်းထဲက လက်ပံပင်ကြီးတစ်ပင်၊ […]

“”သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးပြုသော ဒီရေတောပင်များ””

မြန်မာနိုင်ငံသည် ဒီရေတောအများအပြားရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်း၊ကမ်းဦးရေတိမ်ပိုင်း၊ကမ်းတက် မြေများနှင့် ပင်လယ်ဒီရေဝင်ရောက်သော မြစ်ချောင်းကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသော တောများဖြစ်ပြီး လူနှင့် အခြား သက်ရှိဇီဝမျိုးစုံတို့အတွက် လွန်စွာအရေးပါသည့်တိုင် အကြောင်းအမျိုးမျိုး ဖြင့် ပျက်စီးဆုံးရှုံးနေရသည့် သယံဇာတများလည်း ဖြစ်သည်။ ဒီရေတောများ၏ အရေးပါပုံ ဒီရေတောတွင်ပေါက်ရောက်သော အပင်များသည် တန်ဖိုးမရှိဟု သာမန်အား ဖြင့် ထင်မြင်ရသော်လည်း ယင်းအပင်များ၏ထူးခြားသော အမြစ်များနှင့် တစ်စုတစ်ဝေးတည်း ထူထပ်စွာပေါက်ရောက်မှုတို့ကြောင့် ဒီရေလှိုင်းများ၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိပြီး ကမ်းပြိုမှုကို ကာကွယ်ပေးနိုင်သည်။ ဒီရေတောများအတွင်း ငါး၊ပုစွန်၊ကဏန်းနှင့် ရေသတ္တဝါများ ရှင်သန်ကျက်စား ခြင်း၊သားပေါက်မျိုးပွားခြင်းတို့ကြောင့် ငါး၊ပုစွန်စသော ရေထွက်သယံဇာတ များကို တိုးပွားစေနိုင်ပြီး ပင်လယ်စာထုတ်လုပ်နိုင်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်သည်။ ဒီရေတောများသည် ကုန်းမြေပေါ်ရှိ […]

“အပင်နှင့် သစ်တော ထိန်းသိမ်းပါ ဂေဟစနစ်တည်မြဲဖို့ရာ “

“ပဒေသာပင်‌မြေမှ ပေါက်သကဲ့သို့” ဟု ဆိုရလောက်သော ကမ္ဘာမြေသည် ရှေးယခင်က လူသားတို့ လိုအင်မှန်သမျှကို ပေးစွမ်းဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အပင်မျိုး‌ ပေါင်း ထောင်ကျော် အပါအဝင် ဇီဝမျိုးကွဲများဖြင့် တင့်တယ်ခဲ့သည်။ ခုနှစ်၊ သက္ကရာဇ်တို့ တစ်နှစ်ပြီး တစ်နှစ်ပွားများလာရာ လူဦးရေများကလည်း တစ်နေ့ထက် ‌တစ်နေ့ တိုးပွားလာ ကြသည်။ တီထွင်ကြံဆမှုများနှင့် နည်းစနစ်များ ပြောင်းလဲဖြစ်ပေါ်ပြီးနောက် ၂၁ရာစုတွင် လူသားတို့၏ အတောမသတ်လိုသော လောဘနှင့် တိုးတက်လိုစိတ်တို့က ဂေဟစနစ် ယိုယွင်းမှု အန္တရာယ်ကို လက်ယက် ဖိတ်ခေါ်နေတော့သည်။ ဆီဆည်ရွာသား ဦး‌အောင်ကြီးက “တောင်လည်းသာမော၊ တောလည်းသာထွေ၊ ရေလည်း သာလှ ဖြူလွှ သောင်ပြင်၊ငှက်ပေါင်းယှဉ်လျက်”ဟု သဘာဝပတ်ဝန်းကျင် အလှကို ဖွဲ့ဆိုခဲ့သည်။ မှန်ပါသည်။သဘာဝပတ်ဝန်းကျင် အလှတွင် တော၊တောင် သဘာဝ သာမက အပင်များ ၊ကျေးငှက် […]

သရွတ်သွပ်ကိုကာကွယ်ကြ

(ဧရာဝတီတိုင်းဒေသကြီး ဝါခယ်မမြို့ တစ်ဖက်ကမ်းရှိ သရွတ်သွပ်ချောင်းလေးနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ ကဗျာဆရာမောင်သက်ငြိမ်က ရေးသားခဲ့တာကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်) ကွယ်လွန်သွားပြီဖြစ်သောကဗျာဆရာနှစ်ယောက်၏ကဗျာနှစ်ပုဒ်မှ ကဗျာအပိုင်းအစအနည်းငယ်ကိုတင်ပြလိုသည်။ ပထမတပုဒ်မှာ ကဗျာဆရာ “မောင်ချောနွယ်”၏”ရေထဲမြို့”ကဗျာ… “ဟောဒီမှာ မြို့လေးတမြို့လေ ကဗျာဆရာ”မာလာမေ”မြင်မသွားခဲ့ဖူးတဲ့မြို့ မြို့လေးတမြို့လေ သူ့လယ်ကွင်းရင်ဘတ်ထဲက သော်ကဘုရားရယ် သူ့နှလုံးသားရင်ဘတ်ထဲ ဝင်ဝင်ခွေ့တတ်တဲ့မြောက်ပြန်လေရယ် အဲဒီမြောက်ပြန်လေကပွေ့ပွေ့လာတဲ့ စပါးပင်ပျိုမလေးရဲ့ကိုယ်နံ့လေးရယ် လမုပင်အုပ်ကလေးနဲ့ ချစ်ကြိုးသွယ်နေသူ သရွတ်သွပ်ချောင်းကလေးရယ်” ဒုတိယတပုဒ်မှာ ကဗျာဆရာ”ငွေယံဦး”၏”မွှေးတို့ရဲ့မြို့”ကဗျာ… “ခွေးပေါက်စတွေစုပြုံနို့စို့သလိုဆိပ်ကမ်းမှာ လှေတွေ ပဲ့ထောင်တွေရယ် ကူဘိုတာစက်တွေက နေ့နေ့ညညမြစ်ကို တဖူးဖူးမှုတ်တယ် ဝါးခယ်မကိုရောက်မှဖြစ်မယ်ပြောတဲ့ သရွတ်သွပ်ချောင်းကလေးရယ်” ကဗျာနှစ်ပုဒ်လုံးတွင် ချောင်းကလေးတချောင်းအမည်ပါဝင်နေသည်။ “သရွတ်သွပ်”တဲ့ မြို့ကိုမြှားတစင်းချိန်ထားသလို တဖက်ကမ်းမှလှမ်း၍ချိန်ရွယ်ထားသောချောင်းကလေး ဝါးခယ်မ-ကျွန်းကုန်း-အိမ်မဲ- ကျောင်းကုန်းလမ်း၏ အရေးပါသောချောင်းကလေး၊ ဘိုးဘွားဘီဘင်လက်ထက်ကစ၍ “ညောင်ဝိုင်း”ဒေသနှင့် “ရွာသစ်”ဒေသကို ပုခုံးတဖက်ဆီမှာ ထမ်းပိုးတာဝန်ကျေခဲ့သောချောင်းကလေး၊ လမုပင်အုပ်ဆိုင်းဆိုင်းတို့နှင့် စိမ်းလန်းခဲ့သောချောင်းကလေး၊ မဗေဒါတို့တသိုက် […]

မြန်မာနိုင်ငံရှိ အထင်ကရချောင်းများ (မုန်းချောင်း)

                မုန်းချောင်းသည် ချောင်းဟုခေါ်သော်လည်း အမှန်မှာ မြစ်ကလေးဖြစ်၏။ ၁၉၆ မိုင်ရှည်လျားသည်။ ဧရာဝတီမြစ်၏ လက်တက်ဖြစ်၍ ဧရာဝတီမြစ်အတွင်းသို့ လက်ျာ ဖက်ကမ်းမှ စီးဝင် ပေါင်းဆုံသည်။ မုန်းချောင်းသည် တောင်ပိုင်း ချင်းတောင်ခရိုင်ရှိ ဝိတိုရိယတောင်၊ ခေါနုဇုမ်၊ နတ်မတောင်ထိပ်၏ အနောက်ဖက်နှင့် မြောက်ဖက်ရှိ တောင်များတွင် မြစ်ဖျားခံသည်။ အစသော် တောင်ဖက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင် အတွင်းသို့ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဖက်မှ စီးဝင်သည်။ စေတုတ္တရာ မြို့နယ်ကို မြောက်မှ တောင်သို့ နှစ်ပိုင်းအတိမျှ ပိုင်း၍ စီးသည်။ ထိုနောက် ပွင့်ဖြူမြို့နယ်တွင်းသို့ ဖြတ်သန်း စီးဆင်းသည်။ မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။     […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူပါ၀င်လာဖို့ဆိုရင်

  (၁) ရွှေလက်တို့ မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်အနေအထားတွေဟာ လှပကောင်းမွန်လွန်းခဲ့ပါတယ်။ ရာသီဥတုသမမျှတတယ်။ သယံဇာတပေါကြွယ်ဝတယ်။ ဒါကြောင့် ရွှေလက်တို့အားလုံး မြန်မာနိုင်ငံသားဖြစ်ရတာကိုဂုဏ်ယူခဲ့ကြတယ်မဟုတ်လား။ အခုတော့ အစိုးရအဆက်ဆက် စီမံခန့်ခွဲတာညံ့ဖျင်းမှု၊ ၀ိသမလောဘသားတွေရဲ့ ဘယ်သူသေသေငတေမာရင်ပြီးရောလုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်တွေ ပျက်စီးခဲ့ရပြီ။ သယံဇာတတွေ ဆုံးရှုံးခဲ့ရပြီ။ သဘာဝပတ်ဝန်းကျင်အနေအထားတွေ ပျက်စီးပြီးရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲကုန်ပြီ။ အဲဒီဖြစ်စဉ်တွေရဲ့အကျိုးဆက်တွေက သဘာဝဘေးအန္တရာယ်ဆိုးတွေကို ဖြစ်ပေါ်စေခဲ့တယ်။ သဘာဝဘေးတွေကြောင့် လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေမြောက်များစွာဆုံးရှုံးခဲ့ရတယ်။   အဲဒါတွေအားလုံးကိုရွှေလက်တို့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ကြရတာပါ။ ဒါတွေအားလုံးဟာ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးလို့ ဖြစ်ခဲ့ရတယ်ဆိုတာရွှေလက် ပြောခဲ့ပြီးပါပြီ။ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကိုကမ္ဘာ့နိုင်ငံအသီးသီးကပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေအားလုံးကလက်ခံပြီး သဘာဝ ပတ်ဝန်းကျင် ထိ်န်းသိမ်းရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက် လုပ်ဆောင်နေကြပါတယ်။ ရွှေလက်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရ […]

Page 2 of 7
1 2 3 4 5 6 7