ကမ္ဘာ့ဆင်များနေ့ World Elephant Day

ကမ္ဘာ့ဆင်များနေ့ကို နှစ်စဉ် သြဂုတ်လ(၁၂) ရက်နေ့တွင် ကမ္ဘာပေါ်ရှိ ဆင်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ယင်းတို့၏နေရင်းဒေသများကို ထိန်းသိမ်းနိုင်စေရန် အတွက် လူထုအတွင်း အသိအမြင်များ နိုးကြားလာစေရန် ရည်ရွယ်ကျင်းပကြပါသည်။ ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ (၂) မျိုးရှင်သန်ပေါက်ဖွားပြီး ကုန်းနေ နို့တိုက်သတ္တဝါများထဲတွင် အကြီးမားဆုံးသောသတ္တဝါဖြစ်သည့်အပြင် ပင်ကိုယ်အသိဉာဏ် အလွန်မြင့်မားပြီး လွန်ခဲ့သောနှစ်ပေါင်း(၂၀) ခန့်က ကျင်လည်ကျက်စားခဲ့သည့်နေရာများကိုပင် ပြန်လည်၍ ကျင်လည်ကျက်စားနိုင်သည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်ကြပါသည်။ ဆင်သွားလျှင်လမ်းဖြစ်သည်ဆိုသည့် စကားအတိုင်း သဘာဝတောတွင်း ဆင်များသွား သည့်စွပ်ကြောင်းများကိုပင် အခြားသော သတ္တဝါများမှ လမ်းဖြစ် အသုံးပြုနိုင်သည့်အပြင် ဆင်သွားရာလမ်းတွင် ဆင်များစားသောက်၍ ကျန်ရှိသည့် သစ်ခက်၊ သစ်ကိုင်းများနှင့် သစ်သီး များကိုလည်း အခြားသောသတ္တဝါများမှ စာသုံးနိုင်သည့်အတွက် အခြားသောမျိုးစိတ်များ အပေါ် တွင် များစွာအကျိုးသက်ရောက်သည့် မျိုးစိတ်ဖြစ်သည့်အတွက် ယင်းမျိုးစိတ်တည်ရှိမှုသည် […]

သစ်ပင်များကို မိမိဘာသာ ကြီးထွားနိုင်သည့်အထိ ရှင်သန်အောင် စိုက်ပျိုးပေးပါ

ဆေးပညာတွင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည် ဆိုသကဲ့သို့ပင် သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးသွားပြီးမှ ပြုပြင်ပေးခြင်းထက် ပျက်စီးနိုင်ခြေရှိသည့်အချိန်ကို ဆန်းစစ်ကာ လိုအပ်သလို ထိန်းသိမ်းပေးခြင်းက များစွာ ပိုမိုကောင်းမွန် အကျိုးရှိလေ့ ရှိသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ပျက်စီးခါနီး သို့မဟုတ် ပျက်စီးပြီးကာမှ အရေးပေါ် နှင့် ပင်ပမ်းတကြီး လုပ်ဆောင်ရခြင်းထက်၊ ပျက်စီးနိုင်ခြေရှိသည့်အချိန်တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းက အချိန်၊ လုပ်အားနှင့် ကုန်ကျစရိတ် စသည်များကို များစွာ သက်သာစေပြီး ဂုဏ်ယူစရာ အလုပ်များ ဖြစ်လာစေမည် ဖြစ်သည်။ သက်ရှိ သက်မဲ့ ဝတ္ထုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ယင်းတို့၏ ဘဝဖြစ်စဉ်များနှင့်အတူ ဖြစ်တည်ပျက်စီးမှုပုံစံများကိုပါ သိရှိနားလည်ရန် လိုအပ်သည်။ ဘဝဖြစ်စဉ်များအတွင်း ပျက်စီးနိုင်မှုဖြစ်နိုင်သည့် အဆိုးဆုံးအခြေအနေများတွင် ဂရုတစိုက် အလေးထား ထိန်းသိမ်းပေးခြင်းဖြင့်၊ ယင်းတို့၏ ဘဝဖြစ်စဉ်များကို ပိုမိုကောင်းမွန်အောင် […]

ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်သွားခဲ့ရင်

တကယ်တော့ အဲ့ဒီမြေကြီးပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိဇီ၀မျိုးစိတ်အရေအတွက်က မြေဧကပေါ်မူတည်ပြီး ရာချီ ထောင်ချီ သောင်းချီရှိနေနိုင်တယ်။ အရေအတွက်ဆိုတာ တခုချင်းကို ပြောတမဟုတ်ဘူးနော်။ တူရာမျိုးစိတ် အရေအတွက်ကိုပြောတာ။ အဆိုပါဇီ၀မျိုးစိတ်တွေထဲမှာ ယေဘုယျအားဖြင့် ကြွက်၊ ပွေး၊ ရှဉ့်၊ ယုန်၊ မြွေ၊ ငှက်၊ ဖား၊ တောက်တဲ့ စတာတွေအပြင် အင်းဆက်တွေ တီကောင်တွေ စတဲ့သက်ရှိတွေအပြင် အဏုဇီ၀ပိုးတွေ မှိုတွေ ဘက်တီးရီယားတွေ စတဲ့ ဇီ၀မျိုးစိတ်တွေက အမြောက်အများရှိနေတယ်။ အဆိုပါ ဇီ၀မျိုးစိတ် မျိုးကွဲစုံတွေက တခုနဲ့ တခု အစာကွင်းဆက်အရရော မျိုးပွားမှုဖြစ်စဉ်အရရော တခုနဲ့တခု အပြန်အလှန် အမှီသဟဲ နေထိုင်နေကြတယ်။ ကိုယ်က မြေ၀ယ်ပြီး ကိုယ်ပိုင်တယ် အထင်နဲ့ လူတွေက သူတို့သန်ရာ မျိုးတွေ သီးသန့်သာ စီးပွားဖြစ်အမြောက်အများ စိုက်ပျိုးမွေးမြူကြမယ်ဆိုရင် နဂိုရှိ […]

ဆယ်လ်မွန်ငါးတို့အပြန်

ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်… မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်.. ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ….. အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။ တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့…. ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်…ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက […]

အစောဆုံးလာရောက်တတ်ကြသည့် ဆောင်းဧည့်သည် ငှက်လေးများ

ယနေ့နံနက်စောစော လမ်းထလျှောက်သောအချိန်တွင် မြူနှင်းများ ပိတ်ဖုံးစွာ ကျနေသည်ကို တွေ့လိုက်ရပါသည်။ မိုးအကုန် ဆောင်းအကူး ရာသီကာလကို ရောက်လာပြန်ပြီဟု သတိပြုမိလိုက်သည်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ လာနေကျ ဆောင်းခိုငှက်တွေ ရောက်နေကြပြီလားလို့လည်း တွေးမိလိုက်သည်။ တဆက်တည်းမှာပင် ငှက်ချစ်သူ ကဗျာဆရာကြီး မင်းသုဝဏ်၏ ၁၉၅၆ ခုနှစ်က ရေးသားခဲ့သော မှတ်တမ်းတစ်ခုထဲတွင် ဆောင်းခိုငှက်လေး ကောက်လျင်ငှက် (Brown Shrike) ၏ ကျစ် ကျစ် ကျစ် အော်မြည်သံကို စက်တင်ဘာလ ၁၄ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်တွင်းမှာ စတင်ကြားရကြောင်း ရေးထားသည်ကို အမှတ်ရမိသည်။ ထိုကောက်လျင်ငှက်ငယ်သည် မြောက်ဘက် ဆိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ မန်ချူးရီးယား၊ တရုတ်ပြည် စသည်တို့တွင် သားပေါက်ကြပြီး၊ အလွန်အေးခဲသော ဆောင်းရာသီနီးချိန်တွင် ပူနွေးသောတောင်ဘက်ပိုင်း တိုင်းပြည်များသို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။ ဧပြီလထိအောင် […]

သစ်ပင်များကို တကယ်ချစ်ပါ

‘’သစ်ပင်ကြီးတွေ ခုတ်လှဲပစ် တော့မည်။ ခြစ်ခြစ်တောက်ပူပြင်း တဲ့ နေရည်ပူတွေအောက်မှာ ဒီလို သတင်းပူတွေကလည်း ဝင်လာ တတ်သေးသည်။ တမာပင်ကြီး တွေ၊ မူးဘေးက ပုသိမ်ကျောင်း လမ်းတစ်လျှောက်က နှစ်ရှည်တ မာပင်ကြီးတွေ မကြာမီ ပျောက် ကွယ်သွားတော့မည်။ ရွှေဘိုက နေပိုပူတော့မယ့် မြို့တစ်မြို့ပေါ့။ လမ်းလုပ်မလို့ ခုတ်မယ်တဲ့၊ လုပ် မယ့်လမ်းက ၁၈ ပေလမ်း။ ကျောက်ချောလမ်း။ အော်… ကျောက်ချောလမ်းမျှသာ။ အပင် ကြီးတွေက တန်ဖိုးမဖြတ်သာ။ သူ တို့ အပင်ခုတ်မယ့်နေရာတွေမှာ က မူလကတည်းက အထက်လမ်း အောက်လမ်းရှိသည်။ အပင်တွေ က အလယ်က၊ လှမှလှ။ ကျက် သရေရှိမှရှိ။ ဘေးက မူးမြောင်းနဲ့၊ အင်မတန် လမ်းလျှောက်လို့ ကောင်းတဲ့‌နေရာ။ ပလက်ဖောင်း ပျောက်ဆုံးမြို့သားတွေ […]

နားခို လှည့်ပါ..ငှက်စာဝါ

ညကမကွေး မှ စီးခဲ့တဲ့ကား ကသာမန် အမြန်လမ်း ကိုဖြတ်နေကျ ကား နဲ့ မတူနွေဦး ရဲ့ ရသတွေ တစ်ပုံတစ်ပင် နဲ့ ..။ ရိုးတံ ပြိုင်းပြိုင်းကျ နေတဲ့ အပင်ဝါဝါခြောက်ခြောက် တွေ ဝန်းရံထားတဲ့ မကွေး မှနေပြည်တော်လမ်းလေးက ကျဉ်း ကျဉ်းလေး နဲ့ကွေ့ကွေ့ကောက်ကောက်။ ကားမောင်းသူ ကလည်း သူများ နဲ့ မတူ. ဖွင့်တဲ့ သီချင်းက တမာလမ်းကိုပြန်ခဲ့ပါတဲ့..။ ဒီအာရုံ တွေ ကို တွန်သံချိုသော ဥသြ ဆိုတာရယ် ပါ ပေါင်းစပ် လိုက်မှဖြင့်..။ ငှက်တွေသည် တစ်ခါ တစ်ရံ လွမ်းတေးကို သီဖွဲ့ တတ် ပါတကား..။ ရောက်တတ်ရာရာ.ဟိုဟိုဒီဒီ တွေး မိရင်း အရုဏ်တက်ချိန် မလင်းတလင်းလေး မှ […]

Page 7 of 7
1 2 3 4 5 6 7