အမေရိကန်တွေက ရေပေးတူးမြောင်းတွေပေါ်မှာ ဆိုလာတွေ တည်ဆောက်နေ
၂၀၁၅ တုန်းက ကယ်လီဖိုးနီးယားမှာ ၄နှစ်ဆက် မိုးခေါင်မှု ဖြစ်ခဲ့ပါတယ်။ မြေကြီးခြောက်သွေ့ အက်ကွဲကုန် ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ပြည်နယ်အတွင်း ရေသုံးစွဲမှုကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့အတွက် အမိန့်ထုတ်ခဲ့သလို ရေအများအပြားသုံးစွဲတဲ့ လယ်သမားတွေကတောင် ရေသုံးစွဲမှုကို စေတနာ့ဝန်ထမ်းအဖြစ် လျှော့သုံးခဲ့ရပါတယ်။ ဘရောင်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းတွေ အများကြီးလုပ်ခဲ့ပါတယ် ။ အဲ့ဒိနောက်မှာတော့ ကယ်လီဖိုးနီးယားမှာ ရာသီဥတုဖောက်ပြန်မှု လျော့ပါးလာတာကို တွေ့လာရပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေက ကယ်လီဖိုးနီးယားမှာ စံချိန်တင်အပူလှိုင်းကျတာတွေ ၊ တောမီးအကြီးအကျယ်လောင်တာတွေ ၊ ကော်လိုရာဒိုမြစ်ရေကျဆင်းသွားတာတွေ နဲ့ရာသီဥတုဖောက်ပြန်မှုဖြစ်လာတာတွေက စွန့်ဦးတီထွင်သူတွေ ဖြစ်တဲ့ ဂျော်ဒန်ဟာရစ်နဲ့ ရော်ဘင်ရာဂျ်တို့ကို ဆည်မြောင်ဖုံး ဆိုလာပြားတွေ တပ်ဆင်ဖို့အတွက် စိတ်ကူးရသွား စေပါတယ် ။ သူတို့ရဲ့ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ် […]