အသက်ကို ဥာဏ်စောင့်
ကမ္ဘာတလွားအပူချိန်မြင့်မားမှုမှာ မြန်မာနိုင်ငံကလဲအထူးခံစားနေကြရပါပြီ။ ယခင်နေ့က ကမ္ဘာတလွားအပူဆုံး၁၀မြို့မှာ မြန်မာနိုင်ငံက ၅မြို့ပါဝင်ပြီး ချောက်မြို့က အမြင့်ဆုံးဖြစ်ခဲ့သလို နောက်ရက်တွေမှာလဲ ထိပ်ဆုံး၅မြို့ထဲဆက်ပါလျက်ရှိနေပါတယ်။ မြန်မာပြည်တလွားအပူချိန်တိုးနေတာကြောင့် ရုတ်တရက်အပူလွန်ပြီး သတိလစ်လဲကျတာ၊ သေဆုံးတာတွေအထိဖြစ်နေပါပြီ။ ဒီနှစ်အပူချိန်မြင့်တက်လာတာဟာ အယ်နီညို ရာသီဥတုကြောင့်ဖြစ်ပြီး ပင်လယ်ရေမျက်နာပြင်အပူချိန်ပြောင်းလဲမှု၊ ပစိဖိတ်သမုဒ္ဒရာမျက်နာပြင်ပေါ်မှာတိုက်ခတ်နေတဲ့လေတို့ပေါင်းဆုံကာ အပူတိုးတာ၊ ခြောက်သွေ့လွန်စေတာတွေကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေလို့ဆိုရင်လဲမမှားပါဘူး။ ကမ္ဘာမှာလူနေထိုင်ရာဒေသတခုရဲ့အပူဆုံးစံချိန်ကတော့ ၁၉၁၃ခု ကယ်လီဖိုးနီးယားမှာကျရောက်ခဲ့တဲ့ ၅၇ ဒီဂရီဆဲစီရပ် ဖြစ်ပါတယ်။ လူသားတွေရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်ဟာ ၉၈. ၆ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး အပူလွန်လာမှုဟာ ခန္ဓာကိုယ်ကစွန့်ထုတ်နိုင်တဲ့အပူထက် ဝင်လာတဲ့အပူကပိုများလာလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်ထဲကိုအပူတွေဝင်ရောက်မလာအောင်ပြုမူနေထိုင်စားသောက်ဖို့လိုပါပြီ။ ခန္ဓာကိုအပူချိန်ကျဆင်းစေဖို့အကောင်းဆုံး ကတော့ရေသောက်ခြင်းဖြစ်သလို ရေဓာတ်၉၀% နီးပါးပါဝင်တဲ့ ဖရဲသီးကိုစားပေးဖို့လိုပါတယ်။ ကြက်သွန်နီ၊ သခွားသီး၊ ဒိန်ချဥ်၊ အုန်းရေ၊ ပင်စိမ်းရွက်၊ ရှားစောင်းလက်ပါတ်ဖျော်ရည်တို့ကို သောက်သုံးခြင်းဖြင့်လဲအပူချိန်ကျဆင်းစေပြီးအပူဒါဏ်ကိုခံနိုင်ရည်ရှိစေပါတယ်။ ဒါအပြင်ရှောက်လိမ္မော်အုပ်စုဝင်အသီးဖျော်ရည်တွေကိုသောက်သုံးခြင်းဟာလဲ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသာမက ကျမ်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ ဗိုက်တာမင်စီကိုပါပံ့ပိုးပေးပါတယ်။ ဖျော်ရည်သက်သက်အနေနဲ့တော့ ကော်ဖီအေး၊ ကြံရည်၊ […]