မြစ်ဝကျွန်းပေါ်ဒေသ ရေအောက်ရောက်ရတော့မှာလား

သဘာဝပတ်ဝန်းကျင်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ရွှေလက် ဆွေးနွေးမည့်Power Point ကို ပြင်ဆင် နေသည်။ ထိုစဉ် Asia Calling က Kannikar Petch-kaew ရေးသည့် Vietnam’s sinking rice bowl ကို အမှတ်မထင် ဖတ်လိုက်မိသည်။ ပင်လယ်ထဲနစ်မြုပ်ပျောက်ကွယ်သွားတော့မည့် ဗီယက်နမ်နိုင်ငံ မြစ်ဝကျွန်း ပေါ်ဒေသအကြောင်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် ဆန် စပါး အဓိက ထုတ်လုပ်သည့်အတွက် ဆန်အိုး ကြီးဟု တင်စားခေါ်ဝေါ်ကြသည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်အိုးကြီး ပင်လယ်အောက် ရောက်တော့မည်ကို စာရေး သူက အသိပေးလိုက်ခြင်းဖြစ်သည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် မြေဆီဩဇာကောင်းပြီး ဗီယက်နမ်နိုင်ငံအတွက် ဆန်အိုးကြီးဖြစ် သည်။ မြစ်ညာတွင် ဆည်များ တည်ဆောက်ခဲ့ကြသည်။ စီမံကိန်းစချိန်တွင် “ဘာမှမဖြစ်နိုင်ဘူး၊ လျှပ်စစ်ဓာတ် အားတွေ ဖောဖောသီသီရပြီး လောကနိဗ္ဗာန်ခံစားရမယ်” […]

အပူချိန်မြင့်မားလာတာနဲ့ ရာသီဥတုပြောင်းလဲလာတာတွေက ငါး ပုစွန်နဲ့ ရေသယံဇာတတွေကို တိုက်ရိုက် ထိခိုက်ပျက်စီးစေပါတယ်

ဖျာပုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး(ငြိမ်း) ဦးစန်းအောင်နှင့် တွေ့ဆုံခြင်း ————————– မြန်မာနိုင်ငံဟာ မြစ် ချောင်း အင်းအိုင်နဲ့ပင်လယ်တွေ တည်ရှိတာကြောင့် ရေသယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ရေသယံဇာတနဲ့ ပြည်ပဝင်ငွေတွေရရှိသလို ပြည်တွင်းမှာလည်း စာနပ်ရိက္ခာ ဖူလုံမှုကို အထောက်အပံ့ ပေးပါတယ်။ ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းအတွက်လည်း အဆင် ပြေပါတယ်။ အခုတော့ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ရေသယံဇာတတွေ ထိခိုက်ပျက်စီး ဆုံးရှုံးနေပြီး အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ရေသယံဇာတတွေ ဘယ်လောက်ထိခိုက်ပျက်စီးနေလဲ၊ ဘယ်လိုကာကွယ်ဖို့ လိုအပ် နေလဲဆိုတာတွေကို ဖျာပုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး(ငြိမ်း) ဦးစန်းအောင်နဲ့ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါတယ်။ မေး– ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို […]

မြန်မာပြည်သူများကိုခြောက်လှန့်နေသည့် မြေငလျင်တစ္ဆေ

(၁) ယခု ၂၀၁၈ နှစ်စမှာပင် မြေငလျင်များလှုပ်ခတ်မှုကသိသိသာသာ ဖြစ်လာခဲ့သည်။ အရေအတွက်အားဖြင့် ဇန်နဝါရီ ၁ ရက် မှ ၁၈ ရက်အထိအကြိမ်ရေ ၂၀ ကျော်လှုပ်ခဲ့သည်။ ထိုမြေငလျင် များထဲတွင် ရန်ကုန်-စစ်ကိုင်း ပြတ်ရွေ့ပေါ်ရှိ ဖြူးမြို့အနီးဗဟို ပြု၍ ဇန်နဝါရီ ၁၂ ရက် နံနက် ၁ နာရီခန့်က မြေငလျင်မှာအင်အားအကြီးဆုံးဖြစ်ပြီး ပြည်သူများကိုစိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ် စေခဲ့သည်။ အထပ်မြင့်တိုက်တွင် နေသူများတိုက်အောက်သို့ ဆင်းပြေးခဲ့ရသည်။ အင်အားရစ်ချ် တာစကေးအဆင့် ၆ ရှိ ဖြူးမြေငလျင်လှုပ်ပြီးနောက်ပိုင်းတွင် မြေငလျင်များမကြာခဏလှုပ်နေသဖြင့် အထပ်မြင့်တိုက် အများဆုံးရှိရာရန်ကုန်မြို့နေ ပြည်သူများမှာကျီးလန့်စာစားနေခဲ့ရသည်။ဖြူးမြေငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ငလျင်လှုပ်မှုများခပ်စိပ်စိပ်ဖြစ်ပွားလာပြီးတစ်ရက်တည်း နှစ်ကြိမ်လှုပ်သည် အထိရှိခဲ့သည်။မြေငလျင်တစ်ချက်လှုပ်တိုင်း ပြည်သူများတစ်ခါရင်မောနေကြရသည်။ သူတို့၏အသံများကစိုးရိမ်စိတ်ကြောင့် တုန်ခါနေသည်။အွန်လိုင်းတွင် မြေငလျင်သတင်းတစ်ခုတက်လာတိုင်းCommentများထဲမှာ ပြည်သူတို့၏စိုးရိမ်မှုများ ပြည့်နှက်နေသည်။ (နောက်ဆက်တွဲ ငလျင်ကြီးတွေ လှုပ်နိုင်လား၊ […]

ငလျင်နဲ့ပတ်သက်လို့ ကွယ်လွန်သူ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဒီလိုပြောခဲ့တယ်

ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင်တွေ လှုပ်တော့ ကောလဟလ သတင်းတွေ အမျိုးစုံကြားရပါတယ်။ သဘာ၀ဘေးကောလဟလတွေကလည်း သဘာ၀ဘေးတစ်ခုခုဖြစ်ပြီးတိုင်း နောက်ဆက်တွဲအနေနဲ့ ကြားရတတ်ပါတယ်။ ကြားလည်း ကြားနေကျပါ။ နာဂစ်မုန်တိုင်းပြီးတော့ နာဂစ်ထက်ကြီးတဲ့ မုန်တိုင်းကြီးပဲ လာတော့မလိုလို၊ ငလျင်ကြီး တစ်ခုလှုပ်ပြီးတော့ ည ၁၂ နာရီမှာပဲ သူ့ထက် အင်အားကြီးတဲ့ ငလျင်ကြီးပဲ ထပ်ဖြစ်တော့မလိုလို.. ကောလဟလသတင်းတွေ ထွက်ခဲ့ပါတယ်။ ပြည်သူတွေကလည်း ထိတ်လန့်တကြားပေါ့။ အဲဒီတုန်းကတော့ ပညာရှင်တွေ အထူးသဖြင့် မိုးလေဝသပညာ ဒေါက်တာထွန်းလွင်ဟာ ကောလဟလတွေကို ချက်ချင်းတုန့်ပြန် ဖြေရှင်းခဲ့လို့ ပြည်သူတွေ စိတ်အေး သက်သာ ရခဲ့ကြရပါတယ်။ အခုကတော့ ဆရာကြီးကလည်း မရှိတော့ဘူး။ တိုင်းပြည်ကလည်း ကံဆိုးမိုးမှောင်ကျ၊ ပြည်သူတွေမှာ ကျီးလန့်စာ စားနေရချိန်မှာ ငလျင်က ထလှုပ်တယ်။ ထပ်ကြီးမယ့် ငလျင်တွေ လာမယ်လို့ ပြောကြတယ်။ […]

“စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး”

သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ၊ အောင်ပင်လယ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်သည် ၂ဝ၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက်၏ တာဝန်ခံ ဖြစ်သည်။ ကွန်ရက်၏ လုပ်ငန်းစဉ်များ ထဲတွင် ကျောက်မီးသွေးအသုံးပြုမှုနှင့် ပတ်သက်ပြီး လေ့လာရေး၊ ပညာပေးရေး တို့လည်း ပါဝင်သည်။ မကြာသေးခင်က Myanmar Now နှင့် တွေ့ဆုံစဉ် ၆၈ နှစ်အရွယ် ဒေါ်ဒေဝီသန့်စင်က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၏ ဘေးထွက်ဆိုးကျိုး၊ စက်ရုံဆောက်မည့်ဒေသရှိ ပြည်သူတို့၏အသံ အရေးပါမှု၊ အစိုးရသစ်လက်ထက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ ရှိသင့်ပုံတို့ကို ပြောပြခဲ့သည်။ သတင်းထောက် ကေဇွန်နွေးက ရန်ကုန်မြို့ရှ အောင်ပင်လယ်မဂ္ဂဇင်းရုံးခန်းသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။ မေး – ကျောက်မီးသွေးစက်ရုံတွေကနေ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ ဖြေ – ကျောက်မီးသွေးကထွက်တဲ့ ဓာတ်ငွေ့ဟာ […]

ရာသီဥတုပြောင်းလဲမှု

သိပ္ပံပညာရှင်များက ကမ္ဘာကြီးပူနွေးလာပြီဟု ကြေညာပြီး တစ်ဆက်တည်းမှာပဲ ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် ရာသီဥတုပြောင်းလဲမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုပြင်းထန်လာခဲ့သည်။ ကမ္ဘာ့ဘဏ်၏ လေ့လာမှုမှတ်တမ်းများအရ ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၃၀ ပြည့်နှစ်တွင် အလွန်အမင်း ဆင်းရဲသည့်အခြေအနေဖြင့် အသက်ရှင်သန်နေထိုင်ရမည့် ကမ္ဘာ့လူဦးရေ သည် သန်း ၁၀၀ ကျော်ရှိလာမည်ဖြစ်သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်တွင် ကောက်ယူခဲ့သည့်စာရင်းများအရ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာအနှံ့တွင် အာဟာရဓာတ်ပြတ်လပ်နေသူဦးရေ တစ်ဘီလီယံကျော်ရှိပြီး ကလေးငယ် သန်း ၂၀၀ ခန့်သည် ဖွံ့ဖြိုးမှုချို့တဲ့မှုနှင့် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။ ၂၀၃၀ ပြည့်နှစ်နှင့်၂၀၅၀ ပြည့်နှစ်အကြား ရာသီဥတုပြောင်းလဲမှုကြောင့် သေဆုံးနိုင်ခြေသည် တစ်နှစ်လျှင် နှစ်သိန်းခွဲ ခန့်ရှိနိုင်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်မှာပင် ကျန်းမာရေးကြောင့် တိုက်ရိုက်ဆုံးရှုံးရမှုတန်ဖိုးသည် အမေရိကန် […]

ရေကြီးမှ လှေလိုက်ရှာနေလို့မရတော့တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး

“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်” တဲ့။ “ အပ်ဖြင့် ထွင်းရမည့် ကိစ္စကို ပုစိန်ဖြင့် မပေါက်ရစေနှင့်” တဲ့။ ဒီစကားတွေကို စာရေးသူ အကြိမ်ကြိမ် ကြားခဲ့ဖူးခဲ့သလို လူတော်တော် များ များလည်း ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် လိုက်နာ ဆောင်ရွက်မှု အပိုင်းမှာတော့ အားနည်းခဲ့တယ်။ ကြိုတင် ကာကွယ်ဖို့ မေ့လျော့ခဲ့တဲ့အတွက် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုစိန်နဲ့ပေါက်ခဲ့ကြရတယ်။ မဆုံးရှုံးသင့်တာတွေကို ဆုံးရှုံးခဲ့ရတယ်။ အချိန်၊ ငွေနဲ့ လူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ အဲဒီလို ပျက်စီးဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး ကြိုတင်ကာကွယ်မှုတွေ စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နေကြပြီလား။ ဒီနေရာ မှာ စာရေးသူနဲ့ နီးစပ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် တီးခေါက်ကြည့်ချင်ပါတယ်။ စာရေးသူတို့ […]

နာဂစ်ကပေးသောသင်ခန်းစာများကို ပြန်လည်တူးဖော်ကြည့်ခြင်း

နာဂစ် …။ နာဂစ် ဆိုသည့် အသံကြားလိုက်သည်နှင့် ကျွန်တော့်စိတ်များလေးလံထိုင်းမှိုင်းလာသည်။ ပူဆွေးသောကမျက်ရည်များ ဝေ့သီလာသည်။ ရင်ထဲတွင် ဖော်ပြ၍ မရနိုင်သော ဝေဒနာ ပေါင်းများစွာက ကျွန်တော့်ကိုအဆက်မပြတ် နှိပ်စက်လာကြသည်။ ဖြစ်နိုင်လျှင် နာဂစ်ဆိုသည့် အသံကို ကျွန်တော်မကြားချင် တော့။ နာဂစ်အကြောင်းလည်းမတွေးချင်တော့။ နာဂစ်အကြောင်းစာ၊ ကဗျာများမဖတ်ချင်သလို ကျွန်တော် ကိုယ်တိုင်လည်းမရေးချင်တော့။ ကျွန်တော်နာဂစ်ကိုစိတ်နာသည်။ မုန်းသည်။ ထို့ကြောင့် ကျွန်တော် နာဂစ်ကို မေ့လိုက်ချင်သည်။ သို့သော် ….။ ××× နာဂစ်မုန်တိုင်းသည် ၂၀၀၈ခုနှစ် မေလ ၂ ရက်တွင် ဟိုင်းကြီးကျွန်းဆွယ်ကိုဦးတည်ပြီး အချင်းဝက် အကျယ်မိုင် ၁၉၀၊ တောင်၊ မြောက် အကျယ် ၂၅၅ မိုင်ခန့်အရွယ်၊ အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီမိုင် ၁၃၀ ခန့်ဖြင့် လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ […]

လျှပ်စစ်ရရှိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုသာရည်ရွယ်သည်ဆိုလျှင်

(၁) “အစိုးရကလုပ်ချင်တာတစ်ခုတည်းပဲရှိတယ်။ သူတို့ကကျောက်မီးသွေးကောင်းကြောင်းပဲပြောသွားပါတယ်။ လျှပ်စစ်ထုတ်ရင် အကုန်အကျသက်သာမယ်ပေါ့။ မီးအားလည်းအပြည့်အဝရရှိမယ်လို့ ပြောသွားတယ်။ ကျောက်မီးသွေးရဲ့ဆိုးကျိုးကိုတစ်ခွန်းမှမပြောဘူး။ လူထုကကျောက်မီးသွေးမကောင်းမှန်းသိထားပါတယ်။ တစ်ခုခုဖြစ်ရင် ချက်ခြင်းစက်ရုံပိတ်ပေးနိုင်ပါ့မလား။ ဒေသခံတွေရဲ့နစ်နာမှုအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ကြားဝင်ဖြေရှင်းပေးတာမရှိပါဘူး။ သူတို့နဲ့ တစ်ခါပဲတွေ့ဆုံရသေးပါတယ်။စီမံကိန်းနဲ့ပက်သက်ပြီးသူတို့ကမရမကလုပ်မယ်ဆိုရင် ကျွန်တော်တို့ကလည်းမရရတဲ့နည်းနဲ့ကန့်ကွက်ပါမယ်။ နောက်ဆုံးမရဘူးဆိုရင် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ဖို့ အစီအစဉ်ရှိပါတယ်” ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာကျင်းပခဲ့တဲ့ မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ (၆) ကြိမ်မြောက် တွေ့ဆုံပွဲမှာစာရေးသူကြားသိခဲ့ရတဲ့ ဒေသခံတစ်ဦးရဲ့ စကားသံဖြစ်ပါတယ်။ သူကဒီစကားတွေကိုဒေါသနဲ့ ပြောနေတာမဟုတ်ပါဘူး။ စိုးရိမ်ဝမ်းနည်းစိတ်တွေနဲ့ ပြောနေတယ်ဆိုတာ သူ့မျက်ဝန်း၊ သူ့အမူအယာ၊ သူ့စကားသံတွေကသက်သေပြနေပါတယ်။စာရေးသူလည်းသူ့စကားသံကိုနားထောင်ရင်းတစ်စုံတစ်ရာကိုလက်လွတ် ဆုံးရှုံးရတော့မယ့် စိတ်မျိုးနဲ့ ကြေကွဲမိတယ်။ တကယ်တော့ အစိုးရကကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းကိုမရမကလုပ်မယ်ဆိုရင် သူတို့ဘယ်လိုမှ တားဆီးနိုင်မှာမဟုတ်ဘူးလို့ စာရေးသူတွေးမိတိုင်းအလွန် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီလိုနဲ့ပဲဒေသခံတွေဟာနာမည်နဲ့လိုက်အောင် ဒေသမှာ ဖြစ်ပျက်သမျှ အားလုံးကိုလည်စင်းခံကြရဦးမယ်လေ။ (၂) မြန်မာပြည်မှာကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ တည်ဆောက်ဖို့ရှိတယ်လို့ […]

ကျောက်မီးသွေးအသုံး သုံညဖြစ်ရေး

တောမီးနှင့် ကိုဗစ်အကြားက သြစတြေးလျ သက္ကရာဇ် ၂၀၂ဝကို ပြဿနာကြီးလှသောနှစ်ဟု ကျွန်ုပ်တို့ အမှတ်တရ ဖြစ်နေလိမ့်မည်။ ပြီးခဲ့သော နွေရာသီကာလအတွင်းတောမီးများနှင့် မီးခိုးများအကြောင်းနားလည်သဘောပေါက်စပြုခါရှိသေးကိုဗစ်-၁၉က သြစတြေးလျကိုတိုက်ခိုက်လာသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ ခြိမ်းခြောက်မှု ပုံစံအတိုင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သတင်းမီဒီယာစာမျက်နှာများက ကိုဗစ်-၁၉ကို ဗဟိုချက်ပြု သတင်းပို့ကြသည်။ ပြည် သူလူထုအပေါ် ကိုဗစ်ရောဂါသက်ရောက်မှုကလည်း ထပ်၍ထပ်၍တိုးနေသည်၊ ကျဆင်းသည်မရှိ၊ ရာသီဥတု ပြောင်းလဲမှုဒဏ် သတင်းများက မှေးမှိန်သွားသည်။ သို့ဖြင့် ရာသီဥတုပြောင်းလဲမှုအကြောင်း သြစတြေးလျ ပြည်သူများ မေ့ပျောက်သွားကြပြီလား။ မမေ့ကြပါ။ လောလောဆယ် ကောက်ယူခဲ့သော ပြည်သူ့သဘောထား စစ်တမ်းအရ သြဇီတို့သည် ရာသီဥတုပြောင်းလဲမှုနှင့် ယင်း၏အန္တရာယ်များအတွက် အစိုးရိမ် မပျက်ရှိကြသည်။ ကိုဗစ်-၁၉ကြောင့်ဖြစ်သည့် လူမှုဘဝဒုက္ခများနှင့် မရေရာမှုများအကြားမှပင် ထိုသို့ စိုးရိမ်နေကြဆဲ ဖြစ်သည်။ The Australian Institute […]

Page 5 of 7
1 2 3 4 5 6 7