“”မြို့ပြတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ””
သစ်ပင်သစ်တောများသည် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သဘာဝကပေးသော အဖိုးမဖြတ်နိုင်သည့် သယံဇာတအရင်းအမြစ်များသာလျှင် ဖြစ်ပေသည်။”ဥတုရာသီ၊တောကိုမှီ၏” ၊ “တောတောင်စိမ်းမှ စမ်းရေရ၏”စသော ဆောင်ပုဒ်များက သစ်ပင်သစ်တောများ၏ ဂေဟစနစ်အပေါ် လွန်စွာအကျိုးသက်ရောက်လျက်ရှိပုံကို ဖော်ပြနေပါသည်။ “သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားရသည်”ဟူသော ဆိုရိုးစကားလည်း ရှိပါသည်။ သစ်ပင်သစ်တောများရှိခြင်းက မြေ၊ရေ၊လေနှင့် သဘာဝပတ်ဝန်းကျင်ကို မျှတစေသည်။ရာသီဥတုကို သဟဇာတဖြစ်စေသည်။ဇီဝမျိုးစိတ်များကို လုံလုံလောက်လောက် အကာအကွယ်ပေးနိုင်သည့်အပြင် လူသားတို့ခိုလှုံရာ အဆောက်အအုံအဖြစ်သော်လည်းကောင်း၊ဆေးဝါး၊အသုံးအဆောင်ပရိဘောဂ အဖြစ်သော်လည်းကောင်း၊ထင်း၊မီးသွေး လောင်စာအဖြစ်သော်လည်းကောင်း စသဖြင့် ကဏ္ဍပေါင်းစုံမှ အကျိုးဖြစ်ထွန်းစေသည်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်မှသာလျှင် ကာဗွန်သံသရာလည်ပတ်မှု အလိုလို အားနည်းကာ လေထုညစ်ညမ်းမှုအန္တရာယ်ကို လျော့ပါးသက်သာစေနိုင်မည်။သစ်ပင် သစ်တောများသည် ကျွန်ုပ်တို့လူသားများ နေ့စဥ်ရှူသွင်းနေရသော အောက်ဆီဂျင်ဓာတ်ငွေ့ကို လေထုထဲသို့ အဆက်မပြတ်ထုတ်လွှတ်ကာ အိုဇုန်းလွှာယိုယွင်းပျက်စီးမှုအန္တရာယ်လည်း အထိုက်အလျောက် ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ကြောင့် အမှန်တကယ် ကမ္ဘာကြီးသာယာလှပစေလိုလျှင် သစ်ပင်သစ်တောများကို စနစ်တကျ […]