အပန်းဖြေခရီးထွက်ရင်း အမှိုက်ကောက်ကြသူများ

ပေါဂျီလို့ အများကခေါ်တဲ့ ဟာဖီဇီက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့သူပါ။ သူက အားလပ်ချိန် ရောက်ပြီဆိုတာနဲ့ သဘာဝလမ်းလျှောက်ဥယျာဉ်လို့ခေါ်တဲ့ တောတောင်တွေထဲကို သူငယ်ချင်းတွေနဲ့ သွားလေ့သွားထရှိပါတယ်။ အခုလည်း သူတို့ အဖွဲ့က သစ်တောတွေထဲကိုလျှောက်သွားဖို့ လူစုပြီး ခရီးထွက်ခဲ့ကြပါတယ်။ သူတို့တောစပ်ကိုရောက်တော့ စခန်းမှာ ကားကိုထားခဲ့ပြီး အတူတူတောထဲကိုဝင်ခဲ့ကြပါတယ်။ သူတို့လို တောထဲကို အပျော်ခရီးထွက်တဲ့သူတွေမနည်းပါဘူး ။ စခန်းက ကားတွေကိုကြည့်ရင် အနည်းဆုံးမိသားစု ၅၀ မက တောထဲကို ဝင်ပြီး လမ်းလျှောက်တောင်တက် ခရီးထွက်ကြတယ်ဆိုတာကို စခန်းက ကားတွေကို ကြည့်တာနဲ့ သိပါတယ်။ ပေါဂျီလမ်းလျှောက်ရင်း သတိထားမိလိုက်တာက တောထဲမှာ မြို့ပြက အမှိုက်တွေ ရောက်နေတာပါပဲ။ ပလက်စတစ်တွေနဲ့ ဖော့ဘူးတွေ အစားအသောက် အကြွင်းအကျန် စက္ကူဘူးတွေကို တွေ့လိုက်ရတော့ သူငယ်ချင်းတွေကို သွားနှင့်၊ လိုက်ခဲ့မယ်လို့ ပြောပြီး […]

စီမံကိန်းတွေကြောင့် ဒေသခံတွေ ဘာရလိုက်သလဲ..

အမေရိကန်အခြေစိုက် သတ္တုတွင်းလောကဘီးလူးကြီး ဖြစ်တဲ့ အင်ဂလို အမေရိကန် ကသံသတ္တုရိုင်းတွေကို ဘရာဇီးမှာ လာတူးတယ် ၊ ပြီးရင် တရုတ်ကိုပို့တယ် ၊ အမြတ်အစွန်းတွေ အများကြီး ကြွယ်၀ ချမ်းသာသွားတယ် ။ ဒါပေမဲ့ အဲ့ဒိသံသတ္တုရိုင်းတွေ ထုတ်ယူတဲ့ သယ်ပို့တဲ့ ဒေသတွေကတော့ တစ်နှစ်ပြီး တစ်နှစ် အလဲလဲ အကွဲကွဲ နဲ့ ကျန်နေခဲ့ပါတယ်။ ဒေသခံလူ့အဖွဲ့ အစည်းတွေမှာ ရတာကနည်းနည်း ပြန်ပေးလိုက်ရတာက မသေချာမှုတွေနဲ့ ကြောက်ရွံ့မှုတွေ ကများများဖြစ်နေပါတယ်။ ဘရာဇီး နိုင်ငံရဲ့ မီနပ်ရီယို သံသတ္တုရိုင်း တူးဖော်ရေး စီမံကိန်းက ကွန်ဆေးကောင်း ဒိုမာတိုဒန်ထရို ဒေသနဲ့ အယ်ဗိုရာဒါဒီမီနပ် ဒေသတွေမှာ တည်ရှိပါတယ်။ အဲ့ဒိက တူးဖော်ရရှိတဲ့ သံသတ္တုရိုင်းတွေကို အမှုန့်လုပ်ပြီး မိုင် ၃၂၈ မိုင်ဝေးတဲ့ မြို့တော် […]

လီသီယံတွေကို ပြန်သုံးလို့ မရရင်တော့ ကမ္ဘာပေါ်မှာ အမှိုက်အဖြစ်စုပုံ လာမှာပါ

ယနေ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ၊ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ဖို့ အတွက် ကာဗွန်ထုတ်လုပ်မှု ကိုလျှော့ချနိုင်ဖို့ ၊ ရုပ်ကြွင်းလောင်စာအစားထိုး လျှပ်စစ်မိုးဘိုင်းလုပ်ငန်းတွေ ကို ဖွံ့ဖြိုး ဖို့အတွက် ဆိုရင် လျှပ်စစ်ကို သိုလှောင်ပြီး သယ်ဆောင်သွားလို့ ရတဲ့ ဘတ်ထရီတွေ ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ လျှပ်သို ပစ္စည်းတစ်မျိုး ဖြစ်တဲ့ ဘတ်ထရီတွေက အက်ဒီဆင် မတိုင်ခင်ကတည်းက နေ ယနေ့ အထိ အဆင့်ဆင့် ပြောင်းလဲတိုးတက်ခဲ့ပါတယ် ၊ ဧရာမ အိုးကြီး တွေကနေ သေးငယ်ဆုံး ဆဲလ်ကလေးတွေ အထိ တီထွင်လာခဲ့ကြပါတယ်။ နောက်ဆုံးပေါ် အဖြစ်နဲ့ လစ်သီယံ ဓာတ်စင်သုံး ဘတ်ထရီတွေက လျှပ်စစ်ကို အကြာကြီး နဲ့ အမျာကြီး […]

ပလပ်စတစ် အစားထိုး ရေမှာပျော်နိုင်တဲ့ ကြွပ်ကြွပ်အိတ်ကို အင်ဒိုနီးရှားမှာ ထွင်နိုင်ပြီ

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပရိုဂမ် ( UNEP) ရဲ့အစီရင်ခံစာအရ ကမ္ဘာမှာ ပလပ်စတစ်ကို နှစ်စဉ်တန် ၃၀၀ ကျော်ထုတ်လုပ်နေပါတယ် ၊ ပြန်သုံးလို့ ရတာ၉% ပဲရှိပါတယ်။ ကျန်တဲ့ ၉၀% ကျော်က အမှိုက်အဖြစ်နဲ့ မြေပြင်ပေါ်မှာ ရေထဲမှာ ရောက်သွားတာပါ။ အခုတော့ သမုဒ္ဒရာတွေထဲကို ကမ္ဘာကမြစ်ကြီးတွေက ပလက်စတစ်တွေကို သယ်ယူပြီးပို့ချပေးနေပါတယ်။ အေဗာနီအီကို လို့ခေါ်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတစ်ခုက ပလက်စတစ်ကြွပ်ကြွပ်အိတ်ကို အစားထိုးဖို့အတွက် နည်းပညာတစ်ခုကိုသုံးပြီး ရေထဲမှာပျော်တဲ့ ကြွပ်ကြွပ်အိတ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အေဗာနီက သူတို့ ဝက်ဘ်ဆိုက်မှာ ကျနော်တို့ တစ်ခါသုံး ကြွပ်ကြွပ်အိတ်တွေကို စားထိုးနိုင်ပါပြီ။ သဘာဝဘေးအန္တရာယ်လည်မဖြစ်ဘူး ၊ အဆိပ်လည်း မသင့်နိုင်ဘဲ။ မီးရှို့စရာလည်းမလိုဘူး၊ ရေနဲ့ဖျော်လိုက်တာနဲ့ ရေထဲမှာ ပျော်ဝင်သွားလို့ စွန်ကပစ်ရတာမခက်ခဲတော့ ဘူး […]

ပလပ်စတစ်အန္တရာယ်ကို ဖြေရှင်းပေးမယ့် ပလပ်စတစ်စား ဘတ်တီးရီးယား

၂၀၁၆ မှာ ဂျပန်သိပ္ပံပညာရှင် တစ်ယောက်က ပလပ်စတစ်တွေကို စားတဲ့ ဘက်တီးရီးယားတစ်မျိုးကို တွေ့ခဲ့တယ်။ အဲ့ ဒိဘက်တီးရီးယားက PETase နဲ့ MHETase ဆို တဲ့ အင်ဇိုင်း ၂မျိုး ကို ညစ်ထုတ်ပြီး ပလပ်စတစ်တွေ ကို ချေဖျက်ပစ်လိုက်တာကို တွေ့ ခဲ့တာပါ။ ပလပ်စတစ်ဗူးတွေကို အဲ့ဒိအင်ဇိုင်းက ချေဖျက်နိုင်ပါတယ်။ ပလပ်စတစ်စား ဘက်တီးရီးယားတွေက သူတို့ ရဲ့ အင်ဇိုင်း တွေကို ပလပ်စတစ်ပေါ်ကို ညစ်ထုတ်ချ လိုက်တယ်။ ပေါ်လီမာတွေ ဖြစ်တဲ့ ပလပ်စတစ်တွေ ရဲ့ ဓာတုစည်းနှောင်မှုတွေကို အဲ့ဒိအင်ဇိုင်းတွေက ဖျက်ဆီးလိုက်တဲ့အခါမှာ ပေါ်လီမှာတွေ စည်းနှောင်မှု ပျက်ပြီး ကြေပျက်သွားကြတာပါ ။ အဲ့လိုကြေပျက်သွားတဲ့ ပေါ်လီမာတွေက ထွက်လာတဲ့ ဓာတု ကလာပ်စည်းတွေကို ဘတ်တီးရီးယားတွေက သူတို့ရဲ့ […]

အင်ဒိုနီးရှား ကမ်းခြေအချို့ရဲ့ ပင်လယ်ရေမှာ ပါရာစီတမော​ ဆေးတွေနဲ့ ညစ်ညမ်းနေ

အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာကမ်းခြေနဲ့ အချို့သော ကမ်းခြေတွေမှာ ရှိတဲ့ ပင်လယ်ရေတွေကို ပညာရှင်တွေ စစ်ဆေးမှုလုပ်ရာမှာ ပါရာစီမောတွေက ရှိသင့်သည်ထက် ပမာဏထက် အများကြီးပိုကာ ပင်လယ်ရေကို ညစ်ညမ်းစေနေတယ်လို့ ဆိုင်းယင့်ဒါရိုက် သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ပါရာစီတမောဆိုတာ အဖျားတက်ရင်သောက်တဲ့ အဖျားပျောက်ဆေးဖြစ်ပြီး ပင်လယ်ရေထဲမှာ အဲ့ဒိဆေးရဲ့ ဓာတုပစ္စည်းတွေ အများကြီး ပါနေတာကို သိပ္ပံပညာရှင်တွေ လေ့လာစူးစမ်းမှုတွေကို လုပ်နေရပါတယ်။ ဂျာကာတာပင်လယ်အော်မှာ ၃နေရာနဲ့ ဂျာဗားကျွန်း အလယ်ပိုင်းကမ်းခြေတစ်နေရာ လည်း အဲ့လိုမျိုး ပါရာစီတမော ဓာတ်တွေကိုတွေ့ ရပါတယ် လိုက ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက ပင်လယ်ကမ်းခြေက ပင်လယ်ရေတွေမှာ သက်ရှိတွေ လိုအပ်တဲ့ အောက်စီဂျင် ပမာဏ ရှိမရှိ ကိုစစ်ဆေး ကြတာပါ။ စစ်ဆေးရင်နဲ့မှာ ပင်လယ်ရေ တစ်လီတာမှ ပါရာစီတမော ၆၁၀ […]

ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှ ရေနံယိုဖိတ်မှုကြောင့် ပင်လယ်နေသတ္တဝါများ သေကြေပျက်စီး

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှ ရေနံယိဖိတ်မှုများကြောင့် ပင်လယ်နေသတ္တဝါများ သေကြေပျက်စီးကာ ဟန်တင်တန်ကမ်းခြေတွင် ငါးများနှင့် ပင်လယ်ပျော်ငှက်အသေများကို တွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စည် ၃၀၀၀ တန်ဖိုးရှိ ​ရေနံများ ပစိဖိတ်သမုဒ္ဒရာထဲကို ဝင်ရောက်သွားပြီးနောက် တောင်ပိုင်းကယ်လီဖိုးနီးယားကမ်းခြေတစ်ဝိုက်ကိုရေနံတွေနဲ့ဖုံးလွှမ်းထားပြီးဒေသခံတောရိုင်းတိရစ်ဆာန်အချို့ကိုပျက်စီးစေတယ်လို့တာဝန်ရှိသူတွေကပြောသည်။ Orange County ကြီးကြပ်ရေးမှူး Katrina Foley က ဟန်တင်တန်ကမ်းခြေနှင့် ငါးမိုင်ခန့်အကွာတွင် ရေနံပိုက်လိုင်းကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး အဆိုပါကမ်းခြေတစ်လျှေက်ကို County တာဝန်ရှိသူများနှင့် အမေရိကန်တပ်မတော်သားများပူးပေါင်းကာ ဆယ်စုနှစ်နှင့်ချီကာ သဘာဝရင်းမြစ်များကို ထိန်းသိမ်းခဲ့ရကြောင်း၊ ရေနံယိုဖိတ်မှုကြောင့် ၄င်းတို့တည်ဆောက်ခဲ့သည့် သဘာဝရင်းမြစ်များ တစ်ရက်တည်းနှင့် ပ်က္စီးခဲ့ရကြောင်း Ms. Foley က ပြောသည်။ ရေနံယိုဖိတ်မှုမှာ ဂါလန်ပေါင်း ၁၂၂၂၀ ဂါလန်ခန့်ရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် တနင်္လာနေ့ညနေပိုင်းက […]

အစိုးရကိုအားမကိုးဘဲ ညစ်ညမ်းလာတဲ့ကမ်းခြေကို သန့်ရှင်းလိုက်တဲ့ မာဆေးမြို့က ပြည်သူတွေ

ပြင်သစ်နိုင်ငံ မာဆေးမြို့ ကမ်းခြေက ရေသန့်ဘူး ၊ အချိုရေဘူး ၊ အစားအသောက်ထည့်တဲ့ ဖော့ဘူး၊ အအေးပိုက် ၊ပလက်စတစ်အိတ် နဲ့ စီးကရက် အစီခံတွေ နဲ့ တဖြည်းဖြည်း ရှုတ်ပွလာပါတယ်။ ညစ်ညမ်းလာတဲ့ ကမ်းခြေကို တစ်ဦးစ ၂ဦးစ သန့်ရှင်းရေး တွေ လုပ်တယ်။ မြို့ စည်ပင်သာယာက သန့်ရှင်းရေးတွေ လုပ်တယ်။ ဒါပေမဲ့ အမှိုက်စွန့်တဲ့လူနဲ့ သန့်ရှင်းရေးလုပ်တဲ့သူ အင်အားမမျှ ဖြစ်နေလို့ မာဆေးမြို့ခံ ပရဟိတသမားတွေ နဲ့ အလှူ လုပ်တဲ့အဖွဲ့တွေ က ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးတော်နွားကျောင်းလိုက်လို့ အောက်တိုဘာ ၄ ရက်နေ့ တစ်ရက်ထဲမှာပဲ ကမ်းခြေတစ်ခုလုံး လူစွန့်ပစ်အမှိုက်တွေ အားလုံး ပြောင်သွားပါတယ်။ ကျမတို့ အများဆုံး တွေ့ခဲ့တာကတော့ ဘီယာဘူးခွံတွေ ၊ ပုလင်းခွံတွေ […]

သတိပြုဖို့လိုလာပြီဖြစ်တဲ့ မက်စ် အန္တရာယ်

သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာပြန်အစီအစဉ် ကျနော်တို့ ကမ္ဘာကြီးရဲ့ ၄ပုံ ၃ပုံက ပင်လယ် သမုဒ္ဒရာ နဲ့ မြစ်ချောင်းအင်အိုင် နေရာတွေချည်းပါပဲ ။ အဲ့ဒိရေချိုရေငံတွေပေါ်မှာ မှီတင်းပြီး လူသားတွေအသက်ရှင်နေထိုင်နေကြတာပါ။ အဲ့ဒိ ရေပြင်တွေကို လူသားတွေက အမှိုက်တွေ စွန့်ပစ်ပြီး ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးနေကြပါတယ်။ သုတေသနသမားတွေက ပင်လယ်ရေအောက်ထိသွားပြီး လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလက်စတစ် အမှိုက်တွေနဲ့ စားသောက်စရာထုတ်ပိုးတဲ့ပစ္စည်းတွေ ကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပလက်စတစ်တွေနဲ့ ဖော့ဗူးခွံတွေကိုလေ့လာရင် သူတို့ သတိထားသွားမိတာက ပင်လယ်ရေအောက်အထိ ရောက်လာတဲ့ အမှိုက် အမယ်သစ်တစ်ခုက မက်စ်တွေဖြစ်နေတာပါပဲ။ အိုးရှင်းအာရှလို့ခေါ်တဲ့ ဟောင်ကောင်အခြေစိုက် အဏ္ဏဝါထိန်းသိမ်းရေးအဖွဲ့ရဲ့ မှတ်တမ်းအရ လက်ရှိ ကမ္ဘာပေါ်မှာ ထုတ်ပြီးသုံးနေတဲ့ မက်စ်အရေအတွက်က ၅၂ ဘီလီယံ ကျော်နေပြီလို့ ဆိုပါတယ်။ ၂၀၂၀ မှာ လူတွေအသုံးပြုပြီးစွန့်ပစ်လိုက်တဲ့ […]

Page 5 of 5
1 2 3 4 5