Pollution

နှစ်သစ်ပြောင်းသွားပေမဲ့ ပြဿနာတွေကတော့ ဟောင်းနေဆဲပါပဲ

ကမ္ဘာ့နေရာဒေသအသီးသီးမှာ ရင်ဆိုင်နေရတဲ့ အမှိုက်ပြဿနာက နှစ်သစ်တွေ တစ်ခုပြီး တစ်ခုပြောင်းသွားတိုင်း မရိုးနိုင်တဲ့ ပြဿနာဟောင်းတစ်ခုအဖြစ် ဒီကနေ့တိုင် မရှင်းနိုင်သေးပါဘူး ။ အခုလည်း ဘော့စနီးယားနိုင်ငံ အရှေ့ပိုင်းက ဗစ်ဆီဂတ်မြို့နားက ရေအားလျှပ်စစ်စီမံကိန်း တစ်ခုအတွက် တည်ဆောက်ထားတဲ့ ရေလှောင်ကန် ထဲမှာ အမှိုက်တွေ တန်ချီပြီးတော့ ပိတ်မိနေပါတယ် ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက သူတို့နိုင်သလောက်အမှိုက်တွေကို ရှင်းလင်းပေးနေပါတယ် ။ “ နှစ်သစ်မှာ ပြဿနာအသစ်တွေ တိုးလာနေသလို ပြဿနာအဟောင်းတွေကလည်းရှင်း မရအောင် ရှုတ်တုန်းပါပဲ” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Eko Centar Visegrad မှ Dejan Furtula ကပြောသွားပါတယ်။ ဘော့စနီးယား၊ ဆားဘီးယားနှင့် မွန်တီနီဂရိုးရှိ ၎င်း၏မြစ်လက်တက်များက အနောက်ဘော်လကန် ဒေသများ ပေါ်ကနေ စွန့်ပစ်ချနေတဲ့ စွန့်ပစ်အမှိုက်များမှာ […]

စီးကရက်ဖင်စီခံနဲ့ လမ်းခင်းဖို့ စလိုဗက်ကီးယားသားတွေ ကြိုးစား

ကမ္ဘာပေါ်က လူတွေရဲ့ တစ်ရက် စီးကရက်သောက်နှုန်းက အလိပ်ရေ ၁၈ ဘီလီယံ နီးပါးရှိပါတယ်။ သောက်လို့ ကုန်သွားတဲ့ အဲ့ဒိစီးကရက်ဖင်စီခံတွေ ထဲက ၃ ပုံ ၁ပုံက အမှိုက်အဖြစ်နဲ့ ကမ္ဘာကြီးပေါ်ကို ကျရောက်နေပါတယ် ။ ဒါတွေကို ရီဆိုက်ကယ်လုပ်ဖို့အတွက် မစဉ်းစားဘူးဆိုရင်တော့ ဒီရာစုအကုန်မှာ ကမ္ဘာမြေကြီးကို စီးကရက်ဖင်စီခံတွေ ဖုံးလွှမ်းသွားဖို့ရာရှိနေပါတယ်။ စလိုဗက်ကီးယား မြို့တော်ဝန်က စီးကရက်တွေကို ရီဆိုက်ကယ်ပြန်သုံးရမယ်ဆိုပြီး အမိန့်တစ်ခုကို ဒီအပတ်ထဲမှာပဲ ထုတ်ပြန်လိုက်ပါတယ်။ မြူနီစပါယ်တွေက စီးကရက် ဖင်စီခံတွေကို နည်းစနစ်တစ်ခုနဲ့ ပြန်လည်သိမ်းဆည်ရမယ်လို့လည်း အမိန့်ထုတ်ထားပါတယ်။ မြို့တော် ဘရာတစ်လာဗာမှာ စီးကရက်ဖင်စီခံတွေသီးခြား သိမ်းဆည်နိုင်ဖို့အတွက် ထည့်စရာတွေကို တီထွင်နေပါတယ်။ ပြီးတော့ သိမ်းဆည်းရတဲ့ဖင်စီခံတွေကို လမ်းခင်းဖို့အတွက် ကတ္တရာအဖြစ် ပြောင်းမယ်လို့လည်း သိရပါတယ် ။ “ပွဲတော်၊ ပြိုင်ပွဲ ၊ […]

ရေသန့်ဘူးတွေထဲမှာ ပလက်စတစ်အမှုန်တွေ အများကြီးပါဝင်နေတယ်ဆိုပဲ

အမေရိကားက သိပ္ပံပညာရှင်တွေက သူတို့လေ့လာမှုအရ အမေရိကားမှာရောင်းချနေတဲ့ တစ်လီတာ‌ရေသန့်ဘူး တွေမှာ ပလက်စတစ်အမှုန်တွေ ရာနဲ့ချီပြီး ပါဝင်နေတာရယ် ၊ အဲ့ဒိထဲက ၉၀ ရာခိုင်နှုန်းက လူသားတွေရဲ့ သွေးကြောထဲကို ဝင်ရောက်သွားတယ်ဆိုတာကို တွေ့ရှိခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။ အဲ့တော့ ပလက်စတစ်ဘူးတွေ ၊ ပလက်စတစ်အိတ်တွေနဲ့ စားသောက်ကုန်တွေကို ထုတ်ပိုးပြီး စားသောက် နေရင်တော့ အနာဂတ်ကျန်းမာရေးမှာ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တော့မှာပါ။ ပုံမှန်တစ်လီတာ (၃၃ အောင်စ) ရေဘူးတစ်ဘူးတွင် ပလတ်စတစ်အပိုင်းအစ ၂၄၀,၀၀၀ ခန့်ပါဝင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ အဆိုပါ အပိုင်းအစများထဲမှ အများအပြားက ရောဂါသမိုင်းကြောင်း ကို ရှာလို့မရတဲ့ ပလတ်စတစ်ညစ်ညမ်းမှုနှင့် ဆက်နွှယ်နေပါတယ်။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ မဖော်ထုတ် နိုင်လောက်တဲ့ ရောဂါတွေရဲ့ ကနဦးအစပဲလို့ သိပ္ပံပညာရှင်တွေက အတည်ပြုလိုက်ပါတယ် ။ […]

သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေး ပညာပေးဆိုတာ ဘာလဲ

သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေး ပညာပေး သည် လူတစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စူးစမ်းလေ့လာရန်၊ ပြဿနာဖြေရှင်းခြင်းတွင် ပါဝင်လုပ်ဆောင်ရန်နှင့် ပတ်ဝန်းကျင်တိုးတက် ကောင်းမွန်လာ စေရန် လုပ်ဆောင်နိုင်စေမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ရလဒ်အနေဖြင့် တစ်ဦးချင်းစီသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ နားလည် သဘောပေါက်လာပြီး အသိဥာဏ်နှင့် တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက်များချနိုင်သည့် အရည်အချင်းများ ပိုင်ဆိုင်လာမည်ဖြစ်သည်။ ပတ်ဝန်းကျင်ပညာရေး၏ အစိတ်အပိုင်းများမှာ- ပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို သိရှိနားလည်မှုနှင့် အာရုံခံစားနိုင်မှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အသိပညာနှင့် နားလည်ခြင်း။ ပတ်ဝန်းကျင်ကို အလေးထားသော သဘောထားများနှင့် ပတ်ဝန်းကျင် အရည်အသွေးကို မြှင့်တင်ရန် သို့မဟုတ် ထိန်းသိမ်းရန် လှုံ့ဆော်မှု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖော်ထုတ်ကူညီဖြေရှင်းရန် ကျွမ်းကျင်မှုများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် ဦးတည်သော […]

အမှိုက်ကိစ္စနဲ့ ပြင်သစ်သား၁၀ ဦး တရားစွဲခံထားရ

ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံတို့ကြား ကြီးမားတဲ့ အမှိုက်မှောင်ခိုလုပ်ငန်းကို ကြိုးကိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံမှာ အမျိုးသား ၁၀ ဦးကို အခုသီတင်းပတ်အတွင်း ရုံးတင်စစ်ဆေးနေပါတယ်။ ပြင်သစ်ကျေးရွာတစ်ရွာ မှာ အမှိုက်တွေ လာပစ်လို့ ဒေသတွင်း ရေထုညစ်ညမ်းမှုနှင့် ဆိုးရွားသော အနံ့အသက်များ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့က ဘယ်ကမှန်းမသိ လာပစ်နေတဲ့ အမှိုက်တွေကြောင့် အနံ့အသက်တွေကြား ရုန်းကန်နေရတယ်လို့လည်း ပြောပါတယ် ။ “ကျွန်တော်တို့အားလုံး ကျေးလက်မှာ အမှိုက်တွေ စုပုံလာတာ တွေ့ဖူးပါတယ်၊ ဒါပေမယ့် ဒီလောက်အများကြီး တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး” လို့ တရားခံများရဲ့ အရပ်ဘက် ရှေ့နေ Muriel Ruef က ဆိုပါတယ် ။ ဘယ်လ်ဂျီနိုင်ငံဖက်က လာတဲ့ အမှိုက်တန်ချိန် ၁ သောင်းကျော်က နယ်စပ်ကိုဖြတ်ကျော်ပြီး […]

””ထိန်းသိမ်းစောင့်ရှောက်သင့်သော ရှားပါးမျိုးစိတ်ဝင် ငါးမျိုးစိတ်တစ်မျိုးဖြစ်သော ရေနဂါးတို့၏ ထူးခြားသော သဘာဝများ””

ရေနဂါး(Seahorse)ကို ပင်လယ်မြင်း (သို့မဟုတ်) ရေနဂါးဟု လူသိများကြပြီး အပူပိုင်းနှင့် သမပိုင်းဒေသ ပင်လယ်ရေတိမ်များတွင် တွေ့ရတတ်ပါသည်။မြန်မာအခေါ် ရေနဂါးကို ပင်လယ်ရေနွေးစီးကြောင်းရှိရာဒေသများတွင် အတွေ့ရများပါသည်။မြန်မာနိုင်ငံတွင်မွန်၊တနသာ်ရီကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါတွေ့ရတတ်သည်။ ရေနဂါးမှာ ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး ရေထဲတွင်သာ နေကြသည်။ ပါးဟက် နှင့် အသက်ရှူပြီး ဗိုက်ထဲတွင် စည်ဖောင်းများရှိကြပါသည်။ သို့သော် ၄င်းတို့၏အမြီးက ရေကိုယက်ပြီးကူးခတ်နိုင် သည့်ဆူးတောင်မဟုတ်ပေ။တစ်ခုခုကို ရစ်ပတ်ပြီး ဆုပ်ကိုင်ထားနိုင်သော မျောက်အမြီးလိုအမြီးမျိုး ဖြစ်ပါသည်။ရေနဂါးသည် မျိုးကွဲများစွာရှိကြပြီး ထူးခြားချက်မှာ ငါးမျိုးစိတ် ဖြစ်သော်ငြား ၄င်းတို့ တွင် အကြေးခွံ မပါရှိပေ။ပါးလွှာသော အရေခွံတစ်မျိုးတည်းသာရှိသည်။ အခြားငါးများကဲ့သို့ အလျားလိုက် ရေမကူးဘဲ ဒေါင်လိုက်မတ်တတ်ကြီး ရေကူးနိုင်ခြင်းတို့ ဖြစ်ပါသည်။ရေသတ္တဝါများထဲ တွင် တစ်မျိုးတည်းသော ဒေါင်လိုက်(မတ်တတ်) ကူးခပ်သော သတ္တဝါ ဖြစ်သည်။ထို့ပြင် အနှေးဆုံးကူးခပ်နိုင်သော ရေသတ္တဝါလည်း ဖြစ်သည်။တစ်နာရီလျှင် ၅ပေ(၁.၅ […]

ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ အင်္ဂလန်သားတွေ အနိုင်ရရှိ

နိုဝင်ဘာလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ အင်္ဂလန်သားတွေ အနိုင်ရရှိသွားတယ်လို့ သတင်းရပါတယ်။ ဂျပန်၊ အမေရိကန်၊ သြစတြေးလျနဲ့ ပြင်သစ်စတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ပါဝင်သူများက မိနစ် ၉၀ အတွင်း အမှိုက်အများဆုံး ကောက်ယူခြင်းဖြင့် ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ ‘Spogomi World Cup’ ပြိုင်ပွဲ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အသိပညာများ မြှင့်တင်ရန်နဲ့ အထူးသဖြင့် သမုဒ္ဒရာထဲသို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန် ဖြစ်ပါတယ် ။ ကမ္ဘာကြီးက ၁၉၅၀ လောက်ကတည်းက ပလတ်စတစ်တန်ချိန် ၈.၃ ဘီလီယံကျော်ကို ထုတ်လုပ်ခဲ့ပြီး အများစုမှာ မိုက်ခရို နဲ့ နာနို ပလက်စတစ် များအဖြစ်သိုပြောင်းသွားကာ ရေစီးကြောင်းများ၊ […]

၂၀၂၁ တုန်းက လေထုညစ်ညမ်းမှုကြောင့် ဥရောပမှာ လူ ၂သိန်းခွဲကျော် သေခဲ့ရတယ်လို့ ဆို

ဥရောပ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ ( EEA ) ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ၂၀၂၁ တုန်းက ဥရောပမှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးခဲ့ရတယ် လူ ၂သိန်းခွဲ ကျော်တယ်လို့ သိရပါတယ်။ ကားအိတ်ဇောတွေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အား‌‌ပေးစက်ရုံတွေကနေ ထွက်လာတဲ့ အမှုန်တွေက လေထုတွေထဲကို အများအပြားရောက်လာရင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေဖြစ်တတ်ပါတယ်။ အဲ့ဒိအမှုန်တွေ လေထုထဲမှာ ဘယ်လောက်ရှိတယ်ဆိုတာကို PM လို့ခေါ်တဲ့ ယူနစ်နဲ့ တိုင်းတာပါတယ်။ PM ၂.၅ ကိုရောက်သွားပြီဆိုရင် လေထုက မသန့်စင်တော့ပါဘူး ။ အဲ့ဒိပမာဏအထက်မှာ ရှိတဲ့ လေထုက လူတွေကို လေပြွန်ယောင်ရောဂါ ၊ ရင်ကျပ်ရောဂါနဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။ “နောက်ဆုံး EEA ခန့်မှန်းချက်အရ၊ ၂၀၂၁ ခုနှစ်က […]

ပိုက်လိုင်းပေါက်ပြီး ရေနံစိမ်းလီတာ ၄သန်းကျော် မက္ကဆီကိုပင်လယ်ကွေ့ထဲရောက်

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ လူဝီစီယားနားပြည်နယ် အရှေ့တောင်ဖက် ကမ်းလွန်ဒေသမှာ ရေနံစိမ်းလီတာ ၄သန်းကျော်လောက်ရှိတဲ့ အကွက်ကြီးကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲက သိရတဲ့ အချက်အလက်တွေကတော့ ပိုက်လိုင်း ပေါက်တဲ့ နေရာကို မသိရသေးကြောင်း ၊ ကမ်းခြေဖက်ဆီကို မရောက်သေးကြောင်း ၊ ရေနံတွေ ပေနေတဲ့ ဇင်ယော် ၂ ကောင်ကိုကမ်းခြေမှာ တွေ့ခဲ့ရပေမဲ့ တောင်ရိုင်းတွေ ဘယ်လောက် ထိခိုက်နေတယ်ဆိုတာကို မစုံးစမ်းရသေးကြောင်း ၊ လေပြင်းတိုက်နေလို့ အချို့ ရေနံစိမ်းတွေ အငွေ့ပျံနေကြောင်း ၊ ရေနံကွက်ကြီးကနေ ရေနံ ကွက်ငယ်တွေအဖြစ် ကွဲထွက်နေကြောင်း ၊ ဟူစတန်အခြေစိုက် Third Coast Infrastructure LLC ၏ လုပ်ငန်းခွဲဖြစ်သော Main […]

ကချင်မှာ မြေရှားသတ္တုစွန့်ပစ်ရည်ကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါဖြစ်နေ

■ ကချင်ပြည်နယ် လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့ကြားမှာရှိတဲ့ အင်ခေါင်းပါရွာက မြေရှားသတ္တုတူးဖော်ရာမှာအသုံးပြုတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါ ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။ မြေရှားသတ္တုကန်က စွန့်ပစ်ရည်တွေဟာ အင်ခေါင်းပါရွာအနီးက ချောင်းထဲကိုစီးဆင်းနေပြီး အဲဒီချောင်းရေကို အသုံးပြုရာကနေ အရေပြားရောဂါဖြစ်နေကြတာလို့ ဆိုပါတယ်။ လက်ဖဝါး၊ ခြေထောက်နဲ့ ခန္ဓာကိုယ်မှာဖြစ်ပွားနေတာလို့ အင်ခေါင်းပါရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ ကျွန်တော်တို့ရွာက ချောင်းရေကိုပဲ အဓိက အသုံးပြုကြတာ။ အနာဖြစ်တယ်ဆိုတာ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်က ရွာအနီးမှာ မြေရှားတူးဖော်ရေးလုပ်ငန်းတွေ စတယ်။ အဲဒီမြေရှားတူးဖော်တဲ့ သတ္တုကန်တွေကနေ အက်ဆစ်ရည်လို အပြင်းစား အသုံးပြုထားတဲ့ စွန့်ပစ်ရည်တွေ ထုတ်တော့ ချောင်းထဲကို သွန်တာ။ အဲဒါကို သုံးမိပြီး အနာတွေ […]

Page 3 of 9
1 2 3 4 5 6 7 8 9