Pollution

ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောနှစ်မြုပ်ပြီး ဆီကွက်တွေ ကမ်းလာကပ်လို့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

တောင်အမေရိကတိုက် မြောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံရဲ့ ကမ်းလွန်းမှာ ရှိတဲ့ ထရီနီဒတ် တိုဘာဂို ကျွန်းနိုင်ငံမှာ ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောမှောက်ပြီး ဆီကွက်တွေ ကမ်းလာကပ်တဲ့အတွက် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ ထရီနီဒက်နှင့် တိုဘာဂို ဝန်ကြီးချုပ်က ကာရေဘီယံ အရှေ့ပိုင်းရှိ ကျွန်းနှစ်ကျွန်းအနီးတွင် ရေနံယိုဖိတ်မှုကြောင့် “နိုင်ငံတော် အရေးပေါ်အခြေအနေ” ဖြစ်လာကြောင်း ပြောကြားခဲ့ပါတယ်။ Tobago ရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ ကမ်းခြေအများအပြားတွင် ရေနံကွက်များ ဖုံးအုပ်ထားပြီး ၎င်းတို့ကို ရှင်းလင်းပြီး သိုလှောင်ရန် သင်္ဘောသားများ ရုန်းကန်နေကြရပါတယ်။ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က Tobago အနီးတွင် တိမ်းမှောက် ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောပိုင်ရှင်ကို အစိုးရက ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ဝန်ကြီးချုပ် Keith Rowley က […]

ဘောလုံးပွဲတွေမှာ လေကြောင်းလိုင်းကြော်ငြာတွေ မထည့်ဖို့ UEFA ကို တောင်းဆို

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဘောလုံးအသင်းများကို ကမာ္ဘ့လေထုကို ညစ်ညမ်းစေတဲ့ လေကြောင်း လိုင်း စပွန်ဆာများနှင့် ‘လမ်းခွဲရန်’ တိုက်တွန်းလိုက်ပါတယ် ။ ယူအီးအက်ဖ်အေ (ဥရောပဘောလုံးအဖွဲ့များသမဂ္ဂ) က လေကြောင်းလိုင်းတွေမှပေးတဲ့ စပွန်ဆာများကို အမြတ်ထုတ်နေခြင်း အတွက် အစိမ်းရောင်တက်ကြွ လှုပ်ရှားသူများရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံနေရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသည် ယခုအပတ်တွင် “ရာသီဥတု ပျက်ယွင်းစေတဲ့ လေကြောင်းလိုင်းစပွန်ဆာများနှင့်အတူ ပြန်လည်ရောက်ရှိလာပါတယ် “လို့ လှုတ်ရှားရေးအဖွဲ့ Fossil Free Football က ၎င်းတို့ရဲ့ တွစ်တာတွင် ဖော်ပြခဲ့ပါတယ် ။ ယခု Valentine’s Day တွင် ဘောလုံးအသင်းတွေအား လေထုညစ်ညမ်းစေသော လုပ်ဖော်ကိုင်ဖက်များနှင့် “လမ်းခွဲရန်” လှုံ့ဆော်ရေးသမားတွေက တောင်းဆိုလိုက်ပါတယ်။ UEFA ကို တူရကီလေကြောင်းလိုင်း မှ စပွန်ဆာ ပေးထားပြီး ချန်ပီယံလိဂ် ၁၆ […]

ဂျက်လေယာဉ်ကို ခြေရာခံတဲ့ ကျောင်းသားကို တေလာဆွစ်တစ်ယောက် တရားစွဲဖို့ စီစဉ်နေ

ကိုယ်ပိုင်ဂျက်လေယာဉ်တွေက ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ တိုက်ရိုက်ထည့်သွင်းနေတာ ဖြစ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူငယ်တွေက ကိုယ်ပိုင်ဂျက်လေယာဉ်ဝယ်စီးနိုင်တဲ့ သူတွေရဲ့ ခရီးစဉ်တွေကို ခြေရာခံမှတ်သားပြီး သူတို့တွေ ကမာ္ဘ့လေထုထဲကို ကာဗွန်တွေ ဘယ်လောက်လွှတ်ထုတ်နေပါတယ်ဆိုပြီး ဖောက်ချ နေကြပါတယ်။ အခုလည်း ကမ္ဘာကျော်ဆယ်လီတစ်ဦးဖြစ်တဲ့ အမေရိကန် တေးရေ ၊ တေးဆို တေလာဆွစ်ရဲ့ ကာဗွန်ခြေရာတွေကို လိုက်လံဖော်ထုတ်တဲ့ ကျောင်းသားတစ်ဦးကို တရားစွဲမယ်ဆိုပြီးတော့ တေလာဆွစ်တို့ဘက်က စီစဉ်နေတယ်လို့ သိရပါတယ်။ ပေါ့ပ်စတားရဲ့ရှေ့နေများက စင်ထရယ်ဖလော်ရီဒါတက္ကသိုလ်တွင် သတင်းအချက်အလက် နည်းပညာလေ့လာ နေတဲ့ အသက် ၂၂ နှစ်အရွယ် Jack Sweeney ကို ဒီဇင်ဘာလတွင် တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်စာတစ်စောင် ဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ Sweeney သည် ဘီလျံနာများ၊ နိုင်ငံရေးသမားများနှင့် အခြားနာမည်ကျော်များ၏ ကိုယ်ပိုင်ဂျက်လေယာဉ်များကို ခြေရာခံရန် အများသူငှာဒေတာနှင့် […]

ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေရဲ့ အဓိကအကြောင်းက ဖော်အဲဗားဓာတုပစ္စည်းကြောင့်လို့ အခိုင်အမာပြောလာကြပါပြီ

မနှစ်ကနှစ်ကုန်ခါနီးအထိ ဖော်အဲဗားဓာတုပစ္စည်းတွေကြောင့်ကင်ဆာရောဂါဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ဆိုတာက ဝိရောဓိတွေ ဖြစ်နေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကလည်း အဲ့ဒိကိစ္စကို ရှင်းနိုင်ဖို့အသည်းအသန် သုတေသနတွေ လုပ်ခဲ့ကြပါတယ် ။ ယေးလ်တက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးဌာကတော့ ဒီကနေ့ ကင်ဆာရောဂါနေ့အတွက် ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်တဲ့ နေရာမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ ကြောင့် ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေ ဖြစ်နိုင်တယ်ဆိုတာသေချာတယ်ဆိုပြီး ပြောလာပါတယ်။ ဖော်အဲဗား ဓာတုပစ္စည်းဆိုတာ ပိုလီဖူအိုရိုအယ်လ်ကိုင်း ဓာတ်ပေါင်း poly-fluoroalkyl substances (PFAS)တွေကိုပြောတာပါ ။ အဲ့ ဒိဓာတ်ပေါင်းတွေက သဘာဝပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ကြာအောင်မပျက်မစီးဘဲ ရှိနေနိုင်တဲ့အတွက် ဖော်အဲဗား ဓာတုပစ္စည်းလို့ ခေါ်ကြတာပါ ။ ယေးလ်က သိပ္ပံပညာရှင်တွေက အူမကြီးကင်ဆာကို သုတေသနလုပ်ရင် PFAS က လူသားခန္တာကိုယ်အတွင်းမှာရှိတဲ့ […]

ရယ်ဒီမိတ် တစ်ခါသောက် ရေသန့်ဘူးတွေကို မသောက်သင့်တော့တဲ့ အကြောင်းရင်းများ

ယနေ့ခေတ်ကမ္ဘာမှာ ရေချိုရရှိမှုက ရှားပါးနေပေမယ့် ပလတ်စတစ်ရေသန့်ဘူးတွေကို ပေါပေါများများ ထုတ်လုပ်သုံးစွဲနေကြဆဲပါ။ကမ္ဘာကြီးနဲ့ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ရာ ရယ်ဒီ မိတ် ရေသန့်ဘူးတွေကို ဘယ်တော့မှ မသောက်သင့်တော့တဲ့ အကြောင်းရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။အောက်ပါ အကြောင်းရင်းတွေကို ဆက်လက်ကြည့်ကြပါစို့။ (၁) ပလတ်စတစ်ရေဘူးတွေကို ပြန်လည် အသုံးပြုမယ်ဆိုရင်တောင်မှ ကမ္ဘာကြီးကို ညစ်ညမ်း စေတယ် ပလတ်စတစ်ရေသန့်ဘူးတွေကို ထုတ်လုပ်ဖို့အတွက် ရေနံနဲ့ အထွေထွေ ကုန်ကျ စရိတ်တွေက များပြား လွန်းလှပါတယ်။ဒါ့အပြင် အရင်းအမြစ် ထုတ်ယူသုံးစွဲမှုကလည်း အများကြီး လိုအပ်ပါတယ်။ထုတ်လုပ်မှု၊ ကမ္ဘာကြီးတဝိုက်သယ်ယူပို့ဆောင်ပေးမှုတွေအတွက် ကာဗွန်ခြေရာ များပြားနေတယ်လို့ ဆိုရပါလိမ့်မယ်။ပလတ်စတစ်ဘူးထဲက ရေကို အချိန်ခဏပဲ သောက်သုံး မိပေမယ့် နှစ်ပေါင်း ၁၀၀ ကျော်တိုင် ကျန်ရှိနေတာလည်း အဆိုပါ ပလတ်စတစ် ရေသန့်ဘူးတွေပဲ ဖြစ်ပါတယ်။ဓာတုဗေဒအရ ပြိုကွဲမှု အားနည်းတာကြောင့်ပါ။အသုံးပြုပြီး […]

”ပင်လယ်သမုဒ္ဒရာထဲက ရေနေသတ္တဝါများကို ထိခိုက်ပျက်စီးစေသော မိုက်ခရိုပလတ်စတစ်များ

မိုက်ခရိုပလတ်စတစ်များ (Microplastics)ဆိုသည်မှာ ကျွန်ုပ်တို့၏ သမုဒ္ဒရာများတွင်ရှိပြီး အရွယ်အစား ၅မီလီမီတာအောက်ရှိ​သော ပလတ်စတစ်အမှုန်အမွှားများဖြစ်သည်။ထိုမိုက်ခရို ပလတ်စတစ်များကြောင့် ပင်လယ်သမုဒ္ဒရာရှိ ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကို ခြိမ်း ခြောက်လျက်ရှိပြီး အစာကွင်းဆက်ကိုလည်းဆိုးရွားစွာအန္တရာယ်ပေးလျက်ရှိပါသည်။ထို့ကြောင့် လည်း ၄င်းတို့ကို“ပင်လယ်ထဲက အသံတိတ်လူသတ်သမား”ဟု တင်စားခေါ် ဝေါ်ကြသည်။ မိုက်ခရိုပလတ်စတစ်များ ဖြစ်ပေါ်လာပုံ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုအားနည်းခြင်းသည် မိုက်ခရိုပလတ်စတစ်များဖြစ်ပေါ်လာပုံနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ကို သတိပြုရမည်။ထိုအမှိုက်များ ရေထုထဲသို့ ရောက်လာပုံရောက်လာ နည်း ၃မျိုးရှိပါသည်။ ပထမနည်းကတော့ – လူသားတို့၏ အမှိုက်များကို ရေထုထဲသို့ တိုက်ရိုက်သော်လည်းကောင်း၊သွယ် ဝိုက်၍သော်လည်းကောင်း မဆင်မခြင်စည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကြောင့် ထိုအမှိုက်များ ရောက်ရှိလာ ရခြင်း၊ ဒုတိယနည်းကတော့-သဘာဝဘေးအန္တရာယ်များကြောင့် ရေထုထဲသို့ ဝင်ရောက်လာခြင်း(ဥပမာ အားဖြင့်-မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ရေကြီးရေလျှံဖြစ်ခြင်း) နောက်ဆုံးနည်းကတော့-လူသားများ အဝတ်လျှော်သည့်အခါ အထူးသဖြင့် စက်ဖြင့်အဝတ်လျှော်သည့် အခါ အဝတ်အထည်များ လျှော်ဖွပ်ခြင်းတို့ကြောင့် ပလတ်စတစ်ဖိုင်ဘာအမျှင်လေးများ (Plastic Fibers)ထွက်ရှိလာပြီး […]

ဥရောပမှာတော့ ကမ်းရိုးတန်း ရေ နမူနာများကို ကောက်ယူစစ်ဆေးနေပြီ

၂၀၂၃ ဧပြီလမှစတင်၍ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် ၂၀၂၄ ဇူလိုင်လ အထိ ဥရောပ ကမ်းရိုးတန်းတစ်ဝိုက်မှ အချက်အလက်များကို စုဆောင်းတဲ့ မစ်ရှင်တစ်ခုလုပ်နေပါတယ်။ Tara Europa သင်္ဘောသည် ပုံမှန် ရွက်လှေလိုပါပဲ။ ဒါပေမဲ့ တကယ်တော့ ဒါဟာ ရေပေါ်သိပ္ပံနည်းကျ ဓာတ်ခွဲခန်းတစ်ခုပါ။ “Tara Europa Trek မစ်ရှင်၏ ရည်ရွယ်ချက်မှာ များပြားလှသော ဇီဝမျိုးစုံမျိုးကွဲများရှိသည့် ကမ်းရိုးတန်းပေါ်ရှိ လူသားများအပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာရန်ဖြစ်သည်” ဟု Tara ဖောင်ဒေးရှင်းမှ ပြည်သူ့ရေးရာ ဌာနမှူး Henri-Bernard Costa က ရှင်းပြသည်။ ၂၀၂၃ ဧပြီလမှစတင်၍ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် လေထုညစ်ညမ်းမှုအဆင့်နှင့် ကမ်းရိုးတမ်းရေထု၏ ကျန်းမာရေးကို အကဲဖြတ်ကာ ဥရောပကမ်းရိုးတန်းတစ်လျှောက် ရွက်လွှင့်လျက်ရှိသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ကီလိုမီတာ ၂၅၅၂၀ ရှည်လျားသော […]

ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ သောက်‌ရေ တစ်ဝက်လောက်က အာဆင်းနစ်အဆိပ်သင့်နေ

ရာသီဥတုဖောက်ပြန်မှုကို အခံရဆုံးနိုင်ငံတစ်နိုင်ငံကိုပြ ပါဆိုရင် ဘင်္ဂလားဒေ့ရှ်ပါပဲ ။ ပညာရှင်တွေရဲ့ လက်ရှိ တွက်ချက်ထားမှုအရ ၎င်းရဲ့ ပင်လယ်ရေမျက်နှာပြင်က ၂၀၅၀ မှာ ၁ ပေခွဲ မြင့်တက်လာစရာရှိနေတယ်လို့ မှန်းထားပြီး ကုန်းမြေ ၁၁ ရာခိုင်နှုန်းလောက် ပင်လယ်ရေအောက် ရောက်သွားနိုင်ပါတယ်။ မုတ်သုံမိုးများ ပြင်းထန်စွာ ရွာသွန်းမှု က စိတ်လာတဲ့အတွက် ကြောင့် နိုင်ငံတစ်ဝန်း နှစ်စဉ် ရေကြီးပြီး မိသားစု ၅ ပုံတစ်ပုံ က နေအိမ်တွေကနေ စွန့်ခွာပြီး ရွှေ့ပြောင်းကြရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်သူများအတွက် အဲ့ဒိ ရေဘေးအန္တရာယ်တွေထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုကတော့ အာဆင်းနစ် ညစ်ညမ်းမှုပါပဲ။ လူတိုင်းနီးပါးသောက်သုံးတဲ့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ သောက်ရေတွင်း ၄၉ ရာခိုင်နှုန်းခန့်မှာ ကင်ဆာဖြစ်စေနိုင်သော အာဆင်းနစ် […]

စောင့်ကြည့်ရမယ့် နော်ဝေ ရေအောက်သတ္တုတူးဖော်မှုကိစ္စ

အငြင်းပွားဖွယ် ပင်လယ်ရေအောက် သတ္တုတူးဖော်မှု ကိစ္စနဲ့ ပတ်သက်ပြီး နော်ဝေပါလီမန် ပထမဆုံးအကြိမ် အနေနဲ့ခွင့်ပြုလိုက်ပြီဖြစ်ပါတယ် ။ မြောက်ပင်လယ်အောက်က ကြမ်းခင်းမှာ အာလူးလုံးအရွယ်လောက်ရှိတဲ့ ကိုဘော့ ၊ နီကယ် ၊ ကြေး နဲ့ မန်ဂနိ သတ္တုတွေကို ရှာဖွေ တွေ့ရှိပြီးနောက်မှာတော့ ပါလီမန်က ပင်လယ်ရေအောက် သတ္တုတူးဖော်မှု စီမံကိန်းကို ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ် ။ အဲ့ဒိသတ္တုတွေက အီးဗွီလို လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့နေရာမှာ အရမ်းကို အရေးကြီးတဲ့သတ္တုတွေဖြစ်ပါတယ် ။ လေတာဘိုင်တွေ နဲ့ ဆိုလာပြားတွေကနေရတဲ့ လျှပ်စစ်ကို သိုလှောင်နိုင်ဖို့အတွက် ဘတ်ထရီလုပ်တဲ့နေရာမှာ မပါမဖြစ်သတ္တုတွေ ဖြစ်ပါတယ် ။ ရုပ်ကြွင်းလောင်စာ ဖျက်သိမ်းနိုင်ဖို့အတွက် လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲနိုင်ဖို့ ကြားကာလ အခြေအနေမှာ လျှပ်သို ပစ္စည်းတွေကို စျေးပေါပေါနဲ့ ရနိုင်မှဖြစ်မှာပါ […]

ဂျာမဏီ ကာဗွန်ထုတ်လွှတ်မှု နှစ် ၇၀ အတွင်းအနိမ့်ဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့

ဥရောပရဲ့ အကြီးဆုံး စီးပွားရေး အဆောက်အအုံဖြစ်တဲ့ ဂျာမဏီနိုင်ငံက နှစ် ၇၀ အတွင်း ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံး ဖြစ်အောင် မနှစ်က လုပ်နိုင်ခဲ့တဲ့အတွက် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။ ထင်ရှားသော တွေးခေါ်ပညာရှင် Agora Energiewende ရဲ့ လေ့လာမှုတစ်ခုအရ ဂျာမနီနိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် တန်ချိန် ၆၇၃ သန်းသို့ လျှော့ချနိုင်ခဲ့ပြီး ယခင်နှစ်ကထက် တန်ချိန် ၇၃ သန်း လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ ။ အဲ့ဒိကျဆင်းမှုက အဓိကအားဖြင့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာ လျော့ကျသွားခြင်းကြောင့် CO2 ထုတ်လွှတ်မှု တန်ချိန် ၄၆ သန်း လျော့ကျသွားစေရန် အထောက်အကူဖြစ်သွားတာပါ။ ကျောက်မီးသွေးနှင့် ဝေးကွာခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များဆီသို့ ကူးပြောင်းရန် ဂျာမနီရဲ့ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ် […]

Page 2 of 9
1 2 3 4 5 6 7 8 9