တရုတ်တွေက အာဖရိကမှာ အစိမ်းရောင်စွမ်းအင်လုပ်ငန်းတွေ လုပ်နေပြီ
နမ်မီဘီယားက လေအားလျှပ်စစ် ထုတ်လုပ်မှုနဲ့ ဇင်ဘာဘွေက ကာရီဘာဆည်ထဲကရေပေါ် ဆိုလာခြံတွေက အာဖရိကကို ရုပ်ကြွင်းလောင်စာမှီခိုပြီးသွားနေရတဲ့ လုပ်ငန်းတွေကနေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တွေကို အားကိုးလာနိုင်စေဖို့ တရုတ်တွေ ပေးထားတဲ့ ကတိကဝတ်တွေက လုပ်ငန်းတွေဖြစ်ပါတယ်။ဘေကျင်းအစိုးရက အာဖရိက နိုင်ငံတွေမှာ စွမ်းအင်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြုတ်နှံမှုတွေ ပြုလုပ်ဖို့အတွက် အများကြီး အာရုံစိုက်ထားပါတယ် ။ လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေသိပ္ပံကျောင်းမှ မူဝါဒရေးရာပညာရှင် Lei Bian က တရုတ်တွေက ရာသီဥတုဖောက်ပြန်မှု တားဆီးရေး နဲ့ပတ်သက်ပြီး နိုင်ငံတကာကိုပေးထားတဲ့ ကတိကဝတ်တွေကိုအကောင်အထည်ဖော်ကို အာဖရိက ကိုစဝင်တာပဲဖြစ်မှာပါ လို့ ဆိုပါတယ် ။ […]