ရေကို စုဆောင်း သိုလှောင် ချွေတာကြမှသာလျှင်
(မတ်လ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်တွင် ကျရောက်သော ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။ (၁) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ရေကြည်၊ ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာပေါင်း ၉၀ ကျော်၌ ရေရှားပါးမှု ဖြစ်ပေါ်နိုင်ကြောင်း ဧပြီ ၁၀ ရက်က သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ယင်းဒေသများသည် ကန်ရေကို အဓိထား သုံးစွဲနေရသည့် ဒေသများ ဖြစ် သည်။ ထိုဒေသများတွင် ယခင်နှစ်မိုးရာသီက မိုးရေချိန်နည်းပါးခဲ့ခြင်းနှင့် ယခုနှစ်တွင် နေပူချိန်မြင့်တက်ခြင်းတို့ ကြောင့် ရေခန်းခြောက်မှု ဖြစ်ပေါ်နိုင်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူတို့က အသိပေး ပြောကြားခဲ့ခြင်းဖြစ် သည်။ ဧရာဝတိတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၉၇ ရွာ၌ တွင်းတိမ် […]