ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၂၀ ကျော်ကျရောက်နေပေမဲ့ စိတ်ချလုံခြုံသေးတဲ့ ရော့တာဒမ်မြို့

မြောက်ပင်လယ်ရဲ့ အနေအထားက မရေရာ ရှိပေမဲ့ ရော့တာဒမ်သည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံး မြစ်ဝကျွန်းပေါ်မြို့များထဲမှ တစ်ခုအဖြစ် သက်မှတ်လို့ရပါတယ် ။ မုန်တိုင်း နဲ့ ဒီရေလှိုင်းတွေ ရဲ့အတားအဆီး ကနေ Maeslantkering ရေပေါ်ရုံးများအထိ၊ Rotterdam သည် ၎င်း၏နိုင်ငံသားများအား ရေလွှမ်းမိုးမှုနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်မှ ကာကွယ်ရန် နည်းလမ်းများစွာကို ဒီဇိုင်းထုတ်ထားပါတယ် ။ အဲ့ဒိ ဖြေရှင်းချက်များတွင် လူသိနည်းသော အခြားလုပ်ဆောင်ချက်တစ်ခုပါရှိပါတယ် ။ အဲ့ဒါကတော့ နယ်သာလန်၏ ‘ရေသံတမန်ရေးရာ’ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ခြင်းနှင့် ဒတ်ခ်ျအင်ဂျင်နီယာကုမ္ပဏီများ အလုပ်ဖြစ်အောင် အလုပ်ပေးထားနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ် ။ ရော့တာဒမ်၏မြို့တော်ဝန် Ahmed Aboutaleb က ပြီးခဲ့သည့်သီတင်းပတ်မှာ ဒူဘိုင်းCOP28 ရာသီဥတုညီလာခံသို့ မြို့တော်၏ရေကျွမ်းကျင်မှုနည်းလမ်းတွေကို မျှဝေခဲ့ပါတယ်။ ။ ရေစီမံခန့်ခွဲမှုအတွက် မြို့တော်၏ မဟာဗျူဟာပန်းတိုင်များအကြောင်း […]

ယူကေက မုန်တိုင်းဂျာရစ်ကတော့ တော်တော်မွှေသွားတယ်

ယူကေ ကိုဝင်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်း ဂျာရစ်က ကုန်းတွင်းပိုင်းမှာ တော်နေဒို ( လေဆင်နှာမောင်း ) ပုံစံပြောင်းပြီး မန်ချက်စတာမြို့ ပတ်ဝန်းကျင်ကို အပြင်းအထန်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ထောင်ပေါင်းများစွာသော အိမ်ရာတွေ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး နိုင်ငံနဲ့ အနှံ့ ခရီးသွားလာဖို့ အခက်အခဲတွေဖြစ်ခဲ့ပါတယ်။ စကော့တလန်မှာလည်း ဆီးနှင်းများထူထပ်စွာ ကျဆင်းခြင်းအပြင် လေပြင်းတိုက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း တို့ကိုလည်း ကြုံတွေ့ခဲ့ရပါတယ် ။ သစ်ပင်တွေလဲ ၊သစ်ကိုင်းတွေကျိုးလို့ လျှပ်စစ်မီး ပြတ်တောက်မှုကို အများကြီး ခံစားလိုက်ရပါတယ် ။ ‘ဒေသတွင်း လေဆင်နှာမောင်း’က Tameside ရှိ Stalybridge အိမ်ရာ ၁၀၀ ခန့်ကို ‘သိသိသာသာ ပျက်စီးဆုံးရှုံးမှု’ ဖြစ်စေခဲ့တယ်လို့ ဒေသခံအုပ်ချုပ်ရေး အဖွဲ့က အစီရင်ခံထားပါတယ် ။ နေအိမ်အမိုးများ ပြိုကျခြင်း၊ နံရံများပြိုကျခြင်းနဲ့ […]

၂၀၂၃ ရဲ့ ကုန်ကျစရိတ်အများဆုံး သဘာဝဘေးအန္တရာယ်များ

နိုင်ငံတကာ ခရစ္စယာန်အကူအညီပေးရေး အလှူအဖွဲ့ကပြုစုတဲ့စာရင်းဖြစ်ပါတယ် ။ ကုန်ကျစရိတ်တွေက လူတစ်ဦးချင်းစီပေါ်ကိုသက်ရောက်တဲ့ ပမာဏအနေနဲ့တွက်ချက်ပြထားပါတယ်။ လူလုပ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကို အဓိက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။ သဘာဝဘေးအန္တရာယ် ကြောင့်ပျက်စီးသွားတဲ့ ပမာဏ ကို တိုင်းပြည်က လူဦးရေ နဲ့စားပြီး အနီးဆုံး တွက်ချက် ယူထားတာဖြစ်ပါတယ် ။ ပျက်စီးဆုံးရှုံးမှုပမာဏ အနည်းအများထက် နိုင်ငံသားတစ်ဦးချင်းစီ အပေါ် သက်ရောက်သွားတဲ့ ကုန်ကျစရိတ်ကိုတွက်ချက်ဖော်ပြတာပဲ ဖြစ်ပါတယ် ။ ( ၁ ) ဟာဝိုင်ရီ ( တောမီး ) လူတစ်ယောက်ကို ၄၁၆၁ ဒေါ်လာ ကုန်ကျခဲ့ပါတယ် ။ ( ၂ ) ဂူအမ် ( မုန်တိုင်း ) […]

နောက်ကျောကိုဓားနဲ့ထိုးတဲ့ COP28လို့ ဂီတာသွန်းဘာဂ် စွတ်စွဲ

နိုဝင်ဘာ ၃၀ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ၂ပတ်နီးပါးကြာအောင် ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ကမာ္ဘလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ညီလာခံဖြစ်တဲ့ COP 28 က တကယ်တမ်းတော့ ရာသီဥတုအရေး လှုတ်ရှားနေသူတွေကို နောက်ကျောကနေ ဓားနဲ့ထိုးလိုက်တာပဲလို့ သဘာဝပတ်ဝန်းကျင်အရေး လှုံ့ဆော်သူ ဆွီဒင်ကျောင်းသူလေး ဂရီတာသွန်းဘာဂ်က စွတ်စွဲ ပြောဆိုလိုက်ပါတယ်။ “ဒူဘိုင်း COP28 ညီလာခံက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူမဖြစ်ခဲ့ပါဘူး ။ လိမ်လည် လှည့်ဖျားမှုတွေ ပြည့်နှပ်နေတဲ့ အစည်းအဝေးကြီးပါ” လို့ သူမက ပွဲအပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောသွားပါတယ်။ COPညီလာခံတွေနဲ့ ပတ်သက်လို့ သူမက ၂၀၂၁ ဂလက်စကို COP 26 ၊ ၂၀၂၂ ရှမ်အယ်ရှိတ် COP 27 ကတည်းက […]

ကင်ညာမှာ မိုးကြီးလို့ ရာနဲ့ချီပြီး​သေ ၊ သန်းနဲ့ချီပြီး​ရွှေ့​ပြောင်း​ပေးရ

ကင်ညာနိုင်ငံ​မြောက်ပိုင်းမှာ မှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှု ဖြစ်ပွားခဲ့လို့ ရာ​ပေါင်းများစွာ​သောပြည်သူ​တွေကိုစစ်တပ်က ​ရွှေ့​ပြောင်း​ပေးခဲ့ရပါတယ်။ ​အောက်တိုဘာလကုန်​လောက်ကတည်းက ရွာတဲ့မိုးက မဆဲနိုင်ဘဲ ​ရေလွှမ်းမိုးမှု ဖြစ်ပွားကာ လူအ​သေအ​ပျောက်များ ဖြစ်​ပေါ်ခဲ့ရပါတယ်။ မိုး​လေဝသ ပညာရှင်များရဲ့ ခန့်မှန်းချက်အရ မိုးက ​နောက်နှစ် အစပိုင်းထိ ရွာသွန်းနိုင်တယ်လို့သိရပါတယ်။ ​ရေလွှမိးမိုးမှုက ​ဒေသခံ​တွေကို ဝမ်း​ရောဂါ ဖြစ်ပွားမှုနှုန်း တိုးမြင့်လာ​စေခဲ့ပါတယ်။ ​မြေနိမ့်ပိုင်း​ဒေသက ပြည်သူ​တွေကို ​ရွှေ့​ပြောင်း​ပေးဖို့အတွက်လည်း မိုး​လေဝသဌာနက ​တောင်းဆိုထားပါတယ်။ ပညာရှင်​တွေရဲ့ အဆိုအရ အခုရွာ​နေတဲ့မိုးက ပုံမှန်ရွာသွန်းတဲ့မိုးမဟုတ်ဘဲ ရာသီဥတု​ဖောက်ပြန်မှု​ကြောင့်ဖြစ်တဲ့မိုးလို့ သိရပါတယ်။ မိုးက ကင်ညာနိုင်ငံ တစ်နိုင်ငံတည်းမှာ ကွက်ပြီးကြီး​နေတာမဟုတ်ပါဘူး။ အိမ်နီးချင်း ဆိုမားလီးယာမှာလညိး မိုးကြီးလို့ လူ​ပေါင်း ၁၀၀ ​ကျော်​သေဆုံးခဲ့ပြီး သန်းနဲ့ချီ ​ရွှေ့​ပြောင်း​ပေး​နေရပါတယ်။ အဲ့ဒီအပြင် အီသီယိုပီးယားမှာလည်း မိုးကြီး ​ရေလွှမ်းလို့ […]

မော်စကိုမှာ စံချိန်တင် နှင်းကျလို့ ​ကျောင်း​တွေ ပိတ်ထားရ

ဆယ်စုနှစ်များစွာအတွင်း မ​မျှော်လင့်ထာတဲ့ နှင်းကျဆင်းမှုကြောင့် ရုရှားနိုင်ငံမြို့​တော် ​မော်စကိုမှာ နှင်း​တွေ​ကြောင့် လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပြီး တစ်မြို့လုံး က​သောင်းကနင်း ဖြစ်ခဲ့ရပါတယ်။ မိုး​လေဝသပညာရှင်​တွေက​တော့ ဒီက​နေ့ကျဆင်းခဲ့တဲ့ နှင်းမုန်တိုင်းက နှစ် ၆၀ အတွင်းမှာ အပြင်းထန်ဆုံးလို့ ဆိုပါတယ်။ ၁​ပေနီးပါး​လောက် ထူတဲ့နှင်း​တွေက ထရပ်ကား ဒရိုင်ဘာ​တွေအတွက် အခက်အခဲအများကြီးဖြစ်​စေပြီး ယာဥ်​ကျောပိတ်ဆို့မှု​တွေလည်းဖြစ်​နေပါတယ်။ မိုး​လေဝသပညာရှင်​တွေက ဒီနှစ်ဒီဇင်ဘာက ​နောက်ထပ်နှင်းကျဆင်းမှု​တွေ ကျ​ရောက်လာနိုင်စရာရှိ​နေတဲ့အပြင် ပြီးခဲ့တဲ့ ရာစုနှစ်​တွေထက်​တောင် ကျဆင်းဖွယ်ရာရှိ​နေတယ်လို့ဆိုပါတယ်။သူတို့ရဲ့ ခန့်မှန်းလျက်အရဆိုရင် နှင်းကျ​ရောက်မှုက ၂​ ပေ ​တောင်​ကျော်သွားနိုင်တယ်လို့ သိရပါတယ်။ နှင်းကျဆင်းမှုများလွန်းလို့ စာသင်​ကျောင်း​တွေပိတ်ထားဖို့ ရုပ်မြင်သံကြားက​နေ ​ကြေညာထားပါတယ်။ ​မော်စကိုမြို့ရဲ့အဓိက လမ်း​တွေ အားလုံးပိတ်ဆို့မှု​တွေဖြစ်​နေလို့ ရှင်းလင်း​ရေးကိုအမြန်လုပ်​နေရပါတယ်။ မောင်ယဏ Ref….euronews

အယ်နီညိုကြောင့် မိုးခေါင်ပြီး ဇင်ဘာဘွေမှာ တောဆင်ရိုင်း အကောင်ရာနဲ့ချီပြီးသေ

ဇင်ဘာဘွေနိုင်ငံက အကြီးဆုံး အမျိုးသားဥယျာဉ်ကြီးဖြစ်တဲ့ Hwange မှာ မိုးခေါင်ရေရှားဖြစ်ပြီး တောဆင်ရိုင်း အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ် ။ နိုင်ငံတကာ တောရိုင်းထိန်းသိမ်းရေးအဖွဲ့ ကတော့ အယ်နီညိုကြောင့် ဖြစ်ရတာလို့ ဆိုပါတယ် ။ အယ်နီညိုကြောင့် ဇင်ဘာဘွေမှာ မိုးအဝင်နောက်ကျပြီး နွေရာသီက ၁လခွဲ နီးပါးလောက် ပိုပြီး ကြာသွားပါတယ်။ အမျိုးဥယျာဉ်ထဲမှာ ဆင်ကောင်ရေ ၄ သောင်းခွဲလောက်ရှိနေရာ သောက်သုံးရေ ကောင်းကောင်းမရလိုက်တဲ့ ဆင်ကောင်ရေ ရာနဲ့ချီပြီ သေဆုံးခဲ့ရတာပါ ။ အဲ့ဒိဥယျာဉ်ထဲမှာ ဆိုလာစွမ်းအင်သုံး ရေပန့် ၁၀၄ ခု ရှိပေမဲ့ အဲ့နေရာတွေကို မလာနိုင်တဲ့ ဆင်တွေ သေကြရတာပဲဖြစ်ပါတယ် ။ ဒီနေ့အထိ မိုးက မရွာသေးလို့ ရေကြိုက်တဲ့ တောရိုင်းတွေ အားလုံးနီးပါး […]

ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်နေရာတွေလည်း ရာသီဥတုဖောက်ပြန်မှုထဲမှာ ပိတ်မိနေပါပြီ

စီဒါပင်တွေဆိုတာက ထင်ရူးမျိုးတွေပါ ၊ လက်ဘနွန်မှာကတော့ အဲ့ဒိအပင်တွေကို ခရစ္စယာန်တွေရဲ့ အထွဋ်အမြတ် ထားတဲ့အပင်တွေအဖြစ် သက်မှတ်ထားကြပါတယ်။ ဟိမဝန္တာတောင်တန်းရဲ့ အနောက်ဖက် အခြမ်းမှာ ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၁၀၀၀ ကျော်မှာ ပေါက်ရောက်ကြပေမဲ့ မြေထဲပင်လယ် ဒေသမှာတော့ ပင်လယ်ရေမျက်နှာ အထက်ပေ ၁၅၀၀ ကျော်မှာပဲ ပေါက်ရောက်ပါတယ်။ လက်ဘနွန်နိုင်ငံမှာ စီဒါပင်တွေကို ဘယ်လောက်တောင် အလေးအမြတ်ထားလဲဆိုရင် နိုင်ငံအလံမှာတောင် ထည့်သွင်းထားပါတယ်။ သမ္မာကျမ်းစာထဲမှာ စီဒါပင်နာမည်ကို ၁၀၃ ကြိမ် ဖော်ပြထားပါတယ်။ နိုင်ငံ မြောက်ဘက်ရှိ အဆိုပါ အထင်ကရသစ်ပင်များသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အစ္စရေး-ဟားမတ်စ်စစ်ပွဲကြားထဲကို ညပ်သွားပါတယ်။ ဒါ့အပြင် လက်ဘနွန်-အစ္စရေးနယ်စပ်တစ်လျှောက် ရှိ ဟစ်ဇ်ဘိုလာစစ်သွေးကြွများနှင့် အစ္စရေးတပ်ဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုများကြောင့် စီဒါပင်တွေက အတုန်းအရုန်းလဲ ကုန်ပါတယ်။ အစ္စရေး၏ ဖော့စဖရပ်ဖြူနှင့် […]

အင်္ဂလန်မှာ လူကို ကူးနိုင်တဲ့ ဝက်တုတ်ကွေး မျိုးသစ်ပေါ်နေ

အင်္ဂလန်ကျန်းမာရေးလုံခြုံမှု အေဂျင်စီရဲ့ အဆိုအရ အင်္ဂလိပ် အမျိုးသားတစ်ယောက် အဖျားကြီးလို့ ဆေးရုံလာတင်ရာက သွေးစစ်ကြည့်တဲ့နေရာမှာ လူကိုကူးနိုင်တဲ့ ဝက်တုတ်ကွေး အမျိုးသစ်တစ်ခုကို တွေ့ခဲ့ရပါတယ်လို့ သိလိုက်ရပါတယ်။ Influenza A (H1N2)v သည် UK ရှိ ဝက်များတွင် လက်ရှိပျံ့နှံ့နေသော ဗိုင်းရပ်စ်များနှင့် ဆင်တူသော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ဗိုင်းရပ်စ်ပိုးနှင့် ကွဲပြားနေပါတယ်။ ဒီတုပ်ကွေးရောဂါရှိသူဟာ အပျော့စားဖျားနာမှုကို ခံစားရပြီးနောက်မှာတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း UK Health Security Agency (UKHSA) မှ ပြောကြားခဲ့ပါတယ်။ အဲ့ဒိအမှုပတ်သက်ပြီး ပုံမှန်တုပ်ကွေးစောင့်ကြည့်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တွေ့ရှိခဲ့ရပေမဲ့ ကူးစက်မှု၏ ရင်းမြစ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ် ။ Influenza အမျိုးအစား A ဗိုင်းရပ်စ်များသည် တိရစ္ဆာန် မျိုးစိတ် များစွာတွင် တွေ့ရှိရသလို […]

အိပ်ပျော်နေတဲ့ ဘီလူကြီးကို မနိုးကြပါနဲ့လို့ အန္တာတိကရေခဲပြင်ကိုရောက်နေတဲ့ ကုလ အကြီးအကဲဆို

COP28 ကုလသမဂ္ဂ ရာသီဥတုဆွေးနွေးပွဲကြီးက မကြာခင်ရက်ပိုင်အတွင်းမှာ ဒူဘိုင်းမှာကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲ့ဒိမတိုင်မီ ကမ္ဘာရာသီဥတုပြောင်းလဲမှုတွေကိုလက်တွေ့သိမြင်နိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရေ့က ရေခဲတွေ အရည်ပျော်နေတဲ့ ကမ္ဘာ့တောင်ဘက်ပိုင်းက အန္တာတိကတိုက်ကို အလည်အပတ်ရောက်နေပါတယ်။ ] သူက “ ကမ္ဘာကြီးပူနွေးလာမှုအတွက် တာဝန်ရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ကို ညီလာခံ လာတက်တဲ့ နိုင်ငံအသီးသီးက ကိုယ်စားလှယ် အရေးပေါ်ဆွေးနွေးမှုတွေကို လုပ်ဖို့လိုနေပါပြီ ။ တကယ်ကို ဆိုးရွားတဲ့ အရှိန်အဟုန်ကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ရေခဲတွေ အရည်ပျော်နေတာကိုကြည့်ပြီး ကျနော် ခင်ဗျားတို့ကိုပြောချင်တာက အိပ်ပျော်နေတဲ့ ဘီလူးကြီး ကို မနိုးကြပါနဲ့ လို့ပဲဆိုချင်ပါတယ်။ အန္တတိကသာ အရည်ပျော်သွားမယ်ဆိုရင် ကမ္ဘာကြီးက ဆိုးဝါးတဲ့ ဒဏ်ရာတွေပြည့်နှပ်သွားပါလိမ့်မယ်” လို့ ပြောသွားပါတယ်။ ဂူတာရက်စ်သည် အန္တာတိကတိုက်သို့ သုံးရက်ကြာ […]

Page 3 of 14
1 2 3 4 5 6 7 8 9 10 11 12 13 14