ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်အောင်မလုပ်တဲ့ အစိုးရကို အိုင်ယာလန်လယ်သမားတွေ ဆန္ဒပြ
အိုင်ယာလန်အစိုးရက COP 26 ညီလာခံမှာ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်အောင် ကတိမပေးဘဲ တွေ့ကရာတွေ လက်မှတ်ထိုးလိုက်လို့ ဆိုပြီး အိုင်ယာလန်လယ်သမားအဖွဲ့ချုပ် ( IFA )က မြို့တော်ဒက်ပလင် ဆီကို လယ်ထွန်စက်တွေ မောင်း ပြီး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ လယ်ထွန်စက်အစီး ၁၀၀ ကျော်ပါဝင်တဲ့ ယာဉ်တန်းကြီးက မြို့တော်က အစိုးရရုံးတွေရှိတဲ့ မာရီရွန် စကွဲယား မှာ ရပ်နားပြီး ဆန္ဒပြခဲ့ကြပါတယ်။ အိုင်ယာလန်နိုင်ငံရဲ့ လယ်ယာလုပ်ငန်းတွေက နေထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မွေးမြူရေးလုပ်ငန်းတွေ ကနေထွက်ရှိနေတဲ့ မီသိန်းဓာတ်ငွေ့တွေကို ၂၀၃၀ မတိုင်မီ ၃၀ % အထိ လျှော့ချပေးမယ် ဆိုတဲ့ ကတိစကားကို အိုင်ယာလန် အစိုးရကိုယ်စားလှယ်တွေက ဂလက်စကိုညီလာခံမှာ လက်မှတ်ထိုးခဲ့ပါတယ်။ […]