ဂျာမန်လယ်သမားတစ်ဦးက ဆိုလာနဲ့စိုက်ခင်း ၂ခုတွဲသုံးနိုင်ဖို့ လုပ်ကိုင်

ကမ္ဘာကြီးက ပူနွေးလာတယ် ၊ ရာသီဥတုက နွေရာသီရောက်ရင် ပိုပိုပြီး ပူလာတဲ့အတွက် ဘလူးဘယ်ရီ တို့ ၊ ရက်စ်ဘယ်ရီတို့ လို အရည်ရွမ်းတဲ့အသီးတွေ ကို စိုက်ပျိုး ဖို့အတွက် အခက်အခဲ ဖြစ်လာတယ် ၊ ရာသီဥတု ပူတော့ အရည်ရွမ်းတဲ့ အသီးတွေကို ထုတ်ပေးတဲ့ အပင်ငယ်တွေက ရေငွေ့ပျံမှုများသွားလို့ အသီး ကောင်းကောင်း မတင်တာရယ် ၊ တင်တော့လည်း ဈေးကွက် မဝင်တာတွေ ဖြစ်လာပါတယ်။ ဂျာမန်လယ်မားတ်ဦးဖြစ်တဲ့ ကာသရက် က ဆိုလာစနစ်နဲ့ ဘယ်ရီ စိုက်ခင်းတွေ တွဲလို့ ရအောင် စမ်းသက် ခဲ့ပါတယ်။ ဘယ်ရီစိုက်ခင်းတွေကို ထားမယ့် အိမ်အမိုးကို ဆိုလာပြား အကြည် ကို တပ်ပြီး စိုက်ခင်းလည်း နေရောင်ရ လျှပ်စစ်လည်း ထုတ်လို့ […]

ဘီလီယံ ၂၀ သုံးပြီး ပင်လယ်ရေမြှင့်တက်လာမှုကို ကာကွယ်မယ့် နယူးယောက်ခ်က အာဏာပိုင်တွေ

လွန်ခဲ့တဲ့ နှစ်အနည်းတုန်းက ဆန်ဒီမုန်တိုင်းဝင်တဲ့ အချိန်မှာ နယူယောက်မန်ဟန်တန် မြေနိမ့်ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့လို့ လူ ၂သိန်းနီးပါး ဒုက္ခခံစားလိုက်ရပါတယ်။ နယူယောက်ခ် အာဏါပိုင်တွေက အဲ့ဒိကတည်းက ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေတွေ မြို့ထဲကို ဝင်လာရင် ကာကွယ်ဖို့ နည်းလမ်းတွေ စဉ်းစားခဲ့ကြပါတယ်။ သေချာတာက ကမ္ဘာကြီးပူနွေလာလို့ ပင်လယ်ရေမြှင့်တက်လာရင် နယူးယောက်ခ်ရဲ့ မြေနိမ့်ပိုင်းဒေသတွေ ပင်လယ်ရေအောက်ရောက်သွားမှာ ဖြစ်ပြီး မြို့ရဲ့ လူဦးရေ ၅သိန်းနီးပါးလောက် ဒုက္ခရောက်ဖွယ်ရာ ရှိနေတယ်လို့ တွက်ချက်ထားကြပါတယ်။ ဒါကြောင့် ပင်လယ်ရေတွေ ဝင်လာနိုင်တဲ့ မြေနိမ့်ပိုင်းဒေသတွေမျာ ရေတားနံရံတွေ ဆောက်ဖို့နဲ့ ရေထိန်းတံခါးတွေ ဆောက်ဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ အာဏါပိုင်တွေ ဆွေးနွေးပြီးနောက်မှာတော့ အဲ့ဒိဆောက်လုပ်ရေး လုပ်ငန်း တွေ အတွက် ကန်ဒေါ်လာ ဘီလီယံ ၂၀ သုံးဖို့အတွက် […]

ကမ္ဘာ့ရာသီပြောင်းလဲမှုနဲ့ လိုက်ဖက်အောင် လုပ်ဆောင်မှုက စီးပွားရေးလုပ်ငန်း အကြီးကြီးဖြစ်လာနိုင်

ဘာပဲပြောပြော ကမ္ဘာကြီးက ပူနွေးလာတယ်ဆိုတာ ငြင်းချက်ထုတ်လို့ မရတဲ့ အချက်အလက်တစ်ခုပါ။ ကမ္ဘာကြီးပူနွေးလာမှုနောက်ကို ရာသီဥတုပြောင်းလဲမှု ကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာပါတယ်။ ရာသီဥတုပြောင်းလဲလာတော့ အဲ့ဒိအခြေအနေနဲ့ လိုက်လျော်ညီထွေရှိအောင် လူတွေရဲ့ စား၊ ဝတ် ၊ နေ ထိုင်မှုတွေကလည်း ပြောင်းလဲလာတော့မှာ ဖြစ်လို့ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေကိုလိုက်ပြီး ဒေသလိုက် ဝတ်ဆင် နေထိုင်မှုတွေနဲ့ ဆိုင်တဲ့ စီပွားရေး လုပ်ငန်းတွေအတွက် ဈေးကွက် အကြီးကြီး ဖြစ်လာ တော့မယ်လို့ ပညာရှင်တွေ ကညွှန်ပြနေပါပြီ ။ အခုဆိုရင် အမေရိကား နယူယောက်ပြည်နယ်က အီသီကာမြို့ကလေးမှာ ဆိုရင် ဒေသခံတွေရဲ့ တောင်းဆိုမှု ကြောင့် ရာသီဥတုပြောင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိမယ့် အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် အင်ဂျင်နီယာ တွေကို ကမ်းလှမ်းမှုတွေ လုပ်နေပါတယ်။ ဗိသုကာပညာရှင်တွေက ရာသီဥတုပြောင်းလဲမှု […]

ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၅ပေပဲရှိတဲ့ မနီလာမြို့ရဲ့ ရာသီပြောင်းလဲမှု

ဖိလစ်ပိုင်ဆိုတဲ့ အရှေ့တောင်အာရှ ကျွန်းနိုင်ငံကလေးက မြေငလျှင် ၊ ဆူနာမီ ၊ ရေလွှမ်းမိုးမှု နဲ့ ဟာရီကိန်း မုန်တိုင်းတွေလို သဘာဝဘေးအန္တရာယ်တွေ မပြတ်တမ်း ခံစားနေရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လူဇွန်ကျွန်း ပေါ်မှာ ရှိတဲ့ မြို့တော် မနီလာရဲ့ နောက်ဖက်တစ်ခြမ်းလုံးကလည်း ပင်လယ်ကမ်းခြေဒေသဖြစ်နေပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ပေသာမြင့်တဲ့ အဲ့ဒိမြို့ က လူဦးရေသိပ်သည်းတယ်။ မြို့လယ်ကလွဲရင် တစ်ခုခုဖြစ်ရင် ရွှေ့လိုပြောင်းလို့ မလွယ်ကူလောက်အောင်ကိုပဲ အိမ်ယာတွေက သိပ်သည်းလွန်းပါတယ်။ ပြည်သူ့ဝန်ဆောင်မှု အားနည်းခြင်း ၊ သဘာဝဘေးအန္တရာယ်တစ်ခုခုပြီးရင် ပြန်လည်တည်ဆောင်မှု အားနည်းခြင်း ၊ တိုင်းပြည်အခြေခံ အဆောက်အအုံ ခိုင်ခိုင်မာမာ မရှိခြင်း ၊ ရေးဆိုးနဲ့ မိလ္လာစွန်ပစ်မှု စနစ် မကောင်းခြင်း တို့က ရာသီဥတုပြောင်းလဲမှုဖြစ်လို့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမယ်ဆိုရင် အရင်ဆုံးခံရမယ့် မြို့ ဖြစ်နေပါတယ်။ […]

Page 14 of 14
1 2 3 4 5 6 7 8 9 10 11 12 13 14