ကမ္ဘာကြီးပူနွေးလာမှုက မုန်တိုင်းတွေ မိုးခေါင်ရေရှားတွေ ဖြစ်ရုံမကတော့ဘူး ၊ အအေးလှိုင်း ပါဖြတ်နိုင်တယ်လို့ ပညာရှင်တွေသတိပေး
ကမ္ဘာကြီးပူနွေး လာမှုကြောင့် ကမ္ဘာကြီးပေါ်မှာ မုန်တိုင်းတွေဖြစ်ပေါ်လာပြီး မိုးကြီး ကာ ရေလွှမ်းမိုးမှုတွေကို လူသားတွေ ကြုံတွေ့နေရတဲ့အပြင် အချို့နေရာတွေမှာလည်း အလွန်အကျူး မိုးခေါင် ရေရှားဖြစ်ပြီး ဒုက္ခတွေ့နေရပါတယ်။ သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဆိုးဝါလာခြင်း ဆက်စပ် ပုံကို ဖော်ထုတ်ပြခဲ့တဲ့အပြင် ဟာရီကိန်းလောက် ၊ အပူလှိုင်းလောက် မိုးခေါင်ခြင်း လောက်နဲ့တင်မကတော့ဘူး နောက်ထပ်ဆိုဝါးတဲ့ ဖွဈစဉျတှေေ ဖြစ်လာနိုင်စရာရှိတယ်လို့ ခန့်မှန်းထားကြပါပြီ။ အာတိတ်စက်ပိုင်းမှာ အပူချိန်မြင့်လာလို့ အဲ့ဒိအကျိုးဆက်ကြောင့် ဆောင်းရာသီမှာ အအေးလွန်ကဲပြီး မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဆိုးဝါးတဲ့ ဆောင်းရာသီကို ခံစားရနိုင်ချေ ရှိတယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ထုတ် Journal of science မှာ ဆိုထားပါတယ်။ လက်ရှိအနေအထားက ကမ္ဘာလေထုရဲ့ စထရာတို စဖီးယား အလွှာမှာ ကြပ်တည်းတဲ့ စက်ဝိုင်းပုံ ပတ်လမ်းကြောင်းတစ်ခု […]