ဆွီဒင်မှာ သင်္ဘောသောင်တင်ပြီး ဒီဇယ်တွေ ယိုဖိတ်လို့ ရာဇဝတ်မှုနဲ့ ဖမ်းဖို့ပြင်နေ

ဆွီဒင်နိုင်ငံမှ ကမ်းခြေစောင့်တပ်ဖွဲ့သည် တနင်္ဂနွေနေ့ နံနက်ပိုင်းက ခရီးသည်တင် ကူးတို့သင်္ဘော သောင်တင် သွားပြီးနောက် ရေနံယိုဖိတ်မှုကြီးကို ရှင်းလင်းရန် အသည်းအသန် လုပ်ဆောင်ခဲ့ရပါတယ်။ တရားဝင် သတင်း ထုတ်ပြန်ချက်တစ်ခုအရ ကူးတို့သင်္ဘော Marco Polo သည် သောင်မတင်မီကတည်းက ကီလိုမီတာ ပေါင်းများစွာ ဒီဇယ်တွေ ယိုဖိတ်ခဲ့တယ်လို့သိရပါတယ် ။ ကမ်းခြေစောင့်တပ်ဖွဲ့က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေ ကြောင်းနှင့် လောင်စာဆီယိုစိမ့်ရခြင်းအကြောင်းရင်းကို လည်းရှာဖွေဖော်ထုတ်နေပါတယ်။ ခရီးသည် ၇၅ ဦးကို အမြန်ကယ်ထုတ်ခဲ့ပါတယ် ။ Marco Polo ကူးတို့သင်္ဘောသည် ဆွီဒင်နိုင်ငံရှိ Trelleborg နှင့် Karlshamn ဆိပ်ကမ်းများကြားကူးလူးအစုန်အဆန်သွားနေခဲ့တာပါ ။ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အဆိုပါ သင်္ဘောသည် ၎င်း၏ ပုံမှန်လမ်းကြောင်းမှ လမ်းလွဲသွားပြီးနောက် Karlshamn […]

ဂါဇာကမ်းမြှောင်နားက အစ္စရေးလယ်သမားတွေ ရေရှည်မှာ တိုင်ပတ်သွားနိုင်ဖွယ်ရာရှိနေ

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး -ဟားမတ်စစ်ကြောင့် ဂါဇာကမ်းမြှောင်နားက အစ္စရေးလယ်သမားတွေအတွက် ရေရှည်မှာ တိုင်းပတ်သွားနိုင်ပါတယ်။ စစ်ပွဲကြောင့်ဖြစ်တဲ့ စိုက်ခင်းတွေပျက်စီးမှုကို ပြန်ပြီးတော့ ပြင်လို့ရပေမဲ့ နိုင်ငံခြားသားအလုပ်သမားတွေပေါ်မှီခိုနေရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက အခုလိုမျိုး စစ်တွေဆက်ဖြစ်နေမယ် ဆိုရင် သူတို့တွေ အလုပ်လာလုပ်ဖို့အတွက် အခက်အခဲရှိလာလို့ လုပ်သားအင်အားရှားပါးလာပြီး စိုက်ပျိုးရေး လုပ်ငန်းတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ် ဆိုပြီး ကျွမ်းကျင်ပညာရှင်တွေကသုံးသပ်နေကြပါတယ်။ အစ္စရေးနဲ့ ဂါဇာဒေသ နယ်နမိတ်နားမှာရှိတဲ့ Kibbutz ဒေသက ကြက်ခြံတစ်ခြံ မနေ့က ဒုံးကျည်တစ်လုံး ထိမှန်သွားခဲ့ပါတယ်။ သေနေတဲ့ ကြက်တွေက ပလဲနေပြီး အဲ့ဒိကြက်တွေကို အခြားငှက်တွေက လာစားနေ ကြပါတယ်။ နောက်ပြီးလွတ်သွားတဲ့ကြက်တွေကိုလည်း အလုပ်သမားတွေက ကြောက်ကြောက်လန့်လန့်နဲ့ လိုက်ဖမ်းနေခဲ့ရပါတယ်။ ဒီကနေ့ထုတ် Times of Israel သတင်းဌာနက သတင်းထောက်တစ်ယောက်က အဲ့ဒိမြင်ကွင်းကို ဓာတ်ပုံရိုက်ယူခဲ့ပြီး သတင်းစာထဲမှာ တစ်ချီန်က […]

ရေနံ သဘာဝဓာတ်ငွေ့နဲ့ ချမ်းသာနေတဲ့ အာရပ်နိုင်ငံတွေမှာ အစိမ်းရောင်စွမ်းအင်သုံးဖို့ ပြင်ဆင်လာပြီ

ရုပ်ကြွင်လောင်စာဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ အာရပ်နိုင်ငံတွေ နဲ့ အာဖရိကမြောက်ပိုင်း နိုင်ငံတွေကို အာရပ်ဖိုရမ်က အစိမ်းရောင်စွမ်းအင်တွေဖြစ်တဲ့ လျှပ်စစ်စွမ်းအင် နဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်တွေကို ဒေသတွင်းမှာ တွင်တွင်ကျယ်ကျယ်သုံးနိုင်အောင်လို့ ပြင်ဆင်ကြပါဆိုပြီး စွမ်းအင်သစ်လှုတ်ရှားမှုအတွက် ဆော်သြထားပါတယ်။ ဂျော်ဒန်နိုင်ငံမှာကျင်းပတဲ့ ၈ ကြိမ်မြောက် အာရပ်ဖိုရမ်မှာ ဒေသတွင်း နိုင်ငံတွေမှာ လျှပ်စစ်ကားထုတ်လုပ်မှု အရှိန်မြှင့်လုပ်ဆောင်ရန်အတွက် တိုက်တွန်းထားပြီး ဟိုက်ဒရိုဂျင်စွမ်းအင်နဲ့ပတ်သက်ပြီး လုပ်လို့ရနိုင်သလောက် လုပ်ကိုင်ဖို့ ကိုလည်း တိုက်တွန်းထားပါတယ် ။ နောက်ပြီး ဒေသတွင်းက တက္ကသိုလ်တွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၊ စွမ်းအင်ထိရောက်စွာ ထုတ်လုပ် ရရှိနိုင်တဲ့ နည်းလမ်း နဲ့ စမတ်စီတီးမြို့များ ဖန်တီးနိုင်မယ့်ဒီဇိုင်းတွေ ကို သုတေသနလုပ်ဖို့ ၊ စမ်းသက်မှုတွေ လုပ်ဖို့အတွက် ဖိအားပေး တောင်းဆိုမှုတွေကို လုပ်နေပါတယ်။ […]

လျှပ်စစ်ကား ဘတ်ထရီတွေကို ရီဆိုက်ကယ်ပြန်လုပ်လို့ ရနိုင်တယ်လို့ ပြောပြီ

ဆွီဒင်သုတေသနပညာရှင် တစ်စုက လျှပ်စစ်ကားဘတ်ထရီတွေကို ရီဆိုက်ကယ်ပြန်သုံးလို့ရမယ့် နည်းလမ်း တွေကို တွေ့ရှိထားပြီလို့ဆိုပါတယ်။ သူတို့အဆိုအရ ဘတ်ထရီထဲက အလူမီနီယံတွေကို ၁၀၀ ရာခိုင်နှုန်း ပြန်သုံးနိုင်ပြီး လစ်သီယံတွေကိုတော့ ၉၈ ရာခိုင်နှုန်း အထိပြန်သုံးလို့ ရတယ်လို့ သိရပါတယ်။ သူတို့တွေ့ထားတဲ့နည်းလမ်းက EV ဘက်ထရီများတွင် တွေ့ရှိရသည့် အဖိုးတန်သတ္တုများကို ပြန်လည်ရယူနိုင်ပြီး အဲ့ဒိလုပ်ငန်းစဉ်မှာ ဈေးကြီးသော သို့မဟုတ် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို အသုံးပြုရန် မလိုအပ်ကြောင်း သိပ္ပံပညာရှင်များက ပြောခဲ့ပါတယ် ။ “နည်းလမ်းကို ချဲ့ထွင်နိုင်သည်နှင့်အမျှ ၊ ၎င်းကို နောင်နှစ်များတွင် စက်မှုလုပ်ငန်းတွင် အသုံးပြုနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်” ဟု သုတေသနခေါင်းဆောင် Martina Petranikova က ပြောကြားခဲ့ပါတယ်။ လက်ရှိ ရေကိုအခြေခံသော ပြန်လည်အသုံးပြုနည်းကို Hydrometallurgy လို့ခေါ်ပါတယ်။ […]

COP 28 က လာတော့မယ် ဘာတွေ လုပ်ကြမှာလဲ

နောက်လဆိုရင် ရေနံရောင်းစားနေတဲ့ နိုင်ငံဖြစ်တဲ့ UAE နိုင်ငံမြို့တော် ဒူဘိုင်းမှာ ကုသမဂ္ဂရာသီဥတုဆိုင်ရာ ကမာ္ဘ့ညီလာခံကြီးကို ကျင်းပတော့မှာပါ ။ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးက ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့ မွန်းကြပ်ပြီး ကမာ္ဘ့လေထု ပူနွေးလာကာ ရာသီဥတုပြောင်းလဲမှုဖြစ်နေပါတယ်။ ဒီကနေ့ ( အောက်တိုဘာလ ၁၆ ရက်နေ့ ) မနက်ပိုင်းမှာ COP 28 ပွဲကျင်းပဖို့အတွက် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်းကြီးများအစည်းအဝေးလုပ်ခဲ့ကြပါတယ်။ စွမ်းအင်ရရှိဖို့အတွက် ရုပ်ကြွင်းလောင်စာတွေအသုံးပြုနေရတာကို ဖယ်ရှားဖို့အတွက် ကမာ္ဘ့ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဒီနေ့အစည်းအဝေးမှာလည်း သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေခဲ့ပါတယ်။ ကမာ္ဘ့နိုင်ငံပေါင်း ၂၀၀ လောက်ပါတဲ့ COP ညီလာခံပွဲတွေမှာ ဥရောပသမဂ္ဂနိုင်ငံတွေက စေ့စပ်ညှိနှိုင်းရေးမှာ အမြဲပါဝင်နေခဲ့တာပါ ။ ဒါပေမဲ့ ကမာ္ဘကြီးက […]

ရာသီဥတုပြင်းထန်လာမှုကြောင့် ကလေးသူငယ် သန်းပေါင်းများစွာ ရွှေ့ပြောင်းပေးနေရ

ယူနီဆက်ရဲ့ ဒီကနေ့အစီရင်ခံစာမှာ မုန်တိုင်းများ၊ ရေကြီးမှု၊ မီးလောင်ကျွမ်းမှုနှင့် အခြားသော ပြင်းထန်သော ရာသီဥတု ဖြစ်ရပ်များကြောင့် ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အတွင်း ကလေးငယ်များ ပါ၀င်သည့် နေရာပေါင်း ၄၃ သန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖော်ပြပါရှိပါတယ်။ လာမယ့် နှစ် ၃၀ အတွင်း မြစ်ရေကြီးခြင်း၊ ဆိုင်ကလုန်းလေပြင်းနှင့် မုန်တိုင်းနောက်ဆက်တွဲ ရေကြီးခြင်း အန္တရာယ်များကြောင့် ကလေးသူငယ် ၁၁၃ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရဖွယ်ရှိကြောင်း ကိုလည်း အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ မိုးခေါင်းခြင်းနဲ့ ပတ်သက်ပြီး ကလေးသူငယ်များ အိုးအိမ်စွန့်ခွာ ခြင်းမှာ အကြိမ်ရေ ၁.၃ သန်းရှိနိုင်တယ်လို့ ခန့်မှန်းထားပါသေးတယ်။ ဆိုမာလီးယာ လိုနိုင်ငံမျိုးမှာအဖြစ် များနိုင်ပြီး မိုးခေါင်မှုကြောင့် အိုအိမ်စွန့်ခွာမှုကိုတော့ အတိအကျ စာရင်းမပြုစုသေးရဘူးလို့လည်း ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းတွင် […]

ဆွစ်ဇာလန်မှာ နှစ်နှစ်အတွင်း ရေခဲပြင် ၁၀ ရာခိုင်နှုန်း လျော့နည်းသွားပြီ

ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ရေခဲမြစ်များသည် ၂၀၂၂ နှစ်မှစတင်ပြီး စံချိန်တင် ရေခဲအရည် ပျော်မှုများဖြစ်ကာ ရေခဲမြစ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေပါတယ်။ Swiss Academy of Sciences (SCNAT) နှင့် Glacier Monitoring Switzerland (GLAMOS) တို့ပြုလုပ်ထားတဲ့ သုတေသန ရလဒ်အရ ပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုကြောင့် လက်ရှိ ၂ နှစ်တာကာလအတွင်း ရေခဲမြစ်တွေရဲ့ ၁၀ရာခိုင်နှုန်း ပျက်စီးသွားပြီလို့ သိရပါတယ်။ “ဆွစ်ဇာလန် ရေခဲမြစ်တွေ အရည်ပျော်တာ ပိုမြန်တယ်” ဟု SCNAT က ဆိုပါတယ်။ “အရှိန်အဟုန်က သိသိသာသာကြီးပါပဲ၊ ၁၉၆၀ နဲ့ ၁၉၉၀ ခုနှစ်တွေကြားမှာ ရေခဲတွေဆုံးရှုံးခဲ့ရဖူးပါတယ်။ အဲ့ဒိပမာဏလောက်ကို ဒီ နှစ်နှစ်အတွင်းမှာဖြစ်သွားတာပါ “ စံချိန်တင် အပူချိန်မြင့်တက်မှု ၊ […]

မြန်မာနိုင်ငံ နေရာအတော်များများမှာ အပူချိန်သိသိသာသာ ထပ်တိုးဖွယ်ရှိ

              မြန်မာနိုင်ငံရဲ့ နွေရာသီကာလထဲ အခု ဧပြီလမှာ အပူချိန်သိသိသာသာ တိုးလာတဲ့ဒဏ်ကို ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ ခံစားနေရတာပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း အပါအဝင် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဧပြီလ ၁၂ ရက်နေ့အထိ နေ့အပူချိန် အနည်းငယ်ထပ်ပြီး တိုးလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ အပူပိုင်း ဒေသဖြစ်တဲ့ မန္တလေးတိုင်းမှာလည်း အခုနှစ် ဧပြီလဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပူတဲ့ဒဏ် ပိုခံစားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။                “မန္တလေးမှာလည်း အတော်ပူတယ်ဗျ။ ဒီနှစ်ကတော့ […]

ရာသီဥတုဖောက်ပြန်မှု ကာကွယ်ဖို့ အသားလျှော့စားကြစို့

               ဂျွန်ဟောပ်ကင်း နဲ့ ဟားဗတ် တက္ကသိုလ်တို့ ပူးပေါင်းပြီးပြုလုပ်တဲ့ သုတေသနရလဒ်တစ်ခုအရ အသား လျှော့စားနိုင်ရင် ရာသီဥတုဖောက်ပြန်မှုကို အထိုက်အလျောက် ကာကွယ်သွားနိုင်တယ်လို့ သိရပါတယ် ။ ရာသီဥတုပြန်လည်ကောင်းမွန်လာစေရန် လိုက်ဖက်တဲ့ အစားအသောက်နဲ့ စားသောက်ပုံ ပြောင်းလဲလိုက်ပါက အဆင်ပြေသွားနိုင်တယ်လို့ ဆိုပါတယ် ။ ဧပြီလတုန်းက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းအဖွဲ့ (IPCC) အစီရင်ခံစာတွင် ကာဗွန်ဓာတ်နည်းသော အစားအစာများ ရွေးချယ်စားသုံးရန် နိုင်ငံခေါင်းဆောင်များက ပြည်သူများအား တိုက်တွန်းခဲ့ပြီးနောက် ၄င်း သုတေသနစာတမ်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အမဲသားနှင့် ဝက်သားကဲ့သို့ အနီရောင်အသားစားသုံးမှုအပေါ် အထူးအလေးပေးထားပါတယ်။                ဂရင်းပိစ် […]

အန္တာတိကတိုက် လေ့လာရေးကို ထိုင်းနိုင်ငံက လုပ်နိုင်ပါပြီ

ရေခဲပြင်တွေဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက် သုတေသန စူးစမ်းလေ့လာရေး ခရီးစဉ်တွင် ပါဝင်ရန် ထိုင်းနိုင်ငံမှ သိပ္ပံပညာရှင်များကို ၂၀၁၆ ခုနှစ်ကတည်းက တရုတ်အမျိုးသား သုတေသန အဖွဲ့များ နှင့် တွဲဖက်ပြီး စေလွှတ်ခဲ့ရာ ယခုအခါ အန္တာတိကရှိ တရုတ်-ထိုင်း သုတေသန အခြေစိုက်စခန်းကို တရုတ်နိုင်ငံ၏ Great Wall Station တွင် တည်ထောင်လိုက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ၁၉၅၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အန္တာတိက စာချုပ်တွင် ထိုင်းနိုင်ငံက အဖွဲ့ဝင်နိုင်ငံ မဟုတ်သောကြောင့် အန္တာတိကကို တစ်နိုင်ငံတည်း သီးခြား သွားခွင့်မရှိပါဘူး ။ အာရှမှ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယတို့က စာချုပ်အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လို့ အဲ့ဒိနိုင်ငံတွေနဲ့ တွဲဖက်ပြီးမှ သွားခွင့်ရတာပါ။ အဲ့ဒိသုတေသန ခရီးစဉ်နဲ့ […]

Page 5 of 14
1 2 3 4 5 6 7 8 9 10 11 12 13 14