သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူပါ၀င်လာဖို့ဆိုရင်
(၁) ရွှေလက်တို့ မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်အနေအထားတွေဟာ လှပကောင်းမွန်လွန်းခဲ့ပါတယ်။ ရာသီဥတုသမမျှတတယ်။ သယံဇာတပေါကြွယ်ဝတယ်။ ဒါကြောင့် ရွှေလက်တို့အားလုံး မြန်မာနိုင်ငံသားဖြစ်ရတာကိုဂုဏ်ယူခဲ့ကြတယ်မဟုတ်လား။ အခုတော့ အစိုးရအဆက်ဆက် စီမံခန့်ခွဲတာညံ့ဖျင်းမှု၊ ၀ိသမလောဘသားတွေရဲ့ ဘယ်သူသေသေငတေမာရင်ပြီးရောလုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်တွေ ပျက်စီးခဲ့ရပြီ။ သယံဇာတတွေ ဆုံးရှုံးခဲ့ရပြီ။ သဘာဝပတ်ဝန်းကျင်အနေအထားတွေ ပျက်စီးပြီးရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲကုန်ပြီ။ အဲဒီဖြစ်စဉ်တွေရဲ့အကျိုးဆက်တွေက သဘာဝဘေးအန္တရာယ်ဆိုးတွေကို ဖြစ်ပေါ်စေခဲ့တယ်။ သဘာဝဘေးတွေကြောင့် လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေမြောက်များစွာဆုံးရှုံးခဲ့ရတယ်။ အဲဒါတွေအားလုံးကိုရွှေလက်တို့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ကြရတာပါ။ ဒါတွေအားလုံးဟာ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးလို့ ဖြစ်ခဲ့ရတယ်ဆိုတာရွှေလက် ပြောခဲ့ပြီးပါပြီ။ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကိုကမ္ဘာ့နိုင်ငံအသီးသီးကပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေအားလုံးကလက်ခံပြီး သဘာဝ ပတ်ဝန်းကျင် ထိ်န်းသိမ်းရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက် လုပ်ဆောင်နေကြပါတယ်။ ရွှေလက်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရ […]