သဘာဝတရားကြီးက တိုက်လိုက်တဲ့ကျိန်စာ

ကမ္ဘာမြေ၊ သက်ရှိလူသားနှင့် တိရစ္ဆာန်များ၊ တောတောင် မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများနှင့် ရေခဲတောင် ရေခဲမြစ်များ၊ ရာသီဥတုစက်ဝန်းများအားလုံးသည် သဘာဝတရားကြီးက ဟန်ချက်ညီညီလည်ပတ် တည်ရှိရန် ဖန်ဆင်းပေးခဲ့သည့် အရာများသာဖြစ်ပါသည်။ သဘာဝတရားကြီး၏ ဖန်ဆင်းခြင်းခံခဲ့ရသည့် အရာများထဲတွင် လူသားများနှင့် သက်ရှိတိရစ္ဆာန်များကိုသူ့နေရာနှင့်သူအသင်းအဖွဲ့နှင့်ဖြစ်စေတစ်ဦး၊တစ်ကောင်၊ တစ်ယောက်ချင်းဖြစ်စေသွားလာရှင်သန်နိုင်ရေးအတွက် မှတ်သားလေ့လာတတ်သည့် ဦးနှောက်နှင့် အသိဉာဏ်တချို့ကိုထည့်ပေးလိုက်သည်။ ထိုအထဲတွင် ဦးနှောက်ထုထည် အကြီးမားဆုံးဖြစ်သည့် လူသားများသည် သူတို့၏ကြီးမားသောဦးနှောက်များကိုအသုံးပြုကာကျေဇူးရှင်သဘာတရားကြီး၏ သဘာဝဖန်ဆင်းမှုများ ကိုကျော်လွန်ကာဖန်တီးမှုများ၊ နေထိုင်ရှင်သန်မှုများ ပြုလုပ်လာကြသည်။ တီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်မှသည် မော်တော်ကားများနှင့် လကမ္ဘာနှင့် အာကာသအတွင်းသို့ သွားနိုင်သည့် ယာဉ်ပျံကိုပါ တီထွင်ဖန်တီးခဲ့ကြသည်။ ကမ္ဘာမြေကြီးကလက်ခံနိုင်သည့် လူဦးရေပမာဏထက်ကျော်လွန်ကာလူဦးရေတိုးပွားနှုန်းကိုဖန်တီးလာသည်။ ကမ္ဘာမြေကြီးကို ငြိမ်းချမ်းရေးနှင့် ကင်းဝေစေမည့် အတ္တများကိုမွေးမြူလာသည်။ ဓာတုလက်နက်၊ ဇီဝလက်နက်များ သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်လုပ်လာသည်။ ကမ္ဘာမြေကြီးကိုအစာမကြေဖြစ်စေမည့် ပလပ်စတစ်စသောလူ့အသုံးအဆောင်ပစ္စည်းများကိုအလုအယက်ထုတ်လုပ် အလုအယက်အသုံးပြုလာသည်။ […]

မြစ် ချောင်းများ အသက်ရှည် ကျန်းမာကြပါစေ

အခုတလော ကျွန်တော့် ခေါင်းထဲ မြစ် ချောင်းများအကြောင်းက မင်းမူနေခဲ့သည်။ မြစ် ချောင်းများ အကြောင်း တွေးနေမိသည်။ “မြစ် ချောင်းများ ကျန်းမာပါစေ” ဟုလည်း မကြာခဏ ဆုတောင်းနေမိသည်။ ကျွန်တော် ထိုသို့ ခံစားနေရသည်မှာ ရက်သတ္တပတ်အနည်းငယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ ခံစားနေရသလဲဆိုလျှင် ကျွန်တော့် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာထဲသို့ ရောက်လာသော ဓာတ်ပုံတစ်ပုံ ကြောင့်ပင် ဖြစ်သည်။ ယင်းဓာတ်ပုံမှာ အခြားမဟုတ်။ ကျွန်တော့် မွေးရပ်မြေမှ ချောင်းကလေး၏ ဓာတ်ပုံ ဖြစ်သည်။ ထိုချောင်းကလေးသည် ကျေးရွာ အုပ်စုကြီးနှစ်ခု၊ ကျေးရွာ ၁၀ ရွာကျော်၏ အသက်သွေးကြော ဖြစ် သည်။ ကူးသန်းရောင်းဝယ်ရေး၊ သွားလာရေးအတွက် အချက်အချာ ဖြစ်ခဲ့သည်။ ဟိုးအရင်က အကျယ်ပေ ၃၀၀၊ […]

ဧရာဝတီမြစ်ဆုံဒေသ ထာဝရဘေးကင်းပါစေ

အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်ဆုံဒေသမှာ ပြုလုပ်တဲ့ မြန်မာ အစိမ်းရောင်ကွန်ရက်ရဲ့ ငါးကြိမ်မြောက်တွေ့ဆုံပွဲကြောင့် မြစ်ဆုံဒေသကို ဒုတိယအကြိမ်ရောက်ဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ရက် ငါးကြိမ်မြောက်တွေ့ဆုံပွဲ ပထမနေ့ကို မြစ်ကြီးနားမြို့ မြို့တော် ခန်းမမှာ ပြုလုပ်ပြီး ဒုတိယနေ့(အောက်တိုဘာ ၂၉ ရက်)ကို မြစ်ဆုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က မြန်မာအစိမ်းရောင်ကွန်ရက်တွေ့ဆုံပွဲတွေတိုင်း မီဒီယာတာဝန်ခံအဖြစ်တာဝန်ယူရသလို တွေ့ဆုံပွဲနဲ့ပတ်သက်တဲ့ News Letter ကိုလည်း နှစ်စဉ်တာဝန်ယူ ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနှစ်လည်း တွေ့ဆုံပွဲပထမနေ့အတွက် အစိမ်းရောင်သတင်းလွှာလို့ အမည်ပေးထားတဲ့ News Letterလေး ထွက်နိုင်အောင် ကြိုးစားနေရတာကြောင့် အောက်တိုဘာ ၂၈ ရက်တစ်ညလုံး တစ်ရေးမှ မအိပ်လိုက်ရပါဘူး။ ဒါကြောင့် ကျွန်တော်ရယ်၊ ဓာတ်ပုံဆရာ ဒီဇိုင်နာ ကိုလင်းအောင်ပြည့်ရယ်၊ ပြည်မြို့ […]

လူကိုခိုက်စေတဲ့အပင် တကယ်ရှိသလား

ဇွဲဝဏ္ဏ(ကျုံပျော်) – ရေးသည် ဒီကမ္ဘာမှာ လူကိုခိုက်‌စေတဲ့ အပင်ဆိုတာ ရှိသလား၊ မစိုက်သင့်တဲ့နေရာဆိုတာရော ရှိသလား၊ မြန်မာလူမျိုး အများစုဟာ အပင်တွေပေါ်မှာ သံသယတွေ ကြီးထွားနေကြတယ်။ ကျွန်တော့်အိမ်ကို သူငယ်ချင်း အမျိုးသမီးတစ်ယောက် ရောက်လာတယ်၊ အိမ်ရှေ့မှာ စိုက်ထားတဲ့ ငြုပ်ပင် ကို တွေ့ပြီး “ဟယ်…အိမ်ရှေ့မှာ ငြုပ်ပင်စိုက်ထားတယ်” ဆိုပြီး တအံ့တဩပုံစံနဲ့ပြောတယ်။ ကျွန်တော် ကလည်း “အေးလေ…ဧည့်ခန်းမှာ ထိုင်ရင်မြင်နေရတယ်၊ အသီးတွေ ခဲခဲလှုပ်နေတာမြင်ရတော့ စိတ်ချမ်းသာစရာပေါ့” လို့ ပြန်ပြောလိုက်တယ်။ ဒီတော့သူက “အိမ်ရှေ့မှာ ငြုပ်ပင် မစိုက်ကောင်းဘူးလေ”တဲ့။ ထပ်ပြော သေးတယ်” အိမ်ပူတယ်”တဲ့။သူထပ် ပြောတဲ့ စကားက ကျွန်တော်ကို ပြုံးစေတယ်၊ ပြုံးရင်းနဲ့ပဲ “ငြုပ်သီးက အိမ်ကို ပူစေတာ ဟုတ်လို့လား၊ တခြားနေရာ မဟုတ်ဘူးလား” ပြန်မေးတော့ […]

အားအင်ချည့်နဲ့နေသည့်ကမ်းခြေစောင့်ဒီရေတောခံတပ်များ

(၁) ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒီရေတောပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သော သတင်းနှစ်ပုဒ်ကို 7Day Daily တွင်ဖတ်လိုက်ရသည်။နော်ဝေအခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Worldview International Foundation မှ ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံ၊ ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တို့တွင် ဒီရေတောပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်မည့်သတင်းနှင့်ဒိန်းမတ်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ဝမ်းပိုက်ကြိုးဝိုင်းနှင့် မြေပုံမြို့နယ်အတွင်း လစ်လပ်နေသည့် ဒီရေတောပျက်များကို ရွေးချယ်ကာ ဒီရေတောဧက ၅၀၀ ကျော် စိုက်ပျိုးမည့်သတင်း ဖြစ်သည်။ ထိုသတင်းနှစ်ပုဒ်ကို ဖတ်မိပြီး ရွှေလက်၏ အတွေးများသည် ဒီရေတောများထံသို့ ရောက်သွားလေတော့သည်။ ရွှေလက်က ဧရာဝတီမြစ်ဝကျွန်းပေါ်သားဖြစ်သည်။ ထို့ကြောင့် ဒီရေတောများနှင့် မစိမ်းခဲ့ပါ။ ဒီရေ တောများနှင့် အမြဲထိတွေ့နေရသောကြောင့် သူတို့၏ အရေးပါပုံကို ကောင်းကောင်းသိသည်။ စာတွေ့မဟုတ် လက်တွေ့ သိခဲ့ခြင်းဖြစ်သည်။ ဒီရေတောများက ကျေးလက်အိမ်များဆောက်လုပ်နိုင်သည့် သစ်များ၊ ထင်းများ၊ […]

ပုပ္ပားတောင်ကို သျှောင်ထုံးခဲ့ပေမယ့် တောင်ကတုံးပြန်ဖြစ်တော့မည်လား – ဦးအုန်း

ပုပ္ပားတောင်တော်မြတ်သည် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသ(Dryzone Ecosystem) ဂေဟစနစ်တွင် စိမ်းလန်းလှပသော အချက်အချာကျသော ဒေသတွင်ရှိ၍ အလွန်မှ အရေးကြီးလှပေသည်။ ပုပ္ပားတောင်၏ ဂေဟစနစ် ပျက်ပြယ်သွားလျင် အပူပိုင်းဒေသတစ်ခုလုံးသည် ကန္တာရအသွင် ပြောင်းသွားပါလိမ့်မည်။ ပုပ္ပားတောင်၏ မီးတောင်ချိုင့်ဝှမ်းသည် အာကာသတစ်ခွင်မှ အအေးဓာတ်(ဆီးနှင်း၊ မိုးရေမိုးပေါက်)များကို တစ်နှစ်ပတ်လုံး ဖမ်းယူ၍ တောင်တစ်ခုလုံးသို့ စိမ့်ဝင်ဖြန့်ဖြူးပေးပြီး အအေးဓာတ်ကို ပေးလျက်ရှိသည်။ ဥပမာ ရေငယ်စခန်း ညအိပ်ဖူးသူတိုင်း အအေးဓာတ်(Air Condition) ပေးသကဲ့သို့ အလွန်းအေးစက်စွာ အိပ်စက်ရ၍ နံနက် အိပ်ယာထလျင် အအေးမိမည်ကို ပူပင်ကြရ၏။ ပုပ္ပားတစ်ဝိုက်ရှိ စမ်းရေအားလုံးသည် စမ်းရေအားလုံးသည် မြေအောက်ရေ မဟုတ်ပါ။ တောင်မကြီး၏ မီးတောင်ချိုင့်ဝှမ်းကပေးသော Cloud Forest ခေါ် ဆီးနှင်းတိမ်တိုက် များက ပေးသောရေ ဖြစ်ပါသည်။ ၄င်းဆီးနှင်းတိမ်တိုက်မှ ရလာသောရေဖြင့် […]

ပုစွန်ပေါချိန်

ယခုတစ်ခေါက် ဖျာပုံကို ကျွန်တော်ရောက်သွားချိန်ဟာ ရေကလည်းကြီးချိန် ပုစွန်လည်းပေါချိန်ဖြစ်ပါတယ်။ မိုးကောင်းလို့ မြစ်ရေများနေချိန်မက ရေထချိန်လည်း ဖြစ်တယ်။ ပုစွန်တွေ လှိုင်လှိုင်တက်နေတယ်။ ပုစွန်တွေ ပေါသလောက် ဖမ်းသူတွေများပြီး ဖမ်းနည်းက စုံလှတယ်။ မြစ်ထဲမှာရော ချောင်းကြီး မြောင်းကြီးများမှာရော ချောင်းငယ် မြောင်းငယ်များမှာပါ လယ်ရေလွှဲပေါက်မှာပါမကျန် ဖမ်းနေကြပါတယ်။ ပုစွန်ဖောင်ကြီးတွေ၊ ဂါးတွေ၊ လှေကလေးတွေ၊ မြုံးတွေ၊ ပိုက်တွေနှင့် ဖမ်းကြရုံမက တိုင်ထောင်လို့လည်း ဖမ်းနေကြတယ်။ တိုင်ထောင်ဆို တာက မြစ်ကမ်းရိုးတစ်လျှောက်လုံး ရေတိမ်ပိုင်းမှာ တိုင်တွေ ထောင်ထားပြီး ဗေဒါပင်တွေ၊ သစ်ကိုင်းတွေ၊ ခြုံနွယ်တွေ ချည်ထားကြတယ်။ ရေထဲပါလာတဲ့ ပုစွန်တွေက အဲဒီတွေထဲ ဝင်တိုးကြရင်း ခိုကပ်ပြီး ကျန်နေရစ် ကြတယ်။ ရေကျတော့မှ လုပ်သားကြီးများက ကောက်ယူကြရုံ ဖြစ်ပါတယ်။ ပြည်သူပိုင် ‘ပုလဲနှင့် ငါး’ […]

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဆောင်းပါး # ပျောက်ဆုံးဖို့အန္တရာယ်ကြုံတွေ့လာနိုင်တဲ့ နိုင်ငံတော်ရဲ့သဘာဝအမွေတစ်ခု

ပြက္ခဒိန်တစ်ခုမှစခဲ့တဲ့ သမိုင်းကြောင်းတစ်ခု ၁၉၈၃ ခုနှစ်တွင် ပန်းရိုးမနှင့်ရွှေမင်းဝံပြက္ခဒိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်ရှိ တွင်းတောင် အင်းရဲ့ဓာတ်ပုံပါရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ထိုအချိန်က မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကထိက ဒေါက်တာမင်းသိန်း တွေ့မြင်ခဲ့ပါတယ်။ ဓာတ်ပုံမှာ မြင်တွေ့ရတဲ့အနေအထားအရ တွင်းတောင်အင်းတွင် စပီရူလိုင်းနား စိမ်းပြာရေညှိများရရှိနိုင်ကြောင်း သုံးသပ်မိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဒေါက်တာမင်းသိန်း ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ ကျောင်းသူကျောင်းသားတွေဟာ သုတေသနလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ထုတ်လုပ်မှုနဲ့ အသုံးချမှုလုပ်ငန်းတွေကို သုတေသန ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတော့တယ်။ ၁၉၈၅ ခုနှစ် ဝန၃်ကြီးဌာနကိုယ်စားလှယ်များပါဝင်ပြီး ထပ်မံ သုတေသနလုပ်ငန်းများ ထပ်မံ ဆောင်ရွက်နိုင်ရန် လေ့လာစီစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြန်ပါတယ်။ ဒီနောက် ၁၉၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(BPI)မှာပဲ စပီရူလိုင်းနားဌာနခွဲတစ်ခုအဖြစ် စတင် ထူထောင်နိုင်ခဲ့ပါတယ်။ […]

သမုဒ္ဒရာ အောက်ကြမ်းပြင်က သန္တာကျောက်တန်းတွေအကြောင်း

သန္တာကျောက်တန်းတွေက မြောက်လတ္တီကျူ၃၀°နဲ့ တောင်လတ္တီကျူ၃၀°ကြား အပူပိုင်း ပင်လယ်တွေမှာ တည်ဆောက်ကြတယ်… ဘာကြောင့်လဲဆိုရင် သန္တာကောင်တွေက ပူနွေးကြည်လင်တဲ့ ရေတိမ်မှာ ကောင်းစွာ ရှင်သန်နိုင်ကြတယ်…. သို့သော် သဘာဝဖြစ်‌စဉ်အရ ကမ်းနီး ကမ်းဝေးနဲ့  ပုံဏ္ဌာန်အမျိုးမျိုး အမျိုးအစားခွဲထားတယ်… 🏝️🏝️🏝️🏝️ (၁)ကမ်းနီးသန္တာကျောက်တန်း(Fringing Reef) 🏝️🏝️🏝️ ဒီသန္တာကျောက်တန်းက သန္တာကောင်နဲ့ မသက်ဆိုင်တဲ့ ကမ်းခြေ၊ ကျွန်းအနီးတွေမှာ တွေ့ရတယ်… (သနွာကျောက်တန်းနဲ့ မဆိုင်တဲ့ ကျွန်းဆိုတာ မြိတ်ကလို ကုန်းမြေက ကွဲထွက်သွားတဲ့ ကျွန်းတွေ၊ ဟာဝိုင်အီကျွန်းစုလို မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ ကျွန်းတွေ) 🏝️🏝️🏝️🏝️ (၂)ကမ်းကွာ သန္တာကျောက်တန်း(Barrier Reef)🏝️🏝️🏝️🏝️ ကမ်းကွာသန္တာကျောက်တန်းက ကမ်းခြေ(ကုန်းမြေ)နဲ့ အနည်းငယ်ကွာဝေးတယ်.. ယင်းနဲ့ ကုန်းမြေကြား ရေလက်ကြား(သို့မဟုတ်) ပင်လယ်ထံုးအိုင်တွေ ရှိတက်တယ်.. ကမ်းကွာသန္တာကျောက်တန်းတွေက အနည်း နဲ့ အများ ဝိုင်းစက်ကြတယ် […]

အပင်များဖြင့်ငွေရှာခြင်း၊ (Green Tourism)

တချို့နိုင်ငံတွေဟာ ကျွန်းနိုင်ငံမလို့ ဘာစိုက်စိုက်မဖြစ်ထွန်းဘူး သို့သော်…….. တချို့နိုင်ငံတွေမှာ သဲကန္တာရတွေ အပြည့်မလို့ ဘာစိုက်စိုက်မဖြစ်ထွန်းဘူး သို့သော်……… တချို့နိုင်ငံတွေမှာ ရာသီဥတု ဆိုးလွန်းလို့ ဘာစိုက်စိုက်လွယ်လွယ်နဲ့မဖြစ်ထွန်းဘူး သို့သော်……… သူတို့နိုင်ငံတွေကို တကူးတက သွားလည်ပြီး ဓာတ်ပုံတွေရိုက်ကြ။ ကမ္ဘာသိအောင် ကြေငြာကြပြီး ကိုယ်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေတွေရကြတယ်။ Australiaနိုင်ငံမှာ စိန်ပန်းပြာပွင့်ချိန်ကို တခန်းတနားကျင်းပပြီး တကမ္ဘာလုံးကို ကြေငြာပြီး စိန်ပန်းပြာရောင် ဝတ်စုံတွေဝတ်ပြီးပွဲတော်လုပ်ကြတယ်။ Japanမှာတော့ ချယ်ရီပွဲတော်၊ ကြာပန်းပွဲတော်၊ ဘိန်းပန်းပွဲတော်၊ Fujiပန်းပွဲတော်၊ ဒေလီယာပန်းပွဲတော်၊ cosmosပန်းပွဲတော်၊ ပန်းအမျိုးတိုင်းအတွက်တန်ဖိုးထားပြီး ပွဲတော်လုပ်ကာ tour attraction လုပ်ကြပါတယ်။ Africaက ကင်ညာ မှာ သဲကန္တာရမှာအလေ့ကျပေါက်တဲ့ပန်းကို ထိန်းသိမ်းပြီး tourတွေကို ဆွဲဆောင်ပါတယ်။ Vietnamနိုင်ငံမှာတော့ ရေထဲမှာ ကန္ဒမာ ပန်းတွေစိုက်ပြီး ပန်းလဲရောင်း နိုင်ငံခြားသားကိုလဲဆွဲဆောင်တဲ့ အလုပ်ကို […]

Page 7 of 9
1 2 3 4 5 6 7 8 9