မြေတိုက်စားမှု – အသံတိတ် သဘာဝပတ်ဝန်းကျင် ကပ်ဘေးအတွင်းက မြန်မာနိုင်ငံ Erosion: Myanmar in a Silent Environmental Crisis

သိန်းမော် (ဒီဇင်္ဘာ ၂၆ ရက်၊ ၂ဝ၂ဝ ခုနှစ်) … သစ်ပင်သစ်တောများ ပြုန်းတီးလာသည့်အခါ မိုးရေကို မထိန်းချုပ်နိုင်တော့။ ရွာချလိုက်သည့် မိုးရေကိုစုပ်ယူရန်နှင့် ရေစီးကိုနှေးစေသည့် သစ်ပင်သစ်တောများ မရှိတော့သည့်အခါ၊ အတားအဆီးမဲ့ လျင်မြန်စွာစီးလာသည့် မိုးရေစီးများက မြေပေါ်တွင် ကြာရှည်မနေတော့သဖြင့် မြေကြီးအတွင်းသို့လည်း စိမ့်ဝင်နိုင်မှု မရှိတော့။ ထိုအခါ မြေအောက်ရေများ လျော့ကျလာရသည်။ မြေအောက်ရေ လျော့နည်းသဖြင့် နွေအခါ စမ်းတို့ခမ်း၍ မြစ်ချောင်းတို့အတွင်း ရေနည်းပါးလာရသည်။ … သစ်ပင်သစ်တောများ ပြုန်းတီးလာသည့်အခါ ရွာချသည့် မိုးရေများသည် အတားအဆီးမဲ့ ဒလဟောစီးရင်း စွမ်းအင် ကြီးမားလာသည့်အခါ၊ လမ်းတွင်တွေ့သမျှ အမိုးအကာမဲ့သည့် မြေကြီးမြေပြင်မှန်သမျှကို တိုက်စားကာ သယ်ယူတော့သည်။ အမြင့်ပိုင်းဒေသများတွင် မြေဆီသြဇာကောင်းသည့် အပေါ်ယံ မြေလွှာများ ဆုံးရှုံးကြရသည်။ အရင်းများပါသွားသည်။ အမြတ်ကို မြစ်ဝကျွန်းပေါ်သားတို့ […]

ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကြပါစို့

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲ ဒီရေတောအများအပြားရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီရေတောတွေဟာ ကမ်းရိုးတန်းဒေသက မုန်တိုင်းဒဏ်နဲ့ သဘာဝဘေးအန္တရာယ်တွေကို ခုခံကာကွယ်ပေးနိုင်သလို ပင်လယ်သယံဇာတတွေဖြစ်တဲ့ ငါး၊ ပုစွန်တို့ရဲ့ ခိုအောင်းမှီခိုသားပေါက်ရာ နေရာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒီရေတောတည်ရှိသည့် နိုင်ငံများတွင်လည်း မြန်မာနိုင်ငံသည် သတ္တမမြောက် ဧရိယာအများဆုံးနိုင်ငံဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် တိုင်းတာရရှိမှုများအရ ဒီရေတောဖုံးလွှမ်းဧရိယာ တစ်သန်းနှစ်သိန်းခန့် ရှိနေသေးကြောင်း သိရပါတယ်၊ ဒီရေတောတွေဟာ ပင်လယ်ကမ်းစပ် ကမ်းဦးရေတိမ်ပိုင်းကမ်းတက် မြေများတွင် သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိနေသော လမု၊ ကနစို၊ ဓနိစသည့် ရေငန်ကြိုက်အပင်မျိုးစုံ  စုပြုံလျက် တိုးမပေါက် လောက်အောင်ထိ ထူထပ်စွာပေါက်ရောက်လျက်ရှိနေသော သဘာဝတောများဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာ ဒီရေတော ၅ရဝဝရဝ ဟက်တာရှိပြီး ဧရာ ဝတီတိုင်းဒေသကြီးတွင် ၄၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၇ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းတွင် ၁၇ […]

ပျောက်ဆုံးဖို့အန္တရာယ်ကြုံတွေ့လာနိုင်တဲ့ နိုင်ငံတော်ရဲ့သဘာဝအမွေတစ်ခု

ပြက္ခဒိန်တစ်ခုမှစခဲ့တဲ့ သမိုင်းကြောင်းတစ်ခု ၁၉၈၃ ခုနှစ်တွင် ပန်းရိုးမနှင့်ရွှေမင်းဝံပြက္ခဒိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်ရှိ တွင်းတောင် အင်းရဲ့ဓာတ်ပုံပါရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ထိုအချိန်က မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကထိက ဒေါက်တာမင်းသိန်း တွေ့မြင်ခဲ့ပါတယ်။ ဓာတ်ပုံမှာ မြင်တွေ့ရတဲ့အနေအထားအရ တွင်းတောင်အင်းတွင် စပီရူလိုင်းနား စိမ်းပြာရေညှိများရရှိနိုင်ကြောင်း သုံးသပ်မိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဒေါက်တာမင်းသိန်း ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ ကျောင်းသူကျောင်းသားတွေဟာ သုတေသနလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ထုတ်လုပ်မှုနဲ့ အသုံးချမှုလုပ်ငန်းတွေကို သုတေသန ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတော့တယ်။ ၁၉၈၅ ခုနှစ် ဝန၃်ကြီးဌာနကိုယ်စားလှယ်များပါဝင်ပြီး ထပ်မံ သုတေသနလုပ်ငန်းများ ထပ်မံ ဆောင်ရွက်နိုင်ရန် လေ့လာစီစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြန်ပါတယ်။ ဒီနောက် ၁၉၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(BPI)မှာပဲ စပီရူလိုင်းနားဌာနခွဲတစ်ခုအဖြစ် စတင် ထူထောင်နိုင်ခဲ့ပါတယ်။ […]

ပိုးစုန်းကြူးလေးတွေ ပျောက်ကုန်ပြီလား

ကျွန်‌ဝောာ်တို့ပတ်၀န်းကျင်မှာ ပိုးစုန်းကြူးလေး တွေကို မတွေ့ရတော့ပါဘူး။ ဘာလို့လဲ? မျိုးတုန်းကုန်တာလား? ဒီနေ့ တနသ်ာရီဂျာနယ်မှာ ဒီအကြောင်းလေးရှင်းပြထားတာတွေ့လို့ စိတ်၀င်စားပြီး google မှာပါရှာဖတ်ကြည့်မိတယ်။ ပိုးစုန်းကြူးတွေက နွေဦးရာသီရဲ့ပိုးကောင်လေးတွေပါ။မကြာခင်ရောက်လာတော့မယ့် နွေဦးကစလို့ June လ လောက်ထိ ပိုးစုန်းကြူးတွေ ပေါ်လာတက်တဲ့ရာသီပါပဲ။ ပိုးစုန်းကြူးမျိုးစိတ်ပေါင်း ၂,၀၀၀ ၀န်းကျင်လောက်ရှိပါတယ်တဲ့ ။အကောင်အကြီးအသေးရှိတယ်။တချို့က ပန်း၀တ်ရည်ကိုစားတယ်။ဘက်တီးရီးယားစားတယ်။ တချို့ ပိုးစုန်းကြူးတွေက အချင်းချင်းပြန်စားကြပါတယ်။ ပိုးစုန်းကြူးတွေဟာ ဒိုင်နိုဆောတွေနဲ့ခေတ်ပြိုင်လို့တောင်ပညာရှင်တွေကဆိုပါတယ်။သူတို့ ကမ္ဘာပေါ်မှာ ရှိခဲ့တာ နှစ်သန်းပေါင်း 100 ကျော်ပါပြီတဲ့။ ဒါပေမယ့် လူသားတွေအနေနဲ့ ဒီ‌သက်တမ်းရင့် ပိုးကောင်ငယ်တွေကို ထိန်းသိမ်းဖို့၊ကြင်နာဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကိုယ်တိုင်တောင် 2018 ခုနှစ်လောက်မှ ပိုးစုန်းကြူးတွေပျောက်ကွယ်လာတာကိုအရေးတကြီး အဖြစ် သုတေသနတွေပြုကြ။ထိန်းသိမ်းဖို့ စာတမ်းတွေဖတ်ကြ။အဖွဲ့တွေဖွဲ့ကြနဲ့ လှုပ်ရှားလာခဲ့တယ်လို့ The Guardian သတင်းစာက ဆိုပါတယ်။ ဒီသုတေသနတွေလုပ်ပြီးမှပဲ ပညာရှင်တွေဟာ […]

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သစ်ခိုးထုတ်တာကို ထိန်းချုပ်လို့ မရတော့ဘူးလား

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည် ======== သစ်ထုတ်လုပ်ရေးလုပ်ငန်းသည် ထုံးစံအားဖြင့် မိုးရာသီတွင် ရပ်နားရသည်။ သစ်ခိုးထုတ်သူများပင် မိုးရာသီကိုရှောင်ရန် မေလလယ်မှ အေက်တိုဘာလအစောပိုင်းအထိ လုပ်ငန်းများရပ်ဆိုင်းကြသည်။ သို့သော် ဆလိိုင်းသည် စစ်ကိုင်းတိုင်း ခန္တီးမှ သူ၏ ရွာအနီးတွင် နေ့စဉ် သစ်တင်ကာ ၁၅ စီးမှ အစီး ၂၀ အထိ သူ့၏ ရွာအနီးမှ ဖြတ်သွားသည်ကို တွေ့နေရသည်။ စစ်ကိုင်းတိုင်းသည် အိန္ဒိယနှင့် ကချင်ပြည်နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှ သစ်တောထူထပ်သောဒေသ ဖြစ်သည်။ သစ်တင်ကားများသည် ပင်လယ်ဘူး၊ ကလေးနှင့် ကသာမှတဆင့် သစ်ကုန်ကူးလုပ်ငန်း အချက်အခြာဖြစ်သော ရှမ်းပြည်မြောက်ပိုင်းသို့ ဦးတည်သွားပြီး နောက်ဆုံးတွင် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ နောင်ဒေါင် သို့မဟုတ် ရွှေလီသို့ရောက်သွားကြောင်း ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမား […]

ကမ္ဘာ့အပင်လောကရဲ့ ဇီ၀မျိုးကွဲ ရတနာသိုက်ကျွန်း

ကမ္ဘာပေါ်မှာတွေ့ရှိပြီးတဲ့ အန်ဂျီယိုစပမ်းလို့ ခေါ်တဲ့ အပွင့်ဆောင်ပင်ပဲပြောပြော အစေ့ဝှက်ပင်လို့ပဲပြောပြော မျိုးစိတ်တွေက သိန်းပေါင်းများစွာရှိနေပါတယ်။ ကုန်းနေ အပွင့်ဆောင်ပင် တွေက မျိုးခွဲ ၆၄ မျိုးရှိပြီး အဲ့ဒိက ခွဲလိုက်ရင် မျိုးရင်း ၄၁၆ မျိုးထွက်လာပါတယ်။ အဲ့ဒိထဲကမှမျိုးစု ၁၃၀၀၀ ကျော်ဆင်း သက်လာပြီး မျိုးစိတ်အားဖြင့် ၃သိန်းကျော်သွားပါပြီ။ အန်ဂျီယိုစပမ်းတွေက အစာကြောရှိတဲ့ အပင်တွေဖြစ်ပြီး အမြစ်ပင်စည် အရွက် အင်္ဂါအပြည့်အစုံရှိပါတယ်။ အသီးနဲ့ အစေ့က အပွင့်ကနေဖြစ်လာပြီး အစေ့က အသီးထဲမှာ မြုပ်နေလို့လို့ အစေ့ဝှက်ပင်လို့ခေါ်တာပါ။ အပင်လောက မှာ ရေညှိ၊ မှို မျိုးတွေကနေစပြီး ထင်းရှုးတို့ ဆိုက်ပရက်တို့လို ဂျင်မနိုစပမ်းတို့ ဘုံအမြင့်ဆုံးဖြစ်တဲ့ အန်ဂျီယိုစပမ်းတို့ ကို တော်တော်များများစုံအောင်တွေ့ နိုင်တဲ့ကျွန်းကတော့ ပါပူဝါနယူဂီနီ ကျွန်းပါပဲလို့ ကမ္ဘာ့သုတေသီတွေက လက်ရှိနောက်ဆုံး သုတေသနအရ […]

သစ်စေ့များမှ သစ်ပင်အဖြစ်သို့

မိမိတို့ အိမ်မှာ စားသုံးနေကြတဲ့ အသီးများ ဖြစ်တဲ့ သရက်သီး၊ မာလကာသီး ၊သင်္ဘောသီး၊ ပိန္နဲသီး၊ လိမ္မော်သီး စတဲ့ အသီးတွေရဲ့ အစေ့တွေကို အမှိုက်ပုံးတဲ့ မထည့်ဘဲနဲ့ ၎င်းအသီးတို့ရဲ့ အစေ့လေးတွေကို ရေဆေးပြီး နေရောင်ဖြင့် တစ်ရက် နှစ်ရက်နေလှမ်းကာ ဘူးခွံ အလွတ်၊ ကြွပ်ကြွပ်အိတ်(သို့) ပလတ်စတစ် အိတ်လေးများဖြင့် သိမ်းဆည်းထားလိုက်ပါ။ ထို့နောက် မိမိတို့ နေရပ်မှ ကိုယ်ပိုင်ကား (သို့) အဝေးပြေးကား တို့ဖြင့် တစ်ခြား ဒေသသို့ အလည်အပတ်ပဲ ဖြစ်ဖြစ် အလုပ်ကိစ္စပဲ ဖြစ်ဖြစ် စတဲ့ အကြောင်းအမျိုးမျိုး တို့ကြောင့်ခရီးသွားရတဲ့ အခါများမှာ ထိုနေလှမ်းထားသော အသီးစေ့လေးများကို ယူဆောင် သွားလိုက်ပါ။ လမ်းခရီး တစ်နေရာရာမှာ ခနနားချိန် (သို့) လမ်းဘေးတစ်နေရာမှာ ကားခနရပ်ချိန်များမှာ မိမိတို့ယူဆောင်လာတဲ့ […]

“သစ်တောမရှိတော့ဘူးဆိုရင်´´

#ဒေါက်တာဦးထွန်းလွင်(မိုးလေ၀သ) ★ သစ်တောမရှိတော့ဘူးဆိုရင် ရာသီဥတုက နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက မိုးမရွာတဲ့အချိန်ဆိုရင် အလွန်ပူတယ်။ အပူချိန်က ပိုပူလာတယ်။ နောက်တစ်မျိုးက မိုးရွာပြီဟေ့ဆိုရင် ရွာတဲ့မိုးက ဒလဟောပဲ။ ★ မြန်မာနိုင်ငံမှာ ရေကြီးရတဲ့အကြောင်းရင်းတွေမှာ မိုးများတာကတော့ နံပါတ်တစ်ပေါ့။ ဒါပေမဲ့ အခါတိုင်းလည်း မိုးများတယ်လေ။ ခါတိုင်း မိုးများတုန်းက ဒီလောက်မှ ရေမကြီးတာ။ ဒါဖြင့် ဘာကြောင့်လဲ။ မိုးစများတဲ့ဒေသက မြန်မာနိုင်ငံမြောက်ပိုင်းက။ ဘယ်လိုဒေသလဲဆိုတော့ အင်္ဂလိပ်လို Hilly region လို့ ခေါ်တယ်။ တောင်တန်းဒေသတွေ၊ ကုန်းမြင့်တွေ အများကြီးရှိတယ်။ အဲဒီတောင်ကုန်းတွေဟာ အရင်တုန်းက သစ်တောတွေ ညို့နေတယ်။ အောက်ကမြေပြင်တွေမှာလည်း သစ်ပင်တွေက ဖုံးနေတယ်။ မိုးရွာလိုက်ရင် ရွာလိုက်တဲ့မိုးရေကို သစ်ပင်တွေကလည်း ထိန်းတယ်။ သစ်ပင်ဆိုတာက ရေကို စုပ်တယ်။ အောက်ကျလာတဲ့ရေကလည်း စီးဆင်းတဲ့အခါ […]

ကမ္ဘာ့ဆင်များနေ့ World Elephant Day

ကမ္ဘာ့ဆင်များနေ့ကို နှစ်စဉ် သြဂုတ်လ(၁၂) ရက်နေ့တွင် ကမ္ဘာပေါ်ရှိ ဆင်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ယင်းတို့၏နေရင်းဒေသများကို ထိန်းသိမ်းနိုင်စေရန် အတွက် လူထုအတွင်း အသိအမြင်များ နိုးကြားလာစေရန် ရည်ရွယ်ကျင်းပကြပါသည်။ ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ (၂) မျိုးရှင်သန်ပေါက်ဖွားပြီး ကုန်းနေ နို့တိုက်သတ္တဝါများထဲတွင် အကြီးမားဆုံးသောသတ္တဝါဖြစ်သည့်အပြင် ပင်ကိုယ်အသိဉာဏ် အလွန်မြင့်မားပြီး လွန်ခဲ့သောနှစ်ပေါင်း(၂၀) ခန့်က ကျင်လည်ကျက်စားခဲ့သည့်နေရာများကိုပင် ပြန်လည်၍ ကျင်လည်ကျက်စားနိုင်သည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်ကြပါသည်။ ဆင်သွားလျှင်လမ်းဖြစ်သည်ဆိုသည့် စကားအတိုင်း သဘာဝတောတွင်း ဆင်များသွား သည့်စွပ်ကြောင်းများကိုပင် အခြားသော သတ္တဝါများမှ လမ်းဖြစ် အသုံးပြုနိုင်သည့်အပြင် ဆင်သွားရာလမ်းတွင် ဆင်များစားသောက်၍ ကျန်ရှိသည့် သစ်ခက်၊ သစ်ကိုင်းများနှင့် သစ်သီး များကိုလည်း အခြားသောသတ္တဝါများမှ စာသုံးနိုင်သည့်အတွက် အခြားသောမျိုးစိတ်များ အပေါ် တွင် များစွာအကျိုးသက်ရောက်သည့် မျိုးစိတ်ဖြစ်သည့်အတွက် ယင်းမျိုးစိတ်တည်ရှိမှုသည် […]

အသက်နှင့်ရင်းပြီး သစ်ပင်ကို ကာကွယ်ခဲ့သော အမျိုးသမီးများ

ဒီပုံလေးက အိန္ဒိယနိင်ငံ Garhwal တောင်တန်း ဒေသ ရှိ Bishnoi အမည်ရှိတဲ့ရွာလေး တစ်ရွာမှ ပုံပဲဖြစ်ပါ တယ်။ ရုတ်တရက်ကြည့်ရင် တစ်ခုခု အပြစ်ပေးခံရတဲ့ အပြစ်သားတွေလို့လည်း ထင်မြင်နိုင်တဲ့ ပုံလေး ပါ။ ဒါပေမယ့် ဒီပုံရဲ့ နောက်ခံသမိုင်းကတော့တကယ့် ကို လေးစား ချီးကျူးဖွယ် အရမ်းကောင်းသလို သဘာဝကို ချစ်မြတ်နိုးတဲ့ လူနည်းစုလေးတွေရဲ့အကြောင်းတွေရှိနေ ပါတယ်။ “Tree hugger”လို့ သူတို့ကို ခေါ်ဆိုကြသလိုသူတို့ရဲ့ သူတို့ကျေးရွာဝန်းကျင်က သစ်ပင်တွေကို မခုတ်ရလေ အောင် သစ်ပင်အတွက်တစ်ရွာလုံးစုပေါင်းပြီးအရူးအမူး နဲ့ အသည်းအသန်ကာကွယ်ခဲ့ကြတဲ့ ရွာလုံးကျွတ်ပါဝင် သော လှုပ်ရှားမှုကြောင့် မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖက်တွယ် ဆုပ်ကိုင်ထားမှု လို့ သုံးနှုန်းသည့် ဟိန္ဒူဘာသာစကား “Chipko”ဆိုသည့် စကားလုံးနဲ့တင်စားပြီးတော့လည်း ခေါ်ဆိုထားကြပါသေးတယ်။ အခုဖော်ပြပါပုံက၁၉၇၀ ခုနှစ်များအတွင်းက […]

Page 8 of 9
1 2 3 4 5 6 7 8 9