သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ ( အပိုင်း၂ )

            သဘာဝပြန်လည်ပျိုးထောင်ရေး စီမံထိန်းသိမ်းမှု လယ်သမားများဘ၀ ( FMNR) ရဲ့ အမှုဆောင် အရာရှိ နဲ့ အကြံပေး ဖြစ်သူ တိုနီရင်နူဒို က သြစတေးလျှ စိုက်ပျိုးရေးပညာရှင်တစ်ဦးပါ။ သူက ခြောက်သွေ့တဲ့ ကုန်းမြေတွေကို ကုန်ကျစရိတ် နည်းနည်း နဲ့ ပြန်လည်စိမ်းလန်းလာအောင် သရုပ်ပြနိုင်ခဲ့တဲ့အတွက် သြစတေးလျှအစိုးရရဲ့ မှန်ကန်သော အသက်မွေးမှု ၂၀၁၈ ဆုကိုရရှိထားတဲ့သူပါ။ သူက ပျားရည် ထုတ်လုပ်ခြင်းနဲ့ သစ်တောကြားညပ်စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်နိုင်ပေးခဲ့ပါတယ်။ အာဖရိကတိုက်က နိုက်ဂျာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် သစ်တောပြန်လည်ပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ သူ့ကို မွန်ဂါဘေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝက်ဘ်ဆိုက်က အင်တာဗျူးခဲ့ပါတယ်။ တိုနီ ။။ […]

သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ

သဘာဝပြန်လည်ပျိုးထောင်ရေး စီမံထိန်းသိမ်းမှု လယ်သမားများဘ၀ ( FMNR) ရဲ့ အမှုဆောင် အရာရှိ နဲ့ အကြံပေး ဖြစ်သူ တိုနီရင်နူဒို က သြစတေးလျှ စိုက်ပျိုးရေးပညာရှင်တစ်ဦးပါ။ သူက ခြောက်သွေ့တဲ့ ကုန်းမြေတွေကို ကုန်ကျစရိတ် နည်းနည်း နဲ့ ပြန်လည်စိမ်းလန်းလာအောင် သရုပ်ပြနိုင်ခဲ့တဲ့အတွက် သြစတေးလျှအစိုးရရဲ့ မှန်ကန်သော အသက်မွေးမှု ၂၀၁၈ ဆုကိုရရှိထားတဲ့သူပါ။ သူက ပျားရည် ထုတ်လုပ်ခြင်းနဲ့ သစ်တောကြားညပ်စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်နိုင်ပေးခဲ့ပါတယ်။ အာဖရိကတိုက်က နိုက်ဂျာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် သစ်တောပြန်လည်ပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ သူ့ကို မွန်ဂါဘေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝက်ဘ်ဆိုက်က အင်တာဗျူးခဲ့ပါတယ်။ မွန်ဂါဘေး ။။ ခင်ဗျားက ကုန်းပြောင်တွေပါ်မှာ အပင်တွေရှင်သန်လာအောင် လုပ်နိုင်တဲ့နည်းပညာရှိတယ်ဆိုပြီး လူသိများပါတယ်။ အဲ့ဒါကို […]

ဧရာ၀တီ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး

မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော                    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction /Alignment) ကို စိုးမိုး ချယ်လှယ်နေပါသည်။ မြန်မာနိုင်ငံ၏ ရေဆင်းအဆင်ပုံစံ (Drainage […]

ကမ္ဘာ့ဆင်များနေ့ ကိုစတင်ခဲ့သူ ပက်ထရစ်ရှာဆင်း နဲ့တွေ့ဆုံခြင်း

သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ရယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ထိုင်းနိုင်ငံက အန်ဂျီအိုအဖွဲ့ တစ်ဖွဲ့ က စတင်ပြီး သက်မှတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေက အဲ့ဒိအထိမ်းအမှတ်နေ့ကို လက်ခံပြီး ဆင်တွေအတွက် သီးသန့်ပွဲ လုပ်ပေးနေပါတယ်။ ဂေဟပညာရှင်တွေကတော့ ဆင်တွေက ဂေဟစနစ်စောင့်ရှောက်မှု ပေးပုံကို အကျယ်တဝင်ရှင်းပြပြီး ကမ္ဘာသားတွေအနေနဲ့ ကုန်းမြေပေါ်ကို အကြီးဆုံး သက်ရှိ သတ္တဝါတွေကို ထိန်းသိမ်းဖို့ လိုအပ်နေကြောင့် ရေးသားဖော်ပြနေကြပါတယ်။ အစားအစာအတွက် မဟုတ်ဘဲ လူတွေရဲ့ ဇိမ်ခံပစ္စည်းတွေအလှဆင်ဖို့ အတွက် အရိုးနဲ့ အစွယ်ကို ရယူဖို့ ဆင်တွေကို ခိုးယူသတ်ဖြတ် နေကြပါတယ်။ ကုန်နေ အကောင်ကြီးတွေ မျိုးတုန်းသွားနိုင်လောက်တဲ့အထိ မှောင်ခို ခံနေရတာနဲ့ ပတ်သက်ပြီး ယူရိုနယူးစ်က ကမ္ဘာ့ဆင်များနေ့တည်ထောင်သူ […]

မျိုးစေ့ကျွန်

ကျွန်ဆိုတာ ကိုယ့်ဘဝကို သူများလက်ထဲ ထည့်ထားရတာ…။ မျိုးစေ့ကျွန် လို့ဆိုလေတော့….မျိုးစေ့အတွက် နဲ့ ကိုယ့်ဘဝကို မျိုးစေ့ရောင်းသူလက်ထဲ ထည့် ရတော့တာ..။ သြဂဲနစ် စိုက်ပျိုးရေး မှာ GMO .ကို စိုက်ခွင့်မပေးဘူး .. Hybrid ကိုစိုက်လို့ ရတယ် ဆိုပေမဲ့ မျိုးစေ့ကိုF2 မှာ ထိန်းထားလို့ မရတဲ့အချက် ကို သိပ်သဘောမကျ ပါ..။ ဖြစ်နိုင်ရင်တော့…မျိုးစေ့ထိန်းလို့ရတဲ့ ဒေသ မျိုးတွေ ပြန်လည် ဖေါ်ထုတ် ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်..။ မျိုးစေ့ ဆိုတာ စိတ်ဝင်စားစရာ…. သေးငယ် သော်လည်း ကြီးထွားရှင်သန် စေတဲ့ ဓာတ်သတ္တိ များ ကိန်းအောင်း နေတဲ့ သက်ရှိ တွေပါ…။ သူတို့ကို ထိန်းသိမ်းတတ်စေချင်တယ်… ဝေမျှစေချင်ပါတယ်…။ ဒီနေ့ မှော်ဘီဘက်က သင်တန်းဆင်း စိုက်ပျိုးရေးသမားလေးတစ်ဦး […]

လယ်သမားမှ လယ်သမားဆီသို့ အစီအစဉ်ကို အဖေဆီက အမွေဆက်ခံခဲ့ ချက်ကီ နန်ဂျာဒက်စ်ဝါမီနဲ့ တွေ့ဆုံခြင်း

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ကန်နာတာကာပြည်နယ်မှာ စိုက်ပျိုးရေးဂေဟဗေဒကို လေ့လာလို့ရတဲ့ အမ်ရီတာ ဘိုအိုမီ လို့ခေါ်တဲ့ စင်တာတစ်ခုရှိပါတယ်။ အဲ့ဒိနေရာမှာ စိုက်ပျိုးရေးဂေဟ ဗေဒနဲ့ပတ်သက်ပြီး လယ်သမား အချင်းချင်း အသိပညာဖြန့်ဖြူတဲ့ ၊အသိပညာ ဖလှယ်တဲ့လုပ်ငန်းတွေကို လုပ်နေပါတယ်။ ဒီကနေ့ခေတ် လို အစိမ်းရောင် တော်လှန်ရေးကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုပစ္စည်းတွေ အများကြီးသုံးရတာရယ် ၊ ဈေးကြီးတဲ့ မျိုးတွေကို ဝယ်ရတာကို ရှောင်နိုင်ဖို့အတွက် ရယ် ရိုးရာစိုက်ပျိုးရေးပုံစံကို အများကြီးပြုပြင်ပြောင်းလဲစရာမလိုဘဲ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ကို အန္တရယ်မဖြစ်စေတဲ့ ပိုးသတ်တဲ့ စနစ်တွေကို ဖလှယ်နိုင်ဖို့အတွက် ၂၀၀၀ ခုနှစ်လောက်ကတည်းက ပါမောက္ခ ဒေါက်တာမဟန်သာဒီဗာရူနန်ဂျာဒက်စ်ဝါမီက အဲ့ဒိစင်တာကို တည်ထောင်ခဲ့တာပါ။ အဲ့ဒိလိုမျိုး စင်တာတွေက ကမ္ဘာပေါ်မှာ အရည်အတွက် နည်းနည်းပဲ ရှိပါသေးတယ်။ ဒေါက်တာဆုံးသွားတော့ အဲ့ဒိအချိန်မှာအသက်၂၂ နှစ်အရွယ် […]

ဂျွန်မြူယာ (သို့ ) အမျိုးသားဥယျာဉ်တို့ရဲ့ဖခင်ကြီး

    “ ခင်ဗျား သဘာဝထဲမှာ လမ်းလျှောက်ပြီး လိုချင်တာတစ်ခုခုကို ရှာကြည့်ပါ။ သဘာဝက ခင်ဗျားလိုချင် တာထက် အများကြီး ပိုပြီး ပေးပါလိမ့်မယ်” “ ခင်ဗျားမှာ စိတ်ဝေဒနာ တစ်ခုခုခံစားလိုက်ရပြီဆိုရင် သဘာဝရဲ့ ခန္တာကိုယ်ဖြစ်တဲ့ တောင်တွေပေါ် ကိုတက်လိုက်ပါ။ ဒါမှမဟုတ်ရင် တောတွေထဲမှာ တစ်ပတ်လောက် စခန်းချ နေပြီး သဘာဝရဲ့ နလုံးသားနဲ့ အနီးစပ်ဆုံး ကပ်နေလိုက်ပါ။ သဘာဝက ခင်ဗျားရဲ့ စိတ်ဝေဒနာတွေကို အကောင်းဆုံး ကုသပေးမှာပါ” စကော်တလန်သား ဂျွန်မြူယာကို နိုင်ငံတကာက “တောင်တန်းတို့ရဲ့ဂျွန်” သို့မဟုတ် “အမျိုးသားဥယျာဉ်တို့ရဲ့ ဖခင်ကြီး”လို့ လူသိများကြ ပါတယ်။ သူ့ကို ၁၈၃၈ ဧပြီလ ၂၁ရက်နေ့မှာမွေးပြီး ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာသေဆုံးခဲ့ပါတယ်။ အဲ့ဒိ စကော်တလန်ဖွား […]

ထိုင်နိုင်ငံသား​တွေ ဘာကိုရွေးကြမှာလဲ

ဆာတန်ပြည်နယ်ဆိုတာ ထိုင်နိုင်ငံရဲ့ တောင်ဖက်အစွန်ဆုံး အန်ဒမန်ပင်လယ်ရဲ့ အနားသတ် ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ပြောရရင်တော့ ထိုင်နိုင်ငံမှာ သိပ်ပြီးမဖွံ့ဖြိုးသေးတဲ့ နေရာတွေအများကြီးရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။ ကျောင်းသား၁၆၀၀ ကို ဆရာ ၉၀လောက်နဲ့ လည်ပတ်နေရတဲ့နေရာလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ခေါင်တိုခရမ်လို ထုံးကျောက်တောင်ကြီးတွေ ရှိလို့ ဘိလပ်မြေထုတ်ဖို့အတွက် စီးပွားရေးသမားတွေ နဲ့ အစိုးရဝန်ကြီးဌာန စီမံကိန်းတွေ အကြိုက်ဖြစ်နေပါတယ် ။ ထိုင်း ဥပဒေမှာကကျောက်မိုင်းတွေက လူနေအိမ်ခြေတွေနဲ့ အနည်းဆုံး မီတာ၅၀၀ အကွာမှာ ရှိရမယ်လို့ ဆိုထားပေမဲ့ လက်ရှိခေါင်တိုခရမ် ကျောက်မိုင်းနဲ့ စာသင်ကျောင်း က မီတာ ၃၀၀ ကျော်ပဲ ဝေးပါတယ် ။ ရှေးကျတဲ့ ထုံးကျောက်ဂူတွေ အလွန်ရှားပါတဲ့ ခရုအသေးမျိုးစိတ်တွေ က ကျောက်မိုင်းကျောက် ပျောက်ကွယ်သွားနိုင်ပါတယ် ။ အစိုးရက […]

ကြွေလွင့်ရပြန်ပြီ ကြယ်တစ်ပွင့်

သည်နေ့ ကျွန်တော့် အလုပ်နားရက်ဖြစ်သည်။ ရုံးအလုပ်၊ သတင်းစာအလုပ် နားသော်လည်း ကျွန်တော် အနားမယူဖြစ်။ နံနက်မိုးလင်း ပုံမှန်အလုပ်များ ပြုလုပ်ပြီးသည်နှင့် စာကြည့်စားပွဲ ထိုင်သည်။ စာရေး၊ စာဖတ် ပြုလုပ်ရန် ပြင်ဆင်သည်။ စျေးက ဝယ်လာသော ဗုဒ္ဓဟူးနေ့ထုတ် 7Day သတင်းဂျာနယ်ကို ဖတ်သည်။ ထို့နောက် အင်တာနက်ပေါ်က သတင်းများကို လိုက်ကြည့်ဖြစ်သည်။ ထိုသို့ကြည့်နေရင်း တစ်နေရာအရောက် ကျွန်တော့် အကြည့်များ ရပ်တန့်သွားသည်။ လက်ကလည်း နောက်ထပ်သတင်းများဆီသို့ မရွေ့တော့။ သတင်းကို သေချာအောင် နောက်တစ်ခေါက် ဖတ်မိသည်။ “FREDA ဥက္ကဋ္ဌဟောင်း ဆရာကြီး ဦးအုန်း ဆုံးရှာပြီ” တဲ့။ ထိုသတင်းကို ဖတ်ပြီး ကျွန်တော် ဝမ်းနည်းကြေကွဲရသည်။ နှမြောတသ ဖြစ်မိသည်။ စာလည်း ရေးချင်စိတ် မရှိတော့။ သူနှင့်ထိတွေ့ […]

လောကကြီးကို အလှဆင်ပါ

သစ်ပင်တို့သည် လောကကြီးကို အလှဆင်ကြသည့် သဘာဝအဆင်တန်ဆာဖြစ်သလို လူသားနှင့် တကွသော သတ္တလောကကြီး တခုလုံးတို့၏ မှီခိုအားထားရာလည်း ဖြစ်ပါသည်။ သာမာန်အားဖြင့် ကြည့်လျှင် သစ်ပင်တို့၏ အကျိုးပြုမှုသည် မထင်ရှားသော်လည်း အမှန်စင်စစ် သစ်ပင်သည် တစ်ဦးတစ်ယောက်အတွက် သာမက ပတ်ဝန်းကျင် လောကကြီးတခုလုံး အတွက်ပါ အကျိုးများစွာ ပြုနေသည်ကို တွေ့ရပေလိမ့်မည်။ သတ္တဝါတို့၏ ရှင်သန်မှုသည် သစ်ပင်တောတောင်တို့နှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ သစ်ပင်သည် လောကကြီးကို များစွာ အကျိုးပြုသည်ဖြစ်၍ အများ၏ အားကိုးအားထားရာ ဖြစ်သောကြောင့် “သစ်တစ်ပင်ကောင်း ငှက်တသောင်းတောင် နားလို့ရသည်”ဟုပင် ပြောစမှတ်ပြုကြပါသည်။ လူတို့၏ စားစာရာ၊ နေစရာ၊ ထိုင်စရာ ဝတ်စရာတို့မှ စ၍ အသုံးအဆောင် အားလုံးနီးပါးသည် သစ်ပင်တို့မှ ထုတ်လုပ်၊ ရရှိသော ထုတ်ကုန်များဖြစ်ပါသည်။ လူသားတို့သည် ဆေးဝါးအတွက်လည်း […]

Page 4 of 9
1 2 3 4 5 6 7 8 9