ရွှေ့ပြောင်းခရီးသွား ဆောင်းခိုငှက်ကလေးတို့၏ သဘာဝများ

မိုးရာသီ ကုန်ဆုံး၍ တိမ်များကင်းစင်သော ဆောင်းဝင်စ ညနေခင်းများတွင် ကောင်းကင်၌ငှက်ကလေးများ အုပ်စုဖွဲ့ အပြိုင်အဆိုင် ပျံသန်းနေကြသည်ကို မြို့ပြတွင်နေနေ၊ ကျေးလက်တွင်နေနေ မြင်ဖူးကြပါ လိမ့်မည်။ ထိုငှက်လေးများသည် ဘယ်ကနေလာပြီး ဘယ်ကိုသွားနေကြသည် ဆိုတာကို မေးခွန်းထုတ် စပ်စုဖူးကြလိမ့်မည် ထင်ပါသည်။ ထိုသို့ အုပ်စုဖွဲ့ ရွှေ့ပြောင်းပျံသန်းလေ့ရှိသော ငှက်အုပ်စုတစ်မျိုးကို ရေပျော်ငှက် (Shorebirds)ဟူ၍ ခေါ်ကြပါ သည်။ မြင်ဖူးနေကြ ဗျိုင်း၊ ဇင်ယော်၊ ပျံလွှားများသည် ရေပျော်ငှက်အုပ်စုဝင်များ ဖြစ်ပါသည်။ ရေပျော်ငှက် (ဆောင်းခိုငှက်) ဆိုသည်မှာ ရေတိမ်ပိုင်း(သို့)ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်များ၏ ရွံ့နွံကဲ့သို့ ပျော့ပျောင်းသော ကမ်းစပ်တလျောက်တွင် ကျက်စားကြသော ငှက်မျိုးစိတ်များဖြစ်ကြပါသည်။ ရေပျော်ငှက်များ ကျက်စားလေ့ရှိသော နေရာများမှာ ရေချိုရေငန်ထိတွေ့ရာ မြစ်ဝနှင့် ပင်လယ်ဝ ဒေသများ၊ ဒီရေအတက်အကျရှိသော ရွံ့လတာပြင်များ၊ မြက်ခင်းပြင်များနှင့် […]

ကြောင် ( သို့) စိုးရိမ်စရာကောင်းတဲ့ သတ်ဖြတ်ရေးသမား

ကြောင်တွေက လူသားအဖော်များကို ချစ်ခင်နှစ်သက်ကြသော်လည်း ၎င်းတို့သည် အလွန်ထိရောက်သော သတ်ဖြတ်ရေး သမားများဖြစ်ကြကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။ ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းတွင် မျိုးစိတ်ပေါင်း ၂၀၀၀ ကျော်ကို စားသုံးကြတဲ့ နေရာမှာ မျိုးသုဉ်းသွားမှာကို စိုးရိမ်ပြီး ထိန်းသိမ်းနေရတဲ့ အကောင် ရာနဲ့ချီပြီး ပါနေပါတယ် ။ ကြောင်တွေကို လူတွေ မွေးလာတာ နှစ်ပေါင်း ၉ ထောင်ကျော်သွားပါပြီ ၊ အန္တာတိကတိုက်ကလွဲပြီး ကြောင်မရှိတဲ့ နိုင်ငံက မရှိသလောက်ပါပဲ ။ Nature Communications တွင် ထုတ်ဝေသည့် စာတမ်းတွင် သုတေသီများက ၎င်းတို့အား “ကမ္ဘာပေါ်တွင် ပြဿနာအများဆုံး ပျံ့နှံ့နေသော မျိုးစိတ်များထဲမှ တစ်မျိုး ” အဖြစ် ဖော်ပြထားပါတယ်။ အမေရိကား အူဘန် တက္ကသိုလ်မှ Christopher Lepczyk […]

“သစ်တောပြုန်းတီးခြင်းအတွက် အလားအလာကောင်း(သို့မဟုတ်) ရေရှည်ထိန်းသိမ်းနိုင်တဲ့ သစ်ပင်တွေဆီမှ သစ်သား”

တစ်နှစ်မှာ ၁၅ ဘီလီယံသော အပင်တွေက ခုတ်လှဲခံနေရပါတယ်။ ကမ္ဘာ အနှံ့အပြားမှာ သစ်တော ပမာဏ နည်းလာပြီး သစ်တောပြုန်းတီးမှုဟာ ဂေဟစနစ်ကို ထိခိုက်စေ နိုင်တာပဲ ဖြစ်ပါတယ်။မိုးသစ်တော၊မုတ်သုံတောလို သစ်တောတွေ သာမက ဒီရေတော ပြုန်းတီးမှု ကလည်း အာရုံစိုက်သင့်တဲ့ ပြဿနာတစ်ခု ဖြစ်လို့ နေပါတယ်။ လူ့အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ထိုင်ခုံ၊ ကုတင် ၊မှန်တင်ခုံ စတာတွေသာမက ဂျပန်နိုင်ငံမှာဆိုရင် ရိုးရာ အိမ်တွေကို သစ်သားနဲ့ ဆောက်လုပ် ကြတာကြောင့် သစ်ထုတ်လုပ်မှု ပမာဏတွေ မြင့်တက်ခဲ့သလို သစ်ဈေးကွက် ကလည်း တန်ဖိုးကြီးမြင့်တဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ပါတယ်။ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့ကိုပဲ ပညာရှင်အားလုံးက အကြံပြုခဲ့ပါတယ်။ ဒီလိုပဲ ခေတ်စနစ်ရဲ့ သုတေသနတွေနဲ့ အားလုံးရဲ့ အလိုရမ္မက်တွေကို ဖြည့်ဆည်းပေး နိုင်မယ့် […]

မျိုးသုဥ်းလုအန္တရာယ်ရှိ ကြိုးကြာခေါင်းနီများကို ကာကွယ်ထိန်းသိမ်းကြပါစို့

ကျွန်တော်တို့နိုင်ငံမှာ ငှက်မျိုးစိတ်အများအပြားရှိ ပါတယ်။သိရသလောက်တော့ ၁၁၃၀ လောက်ရှိတယ်လို့သိရပါတယ်။ဒေသရင်းငှက်တွေရှိသလို ဆောင်းခိုငှက်တွေလည်းလာရောက်လေ့ရှိတယ်။ယခုရာသီကလည်းမိုးကုန်လုဖြစ်နေပြီ။ မကြာခင်ဆောင်းဝင်လာတော့မှာမို့ ဆောင်းခိုငှက်တွေရောက်လာတော့မှာပါ။ တချို့ဒေသတွေဆို ဝင်ရောက်စပြုလာပြီလို့လည်း သိရတယ်။ မြန်မာနိုင်ငံမှာတချို့ငှက်မျိုးစိတ်တွေပျောက်ကွယ်လုဖြစ်လာနေတယ်။ ဆောင်းခိုငှက်မျိုး စိတ်ပေါင်း ၅၀ လောက်မျိုးသုဥ်းလုအန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဥပမာ-ငှက်ကြီးဝန် ပိုကဲ့သို့ငှက်မျိုးပေါ့။ငှက်ကြီးဝန်ပိုငှက်အကြောင်းကိုတော့ ကျွန်တော်ဆောင်းပါးရေးခဲ့ဖူးပါတယ်။ ယခုလည်းငှက်ကြီးဝန်ပိုတွေလိုပဲ ကြိုးကြာခေါင်းနီငှက်မျိုးစိတ်တ်မျိုးလည်း မျိုးသုဥ်းလုအန္တ ရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ သိရတယ်။ ကြိုးကြာငှက်က ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့ မစိမ်းပါဘူး။ ရှင်မောဂ္ဂလာန်နုစဥ်ဘဝက လယ်ထွန်နေရင်းကြိုးကြာဥနှစ်လုံးကိုယူလာပြီး ဇနီးသည်ကို ပြုတ်စေတယ်။ ပြီးတော့ဇနီးသည်တစ်လုံး အမေတစ်လုံး ကျွေးစေရာ ဇနီးဖြစ်သူက သူချည်း အကုန်စားပြီး မျက်မမြင်ယောက္ခမဖြစ်သူကို သံပရာသီးကို ကြိုးကြာဥဆိုပြီး လိမ်ကျွေးတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကကြိုးကြာအော်သံကြားတော့ ယောက္ခမဖြစ်သူက”အော် ရွှေကြိုးကြာရယ် နင်အသံသာပေမယ့်၊ နင့်ဥကချဥ်လိုက်တာ”လို့ ညည်းတွားခဲ့တယ်။ ဒီဖြစ်စဥ်လေးကြောင့် ကြိုးကြာငှက်ဟာ မြန်မာလူမျိုးတို့နဲ့ဆက်စပ်မှုရှိနေတယ်။ ကြိုးကြာဥကိုလည်း အစားကောင်းဟုယုံကြည်ကြသည်။ ကြိုးကြာငှက်သည် […]

ဘယ်တော့မှ လက်လျှော့လို့မရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကမ္ဘာ့အပူအချိန် တဖြည်းဖြည်းမြင့်တက်နေသည်။ ကမ္ဘာ့လေထုလည်း ညစ်ညမ်းနေသည်။ သစ်တောတွေလည်း ပြုန်းတီးနေဆဲဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနေသည်။ စိုက်ပျိုးရေးတွေမှာ မြေဆီလွှာနှင့် ကျန်းမာရေးကို ဒုက္ခပေးသည့် ပိုးသတ်ဆေး၊ မြေသြဇာတွေ သုံးနေကြဆဲဖြစ်သည်။ ပလစ်စတစ်ကိုလည်း လွယ်လွယ်သုံးလွယ်လွင့်ပစ်နေကြသည်။ မြစ်တွေချောင်းတွေ ညစ်ညမ်းပြီး ကောကုန်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေက ပြောလို့ပင်ကုန်နိုင်ဖွယ်မရှိပါ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကိုကြည့်ပြီး ထိန်းသိမ်းနိုင်ပါ့မလား ဟု တွေးထင်စရာဖြစ်ပါသည်။ ထို့နောက် ငါတစ်ယောက်ထဲ ထိန်းသိမ်းနေရုံနဲ့ရော ထူးပါ့မလားဟု နောက်ဆက်တွဲ အတွေးဝင်နိုင်ပါသည်။ ထိုကဲ့သို့အတွေး ဝင်လာလျှင် ဖျောက်ဖျက်ပစ်လိုက်ပြီး ကိုယ်တတ်နိုင်သလောက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါသည်။ မိုးရေတစ်ပေါက်ခြင်းစုဆောင်းရာကနေ ရေကန်တွေဖြစ်လာသလို ၊ မြက်ပင်တစ်ပင်ခြင်းစုပေါင်းရာကနေ မြက်ခင်းတွေဖြစ်လာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း တစ်ဦးချင်းထိန်းသိမ်းသူတွေများလာလျှင် မုချအောင်မြင်ရမည်ဖြစ်သည်။ မအောင်မြင်လို့လည်းမရ။ သဘာဝပတ်ဝန်းကျင် လုံးဝပျက်စီးသွားလျှင် လူအပါအဝင် သတ္တဝါတွေ အသက်မရှင်နိုင်ပါ။ […]

အင်းလေးကန်

အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။ လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။ ပထဝီဝင်ဆိုင်ရာအခြင်းအရာ ***************************** အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး […]

သံလွင်ဆီတွေ စျေးကောင်းတော့ သူခိုးတွေကြောင့် သက်တမ်းရင့်အပင်တွေ အန္တရာယ်နဲ့ရင်ဆိုင်နေရပြီ

၂၀၁၉ လောက်ကနေ စပြီး တရိပ်ရိပ် တက်လာတဲ့ သံလွင်ဆီစျေးက အခုဆိုရင် အရင်စျေးနှုန်းထက် ၃ ဆ ကျော်သွားပါပြီ ။ နောက်ဆက်တွဲကတော့ မြေထဲပင်လယ်ဒေသမှာ ရှိတဲ့ သံလွင်ပင်တွေ ရဲ့ အသီးတွေ အကိုင်းတွေ နဲ့ အပင်လိုက်ပါ သူခိုးတွေရဲ့ လက်ချက်စာမိနေတာပါပဲ ။ အဲ့ဒိအခိုးခံရတဲ့ အပင်တွေထဲမှာ အချို့အပင်တွေဆိုရင် သက်တမ်း ရာနဲ့ချီနေပါပြီ ။ သံလွင်ပင်တွေကို အဓိကစိုက်ပျိုးတဲ့ နိုင်ငံငံတွေထဲမှာ ဂရိ ၊ စပိန်နဲ့ အီတလီ နိုင်ငံတို့ပါဝင်ပါတယ်။ အဲ့ဒိနိုင်ငံတွေ မှာ သူခိုးတွေက စိုက်ပျိုးခြံတွေ ဖောက်ဝင်တာတွေ ၊ ခြံလုပ်ငန်းက စာရင်းကိုင်တွေ စာရင်းဖျောက်တာတွေ နဲ့ သံလွင်ဆီခိုးယူမှုကိစ္စတွေက အများကြီးကိုဖြစ်ပေါ်နေပါတယ်။ အချို့ခြံတွေဆိုရင် အစောင့်မရှိလို့ လူမိုက်ဂိုဏ်းတွေက ခြံထဲကိုဝင်ပြီး လွှစက်တွေနဲ့ […]

ကျေးလက်ကဗျာလေးတွေက ပြောတဲ့သဘာဝပတ်ဝန်းကျင်နှင့် ခေတ်ပေါ်ကဗျာတစ်ပုဒ်ရဲ့ဝန်ခံချက်

ရှေးကျေးလက် ကဗျာတွေထဲမှာ ရာသီဥတု၊သစ်ပင်တွေအကြောင်းပါနေတာလေးတွေကိုပြောချင်ပါတယ်။ ဒီကျေးလက်ကဗျာတွေလေးဟာ ဘယ်သူက စပ်ဆိုခဲ့တယ်ရယ်လို့ မသိကြရပါဘူး။ မြန်မာပြည်သူတွေ နူတ်ဖျားကနေ ရွတ်ဆိုလက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ ကဗျာလေးတွေဖြစ်ပါတယ်။ ” ကောက်တီနဲ့ မယ်စော ရောနှောပါလို့ ပျိိုးတောင် မိုးလေက ခေါင်။ သည်ပျိုးရေအောင်မှ မယ်နဲ့မောင် အလှူပေးမယ် မိုးကူပလေး။” တောင်သူဇနီးမောင်နှံနှစ်ဦးက သူတို့အလှူပြုနိုင်ဖို့ မိုးကိုအကူအညီတောင်းနေတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ရှေးခတ်အခါကလည်း ရာသီဥတုဟာ ခုခေတ်လို မဆိုးဝါးပေမယ့် မိုးခေါင်တဲ့နှစ်တွေဆိုတာ ရှိခဲ့ကြတာပေပဲလို့ နားလည်ရပါတယ်။ ဒါပေမယ့် ကဗျာရဲ့လေထဲမှာ ပူပန်မှုမပါ။ ကဗျာထဲမှာ မိုးကိုချစ်တဲ့စိတ်ကလေးကိုလည်း တွေ့မြင်နေရပြန်တယ်။ မိုးဟာရွာလာမှာပဲရယ်လို့ ယုံကြည်မှုကိုလည်း တွေ့ရပါတယ်။ ပျိုလေးတို့ အိမ်စွန်း ကျွန်းဆယ့်နှစ်ပင် စောင့်ရှောက်စေချင်။ မငြိုငြင် ရှင်အောင်ပမွေး။ မယ်နှင့်မောင် ကံဆိုင်တော့ ကျောင်းတိုင်ဖို့လေး။ ဒီကဗျာလေးကတော့ ချစ်သူနှစ်ဦးကံဆုံကြတဲ့အခါ ကျောင်းဆောက်လှူဖို့ […]

ဘိုးဘွားသစ်ပင်ကြီးတွေ

တစ်ရက်ကျွန်တော့်ဇာတိရွာကလေးက အစ်မဝမ်းကွဲတစ်ယောက်နှင့် ဖုန်းပြောကြရင်း စိတ်ထဲ ရုတ်တရက်ပေါ်လာသဖြင့် ရွာဘုန်းကြီးကျောင်းအနောက်ဘက် ကပ်ရက် လမ်းဘေးက ကုက္ကိုလ်ပင်ကြီး အကြောင်းမေးလိုက်မိပါသည်။ ” ခုတ်ပစ်လိုက်ပြီးပြီကား။ မရှိတော့ဘူး။ခုတ်ဆို ဟိုဘက်ရွာက လူတစ်ယောက်ကို ဆယ်သိန်းနဲ့ ရောင်းတာ” ဟု သူက ပေါ့ပေါ့ပါးပါးအသံဖြင့် ပြောဆိုပါသည်။ အစ်မဖြစ်သူက ပေါ့ပေါ့ပါးပါးအသံဖြင့်ပြောဆိုလိုက်သော်လည်း ကျွန်တော့်စိတ်ထဲမှာ မပေါ့ပါးနိုင်ပါ။ နှမျောစိတ်၊ လွမ်းမောစိတ်တွေဖြစ်လျက် နေပါတော့သည်။ ထိုကုက္ကိုလ်ပင်ကြီးအောက်မှာ ကျွန်တော်တို့ကလေးဘဝက မောင်နှမတွေအတူကစားခဲ့ကြသည်။ သူငယ်ချင်းတွေနှင့်ထိုအပင်အောက်မှာပင်ချိန်းဆို တွေ့ဆုံခဲ့ကြရသည်။ ကျွန်တော်တို့မောင်နှမတွေ ထိုအပင်ကြီးအောက်မှာပင် စက်ဘီးစီသင်ပြီး စက်ဘီးစီးတတ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ငယ်ဘဝကစ အပင်ကြီးအဖြစ်ရှိနေနှင့်ပြီး သက်တမ်းဘယ်လောက်မှန်းမသိသည့် ဘိုးဘွားသစ်ပင် ၁၀ ပင်လောက် ကျွန်တော်တို့ရွာကလေးမှာရှိပါသည်။ ရွာမြောက်ဘက်အဝင်က စိမ်းစားသရက်ပင်ကြီးတစ်ပင်၊ မြစ်ကမ်းပါးဘေးက မန်ကျည်းပင်ကြီးနှစ်ပင်၊ ဘုန်ကြီးကျောင်းအနောက်ဘက်က ကုက္ကိုလ်ပင်၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းကြားက အောင်းပင်ဟုခေါ်ကြသည့် သရက်ပင်ကြီးသုံးပင်၊ စာသင်ကျောင်းဝင်းထဲက လက်ပံပင်ကြီးတစ်ပင်၊ […]

ဂေါ်ရီလာတွေနေတဲ့ ယူဂန်ဒါက ကမ္ဘာ့အလှဆုံးသစ်တော

ယူဂန်ဒါနိုင်ငံဆိုတာ အာဖရိကတိုက်အလယ်က ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပါတယ် ။ အရှေ့ဖက်မှာ ကင်ညာ ၊ အနောက်ဖက်မှာ ကွန်ဂို ၊ မြောက်ဖက်မှာ တောင်ဆူဒန်နဲ့ တောင်ဖက်မှာ ရဝမ်ဒါနဲ့တန်ဇနီယား နိုင်ငံတို့ တည်ရှိပါတယ် ။ ကမ္ဘာ့အကြီးဆုံး ကုန်တွင်းပိတ်ရေကန်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဗစ်တိုးရီးယား ရေကန်ကြီး ရဲ့ တစ်စိတ်တစ်ပိုင်းက ယူဂန်ဒါနိုင်ငံတောင်ဖက်မှာ တည် ရှိပါတယ်။ ကမ္ဘာ့ကျော် မျောက်မျိုးနွယ်တော်တော်များများက ယူဂန်ဒါက Bwindi Impenetrable သစ်တောထဲမှာရှိပါတယ် ။ ဂေါ်ရီလာတွေကိုမှ ခြေရာခံပြီးလေ့လာချင်တယ်ဆိုရင်တော့ အဲ့ဒိတောထဲကို သွားမှဖြစ်မှာပါ ။ ကမ္ဘာပေါ်ရှိ မျောက်ဝံများ အများဆုံးနေထိုင်ရာ ဤသစ်တောသည် စိမ်းလန်းစိုပြေသော တောနက်နှင့် အပူပိုင်းတောရိုင်း တိရစ္ဆာန်များကြောင့် ကျော်ကြားပါတယ် ။ ဂေါ်ရီလာ မိသားစု ၁၀ စုခန့်သည် Bwindi အမျိုးသား […]

Page 2 of 9
1 2 3 4 5 6 7 8 9