တရုတ်ရေပြင်မှာ ရေနွားတွေမျိုးတုန်းသွားပြီ
ပင်လယ်ထဲမှာ အငြိမ်းချမ်းဆုံး သတ္တဝါ တစ်ကောင်ပြပါဆိုရင် ဒူဂေါင်း လို့ခေါ်တဲ့ ရေနွားတွေပါပဲ ။ အဲ့ဒိအကောင်တွေက ရေသူမပုံပြင်တွေမှာ မပါမဖြစ်အကောင်တွေဖြစ်ပါတယ်။ ရေချို ရေငန် ၂မျိုးလုံးမှာတွေ့ရတယ်ဆိုပေမဲ့ အခုတော့ တရုတ်နိုင်ငံရဲ့ ရေပိုင်နက်တွေထဲမှာ မျိုးတုန်းသွားပြီလို့ သိရပါတယ်။ ရေနွားတွေက သမုဒ္ဒရာ ရေတိမ်ပိုင်းမှာ နေတဲ့ အပင်စား နို့တိုက်သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အများဆုံး တွေ့ရတာက ပစ္စိဖိတ်သမုဒ္ဒရာရဲ့ အာရှဇုံပိုင်းမှာ ဖြစ်ပါတယ်။ ရေနွားတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသား ၃ဦးက သီးခြား သုတေသန လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ စာတန်းမှာဆိုထားတာက ရေနွားတွေကို နောက်ဆုံး တွေ့လိုက်ရတာက လွန်ခဲ့တဲ့ ၅ နှစ်ကလို့ ကမ်ခြေနေ ဒေသခံတွေ ကပြောတယ်လို့ ပါရှိပါတယ်။ တကယ်လို့ တရုတ်ရေပြင်မှာ ရေနွားတွေမျိုးတုန်း ကုန်တယ်ဆိုရင် အဲ့ဒါက ပထမဆုံး […]