ကမ္ဘာပေါ်မှာ တစ်နှစ်ကို ဝေလငါး ၃သိန်းလောက် သေဆုံးနေလို့ မျိုးတုန်းသွားနိုင်တယ် လို့ဆို
ကမ္ဘာ့ အကြီးဆုံးရေနေသတ္တဝါတွေဖြစ်တဲ့ ဝေလငါးတွေက ကမ္ဘာပေါ်မှာ အကောင်ရေ ၁သန်းခွဲ လောက်ပဲကျန်ပါတော့တယ်။ ၁၉၈၆ ခုနှစ်ကတည်းက ဝေလငါးကို စီးပွားဖြစ် အမဲမလိုက်ရဘူးလို့ ဥပဒေနဲ့ တားမြစ်ထားပေမဲ့ ဝေလငါးအကောင်ရေ က တိုးမလာတဲ့အပြင် လျော့လာနေတဲ့ အတွက်ကြောင့် လေ့လာမှုတွေကို လုပ်ရာမှာတော့ ဝေလငါးတွေက သဘောၤကြီးတွေနဲ့ တိုက်မိပြီး သေဆုံးကုန်ကြတာကြောင့် ဖြစ်တယ်လို့ သိလာရပါတယ်။ ဝေလငါးတွေက အစားရှာဖို့နဲ့ မျိုးဖောက်ဖို့ ရေပေါ်တက်လာချိန်မှာ သဘောၤကြီးတွေ နဲ့ တိုက်မိပြီး ဒဏ်ရာတွေ ရကာ သေဆုံးကုန်ကြပါတယ်။ ၁၉၉၂ ကနေ ၂၀၁၂ အထိ နှစ် ၂၀ အတွင်းမှာ သဘောၤတွေနဲ့ ဝေလငါးတွေ တိုက်မိပြီးသေဆုံး တဲ့အရေအတွက် က ၄ ဆ တက်လာတယ်လို့ ကမ္ဘာ့ ရေကြောင်း မတော်တဆဖြစ်မှု […]