ရေကြီးရေလျှံမှုကြုံရာကနေ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆောင်ရွက်သူ အာရှသူနှစ်ဦး
ဒီကနေ့မှာတော့ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုတိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အာရှသူနှစ်ဦးအကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ BBC ရဲ့ ၂၀၂၃ ခုနှစ်အတွက် ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ ထဲမှာပါဝင်ပြီး ရေကြီးရေလျှံမှုကြုံတွေ့ရချိန်နှင့်ကြုံတွေ့ပြီးနောက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွေကို ဆောင်ရွက်နေသူနှစ်ဦးဖြစ်ပါတယ်။ နီဟာ မန်ခါနီဟာ ပါကစ္စတန်နိုင်ငံက သားဖွားဆရာမတစ်ဦးပါ။ ပြီးခဲ့တဲ့နှစ် ပါကစ္စတန်ရေကြီးရေလျှံမှုဖြစ်တော့ သူဟာ ရေဘေးသင့်တဲ့ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး သားဖွားမှုနှင့် ကျန်းမာရေးဆိုင်ရာ စောင့်လျောက်မှုတွေပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ပါကစ္စတန်ရေကြီးမှုဟာ ကြောက်စရာကောင်းလောက်အောင်ဖြစ်ပွားခဲ့တာပါ။ ရေကြီးမှုကြောင့် နိုင်ငံရဲ့သုံးပုံတစ်ပုံထိ ရေလွှမ်းခံရပြီး အိမ်ပေါင်း နှစ်သန်းကျော်ပျက်စီး ၊ လူသန်းသုံးဆယ်ကျော် ဒုက္ခရောက်ခဲ့ကြရတာဖြစ်ပါတယ်။ ရေဘေးသင့်နေရာတွေကို နီဟာ မန်ခါနီရဲ့ Mama Baby Fund ကနေ အသက်ကယ်ပစ္စည်းတွေနှင့် သားဖွားစောင့်ရှောက်မှုဆိုင်ရာပစ္စည်း ၁၅၀၀၀ ကိုပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ခုချိန်မှာတော့ […]