ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်စုတွေကို ကယ်တင်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ “ဥတုဘေးအတွက် လှုပ်ရှားမှု၊ အရေးပေါ်လို့ ထိုးရ မယ့် ခေါင်းလောင်း” ခေါင်းစဉ်နဲ့ ယောမင်းကြီးဇရပ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မိုးလေဝသ ပညာရှင်၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ သစ်တောပညာရှင်၊ မြို့ပြနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ကျွမ်းကျင်သူ၊ ကျန်းမာရေးဆိုင်ရာ တတ်သိနားလည်သူ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ တက်ကြွစွာ ဆောင်ရွက်နေသူတွေ စသဖြင့် ဘာသာရပ် တော်တော်စုံတာ တွေ့ရပါတယ်။ စာရေး သူ ကိုယ်တိုင် အခမ်းအနားကို မသွားရောက်နိုင်ခဲ့ပေမယ့် အွန်လိုင်းကနေ နားထောင် ဖြစ်ခဲ့တယ်။ ပညာရှင် တွေ၊ ကျွမ်းကျင်သူတွေကလည်း ရတဲ့အချိန်လေးမှာ ထိထိမိမိ ဆွေးနွေးသွားတာ တွေ့ရတယ်။ ပြည်သူအများစုက အခု ၂၀၁၉ […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ လူငယ်တွေဦးဆောင်ပါဝင်စေချင်

နိုင်ငံတစ်နိုင်ငံအတွက် လူငယ်အင်အားစုတွေဟာ အလွန်အရေးကြီးပါတယ်။ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး” ဆိုသလို လူငယ်တွေဟာ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းရွက်ကြ ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းရွက်ကြမယ့် လူငယ်အင်အားစုတွေဟာ အသိပညာ၊ အတတ် ပညာများ ထူးချွန်ထက်မြတ်ဖို့လိုသလို ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်သူတွေလည်း ဖြစ်ဖို့ လိုပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ “ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် အောင်မြင်မှု၊ လူငယ်နှင့် အနာဂတ်၊ လူငယ်နှင့် မျိုးချစ်စိတ်၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် နိုင်ငံရေး၊လူငယ် နှင့် စာပေ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်…..၊ လူငယ်နှင့်….ဆိုပြီး လူငယ်တွေအတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အကြောင်းအရာအမျိုးမျိုး လေ့လာဖတ်ရှုစရာ စာအုပ်စာပေတွေ ရှိခဲ့တယ်။ […]

ကမ္ဘာကျော်ရုပ်ရှင်မင်းသားလီယိုနာဒိုဒီကာပရီရို၏ ရာသီဥတုပြောင်းလဲမှုအမြင်နှင့် မြန်မာနိုင်ငံအခြေအနေ

(၁) သည်နေ့ ရွှေလက် အိပ်ယာနိုးတော့ နေတောင် အတော်မြင့်နေပြီ။ နေ့စဉ်ပြုကျင့်နေကျအတိုင်း သစ်ပင်၊ ပန်းပင်လေးများကို ရေလောင်းသည်။ ငှက်ကလေးများကို အစာကျွေးသည်။ ဆောင်းတွင်းဟုခေါ်ရမည့်ကာလ ဖြစ်သော်လည်း တစ်ခါတလေမိုးကြီးလေကြီးပင် ကျရောက်လာတတ်သည်။ ထို့ကြောင့် ရွှေလက်အနေဖြင့် ယခု ကာလကို နွေလား၊ မိုးလား၊ ဆောင်းလား ခွဲမရအောင် ဖြစ်မိသည်။ ရွှေလက်ကိုယ်တိုင်လည်း ဆောင်းနံနက်ခင်း တွင် ချွေးဒီဒီးကျနေသည်။ နံနက်ခင်းလုပ်စရာ အလုပ်များပြီးတော့ ခေတ္တအနားယူသည်။ သွားတိုက်၊ မျက်နှာ သစ်၊ ခြေလက်သန့်စင်သည်။ ချစ်ဇနီးလေး ပြင်ပေးထားသည့် ပဲပြုတ်နှင့် ထမင်းကြော်ပူပူလေး စားသည်။ ပြီးတော့ ကော်ဖီသောက်၊ လက်ဖက်ရည်ကြမ်း သောက်ရင်း အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်းများကို ဖတ်ရှု နေမိသည်။ ထိုအချိန်မှာ ရွှေလက်အလုပ်လုပ်သည့် သတင်းစာတိုက်တွင် သတင်းထောက် လုပ်ခဲ့ဖူးသူက ဖုန်း […]

ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေကို သတိထားပါ

စာရေးသူ နေ့စဉ်ပြုလုပ်နေကျအတိုင်း ဒီမနက်မှာလည်း စာကြည့်စားပွဲထိုင်ပြီး အင်တာနက်ကြည့်တယ်။ စာအုပ်တွေ မွှေနှောက်ပြီး ဟိုဖတ်ဒီဖတ်လုပ်တယ်။ ပြီးတော့ စာရေးသူရဲ့လက်တော့ပ်ထဲက ဖွင့်မကြည့်ဖြစ်တာ ကြာနေတဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမှတ်တမ်းဖိုင်ကို ဖွင့်လိုက်တယ်။ အဲဒီမှာ တွေ့လိုက်ရတာက “မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ အစီရင်ခံစာ”တဲ့။ အဲဒီအစီရင်ခံစာကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မိုးလေဝသစခန်း ၁၉ ခုမှ နှစ်ရှည် စုဆောင်းရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ WWF၊ MCCAနှင့် ကိုလံဘီယာတက္ကသိုလ်၏ ရာသီဥတုစနစ်များဆိုင်ရာ သုတေသနစင်တာတို့ ပူးပေါင်းမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် ပြုစုခဲ့တာပါ။ စာရေးသူလည်း သေသေချာချာ မဖတ်ရသေးတဲ့အတွက် အစီရင်ခံစာကို ဖွင့်လိုက်မိတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလို မြေနိမ့်ပိုင်းဧရိယာတွေ ဟာ လက်ရှိကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ […]

သဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုတွေကြောင့် မျက်ခုံးလှုပ်နေရတဲ့ပုပ္ပား

(၁) ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပုပ္ပားဒေသမှာ မိုးသည်းထန်စွာပြီး မြေကျွံကျမှုတွေဖြစ်ပွားခဲ့တယ်။ လမ်းတွေ အက်ကွဲတယ်။ ကျွံကျတယ်။ အဆောက်အအုံတွေ အက်ကွဲတယ်။ ပုပ္ပားတောင်ကလပ်ကိုသွားတဲ့ လမ်းတစ်လျှောက်က လူတွေကို ရွှေ့ပြောင်းခဲ့ရတယ်။ ကားသွားလာမှု ပိတ်ခဲ့ရတယ်။ ဒေသခံတွေ ထိတ်ထိတ် ပြာပြာ ဖြစ်ခဲ့ရတယ်။ လူမှုကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ ပုပ္ပားမီးတောင် ပြန်လည်အသက်ဝင်လှုပ်ရှားလာပြီလို့ ရေးတဲ့သူကရေး၊ ပုပ္ပားတောင်ကလပ် စောင်းသွားတယ်လို့ ဖွတဲ့သူကဖွနဲ့ တော်တော်လေးပွဲဆူခဲ့တယ်။ ပုပ္ပားနဲ့ ဝေးတဲ့ဒေသက ပြည်သူတွေတောင် ထိတ်လန့်ကုန်ကြတာဆိုတော့ ဒေသခံပြည်သူတွေအတွက် ဆိုဖွယ်ရာ မရှိတော့။ ဒါကြောင့် ဘူမိဗေဒပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက အလျင်အမြန်ကွင်းဆင်းစစ်ဆေးခဲ့ကြတယ်။ စစ်ဆေးတွေ့ရှိချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းအသိပေး ရှင်းလင်းတင်ပြခဲ့တာတွေ့ရတယ်။ ကနေဒါနိုင်ငံဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာနဲ့ မြေပြိုကျခြင်းဆိုင်ရာကို အထူးပြုလေ့လာခဲ့တဲ့ ကျွမ်းကျင် ပညာရှင် ဒေါက်တာစိုးမိုးကျော်ဝင်းက “ပုပ္ပားဒေသရဲ့မြေအနေအထားအရ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဖြစ်ပေမယ့် တောင်ကလပ်ဒေသရှိ […]

ဒေါက်တာသန့်မြင့်ဦးပြောတဲ့ မြန်မာ့အနာဂတ် အကြောင်း

လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကာလ မြန်မာနိုင်ငံကြေးခေတ် အစောပိုင်းမှာလယ်သမားတွေကစုပေါင်းပြီးသူတို့ရဲ့ ပထမဦးဆုံး မြို့ပြကိုတည်ထောင်ခဲ့ကြတယ်။ ပိုကယြျပွန့ျတဲ့ကမ်ဘာနဲ့ စပြီးဆက် သွယ်ခဲ့ကြတယ်။ ဗုဒ္ဓဘာသာ၊ အစိုးရစနစ်၊ အနုပညာ၊ သိပ္ပံနဲ့ ပတ်သက်တဲ့ အိုင်ဒီယာအသစ် တွေကိုတင်သွင်းလာခဲ့ကြတယ်။ ဒီအိုင်ဒီယာတွေကြောင့်ပဲသူတို့ လူမှုအဖွဲ့အစည်းကိုဖွံ့ဖြိုးတိုးတက်လာစေခဲ့တယ်။ နောက်ပိုင်း နှစ် ၁,၀၀၀ လောက်အကြာမှာတော့ ပုဂံမှာဘုရင်နဲ့ မှူးကြီးမတ် ရာတွေကလှုပ်ရှားရှင်သန်နေတဲ့ ဒေသတွင်းမှာအစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြတယ်။ ပြည် တွင်းနဲ့ ပြည်ပကဗဟုသုတတွေနဲ့ ပုံစံတွေကိုပေါင်းစပ်ပြီးရင်သပ် ရှုမောဖွယ် မြို့ပြကိုတည်ဆောက် ဖန်တီးနိုင်ခဲ့ကြတယ်။ အလယ် ခေတ်သမိုင်းကာလမှာအထင်ကြီးခံ့ညားဖွယ် မင်းနိုင်ငံငယ်တစ်ခု ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံက ပြင်ပကိုထိတွေ့ပြီးကမ္ဘာကြီးကိုတံခါးဖွင့် ကြိုဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံကအသိဉာဏ်ပိုင်းဆိုင်ရာအရရော ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရပါ ကြွယ်ဝဖွံ့ဖြိုးခဲ့ပါတယ်။ မြန်မာနိုင်ငံကကြောက်ရွံ့တဲ့စိတ်နဲ့သော်လည်းကောင်း၊ ယုံကြည်မှုကင်းမဲ့စွာဖြင့် သော်လည်းကောင်းကိုယ့်ပြည် တွင်းကိုသာအလေးပေးကြည့်တဲ့ အခါတိုင်း နိုင်ငံကဆင်းရဲမွဲတေ မှု၊ […]

ပျက်စီးမှုဆီ ဦးတည်နေပြီလား ပုဂံ

ပုဂံမှာရေတွေကြီးနေတာတွေ့ရတော့ ပထမဆုံး အံသြမိတယ်၊ နောက် ဝမ်းနည်းမိတယ်။ အဖြေရှာကြည့်တော့ ရာသီဥတုပြောင်းလဲမှုတွေ၊ လူတွေရဲ့ စည်းကမ်းမဲ့မှုတွေ၊ လောဘကြီးမှုတွေကြောင့်ဆိုတာ တွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦး ရေးထားတဲ့စာစုလေး ဖော်ပြပေးလိုက်ပါတယ်။ #Greenness ရာသီဥတုဖောက်ပြန်မှုကိုကြိုတင်စီမံပြင်ဆင်ထားခြင်းမရှိလို့ ကမ္ဘာ့အမွေအနှစ်တွေဆုံးရှူံးမှုများနေတဲ့ပုဂံ ……….. ၂၀၁၃ ပုဂံကိုကမ္ဘာ့အမွေအနှစ်တင်ရန်စတင်လုပ်ဆောင်စဥ်ကတည်းက ယူနက်စကိုမှအမွေအနှစ်များစီမံခန့်ခွဲရေးကျွမ်းကျင်သူများ၊ထိန်းသိမ်းရေးပညာရှင်များက သက်ဆိုင်သူများကို အကြိမ်ပေါင်းများစွာဆွေးနွေးအကြံပြုခဲ့ပါတယ်။ ၁) ဖွံ့ဖြိုးရေးစီမံကိန်းများ လမ်းဖောက်၊အဆောက်အအုံဆောက်လုပ်ခြင်းများကြောင့် ပျက်စီးပိတ်ဆို့သွားသောမူလရေဆင်းလမ်းကြောင်းများပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန်။ ၂) အမွေအနှစ်ပတ်ဝန်းကျင်ရှိသစ်ပင်ကြီးများအား အမွေအနှစ်အပေါ်အန္တရာယ်ရှိနိုင်လျှင်ရှင်းလင်းရန်။ ၃) ရှေးဟောင်းအဆောက်အအုံထိန်းသိမ်းခြင်းဆိုသည်မှာဘတ်ဂျက်များစွာဖြင့်ဆောင်ရွက်ရသောပရောဂျက်ကြီးများမလိုပဲ စဥ်ဆက်မပြတ်စောင့်ကြည့်၍ ညောင်ပင်သတ်ခြင်း၊ မိုးယိုလျှင်ပြင်ဆင်ခြင်း စသဖြင့် ထိန်းသိမ်းရေးပုံမှန်လုပ်ဆောင်နေရန်။ ၄) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ကပ်ရောဂါ၊ နိုင်ငံရေးစသည်တို့ကြောင့်ထိခိုက်မှုဖြစ်လွယ်သောကြောင့် ဒေသခံများ၏နဂိုမူလ စိုက်ပျိုးရေးလုပ်ငန်းကို ဒုတိယဝင်ငွေရလမ်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပုဂံcultural landscape မထိခိုက်စေပဲ စီစဥ်ဆောင်ရွက်ရန်။ စသည်တို့ကိုပေါ့။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ မည်သူမျှစိတ်ဝင်စားပါ။ရလာဒ်က အမွေအနှစ်များဆုံးရှုံးခြင်း၊ […]

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေး

ရာသီဥတုပြောင်းလဲမှုကို ဟန့်တားတိုက်ဖျက်ဖို့လိုပြီလို့ စာရေးသူက ပြောလိုက်တော့ တစ်ချို့က ရယ်ကျဲကျဲလုပ်နေကြတယ်။ တစ်ချို့က မသိချင်ယောင်ဆောင်နေကြတယ်။ တစ်ချို့က “သူ့ဘာသာ ပြောင်းလဲ နေတဲ့ ရာသီဥတုကို ဘယ်လို ဟန့်တားတိုက်ဖျက်မလဲ”လို့ မေးကြတယ်။ တစ်ချို့ကတော့ “မင်းက ဘာလဲ၊ ဆရာကြီးလား၊ မင်းအရင်ဆုံး ဟန့်တားတိုက်ဖျက်ပြကွာ”လို့ ရင့်ရင့်သီးသီး ပြောကြတယ်။ တစ်ချို့က… တစ်ချို့က…တစ်ချို့က… အဲဒီလို တစ်ချို့က ပေါင်းများစွာကို ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့ ဆောင်းပါး တွေ ရေးတိုင်း ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် စာရေးသူကလည်း အမှတ်မရှိပါဘူး။ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ၊ ရာသီဥတုဆိုင်ရာ ဆောင်းပါးတွေရေးသားခဲ့သလို ဟောပြောပွဲတွေမှာတောင် ပြောဖြစ်ခဲ့တယ်။ အဓိက ကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ပြင် ဆင်သင့်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့ ရေးခဲ့၊ ပြောခဲ့တာပါ။ […]

“ကမ္ဘာကြီး ပူနွေးလာခြင်းအတွက် လုပ်သင့်သောအချက် (၁၀)ချက်”

နှစ်ဒီဂရီလောက် လျှော့ချပါ။ ဒါက အပူပေးကိရိယာ လေအေးစက်သုံးသူများ ကို တောင်းပန်ခြင်းဖြစ်သည်။ ဆောင်းနဲ့နွေမှာ နှစ်ဒီဂရီ (2F)လောက်လျှော့သုံးဖို ပါပဲ။ ဒါဟာ သင်နှင့် မဆိုင်ဘူးလို့ ထင်ကောင်းထင်ကြမည်။ သင်သည် ရေပူရေအေး လေပူလေအေးစနစ်ကို အသုံးပြုသော စားသောက်ဆိုင်များကို သွားရောက် အသုံးပြုသူဖြစ်ပါက သင်နှင့်သက်ဆိုင်ပါသည်။ ထိုသို့လျှော့ချမည်ဆိုပါက တစ်နှစ်မှာ လေထဲသို့ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်တစ်တန်၏ သုံးပုံတစ်ပုံ လျော့ကျသွားပေမည်။ မီးလုံးကိုလဲလိုက်ပါ။ ကမ္ဘာကြီးစွမ်းအင်သုံးစွဲမှုသည် မီးထွန်းခြင်းအတွက် အများဆုံးဖြစ်သည်။ အကယ်၍ အိမ်တစ်သန်းသည် သူတို့အိမ်က မီးလုံး၄လုံးကို စွမ်းအင်ချွေတာရေးမီးလုံး (Compact Fluorescent Lightbulb- CFL) ကို ပြောင်းလဲသုံးစွဲပါက လေထုထဲ ဖန်လုံအိမ်ဓါတ်ငွေ တန် ကိုးသိန်းသက်သာစေမည်။ CFLသည် တူညီသောအလင်းစွမ်းအားရှိသည့် သာမန် မီးလုံးမီးချောင်းများထက်စွမ်းအင် ၇၅ရာခိုင်နှုန်း သက်သာစေသည်။ လျှပ်စစ်ပစ္စည်းများကို […]

နာမည်လေးလှသလောက် ရက်စက်တတ်တဲ့ မိန်းကလေး…လာနီညာ

ရန်ကုန်မြို့မှာ နေထိုင်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်အတွင်း ဆောင်းကို ဆောင်းမှန်းမသိ ဖြတ်သန်းခဲ့ရတဲ့ ရန်ကုန်ဆောင်းနေ့ရက်တွေ တော်တော်များလာခဲ့တာ သတိထားမိတယ်။ အရင်ကဆိုရင် ရန်ကုန်ဆောင်းဟာ ရင်တုန်အောင်အေးခဲ့သလို ဆောင်းနဲ့ပတ်သက်တဲ့ စာတွေ ကဗျာတွေ ဖတ်ရင်း ကိုယ်တိုင်အေးချမ်းခဲ့တဲ့နေ့ရက် တွေကိုလည်း ပိုင်ဆိုင်ခဲ့ရဖူးပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာတော့ ဆောင်းဟာ မအေးတော့ကြောင်း၊ ရန်ကုန်မှာ ဆောင်းပျောက်သွားပြီဖြစ်ကြောင်း စာတွေ ကဗျာတွေ အဖတ်ရများလာပြီး အိုက်စက်စက် ဆောင်း နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။ ရန်ကုန်ဆောင်း ဗီဒိုထဲက အနွေးထည်ကလေး ကိုယ်ငွေ့မလှုံရလို့ ချမ်းနေရှာပေါ့။ ။ မိုးဟိန်းထက် အဲဒီလိုမျိုး စာတွေ ကဗျာတွေ ဖတ်ရင်း ရန်ကုန် ဆောင်းရက်တွေမှာ စာရေးသူတို့ ဆောင်းပျောက် ရှာပုံတော်ဖွင့်ခဲ့ကြရတယ်။ အဲဒါဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုး ဆက်တွေပါပဲ။ […]

Page 10 of 11
1 2 3 4 5 6 7 8 9 10 11