ရုပ်ကြွင်းလောင်စာစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အကူအပြောင်းကာလမှ အာဆီယံနိုင်ငံတွေ ဘာလဲ ဘယ်လဲ

ဒီကနေ့ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်‌ငွေ့တွေကို စွန့်လွှတ်ပြီးတော့ သန့်စင်ပြီး ပြန်ပြည့်မြဲစွမ်အင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို လူမှုဘဝလုံခြုံရေးအတွက် သုံးစွဲရန် ကြိုးစားနေတဲ့ အကူးအပြောင်းကာလထဲကို ရောက်နေပါတယ်။ အဲ့ဒိလို အကူးအပြောင်းကာလမှ အာဆီယံနိုင်ငံတွေအနေနဲ့ အနာဂတ်မှာသုံးစွဲမယ့် စွမ်းအင် ဘေးကင်လုံခြုံရေးကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာ ကမ္ဘာ့ကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီအထိ လျှော့ချရန်နဲ့ ၂၀၅၀ မှာ ကမ္ဘာ့လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု သုည အခြေအနေထိ ရောက်အောင် ကြိုးစားကြဖို့အတွက် နိုင်ငံတကာက ကြိုးစားချိန်မှာ လက်ရှိသုံးနေတဲ့ ရုပ်ကြွင်းလောင်စာကနေ ရယူတဲ့ စွမ်းအင်တွေကို အပြီးတိုင် အစားထိုးနိုင်ဖို့က အရေးကြီးနေပါတယ်။ အစားမထိုးနိုင်ဘူးဆိုရင်တော့ စွမ်းအင်ပြဿနာတွေက ဒေသတွင်း ပဋိပက္ခ တစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် […]

နီပေါရေခဲတောင် ၃ပုံ ၁ ပုံလောက်အရည်ပျော်နေပြီ လို့ ကုလသတိပေး

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး အန်တိုနီယို ဂူတာရေ့စ်က ကမာ္ဘ့ကြီးပူနွေးလာမှုကြောင့် နီပေါနိုင်ငံက ရေခဲတောင်တွေ အရည်ပျော်မှုက မြင့်တက်လာပြီး အခုဆိုရင် ရေခဲပမာဏက ၃ ပုံ ၂ ပုံလောက်ပဲ ကျန်တော့တယ် လို့ ဒီကနေ့ ( အောက်တိုဘာ ၃၁ ) မှာသတိပေးပြောကြားလိုက်ပါတယ်။ အဲ့ဒိသတင်းစကားကို ကမာ္ဘ့အမြင့်ဆုံး တောင် လို့ခေါ်တဲ့ ဧရဝက်တောင် နယ်နမိတ်ထဲကို အလည်အပတ် ရောက် နေတဲ့ အတွင်းရေးမှုးက ပြောလိုက် တာပဲ ဖြစ်ပါတယ် ။ လွန်ခဲ့သော နှစ် ၁၀၀ အတွင်း ကမ္ဘာ၏ အပူချိန်သည် ပျမ်းမျှ ၀.၇၄ ဒီဂရီ စင်တီဂရိတ် တိုးလာသော်လည်း တောင်အာရှ ဟိမဝန္တာ တောင်တန်းများ တစ်လျှောက် ပူနွေးလာမှုမှာ ကမ္ဘာ့ ပျမ်းမျှ ပျမ်းမျှထက် […]

အဆင်ပြေပါစေ ကမ္ဘာကြီးရေ…

++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ … ပြန်စိမ်းလန်းဖို့အတွက် အချိန်ယူစေ.. မကြာခင်ပြန်ဆုံမယ် ကမ္ဘာ ကြီးရေ… ပြန်လည်နလန်ထဖို့အတွက်ကွာ..သင်လည်း နားဖို့လိုမှာ…၊ အဆင်ပြေပါစေ ကမ္ဘာကြီးရေ.. ပျက်စီးခဲ့ ရသမျှ ပြင်ဆင်စေ..မကြာခင် ပြန်ဆုံမယ် ကမ္ဘာကြီးရေ.. ဒါဟာ ငါတို့အမှားကြောင့်သာ ငါတို့ရတဲ့ ကံတရား…) ×× သမိုင်းတလျှောက် ငါတို့လွန်ကျူးခဲ့သမျှ.. သင် ခါးစီးခံခဲ့ရတာပါ.. ပူလောင်ရင်း..ဖောက်ပြန်ရင်း ဝမ်းနည်းစွာ…×× မပြေး..ဘဲ ငါတို့တွေ ဝေးရတာ.. အေးဆေး.. ပြန်တွေ့ကြမှာပါ.. ဒီအချိန်တော့ အားယူရင်း နားဦးကွာ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ….………………………………………………………………………………) ×× အခိုက်အတန့်.. ငါတို့ငြိမ်သက်ရတာ.. အလိုက်အထိုက်..ဖြတ်သန်းရမှာပါ… ကံကိုတော့ အပြစ်ပုံ မချလိုက်နဲ့ကွာ…×× သမိုင်းတစ်လျှောက်.. ငါတို့ ဖျက်စီးခဲ့သမျှ..အထိုက်အလျှောက်..ပြန်ခံကြရမှာပါ.. မျက်နှာ လွှဲ ခဲတွေ ပစ်ခဲ့ကြသမျှ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ…………………………………………………………………………………) ××(အချိန်က […]

ရာသီကပ်ဘေးဒဏ်သင့် မဲဇာမြစ်ရိုးက တောင်သူများ (အပိုင်း-၂)

တောင်သူတွေနဲ့ မရင်းနှီးသည့် စနစ်အပြောင်းအလဲနှင့် နည်းပညာ အပြောင်းအလဲ ၂၀၁၉ ခုနှစ်မှာ ဝါဆို၊ဝါခေါင် လယ်ကွင်းထဲ ဖုန်တထောင်းထခဲ့သည့် နှစ်က တောင်သူတွေက ဖြစ်တဲ့နည်းနဲ့ ပက်ကြဲခင်းတွေ စခဲ့သည်ဟုဆိုသည်။ ဒေသအခေါ်က တစ်တန်ကြဲဟုဆိုသည်။ အစေ့ချကိရိယာတွေ မပါတော့ မညီညာတာတွေ၊စိပ်တာ ကျဲတာတွေ ၊ပေါင်းရှင်း ရပြဿနာတွေ အဓိက ဖြစ်သည်။ ” ကြဲခင်းတော့ ပေါင်းထတာပဲ။ ပေါင်းနိုင်ရင် စိုက်ခင်းထက် ကောင်းတယ်။အစေ့ချ စနစ်ဆိုရင် ပိုကောင်းတာပေါ့။ ဘယ်အဖွဲ့ကမှ ပညာပေးတာတော့ မရှိဘူး။ သူ့အခင်း ဝင်ကြည့်၊ကိုယ်အခင်း သူဝင်ကြည့် ကောင်းတဲ့စနစ် ယူပြီး လုပ်နေတာ ။ဒီလိုမိုးနဲ့ စိုက်စနစ်သွားနေရင် ဆီဖိုးနဲ့တင် မွဲသွားမှာ ” မဲဇာမြစ်ရိုးတွင် ကြဲခင်းလုပ်နေသည့် တောင်သူ ထွန်းထွန်းဝင်းက ဆိုသည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ချုပ် […]

ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနေရတဲ့ တောင်သူနဲ့တွေ့ဆုံခြင်း

ဒီနှစ်မိုးနှောင်းရွာသွန်းမှုကောင်းတာကြောင့် မကွေးတိုင်းထဲက တောင်သူအချို့ဟာ သူတို့စိုက်ပြီးသားပဲခင်း ပျက်စီးတဲ့အတွက် ပြန်လည်စိုက်ပျိုးနေရတယ်လို့သိရပါတယ်။ မိုးရွာသွန်းလို့ ပျက်စီးတဲ့ပဲခင်းကို သုံးကြိမ်အထိ ပြန်လည်စိုက်ပျိုးခဲ့ရတဲ့ တောင်သူ အမျိုးသမီးတစ်ဦးကို Greeness က မေးမြန်းခဲ့ပါတယ်။ မေး။ ။ ပဲခင်းကို သုံးကြိမ်တိတိပြန်ဖျက်ပြီးစိုက်ခဲ့ရတယ်ဆိုတော့ အရင်က ရောဒီလိုဖြစ်စဥ်တွေရှိဖူးသလားဗျ ဖြေ။ ။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမရှိခဲ့ဖူးပါဘူး။ ဒီလိုသုံးခါအထိပြန်စိုက်ရတာမျိုးတော့ ဘယ်တုန်းကမှမကြုံခဲ့ဖူးပါဘူး။ မေး။ ။ ဒီနှစ်ပဲခင်းတွေ ပျက်ရတဲ့အကြောင်းအရင်းက ဘာလို့ထင်ပါသလဲ။ ဖြေ။ ။ မိုးကရက်ရက်စက်စက်ရွာတာကိုး။ ရာသီဥတုနိုပ်စက်တာပေါ့။ ရာသီဥတုဖောက်ပြန်တာပေါ့။ ရာသီဥတုက မမှန်တော့ဘူးဆိုတာတော့သိတယ်။ ဒါပေမယ့် ဒီလောက်ထိကြီးတော့ ဖြစ်မယ်မထင်ခဲ့ဘူး။ မေး။ ။ မိုးလေဝသသတင်းတွေကြိုတင်နားထောင်တာမျိုးရှိပါသလား။ ဖြေ။ ။ အဲ့ဒါကတော့ နားမထောင်ဖြစ်ဘူး။ နှစ်တိုင်းစိုက်နေကြအချိန်စိုက်တာပဲလေ။ အရင်မိုးနှောင်းကောင်းတဲ့နှစ်တွေလည်းကြုံဖူးပါတယ်။ ဒါပေမယ့် အခင်းပျက်လောက်အောင်ရွာတာမျိုး ရှားပါတယ်။ အဓိက ကတော့ […]

ရွှေတိဂုံဘုရားမှာ ဘာကြောင့် ရေကြီးရတာလဲ

အဲ့ဒါနဲ့ပတ်သက်ပြီး လက်ဖက်ရည်ဆိုင်မှာ လူနှစ်ယောက်က သူတို့ထင်မြင်ချက်တွေကို အပြန်အလှန်ပြောနေကြပါတယ်။ မြန်မာပြည်အနေအထားကလည်း ပညာရှင်ဆိုသူတွေတောင် ထင်မြင်ချက်နဲ့ပြောနေကြရတာမဟုတ်လား။ တချို့ သိရင်တောင် အသံမထွက်ရဲကြဘူးလေ။ ထားပါတော့၊ လူနှစ်ယောက်တော့ သူတို့ထက်မြင်ချက်ကို အရှိကိုအရှိအတိုင်းပြောနေကြပြီ။ ကျနော်လည်း စိတ်ဝင်စားလို့ နားထောင်နေမိတယ်။ ပထမလူ။ ။ ရွှေတိဂုံဘုရားမှာ ဘာကြောင့် ရေကြီးရတာလဲဗျ။ ဒုတိယလူ။ ။ ရေကြီးတာမဟုတ်ဘူး၊ ရေလျှံတာပါကွ။ ပထမလူ။ ။ ဟုတ်ပါပြီ၊ ရေလျှံတာဆိုရင်လည်း ဘာကြောင့် ရေလျှံရတာလဲကွာ။ မင်း တစ်သက် ငါ့တစ်သက် ကြုံဖူးလို့လား။ ဒုတိယလူ။ ။ ဟုတ်တယ်။ ငါ တစ်ခါမှမကြုံဖူးဘူး။ ပထမလူ။ ။ အေး မကြုံဖူးဘူး။ အခုဟာက ရုပ်ပျက်ဆင်းပျက်ကွာ။ ဗီဒီယိုဖိုင်ထဲမှာ ရေတွေက စောင်းတန်းတစ်လျှောက်စီးဆင်းကျလာတာ။ မြင်မကောင်းဘူး။ အဲ့ဒါ ဘာကြောင့်လဲ ငါသိချင်တာ။ […]

ရာသီကပ်ဘေးသင့် မဲဇာမြစ်ရိုးက တောင်သူများ (အပိုင်း-၁)

”ဒီနှစ်မှာ ဘယ်လယ်ကွင်းမှ ရေမတင်ပဲ စိုက်ရတယ်ဆိုတာ မရှိဘူး။ ဒီဇယ်တစ်ပေပါက ခြောက်သိန်းကျော်တွေချည်း ။တက်တာပဲ ရှိတယ်။တောင်သူတွေမှာ လယ်လုပ်ရမှာကို ကြောက်နေပြီမောင်။ စပါးဈေး၊စစ်ဘေးတွေကြောင့်တာ ဝမ်းစာကိုမဲပြီး လုပ်ကြတော့တာ။ မစိုက်ရင်လည်း ငတ်တော့မှာဟေ့။ ဒီလိုမိုးမျိုးနဲ့ ဒီဒေသက သားစဉ်မြေးဆက် လယ်လုပ်စားဖို့ မကောင်းတော့ဘူး”ဟု မဲဇာတိုက်နယ်က တောင်သူကိုအေးက ဆိုသည်။ မိုးကိုမီခိုသည့် ဒေသခံတောင်သူတွေရဲ့ မိုးညည်းချင်းများက နေရာတိုင်းမှာ မကြားချင်အဆုံး ။အလှူ၊မင်္ဂလာ၊အသုဘ ၊ဥပုသ်ယူ ဘယ်လူစုလူဝေး ဖြစ်ဖြစ် မိုးဇလ သတင်း၊စိုက်ပျိုးရေး သတင်း ၊စစ်ရေးသတင်းတွေက ထိပ်ဆုံးမှာ ရပ်တည်နေသည် ။ တောင်သူတွေနဲ့ စကားပြောတိုင်း မဲဇာမြစ်ရိုးရဲ့ လေးသံက နားထဲပဲတင်ထပ်နေသည်။ ”တောင်သူတွေ ရူးရမယ့်နှစ်ပမောင်ရေ…” နည်းလွန်းလှသည့်မိုး လွန်ခဲ့သည့် ဇွန်လကုန်ပိုင်းက ဖြစ်သည်။ မိုးမကောင်း တောင်ရိုးလျှောက်၊လူမကောင်း တောင်းဝှေးထောက်ဟု ပင်သချေရွာက […]

မြစ် ချောင်းများ အသက်ရှည် ကျန်းမာကြပါစေ

အခုတလော ကျွန်တော့် ခေါင်းထဲ မြစ် ချောင်းများအကြောင်းက မင်းမူနေခဲ့သည်။ မြစ် ချောင်းများ အကြောင်း တွေးနေမိသည်။ “မြစ် ချောင်းများ ကျန်းမာပါစေ” ဟုလည်း မကြာခဏ ဆုတောင်းနေမိသည်။ ကျွန်တော် ထိုသို့ ခံစားနေရသည်မှာ ရက်သတ္တပတ်အနည်းငယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ ခံစားနေရသလဲဆိုလျှင် ကျွန်တော့် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာထဲသို့ ရောက်လာသော ဓာတ်ပုံတစ်ပုံ ကြောင့်ပင် ဖြစ်သည်။ ယင်းဓာတ်ပုံမှာ အခြားမဟုတ်။ ကျွန်တော့် မွေးရပ်မြေမှ ချောင်းကလေး၏ ဓာတ်ပုံ ဖြစ်သည်။ ထိုချောင်းကလေးသည် ကျေးရွာ အုပ်စုကြီးနှစ်ခု၊ ကျေးရွာ ၁၀ ရွာကျော်၏ အသက်သွေးကြော ဖြစ် သည်။ ကူးသန်းရောင်းဝယ်ရေး၊ သွားလာရေးအတွက် အချက်အချာ ဖြစ်ခဲ့သည်။ ဟိုးအရင်က အကျယ်ပေ ၃၀၀၊ […]

မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ

“ မြစ်တွေမှာ အသက်ရှိတယ်။ ဒီရေအတက်အကျ လုပ်ရင်း သူတို့ အသက်ရှူနေကြရတယ်။ သူတို့ဟာ ပုံမှန်အတိုင်း ကျန်းကျန်းမာမာ စီးဆင်းရင်း လူတွေကို ပျော်ပျော်ရွှင်ရွှင် အထောက်အကူ ပြုနေကြတယ်။ အခုနောက်ပိုင်း လူတွေက မြစ်တွေ ညစ်ညမ်းအောင်၊ ရေစီးရေလာ ပျက်စီးအောင် လုပ်ကြတော့ မြစ်တွေ ခမျာ အသက်ကို ပုံမှန် မရှူနိုင်ကြတော့ဘူး။ အသက်ရှူကျပ်နေကြရတယ်။ ရှေ့ဆက် ရှင်သန်ဖို့ ခက်ခဲနေကြရတယ်။ အဲဒါကို အသိဉာဏ် ရှိသူတိုင်း စာနာနားလည်ဖို့ လိုပါတယ်” အတိအကျမဟုတ်ပေမယ့် အဲဒါနဲ့ အဓိပ္ပာယ် တူညီတဲ့ စကားတွေကို စာရေးသူ သတင်းထောက်ဘဝက သစ်တောပညာရှင် ဦးအုန်းဆီက ကြားခဲ့ရတာပါ။ အခု သစ်တောပညာရှင် ဦးအုန်း (စာရေးသူကတော့ အဘ တစ်ယောက်လို ချစ်ခင်လို့ အဘလို့ ခေါ်ပါတယ်) […]

သရွတ်သွပ်ကိုကာကွယ်ကြ

(ဧရာဝတီတိုင်းဒေသကြီး ဝါခယ်မမြို့ တစ်ဖက်ကမ်းရှိ သရွတ်သွပ်ချောင်းလေးနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ ကဗျာဆရာမောင်သက်ငြိမ်က ရေးသားခဲ့တာကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်) ကွယ်လွန်သွားပြီဖြစ်သောကဗျာဆရာနှစ်ယောက်၏ကဗျာနှစ်ပုဒ်မှ ကဗျာအပိုင်းအစအနည်းငယ်ကိုတင်ပြလိုသည်။ ပထမတပုဒ်မှာ ကဗျာဆရာ “မောင်ချောနွယ်”၏”ရေထဲမြို့”ကဗျာ… “ဟောဒီမှာ မြို့လေးတမြို့လေ ကဗျာဆရာ”မာလာမေ”မြင်မသွားခဲ့ဖူးတဲ့မြို့ မြို့လေးတမြို့လေ သူ့လယ်ကွင်းရင်ဘတ်ထဲက သော်ကဘုရားရယ် သူ့နှလုံးသားရင်ဘတ်ထဲ ဝင်ဝင်ခွေ့တတ်တဲ့မြောက်ပြန်လေရယ် အဲဒီမြောက်ပြန်လေကပွေ့ပွေ့လာတဲ့ စပါးပင်ပျိုမလေးရဲ့ကိုယ်နံ့လေးရယ် လမုပင်အုပ်ကလေးနဲ့ ချစ်ကြိုးသွယ်နေသူ သရွတ်သွပ်ချောင်းကလေးရယ်” ဒုတိယတပုဒ်မှာ ကဗျာဆရာ”ငွေယံဦး”၏”မွှေးတို့ရဲ့မြို့”ကဗျာ… “ခွေးပေါက်စတွေစုပြုံနို့စို့သလိုဆိပ်ကမ်းမှာ လှေတွေ ပဲ့ထောင်တွေရယ် ကူဘိုတာစက်တွေက နေ့နေ့ညညမြစ်ကို တဖူးဖူးမှုတ်တယ် ဝါးခယ်မကိုရောက်မှဖြစ်မယ်ပြောတဲ့ သရွတ်သွပ်ချောင်းကလေးရယ်” ကဗျာနှစ်ပုဒ်လုံးတွင် ချောင်းကလေးတချောင်းအမည်ပါဝင်နေသည်။ “သရွတ်သွပ်”တဲ့ မြို့ကိုမြှားတစင်းချိန်ထားသလို တဖက်ကမ်းမှလှမ်း၍ချိန်ရွယ်ထားသောချောင်းကလေး ဝါးခယ်မ-ကျွန်းကုန်း-အိမ်မဲ- ကျောင်းကုန်းလမ်း၏ အရေးပါသောချောင်းကလေး၊ ဘိုးဘွားဘီဘင်လက်ထက်ကစ၍ “ညောင်ဝိုင်း”ဒေသနှင့် “ရွာသစ်”ဒေသကို ပုခုံးတဖက်ဆီမှာ ထမ်းပိုးတာဝန်ကျေခဲ့သောချောင်းကလေး၊ လမုပင်အုပ်ဆိုင်းဆိုင်းတို့နှင့် စိမ်းလန်းခဲ့သောချောင်းကလေး၊ မဗေဒါတို့တသိုက် […]

Page 5 of 11
1 2 3 4 5 6 7 8 9 10 11