အလည်ရောက်လာတဲ့ဆောင်း

” ဒါမျိုးအေးတာများ အေးစမ်းပါစေ” လို့ ဆရာကြီးတစ်ဦးကဆိုပါတယ်။ ကျနော်တို့လို တောင်တန်းတွေဝိုင်းနေတဲ့ လွင်ပြင်ကလေးဟာ ဒီဇင်ဘာလကုန်ပိုင်းလောက်မှစပြီး အအေးစဝင်တာပါ။ ခုဇန်နဝါရီလထဲကြမှ သိသိသာသာအေးလာတာ။ ဆောင်းနဲ့တူအောင်အေးလာတာပါ။ ဒီလိုအေးလာတာဟာ အအေးလှိုင်းဖြတ်လို့မို့ ဆိုပြီး မိုးလေဝသဌာနတွေကို ကိုးကားပြီး လူတွေကပြောကြတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ အအေးပိုမယ်လို့ မိုးလေဝသထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။ ဒါဟာတကယ်တော့ ကျနော်တို့ ငယ်ငယ်က ပုံမှန်အေးနေကြဆောင်းအအေးဓာတ်လောက်သာရှိတာပါရယ်။ ဒါပေမယ့် ဆောင်းရာသီအအေးဓာတ်နဲ့မတွေ့ရတာကြတဲ့ လူတွေဟာ အပူကန်ပြီးလည်ချောင်းနာတဲ့သူတွေကနာကြ။ တချို့ကလေးတွေကတော့ တစ်ရက်ကို ထမင်းငါးခါစားတာမဝနိုင်ဘူးဆိုလို့ ပြုံးရသေးတယ်။ ရာသီဥတုကအေးတော့ ခန္ဓာကိုယ်ကအပူဓာတ်ထုတ်ရတဲ့အခါ အစာချေအားကောင်းတာကိုး။ ချင်းတောင်ပေါ်မှာတော့ နှင်းဖွေးဖွေးတွေ တွေ့နေရပြီလို့ ပြောပါတယ်။ဆောင်းရာသီချင်းတောင်ပေါ်ကိုသွားရင် ထမင်းသိပ်စားနိုင်ကြတာပါ။ မြေပြန့်မှာ တစ်ပန်းကန်ကုန်အောင်စားတဲ့သူက တောင်ပေါ်ရောက်ရင် နှစ်ပန်းကန်ကုန်ပါတယ်။ ဟင်းဆိုးဆိုး၊ကောင်းကောင်း ဘာဟင်းနဲ့ဖြစ်ဖြစ် တောင်ပေါ်မှာဆို သိပ်စားလို့ကောင်းပါတယ်။ အစာမကျေတာဆိုတာမျိုးလည်းမရှိ။ […]

ဆောင်းရာသီမှာ အမေးများလာသော အအေးလှိုင်း အကြောင်း

အအေးလှိုင်းဆိုတာဘာလဲ? အအေးလှိုင်းတစ်ခု သို့မဟုတ် နက်နဲသောအေးခဲမှု ဟုလူသိများသော အအေးလှိုင်းသည် ကြီးမားသော ဧရိယာတစ်ဝိုက်တွင် လေအေးများ သို့မဟုတ် အလွန်အေးသောလေများ ကျူးကျော်ဝင်ရောက်ခြင်းပါ၀င်သည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းကို ဒေသတစ်ခု၏ ပျမ်းမျှအောက် ကျဆင်းသွားသောအပူချိန်ဖြင့် မှတ်သားထားသည်။ ၂၄ နာရီကာလအတွင်း အပူချိန် လျင်မြန်စွာကျဆင်းသွားခြင်း အအေးဓာတ်ကို တစ်နိုင်ငံလုံး ပျမ်းမျှအပူချိန် 20F (7C) အောက်တွင် ကျဆင်းနေခြင်းဟု သတ်မှတ်သည်။ သီအိုရီ မသိသူများနှင့်မိုးလေဝသအခြေခံပညာရပ် များ သင်ယူထားခြင်းမရှိသူများသည် ပုံမှန်ဆောင်း ရာသီ အေးခြင်းကိုပင်အအေးလှိုင်းဟု ထင်မှတ် နိုင်ပါသည်။ အအေးလှိုင်းသည် လေအေးဖြင့် ခွဲခြားထားသည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။ အထူးသဖြင့် အမေရိကန်သည် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေးလုပ်ငန်းများ တွင် သိသိသာသာ တိုးမြှင့်ကာကွယ်မှုများ ပြုလုပ် တတ်ကြသည် ။ […]

ပြည့်ဖြိုးမြဲ စွမ်းအင် နောက်မလိုက်ရင် အရှေ့တောင်အာရှနိုင်ငံတွေ ဂိသွားနိုင်လား

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အားမကိုးဘဲ ရုပ်ကြွင်းလောင်စာတွေကိုသာ ဆက်သုံးနေမယ်ဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေ ရေရှည်မှာ ဂိသွားဖို့အလားအလာရှိနေပါတယ် ။ ဘာလို့လဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုကို ရပ်တန့်အောင်လုပ်ဖို့အတွက် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက စိတ်အားထက်သန်မှု အားနည်းနေတာ ကြောင့်ပါပဲ။ ရှည်လျားလွန်းတဲ့ ကမ်းရိုးတန်းတွေရှိနေတာတွေနဲ့ မြစ်ဝကျွန်းပေါ်မြေနိမ့်ပိုင်းဒေသတွေ များတာက ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေမြင့်တက်လာမယ်ဆိုရင်တော့ ထိခိုက်မှု အဆိုးဝါးဆုံး ဒဏ်ကိုခံရနိုင်တော့မှာ ဖြစ်ပါတယ် ။ လူဦးရေ သန်း၆၀၀ ကျော်ကို ဦးတည်လာတဲ့ သဘာဝဘေးအန္တရာယ်ကို တားဆီးဖို့က ရုပ်ကြွင်းလောင်စာကို ဖြတ်နိုင်မှ ဖြစ်မှာပါ ။ ရုပ်ကြွင်းလောင်စာ သုံးလို့ ကမ္ဘာကြီးပူနွေးလာချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မဟာဗျူဟာကျကျ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဖို့အတွက် လိုအပ်နေပါပြီ ။ ကမာ္ဘကြီးပူနွေးလာမှုကို ရပ်တန့်နိုင်မယ်ဆိုရင်တောင် ဒီရာစုနှစ်အကုန်မှာ အရှေ့တောင်အာရှနိုင်ငံတွေက နှစ်စဉ် ဂျီဒီပီ ၁၁ […]

“”မြို့ပြတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ””

သစ်ပင်သစ်တောများသည် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သဘာဝကပေးသော အဖိုးမဖြတ်နိုင်သည့် သယံဇာတအရင်းအမြစ်များသာလျှင် ဖြစ်ပေသည်။”ဥတုရာသီ၊တောကိုမှီ၏” ၊ “တောတောင်စိမ်းမှ စမ်းရေရ၏”စသော ဆောင်ပုဒ်များက သစ်ပင်သစ်တောများ၏ ​ဂေဟစနစ်အပေါ် လွန်စွာအကျိုးသက်ရောက်လျက်ရှိပုံကို ဖော်ပြနေပါသည်။ “သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားရသည်”ဟူသော ဆိုရိုးစကားလည်း ရှိပါသည်။ သစ်ပင်သစ်တောများရှိခြင်းက မြေ၊ရေ၊လေနှင့် သဘာဝပတ်ဝန်းကျင်ကို မျှတစေသည်။ရာသီဥတုကို သဟဇာတဖြစ်စေသည်။ဇီဝမျိုးစိတ်များကို လုံလုံလောက်လောက် အကာအကွယ်ပေးနိုင်သည့်အပြင် လူသားတို့ခိုလှုံရာ အဆောက်အအုံအဖြစ်သော်လည်းကောင်း၊ဆေးဝါး၊အသုံးအဆောင်ပရိဘောဂ အဖြစ်သော်လည်းကောင်း၊ထင်း၊မီးသွေး လောင်စာအဖြစ်သော်လည်းကောင်း စသဖြင့် ကဏ္ဍပေါင်းစုံမှ အကျိုးဖြစ်ထွန်းစေသည်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်မှသာလျှင် ကာဗွန်သံသရာလည်ပတ်မှု အလိုလို အားနည်းကာ လေထုညစ်ညမ်းမှုအန္တရာယ်ကို လျော့ပါးသက်သာစေနိုင်မည်။သစ်ပင် သစ်တောများသည် ကျွန်ုပ်တို့လူသားများ နေ့စဥ်ရှူသွင်းနေရသော အောက်ဆီဂျင်ဓာတ်ငွေ့ကို လေထုထဲသို့ အဆက်မပြတ်ထုတ်လွှတ်ကာ အိုဇုန်းလွှာယိုယွင်းပျက်စီးမှုအန္တရာယ်လည်း အထိုက်အလျောက် ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ကြောင့် အမှန်တကယ် ကမ္ဘာကြီးသာယာလှပစေလိုလျှင် သစ်ပင်သစ်တောများကို စနစ်တကျ […]

ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၁)

ယနေ့ကမ္ဘာ ဖန်လုံအိမ်ဓာတ်ငွေ့လွှတ်ထုတ်မှု လျှော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေပါတယ်။ သဘာဝဘေးအန္တရာယ်တွေကလည်း ရာသီဥတုဖောက်ပြန်ခြင်းနဲ့အတူ တွဲပြီးတော့ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ အဲ့ဒိအခြေအနေပေါ်မှာ စိုးရိမ်မှုမြင့်တက်နေတာတာက အံ့ဪစရာမဟုတ်တော့ပါဘူး။ မျှော်လင်ချက်ပျောက်သွားပြီးလာလို့တောင် ထင်ရတဲ့အခြေအနေမှာ လေ့လာမှုတစ်ရပ်က ၂၀၁၅ ပါရီ သဘောတူညီချက် အချို့ကလမ်းကြောင်းမသွေဖီသေးဘူးဆိုတဲ့ အကြောင်းအရာ ၅ ချက်ကို ပြခဲ့ပါတယ် ။ decarbonisation ( ကာဗွန်ထုတ်လွှတ်မှု ရပ်တန့်ရေး ) နဲ့ net zero ( ကာဗွန ်ထုတ်လွှတ်မှု အလုံးစုံ ကွယ်ပျောက်ရေး ) ဆိုတဲ့ ဝေါဟာရများက နေ့စဉ်သုံးစကားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေမဲ့ လက်တွေ့မှာတော့ အဲ့ဒိဖြစ်စဉ်တွေကို လိုက်နာနိုင်မှုအားနည်းနေဆဲ ဖြစ်ပါတယ် ။ ဂျာမန်အကျိုးအမြတ်မယူသော NewClimate Institute ၏ လေ့လာမှုအရ ဆိုလာစွမ်အင်သုံး […]

ရာသီဥတုဖောက်ပြန်လို့ နေရပ်ကို စွန့်ရမယ်ဆိုရင်

ယူးဇီလန်ကိုသွားရောက်ပညာသင်ကြားပြီးနောက် မွေးရပ်မြေ တူဗာလူကျွန်းကို ပြန်ရောက်လာတဲ့ ကာလီတာတီတီဟိုမာစီ တစ်ယောက် ကျမရဲ့စိတ်ကို လန်းဆန်းသွားစေပါတယ် ၊ညစ်နွမ်းနေတဲ့ အတွေးတွေပျောက်သွားပြီး စိတ်စွမ်းအားတွေ ပြန်လည်ပြည့်လာတယ်လို့ ပြောပါတယ်။ တီတီ နေထိုင်တဲ့ တူဗာလူကျွန်းနိုင်ငံက ပစ္စိဖိတ်သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင်အထက်ပေ ဘယ်လောက် မှ မရှိတဲ့ နိုင်ငံပါ ။ ကျွန်းရဲ့ အမြင့်ဆုံးနေရာက ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ပေပဲ ရှိပါတယ်။ လက်ရှိ ကမ္ဘာကြီး အပူချိန်မြှင့်တက်လာလို့ ပင်လယ်ရေမျက်နှာမြင့်တက်လာနေတဲ့အချိန်မှာ တူဗာလူကျွန်းတွေက ၂၀၅၀ မှာ ပင်လယ်ရေအောက်ကို ရောက်ပြီး နိုင်ငံပျောက်သွားမယ့် အန္တာရာယ် ကြုံနေရပါပြီ ။ ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်အရ တူဗာလူမှာ လူဦးရေ ၁၂၀၀၀ နီးပါရှိပါတယ် ။ တီတီ နယူးဇီလန်ကို ကျောင်းသွားတက်ပြီး ပြန်ရောက်လာတိုင်း တူဗာလူမှာ […]

ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေကို သတိထားပါ

စာရေးသူ နေ့စဉ်ပြုလုပ်နေကျအတိုင်း ဒီမနက်မှာလည်း စာကြည့်စားပွဲထိုင်ပြီး အင်တာနက်ကြည့်တယ်။ စာအုပ်တွေ မွှေနှောက်ပြီး ဟိုဖတ်ဒီဖတ်လုပ်တယ်။ ပြီးတော့ စာရေးသူရဲ့လက်တော့ပ်ထဲက ဖွင့်မကြည့်ဖြစ်တာ ကြာနေတဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမှတ်တမ်းဖိုင်ကို ဖွင့်လိုက်တယ်။ အဲဒီမှာ တွေ့လိုက်ရတာက “မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ အစီရင်ခံစာ”တဲ့။ အဲဒီအစီရင်ခံစာကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မိုးလေဝသစခန်း ၁၉ ခုမှ နှစ်ရှည် စုဆောင်းရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ WWF၊ MCCAနှင့် ကိုလံဘီယာတက္ကသိုလ်၏ ရာသီဥတုစနစ်များဆိုင်ရာ သုတေသနစင်တာတို့ ပူးပေါင်းမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် ပြုစုခဲ့တာပါ။ စာရေးသူလည်း သေသေချာချာ မဖတ်ရသေးတဲ့အတွက် အစီရင်ခံစာကို ဖွင့်လိုက်မိတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလို မြေနိမ့်ပိုင်းဧရိယာတွေ ဟာ လက်ရှိကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ […]

COP28 ညီလာခံမှ မှတ်မှတ်ထင်ထင် ဖြစ်ရပ်များ ( ၂ )

ဒူဘိုင်း COP28 ညီလာခံရဲ့ နောက်ဆုံးရက်တွေက စိတ်လှုတ်ရှား စရာတွေအများကြီးဖြစ်ခဲ့ပါတယ်။ ရုပ်ကြွင်း လောင်စာ အပြီးပိတ်သိမ်းနိုင်ဖို့အတွက် ပြောကြ ဆိုကြ ဆွေးနွေးရင်းနဲ့က နောက်ဆုံးရလာတဲ့ အဖြေတစ်ခုက မူကြမ်းတစ်စောင်ထွက်လာတယ် ဆိုတဲ့ အဆင့်နဲ့ ပြီးသွားခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ မျှော်လင့်နေတာက ရုပ်ကြွင်းလောင်စာတွေကို ဘယ်လိုပိတ်သိမ်းမယ် ဆိုတဲ့ အချိန်စာရင်းကိုပါ ။ ဒါပေမဲ့ ရလာ တာက ပိတ်သိမ်းဖို့အတွက် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ မူကြမ်းလောက်ပဲ ဖြစ်နေပါတယ် ။ မူကြမ်းနောက်မှာ အတည်ပြုတဲ့မူကြမ်း ၊ ပြီးတော့ ဥပဒေကြမ်း ၊ ဥပဒေ နဲ့ ဥပဒေကိုစတင်ကျင့်သုံးမဲ့ ကာလနဲ့ လက်တွေ့အကောင် အထည်ဖော်မှု ဆိုတဲ့ အဆင့်တွေ အများကြီး ကျန်နေသေးတဲ့အတွက်ကြောင့် ရုပ်ကြွင်း လောင်စာအပြီး ပိတ်သိမ်းဖို့က နောက်ထပ် COP ညီလာခံတွေ […]

COP 28 ညီလာခံမှ မှတ်မှတ်ထင်ထင်အဖြစ်အပျက်များ ( ၁ )

ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ပြီး ကျင်းပတဲ့ ရာသီဥတုဆိုင်ရာညီလာခံ COP 28 ကို ကာတာနိုင်ငံ ဒူဘိုင်းမြို့မှာ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ပြဿနာတွေကို ရှင်းဖို့အတွက် အဲ့ဒိညီလာခံမှာ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ကြတာပါ ။ ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ အဖွဲ့အစည်း တော်တော် များများက ကိုယ်စားလှယ် ၁သိန်း‌ကျော်တက်ရောက်တဲ့ ပွဲဖြစ်လို့ ပြောကြ ဆိုကြ ဆွေးနွေး ကြတာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အဲ့ဒိဖြစ်စဉ်တွေထဲက မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့အကြောင်း တွေကို တင်ပြပေးလိုက်ပါတယ်။ ကမ္ဘာကြီးက စက်မှုခေတ်မတိုင်မီက အနေအထားနဲ့ ယှဉ်ကြည့်လိုက်ရင် အပူချိန်တွေတိုးနေပါတယ်။ ဘာကြောင့် လဲဆိုတော့ ရေနံ ၊ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေလို ရုပ်ကြွင်းလောင်စာတွေကို အသုံးပြုပြီး စွမ်းအင် တွေကို […]

ပင်လယ်ရေမှော်စိုက်ပျိုးခြင်းမှ တစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတကို ဟောင်ကောင်ကျောင်းသားများအား ပညာပေးခြင်

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ဆန်းသစ်သောဖြေရှင်းနည်းများသည် မရှိမဖြစ်လိုအပ်ပါတယ် ။ အဲ့ဒိနည်းလမ်းတွေထဲမှာ လှိုင်းတံပိုးများအောက်တွင် တည်ရှိနေပြီး အသံမထွက်တဲ့ သူရဲကောင်းတစ်ဦးကတော့ ငြိမ်သက်စွာ ရှင်သန်နေတဲ့ ပင်လယ်ရေမှော်ပဲ ဖြစ်ပါတယ် ။ ပင်လယ်ရေမှော်များသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်နှင့် ပိုမိုရေရှည်တည်တံ့သော အနာဂတ်ကို ဖန်တီးရာတွင် ကြီးမားသောအလားအလာရှိနေပါတယ်။ လူစည်ကားသော ဟောင်ကောင်မြို့၌ ရေရှည်တည်တံ့ ခိုင်မြဲမှုတိုးမြင့်လာစေရန် ကြိုးပမ်းအားထုတ်မှုများကြောင့် ကျော်ကြားသော ကျောင်းတစ်ကျောင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကတိကဝတ် တစ်စိတ်တစ်ပိုင်းအဖြစ် အုတ်မြစ်ချထားတဲ့ ပင်လယ်ရေမှော်မွေးမြူရေးပရောဂျက်ကို စတင်ဆောင်ရွက်ခဲ့ပါတယ် ။ Earth.Org မှ တွေ့ဆုံမေးမြန်းမှုတွင် ကျောင်း၏ လူမှုရေးအကျိုးသက်ရောက်မှုနှင့် ရေရှည်တည်တံ့မှုပရိုဂရမ်၏ အဖွဲ့၀င်နှစ်ဦးက ပင်လယ်ရေမှော်ခြံများ တည်ဆောက်ခြင်း၏ နောက်ကွယ်မှ မြင်ကွင်းများနှင့် ၎င်းတို့က ကျောင်းသားများကို မည်သို့ သင်ကြားခဲ့သည်များကို ရှင်းပြခဲ့ပါတယ်။ Earth.Org ။ ။ […]

Page 2 of 11
1 2 3 4 5 6 7 8 9 10 11