ရာသီဥတုပြောင်းလဲမှုမှာ AIက အသွား နှစ်ဖက်နဲ့ဓားလိုပါပဲ

Artificial intelligence ( AI ) ဉာဏ်ရည်တုက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအရေးနဲ့ပတ်သက်ပြီး သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်လာနိုင်ဖွယ် ရှိလာနိုင်တယ်လို့ နည်းပညာ ကုမ္ပဏီတွေက ပြောလာပါပြီ။ နည်းပညာကုမ္ပဏီများသည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် အစွမ်းထက်သည့် ကိရိယာတစ်ခု အဖြစ် ဉာဏ်ရည်တုကို တီထွင်ခဲ့ကြသော်လည်း အေအိုင်ကြောင့်ဖြစ်လာမယ့် ပြဿနာများကိုအရင်ဆုံး ဖြေရှင်ဖို့ ကြိုးစားနေကြပါတယ်။ Google DeepMind မှ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်ကို ဦးဆောင်သူ Sims Witherspoon က “AI သည် စွမ်းအင်သုံးနည်းပညာတစ်ခုဖြစ်ကြောင်း လုံးဝမှန်နေပါတယ် ။ အဲ့ဒိနေရာမှာ သန့်ရှင်းသောစွမ်းအင်ဖြင့် လုံး၀လည်ပတ်နိုင်သည့် ဇယားကွက်တစ်ခု မရှိမချင်း ထိုနည်းပညာများက ကာဗွန်ခြေရာရှိနေမှာပဲဖြစ်ပါတယ် “ လို့ ဆိုပါတယ်။ လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ ဒေတာစင်တာများတွင် တစ်ကမ္ဘာလုံးလျှပ်စစ်ဓာတ်အားအသုံးပြုမှု၏ […]

ရဝမ်ဒါလို နိုင်ငံမျိုးတောင် အစိမ်းရောင်တော်လှန်ရေးကို စနေပြီ

ရဝမ်ဒါရဲ့ ပြည်သူ့ သယ်ယူပို့ဆောင်ရေးရဲ့ ၆၀ ရာခိုင်နှုန်းလောက်က မော်တော်ဆိုင်ကယ်များကို မှီခိုနေရတာပါ။ အရှေ့-အာဖရိက နိုင်ငံဖြစ်တဲ့ ရဝမ်ဒါက အာဖရိကတိုက်ကို ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိအောင် ကြိုးပမ်းမှုတစ်ရပ်ကို စပြီးလုပ်နေပါတယ်။ အဲ့ဒိအသွင်ကူးပြောင်းမှုအတွက် Rwandan startup Ampersand ကုမ္ပဏီ က ငွေကုန်ကြေးကျခံပြီး လုပ်နေတာပါ ။ ကုမ္ပဏီသည် Kigali တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် အစီးရေ ၆သိန်း ဖြန့်ချီရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ့ဒိမြို့အပြင် နိုင်ရိုဘီ၊ ကင်ညာနှင့် ကမ်ပါလာ၊ ယူဂန်ဒါတို့ကိုလည်း နောက်ပိုင်းမှာ ဆက်ပို့သွားဦးမယ်လို့ လည်း ပြောပါတယ်။ “လမ်းပေါ်မှာ ဓာတ်ဆီဆိုင်ကယ်တွေ သန်းချီရှိနေပြီ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နှစ်အနည်းငယ်အတွင်းမှာ လမ်းမပေါ်မှာ လျှပ်စစ်စက်ဘီးတွေပဲ ရှိတော့မှာ သေချာစေဖို့အတွက်ပါ ။ အဲ့ဒိလိုဖြစ်ဖို့အတွက် ကျနော်တို့ […]

စပိန်မှာ ရေဘယ်လောက်တောင်ခမ်းလည်းဆိုတော့ ရေမြုပ်နေတဲ့ ဘုရားကျောင်းတောင် ပေါ်

စပိန်မှာမိုးခေါင်ရေရှားဖြစ်ရပ် ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့် လွန်ခဲ့တဲ့ နှစ်၆၀ က ရေကာတာတစ်ခုထဲမှာ မြုပ်သွားတဲ့ ၁၁ ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းတစ်ကျောင်းက ကုန်ပေါ်မှာ အထင်အရှားကို တွေ့လာရလို့ ခရီးသွားတွေအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်၆၀က ဘာစီလိုနာမြို့ကို သောက်သုံးရေထောက်ပံ့ရန် အတွက် Sant Romà de Sau ရွာနားမှာ Sau ရေကာတာ တစ်ခုကိုတည်ဆောက်ခဲ့ပါတယ် ။ ရေလှောင်ကန်ကြောင့် အထပ် ၃ ထပ်နဲ့ မျှော်စင်တစ်ခုပါတဲ့ ဘုရားကျောင်း တစ်ခုက ရေအောက်ကို နှစ်မြုပ်သွားပါတယ် ။ ဆည်ထဲမှာ ရေအပြည့်ရှိတဲ့အချိန်မှာ အဲ့ဒိ ဘုရားကျောင်းရဲ့ မျှော်စင်ထိပ်ကိုတောင် မမြင်ရပါဘူး ။ အခုတော့ ဘုရားကျောင်းက ခြောက်သွေ့နေတဲ့ မြေပြင်ပေါ်မှာ အခိုင်အမာရပ်တည်နေပြီး ခရီးသွားတွေ လာလည်လို့ရအောင် […]

အအေးပို‌နေတဲ့ ဥရောပက နော့ဒစ်နိုင်ငံတွေ

လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းများထူထပ်စွာ တိုက်ခတ်မှုကြောင့် နော်ဒစ်နိုင်ငံများတွင် ကြာသပတေးနေ့က လူထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ယာဉ်မောင်းအများအပြားမှာ အန္တရာယ်ရှိသော အဝေးပြေး လမ်းမကြီးများပေါ်တွင် ပိတ်မိနေခဲ့သည်။ ဖင်လန်နှင့် ဆွီဒင်တို့သည် ယခုသီတင်းပတ်အစောပိုင်းတွင် အပူချိန် -၄၀ ဒီဂရီစင်တီဂရိတ်အောက်တွင် စံချိန်တင်ခဲ့ပြီး အအေးဆုံး ဆောင်းရာသီ ဖြစ်ခဲ့ပြီး ကျောင်းများပိတ်ခဲ့ရကာ ခရီးသွားလာမှု အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အာတိတ်ဒေသအတွင်း ကျရောက်နေသော ဆွီဒင်နိုင်ငံ၏ အချို့ဒေသများတွင် အပူချိန် -၃၈ ဒီဂရီစင်တီဂရိတ် အထိ ကျဆင်းသွားသည့်အတွက် ကြာသပတေးနေ့တွင် အိမ်ခြေ ၄ထောင် ခန့် အမှောင်ထဲတွင် နေခဲ့ရကြောင်း ဆွီဒင် အများပြည်သူ ရေဒီယိုမှ ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နေ့က အပူချိန် သည် -၄၃.၆ ဒီဂရီစင်တီဂရိတ်သို့ကျဆင်းသွားခဲ့ပြီး ဆွီဒင်တွင် ၂၅ နှစ်အတွင်း အနိမ့်ဆုံး ဇန်နဝါရီအပူချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ […]

ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၂)

(၃ ) ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရာသီဥတု ဖောက်ပြန်မှုက ဖိအားတစ်ရပ်ဖြစ်ပေါ်နေ ပါရီသဘောတူညီချက် မတိုင်မီက ရာသီဥတုပြောင်းလဲမှုသည် ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ ကြားတွင် အရေးပါသောအကြောင်းအရာတစ်ခုမဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ ယခုအခါတွင်တော့ အဲ့ဒါက ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပါပြီ ။ ယခုအခါ ကော်ပိုရေးရှင်းများစွာသည် ၎င်းတို့၏ ရာသီဥတုဆိုင်ရာ အကျိုးသက်ရောက်မှုများကို အစီရင်ခံတင်ပြရကြပြီး၊ အချို့မှာမူ ထိုသို့လုပ်ဆောင်ရန် တရားဝင်ပင် တာဝန်ရှိလာနေပြီဖြစ်ပါတယ် ။ စီးပွာရေးလုပ်ငန်းတွေက ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်တဲ့ အစီအမံတွေ မလုပ်ဘူး ဆိုရင် လူကြိုက်နည်းလာပါတယ်။ အစိမ်းရောင်စီးပွားရေးဖြစ်ဖို့အတွက် ဆန်းသစ် တီထွင်မှုတွေက သမားရိုးကျ စီးပွားရေးလုပ်ငန်းတွေ ထက်ပိုးပြီး လူကြိုက်များလာတာကို တွေ့လာရပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများ အတွက်ဆိုရင် ရာသီဥတုဆိုင်ရာ အစီအမံတွေက အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်နေပါတယ် ။ […]

အစိမ်းရောင်စီးပွားရေး ကြားကာလကို မပြောင်းနိုင်ရင် တောင်ကိုရီးယား စီးပွား‌ရေးပြိုလဲသွားလိမ့်မယ်

တောင်ကိုရီးယားမှာက ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ သိပ်မရှိဘူး ဖြစ်နေပါတယ် ။ လူသားတွေရင်ဆိုင်နေရတဲ့ ရာသီဥတုပြဿနာက အရေးပေါ် ငွေကုန်ခံပြီး လုပ်စရာမလိုသေးဘူးလို့လည်း ထင်မြင်ယူဆ နေကြဆဲ ဖြစ်ပါတယ် ။ တောင်ကိုရီးယားမှာက အလုပ်လက်မဲ့နဲ့ မွေးနှုန်းကျဆင်နေတာကိုပဲ အရေးပေါ်ပြဿနာလို့ ထင်နေကြပါတယ် ။ Seoul National University’s Graduate School of Environmental Studies မှ ပါမောက္ခ Hong Jong-ho က ရာသီဥတုပြောင်းလဲမှုက စီးပွားရေးအကျပ်အတည်း ကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကိုရီယန်တိုင်းမ် သတင်းစာ နဲ့ အင်တာဗျူးမှာ အခိုင်အမာပြောသွားပါတယ် ။ The Korea Times ။ ။ ကဲ ၊ ခေါင်းစဉ်နဲ့ လိုက်ဖက်မယ့် အကြောင်းအရာလေးနဲ့ […]

စက်ဘီး မစီးရင် စပိန်သားတွေ ပိုက်ဆံပြန်လျော် ဆိုပြီး အီးယူ ခိုင်း

Ref: EURONEWSစပိန်နိုင်ငံက မြို့ငယ်တွေနဲ့ မြို့ကြီးတော်တော်များများက အုပ်ချုပ်ရေးအဖွဲ့တွေက မြို့တွင်းမှာ စက်ဘီးလမ်းတွေ လုပ် ပြီး စက်ဘီးစီးကြဖို့အတွက် အားသုံး လုပ်ဆောင်နေပါတယ်။ ဒီနှစ်ထဲမှာစက်ဘီးလမ်းတွေ လူသွားလမ်းတွေကို အပြီး မလုပ်နိုင်ပါ ၂၀၂၄ အီးယူ ထောက်ပံ့ကြေး ဆုံးရှုံးရနိုင်ဖွယ်ရာ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက EU သည် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင်နှင့် ရေရှည်တည်တံ့သော တိုးတက်မှုအတွက် အဖွဲ့ဝင်နိုင်ငံများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ လူသွားလူလာများသောနေရာများ၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသောဇုန်များနှင့် စက်ဘီးလမ်းများ ဖန်တီးခြင်းကဲ့သို့သော အစိမ်းရောင် ရွေ့လျားသွားလာမှုတွင် ယူရိုသန်းပေါင်းများစွာကို မြှုပ်နှံထားပါတယ်။ သို့သော် စပိန်ရှိ မြို့တော်ကောင်စီအများအပြားသည် ရေရှည်တည်တံ့သော အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် နှေးကွေးနေခဲ့ပါတယ်။ ဒီနှစ်တော့ EU ပြန်လည်ထူထောင်ရေး၊ အသွင်ပြောင်းရေးနှင့် ခံနိုင်ရည်ရှိရေး ရန်ပုံငွေများ လက်ခံရရှိထားသော […]

ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၂၀ ကျော်ကျရောက်နေပေမဲ့ စိတ်ချလုံခြုံသေးတဲ့ ရော့တာဒမ်မြို့

မြောက်ပင်လယ်ရဲ့ အနေအထားက မရေရာ ရှိပေမဲ့ ရော့တာဒမ်သည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံး မြစ်ဝကျွန်းပေါ်မြို့များထဲမှ တစ်ခုအဖြစ် သက်မှတ်လို့ရပါတယ် ။ မုန်တိုင်း နဲ့ ဒီရေလှိုင်းတွေ ရဲ့အတားအဆီး ကနေ Maeslantkering ရေပေါ်ရုံးများအထိ၊ Rotterdam သည် ၎င်း၏နိုင်ငံသားများအား ရေလွှမ်းမိုးမှုနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်မှ ကာကွယ်ရန် နည်းလမ်းများစွာကို ဒီဇိုင်းထုတ်ထားပါတယ် ။ အဲ့ဒိ ဖြေရှင်းချက်များတွင် လူသိနည်းသော အခြားလုပ်ဆောင်ချက်တစ်ခုပါရှိပါတယ် ။ အဲ့ဒါကတော့ နယ်သာလန်၏ ‘ရေသံတမန်ရေးရာ’ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ခြင်းနှင့် ဒတ်ခ်ျအင်ဂျင်နီယာကုမ္ပဏီများ အလုပ်ဖြစ်အောင် အလုပ်ပေးထားနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ် ။ ရော့တာဒမ်၏မြို့တော်ဝန် Ahmed Aboutaleb က ပြီးခဲ့သည့်သီတင်းပတ်မှာ ဒူဘိုင်းCOP28 ရာသီဥတုညီလာခံသို့ မြို့တော်၏ရေကျွမ်းကျင်မှုနည်းလမ်းတွေကို မျှဝေခဲ့ပါတယ်။ ။ ရေစီမံခန့်ခွဲမှုအတွက် မြို့တော်၏ မဟာဗျူဟာပန်းတိုင်များအကြောင်း […]

ယူကေက မုန်တိုင်းဂျာရစ်ကတော့ တော်တော်မွှေသွားတယ်

ယူကေ ကိုဝင်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်း ဂျာရစ်က ကုန်းတွင်းပိုင်းမှာ တော်နေဒို ( လေဆင်နှာမောင်း ) ပုံစံပြောင်းပြီး မန်ချက်စတာမြို့ ပတ်ဝန်းကျင်ကို အပြင်းအထန်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ထောင်ပေါင်းများစွာသော အိမ်ရာတွေ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး နိုင်ငံနဲ့ အနှံ့ ခရီးသွားလာဖို့ အခက်အခဲတွေဖြစ်ခဲ့ပါတယ်။ စကော့တလန်မှာလည်း ဆီးနှင်းများထူထပ်စွာ ကျဆင်းခြင်းအပြင် လေပြင်းတိုက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း တို့ကိုလည်း ကြုံတွေ့ခဲ့ရပါတယ် ။ သစ်ပင်တွေလဲ ၊သစ်ကိုင်းတွေကျိုးလို့ လျှပ်စစ်မီး ပြတ်တောက်မှုကို အများကြီး ခံစားလိုက်ရပါတယ် ။ ‘ဒေသတွင်း လေဆင်နှာမောင်း’က Tameside ရှိ Stalybridge အိမ်ရာ ၁၀၀ ခန့်ကို ‘သိသိသာသာ ပျက်စီးဆုံးရှုံးမှု’ ဖြစ်စေခဲ့တယ်လို့ ဒေသခံအုပ်ချုပ်ရေး အဖွဲ့က အစီရင်ခံထားပါတယ် ။ နေအိမ်အမိုးများ ပြိုကျခြင်း၊ နံရံများပြိုကျခြင်းနဲ့ […]

၂၀၂၃ ရဲ့ ကုန်ကျစရိတ်အများဆုံး သဘာဝဘေးအန္တရာယ်များ

နိုင်ငံတကာ ခရစ္စယာန်အကူအညီပေးရေး အလှူအဖွဲ့ကပြုစုတဲ့စာရင်းဖြစ်ပါတယ် ။ ကုန်ကျစရိတ်တွေက လူတစ်ဦးချင်းစီပေါ်ကိုသက်ရောက်တဲ့ ပမာဏအနေနဲ့တွက်ချက်ပြထားပါတယ်။ လူလုပ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကို အဓိက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။ သဘာဝဘေးအန္တရာယ် ကြောင့်ပျက်စီးသွားတဲ့ ပမာဏ ကို တိုင်းပြည်က လူဦးရေ နဲ့စားပြီး အနီးဆုံး တွက်ချက် ယူထားတာဖြစ်ပါတယ် ။ ပျက်စီးဆုံးရှုံးမှုပမာဏ အနည်းအများထက် နိုင်ငံသားတစ်ဦးချင်းစီ အပေါ် သက်ရောက်သွားတဲ့ ကုန်ကျစရိတ်ကိုတွက်ချက်ဖော်ပြတာပဲ ဖြစ်ပါတယ် ။ ( ၁ ) ဟာဝိုင်ရီ ( တောမီး ) လူတစ်ယောက်ကို ၄၁၆၁ ဒေါ်လာ ကုန်ကျခဲ့ပါတယ် ။ ( ၂ ) ဂူအမ် ( မုန်တိုင်း ) […]

Page 2 of 13
1 2 3 4 5 6 7 8 9 10 11 12 13