အပူလှိုင်းကျချိန်ရေဆင်းကူးလို့ အုပ်စုလိုက်ကြီး ဖျားနာ

ပြီးခဲ့တဲ့ တနင်္ဂနွေ ဇူလိုင်( ၁၇ ) ရက်နေ့က အင်္ဂလန်ကို အပူလှိုင်း ဝင်ဖို့ တစ်ရက်အလိုနေ့ဖြစ်ပါတယ်။ ဂျော့ဂျ်အေမီတို့ မိသားစုရယ် သူငယ်ချင်းအပေါင်းအသင်းတွေစုပြီး အောက်စဖိုဒ့်က မီယာဒိုဆိပ်ကမ်းမြစ်ထဲမှာ ရေသွားကူးကြပါတယ်။ နေကျစ်ကျစ်တောက်ပူနေတဲ့အချိန်မှာ ရေစိမ်ကောင်းကောင်းနဲ့ စိမ်လိုက်ကြလို့ အားလုံး ဖျားနာကုန်ကြပါတယ်။ အေမီကိုယ်တိုင်လည်း အသည်းအသန်ဖြစ်လို့ ဆေးရုံမှာ ၂ရက်ကြာတက်ရောက်ကုသလိုက်ရပါတယ်။ ရေသွားကူးတဲ့ လူ ၁၃ ယောက်မှာ ၁၂ ယောက်ဖျားနာခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ အင်္ဂလန်က အမြင့်ဆုံးအပူချိန် ၄၀ကျော်သွားခဲ့ပါတယ်။ အင်္ဂလန်မှာက ဝက်စ်ယောက်ရှိုင်းယားက ဝါဖီမြစ်နဲ့ အောက်စဖို့ဒ်က မီယာဒိုမှာ ရေးကူးလို့ရတဲ့ ရေချိုးဆိပ် ၂ခုရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီတွေက အဲ့ဒိသဘာဝအတိုင်းရေကူးလို့ရတဲ့ နေရာတွေမှာ ရေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး တာဝန်မယူထားပါဘူး ။ ကျန်းမာရေးကိုထိခိုက်နိုင်သလားအန္တရာယ်ဖြစ်စေနိုင်သလား ဆိုတဲ့ အာမခံချက်လုံးဝမပေးထားပါဘူး […]

ရာသီပြောင်းလဲမှုကို ကာကွယ်ဖို့ အသက်ကြီးဆုံးအပင်တွေကို ကလုန်းနည်းနဲ့ ပွားဖို့ လုပ်နေ

ဒေဗစ်မီလာချ် တစ်ယောက် သက်တမ်းရင့်အပင်တွေကို ကလုန်း နည်းနဲ့ ပွားဖို့အတွက် မစ်ရှင်တစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်။ သူက ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး အပင်တွေ ၊ လုံးပတ်အကြီးဆုံးနဲ့ အမြင့်ဆုံး အပင်တွေကို ရှာပြီး ဆဲလ်တွေ တစ်ရူးတွေ လိုက်လံ စုဆောင်းနေပါတယ်။ သူက ” အခုကျနော် တစ်ရူးထုတ်ယူနေတဲ့ အပင်က သက်တမ်း ၁၀၀၀ ကျော်နေပါပြီ။ ယေရူ့ လမ်းလျှောက်တက်စအရွယ်မှာပေါက်ခဲ့တဲ့ အပင်ပေါ့ဗျာ ” လို့ ထင်ရူးပင်ကြီး တစ်ပင်ကို လက်ညိုးထိုးပြပြီး ပြောလိုက်ပါတယ်။ သူက ၁၉၉၄ လောက်က ကလုန်းသီအိုရီ နာမည်ထွက်ချိန်မှာ အန်ဂျီအို အဖွဲ့တစ်ဖွဲ့ ကို ထူထောင်ပြီး ဆီကိုရီးယားတို့ သစ်နီသားပင်တို့လို သက်တမ်းရင့် သစ်ပင်တွေကို ကလုန်းနည်းနဲ့ ပွားဖို့ အတွက် ကြိုးစားခဲ့ပါတယ်။ […]

ဂျာမန်အစိုးရ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဘာမှမလုပ်လို့ သူ့နိုင်ငံသားတွေဆန္ဒပြ

လီနာရှင်ကိုးသီး ဆိုတဲ့ ဂျာမန်အမျိုးသမီးက သူမကိုယ်ကို စူပါဂလူးတွေ သုတ်ပြီး ဘာလင်မြို့ လူစည်ကားတဲ့ လမ်းပေါ်မှာ လှဲချပြီ ဆန္ဒပြ နေပါတယ်။ သူမက ဂျာမန် အစိုးရက ရာသီဥတုပြေင်းလဲမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာကိုပေးထားတဲ့ ကတိ ကဝတ်တွေ ဘာမှ မလုပ်ဆောင်တဲ့အတွက်ကြောင့် အခုလိုပဲ ဆန္ဒပြတာလို့ ဟစ်ကြွေး နေပါတယ်။ အသက် ၁၉ နှစ်အရွယ် မိန်းကလေးက အခုတော့ သူမရဲ့ နုပျိုခြင်း အချိန်တော်တော်များများကို ထောင်ထဲမှာ ဖြုန်းရတော့မှာပါ။ သူမက နောက်ဆုံးမျိုးဆက် အရေးအခင်း ဆိုပြီး လှုတ်ရှားနေတဲ့ အဖွဲ့ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သူမတို့က ကမ္ဘာကြီး ပူနွေးလာမှုကြောင့် များမကြာမီအချိန်မှာ ကမ္ဘာကြီး ပျက်စီးသွားဖို့ ရှိနေရာ သူမတို့က ယနေ့ကမ္ဘာရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်နေလို့ ရသလောက်ရုန်းကန်ကြမယ်ဆိုပြီး အခုလိုမျိုး […]

စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့ကပ်ဆိုးတွေကို ဆင်းရဲတဲ့နိုင်ငံတွေ အလူးအလဲခံနေရ

အမေရိကန်အခြေစိုက် ဒါမောင့်တက္ကသိုလ် ကပြုလုပ်တဲ့ သုတေသန စာတမ်းအရ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၅နိုင်ငံကြောင့် ဖြစ်တဲ့ သဘာဝဘေးအန္တရာယ် ကပ်ဆိုးတွေကနေ ပြန်လည် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တာ ကန်ဒေါ်လာ သန်းပေါင်း ၆သန်းကျော် ကုန်ကျခဲ့ရတယ်လို့ သိရပါတယ်။ ကမ္ဘာ့လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့အမြောက်အများ ထုတ်လွှတ်တဲ့ နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေ သဘာ၀ ဘေးအန္တရာယ်တွေ ခံစားနေရတာနဲ့ ပတ်သက်ပြီး လစ်လျူမရှုအောင် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်ရေးသမားတွေ နဲ့ အစိုးရအရာရှိ အချို့ က ဦးဆောင်ပြီး တိုက်တွန်းပြောဆိုမှုတွေ လုပ်နေရပါတယ်။ ရုပ်ကြွင်းလောင်စာတွေ သုံးပြီး ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေ အနေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ငွေကြေးအားဖြင့် ထောက်မကူညီသင့်တယ်လို့ လည်း သူတို့ က တိုက်တွန်းနေပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အမေရိကန်နဲ့ တရုတ် […]

စနေနေ့က အီရန်နိုင်ငံတောင်ပိုင်းမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် လူ၆ ဦးထက်မနည်း သေဆုံး

အီရန် အစိုးရသတင်းဌာနအဆိုအရ ပြီးခဲ့တဲ့ စနေနေ့က တိုင်းပြည်တောင်ပိုင်းမှာ လှုတ်သွားတဲ့ ၆ ရက်ချက်စတာ စကေးရှိတဲ့ ငလျင်ကြောင့် အနည်းဆုံး လူ၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဟော်မောဇ်ဂန်ပြည်နယ် မှာ ငလျင် ၃ ခုက ဆက်တိုက်ဆိုသလိုလှုတ်ခဲ့ပါတယ်။ ဆာရက်ကိုရှာ ရွာက တစ်ရွာလုံး နီးပါးပျက်စီးခဲ့ပြီး လူ ၅၀လောက်အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်ငလျင်ဌာနရဲ့ တိုင်းတာချက်အရ ဒေသစံတော်ချိန် မနက်၂နာရီလောက်မှာ ၆ရစ်ချက်စတာစကေး အဆင့်ရှိတဲ့ ပထမငလျင် က မြေအောက် အနက် ၁၆ ကီလိုမီတာမှာ စ လှုတ်ခဲ့ပါတယ်။ အဲ့ဒိနောက် မြေအောက်အနက် ၁၀ ကီလိုမီတာအကွာမှာ နောက်ထပ် ငလျင် ၂ခု ဆက်တိုက်ဆိုသလိုဆက်လှုတ်ခဲ့ပါတယ်။ ရုပ်သံမြင်ကွင်းများအရ အဆောက်အအုံတော်တော်များများ ပြိုလဲပျက်စီးသွားတာကိုတွေ့ ရပါတယ်။ လျှပ်စစ်မီးပျက်တောက်မှုဖြစ်သွားလုံး အဲ့ဒိဒေသတစ်ခုလုံး […]

ဘရာဇီးရေကာတာပြိုကျမှု သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုအား လျော်ကြေး စတာလင်ပေါင် ၅ ဘီလျံရလိုမှုဖြင့် နစ်နာသူ ၂ သိန်းကျော်က တရားစွဲ

သတ္တုတူးဖော်ရေးကုမ္ပဏီ BHP သည် ဘရာဇီးလ် ရေကာတာပြိုကျမှု နောကဆက်တွဲ ဘေးအန္တရာယ်ကြောင့် ပေါင် ၅ ဘီလီယံပေးဆောင်အရေး တရားရုံးချုပ်တွင် တရားစွဲခံရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် နိုင်ငံ၏ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကြောင့် နစ္နာသူ ၂၀၂,၆၀၀ ခန့်က တရားစွဲဆိုခြင်း ဖြစ်သည်။ တောင်အမေရိကနိုင်ငံ၏ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက္နစ္နာသူ ဘရာဇီးလ်နိုင်ငံသား ၂၀၂၆၀၀ က BHP ကို ပေါင် ၅ ဘီလီယံ ပေးဆောင်သည့် တရားစွဲမှုကို တရားသူကြီး ၃ ဦးက သောကြာနေ့တွင် လက်ခံကြားနာမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အင်္ဂလိပ်တရားရုံးများတွင် တန္ဖိုးအရွိဆုံး အမှုတွဲတစ်ခုဖြစ်သည့် အဆိုပါတရားစွဲဆိုမှုကို ဆက်လက်စစ်ဆေးနိုင်သည်ဟု အယူခံတရားရုံးက ဆုံးဖြတ်ခဲ့သည်။ တရားရုံးများသည် ၂၀၁၈ ခုနှစ်တွင် […]

ကုလသမဂ္ဂရဲ့ သမုဒ္ဒရာညီလာခံကတော့ ကတိစကားတွေနဲ့ ပြီးသွားပါပြီ.. ပင်လယ်ပြင်ကြီးက ပြောင်းလဲသွားတော့မှာလား..

လစ္စဘွန်းမြို့မှာ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင်လ ၁ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂက ပြုလုပ်တဲ့ ဒုတိယအကြိမ် သမုဒ္ဒရာ ညီလာခံကြီးကတော့ ပြီးစီးသွားခဲ့ပါပြီ ။ ရေအောက်မှာ ရှင်သန်ကြီးပြင်းကြတဲ့ သတ္တဝါတွေကို ကာကွယ်ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံဖြိုးမှု ပန်းတိုင် အမှတ် ၁၄ ပေါ်မှာ အခြေပြုပြီး နိုင်ငံတကာ အဖွဲ့ဝင်တွေက ကတိစကားတွေ အများကြီးပေးခဲ့ပါတယ်။ အဲ့ဒိညီလာခံကို ၂၀၂၀ မှာကျင်းပဖို့အတွက် ရည်ရွယ်ခဲ့ပေမဲ့ ကိုဗစ် ၁၉ ရောဂါ ပြန်နှံ့မှုကြောင့် နှောင့်နှေးခဲ့ရပါတယ်။ နိုင်ငံတကာအစိုးရတွေ ၊ အန်ဂျီအိုတွေနဲ့ အဖွဲ့အစည်းတွေက ဒီညီလာခံမှာ ကမ္ဘာ့ရေထု ထိန်းသိမ်းရေးအတွက် ရာနဲ့ချီတဲ့ အဆိုတွေ တင်သွင်းခဲ့ပါတယ် ။ ပင်လယ်ရေပြင်ကို ကာကွယ်ဖို့အတွက် နဲ့ ထိန်းသိမ်းရမယ့် ဧရိယာတွေ […]

အိန္ဒိယအပူလှိုင်းနှင့် ရာသီဥတုပြောင်းလဲမှု

အိန္ဒိယသည် ယခုနှစ်တွင် ဆယ်စုနှစ် ၁၂ ခုအတွင်း အပူဆုံး မတ္လကို ကြုံတွေ့ခဲ့ရပြီး ၎၏ ရာသီဥတု အခြောက်သွေ့ဆုံးများထဲမှ တစ်ခုဖြစ်သည်။ ဧပြီလသည်လည်း ၂၀၁၀ နှင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း တတိယမြောက် အပူဆုံးအဖြစ် ဆိုးရွာစွာ အပူချိန်မြင့်တက်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တရားဝင်မိုးလေဝသခန့်မှန်းချက်က မေလအထိ အပူချိန်မြင့်မားမည်ဟု ခန့်မှန်းထားသည်။ အန္တရာယ်ရှိသော အပူသည် လေထုထဲတွင် ဖန်လုံအိမ်ဓာတ်ငွေ့ အနည်းငယ်မျှသာ စုပုံလာသည့်အတွက် တာဝန်ရှိသည့် အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံများသည် ရာသီဥတုဆိုင်ရာ ထိခိုက်မှုများကို မကြာခဏ ခံရပုံကို အလေးပေးဖော်ပြနေသည်ဟု ဆိုသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကန့်သတ်ချက်များသည် ပြည်နယ်အားလုံး၏ ထက်ဝက်ကျော်ကို ပျံ့နှံ့သွားခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း ဓာတ်အားလိုအပ်ချက် စံချိန်တင်မြင့်မားလာခြင်းကြောင့် နိုင်ငံ၏ ကျောက်မီးသွေးကြီးစိုးသော စွမ်းအင်စနစ်သည် ပိုမိုကျပ်တည်းလာမည်ဟု မျှော်လင့်ရကြောင်း […]

ဒူဘိုင်းက ၂၀၃၀မှာ ကာဗွန်ထုတ်မှု ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး စီစဉ်နေ

ဒူဘိုင်းသည် ကာဗွန်ထုတ်လွှတ်မှုကို ၂၀၃ဝ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းထိ လျှော့ချရန် စီစဉ်နေကြောင်း United Arab Emirate အစိုးရမီဒီယာရုံးမှ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် net-zero 2050 ၏ ခြေလှမ်းတစ်ခုဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယူအေအီး၏ ဒေသတွင်း စီးပွားရေး၊ ဘဏ်ဏ္႑ာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အဓိကအချက်အချာဖြစ်သည့် ဒူဘိုင်းသည် ဒူဘိုင်းတွင် စီစဉ်ထားသော ဒေါ်လာ ၃.၄ ဘီလီယံ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို သဘာဝဓာတ်ငွေ့အဖြစ် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်းလည်း ပြီးခဲ့သော ဖေဖော်ဝါရီ ၃ ရက်က ကြေညာခဲ့သည်။ #phoophoo photo-AP

အိန္ဒိယသမုဒ္ဒရာထဲက Madagascar ကျွန်းအတွက် နောက်ထပ်သတင်းဆိုးတစ်ခု

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Emnati သည် အင်္ဂါနေ့ညနေပိုင်းတွင် အားကောင်းသော အမျိုးအစား (၃) သို့မဟုတ် အမျိုးအစား (၄) အဖြစ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။ WMO ၏ ဒေသတွင်း အပူပိုင်းဆိုင်ကလုန်းဗဟိုဌာန La Runion က ၎အား အန္တရာယ်ရှိသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ပြီး ကုန်းတွင်းပိုင်းဒေသအတွက် အလွန်ဆိုးရွားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဟု သတိပေးထားသည်။ Emnati သည် ဖေဖော်ဝါရီ ၅ ရက်တွင် ပျက်စီးဆုံးရှုံးမှုနှင့် အသက်ဆုံးရှုံးစေသည့် Batsirai ၏ ပြင်းထန်မှုနှင့် လမ်းကြောင်းဆင်တူသည်ဟု ခန့်မှန်းရကာ ၎င်းသည် ယခုနှစ််အတွင်း ဇန္နဝါရီ ၂၂ ရက်တွင် Ana နှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် Dumako အပါအဝင် Madagascar […]

Page 7 of 13
1 2 3 4 5 6 7 8 9 10 11 12 13