စနေနေ့က အီရန်နိုင်ငံတောင်ပိုင်းမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် လူ၆ ဦးထက်မနည်း သေဆုံး
အီရန် အစိုးရသတင်းဌာနအဆိုအရ ပြီးခဲ့တဲ့ စနေနေ့က တိုင်းပြည်တောင်ပိုင်းမှာ လှုတ်သွားတဲ့ ၆ ရက်ချက်စတာ စကေးရှိတဲ့ ငလျင်ကြောင့် အနည်းဆုံး လူ၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဟော်မောဇ်ဂန်ပြည်နယ် မှာ ငလျင် ၃ ခုက ဆက်တိုက်ဆိုသလိုလှုတ်ခဲ့ပါတယ်။ ဆာရက်ကိုရှာ ရွာက တစ်ရွာလုံး နီးပါးပျက်စီးခဲ့ပြီး လူ ၅၀လောက်အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်ငလျင်ဌာနရဲ့ တိုင်းတာချက်အရ ဒေသစံတော်ချိန် မနက်၂နာရီလောက်မှာ ၆ရစ်ချက်စတာစကေး အဆင့်ရှိတဲ့ ပထမငလျင် က မြေအောက် အနက် ၁၆ ကီလိုမီတာမှာ စ လှုတ်ခဲ့ပါတယ်။ အဲ့ဒိနောက် မြေအောက်အနက် ၁၀ ကီလိုမီတာအကွာမှာ နောက်ထပ် ငလျင် ၂ခု ဆက်တိုက်ဆိုသလိုဆက်လှုတ်ခဲ့ပါတယ်။ ရုပ်သံမြင်ကွင်းများအရ အဆောက်အအုံတော်တော်များများ ပြိုလဲပျက်စီးသွားတာကိုတွေ့ ရပါတယ်။ လျှပ်စစ်မီးပျက်တောက်မှုဖြစ်သွားလုံး အဲ့ဒိဒေသတစ်ခုလုံး […]