သတင်းအချက်အလက် အပြန်အလှန်ချိပ်ဆက်မှု မရှိဘူးဆိုရင် အီးဗွီရဲ့ အနာဂတ်က အလားအလာ ကောင်းနိုင်စရာမရှိဘူး

EV များသည် ယခင်ကထက် ပိုမိုချိတ်ဆက်လာသည်နှင့်အမျှ၊ တည်နေရာ၊ မောင်းနှင်မှုအလေ့အထနှင့် ကိုယ်ရေးကိုယ်တာ နှစ်သက်မှုများနှင့် သက်ဆိုင်သည့် အထိခိုက်မခံသည့်ဒေတာများ- အပေးအယူခံရခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခံရခြင်းတို့ ဖြစ်လာနိုင်ခြေရှိပါတယ်။ Ruby က EV စွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်ဆောင်ရန်နှင့် privacy ဆိုင်ရာစိုးရိမ်မှုများကို ဆန့်ကျင်သည့် grid ပေါင်းစည်းရန် ဒေတာလိုအပ်ချက်ကို ချိန်ညှိရန် မရှိမဖြစ်လိုအပ်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် သတင်းထောက် Marta Pacheco ။ ။ ဒေတာမျှဝေခြင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံကို ဘယ်လို မြှင့်တင်ပေးနိုင်တယ်ဆိုတာကို ယာဉ်မောင်းအနည်းငယ်ကသာ နားလည်ပါတယ် ၊ အဲ့ဒါက ဘာအကျိုးကျေးဇူးတွေပေးပါလဲ။ Kristian Ruby ။ ။ လာမည့်နှစ်တွေမှာ ကျနော်တို့က ရွေ့လျားသွားလာမှုနဲ့ ပတ်သက်ပြီး အရှိန်အဟုန်မြင့်တဲ့ အသွင်ကူးပြောင်းမှုတွေ […]

အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာ အမေးအဖြေ

အပြောင်းအလဲမှာ အကျိုးဆက်တွေရှိပါတယ်။ ဒါပေမဲ့ အချို့သော ရည်မှန်းချက်တွေက သင့်လျော်တဲ့ ရှုထောင့်မှာ လျင်မြန်စွာ ချဲ့ထွင်ဖြေရှင်းမှုများရဲ့ ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားထားရန် အရေးကြီးပါတယ်။ အဲ့ဒိအချက်က ပြန်လည်ပြည့်ဖြိုးခြင်းစွမ်းအင်အသုံးပြုမှုရဲ့ နောက်ကွယ်က အကြောင်းတွေမှာလည်း အကျုံးဝင် ပါတယ်။ REN21 ဆိုတာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မူဝါဒအပေါ် အာရုံစိုက်ထားသည့် တွေးခေါ်ပညာရှင်နှင့် အစုအဖွဲ့ပေါင်းစုံ အုပ်ချုပ်မှုအဖွဲ့ဖြစ်ပါတယ် ။ REN21 ရဲ့ ရည်မှန်းချက်က မူဝါဒဖွံ့ဖြိုးတိုးတက်မှု၊ အသိပညာ ဖလှယ်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ လျင်မြန်သော ကမ္ဘာလုံးဆိုင်ရာအကူးအပြောင်းသို့ ဦးတည်သော ပူးပေါင်းလုပ်ဆောင်မှုများကို လွယ်ကူချောမွေ့စေရန်ဖြစ်ပါတယ် ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု ကို ပံ့ပိုးရန်နဲ့ အရှိန်မြှင့်ရန်အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က အတူတကွပူးပေါင်းခဲ့တဲ့ REN21 မှ မကြာသေးမီက ထုတ်ဝေခဲ့တဲ့ စွမ်းအင်နှင့် […]

အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာ အမေးအဖြေ အပိုင်း ၂

REM ။ ။ အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အခြေခံတဲ့ စီးပွားရေးစနစ်ဆီ ပြောင်းလိုက် တာဟာ အမေရိကန် အလုပ်သမား လူတန်းစားအားလုံးကို အေးခဲသွားစေမယ့် အချက်ပါပဲ။ သက်ကြီးလုပ်သား တွေနဲ့ သတ္တုတူးဖော်ရေး လို လုပ်ငန်းတွေမှာ အလုပ်ရှင်တွေအတွက် အခက်ဆုံးဖြစ်လိမ့်မယ်လို့ ပြောကြပါတယ်။ ဒါကို မင်းဘာပြောမလဲ။ Adib ။ ။ဒါက အရမ်းလိုအပ်တဲ့ ဆွေးနွေးမှုပါ။ စွမ်းအင်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများကို ကြည့်ရှုပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ရုပ်ကြွင်းလောင်စာကဏ္ဍများကို နှိုင်းယှဉ်ဖော်ပြတဲ့ အစီရင်ခံစာတစ်ခုကို ကျမ ဖတ်ရပါတယ်။ ရုပ်ကြွင်းလောင်စာနဲ့ ပတ်သက်တဲ့ အလုပ်တွေရဲ့ ၇၀% ကို ပြန်လည်မလေ့ကျင့်ဘဲနဲ့တောင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို တိုက်ရိုက်လွှဲပြောင်းပေးနိုင်တယ်ဆိုတာပါပဲ။ ဥပမာအားဖြင့်၊ သတ္တုတူးဖော်ရေးနဲ့ပတ်သက်လာရင်၊ ဒီအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုတွေကို တိုက်ရိုက်လွှဲပြောင်းနိုင်တဲ့ နယ်ပယ်တစ်ခုကတော့ ဘူမိအပူဓာတ်ပါပဲ။ လက်ရှိဆွေးနွေးမှုရဲ့ နောက်ထပ်ကဏ္ဍတစ်ခု […]

မသုံးတော့တဲ့ သတ္တုတွင်းကို မြေသားဘတ်ထရီလုပ်ဖို့အတွက် ပြင်ဆင်နေ

ဖင်လန်နိုင်ငံမှာရှိတဲ့ အသုံးမပြုတော့တဲ့ ဥရောပ အကြီးဆုံး သတ္တုမိုင်းတစ်ခုကို စကော်တလန်ကုမ္ပဏီတစ်ခုက လျှပ်စစ်သိုလှောင်ဖို့အတွက် မြေသားဘတ်ထရီ တစ်ခုပြုလုပ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒိနက်ရှိုင်းတဲ့ သတ္တုမိုင်းထဲကို လိုအပ်ရင်ပြန်သုံးဖို့အတွက် တိုင်းပြည်ကထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်တွေထဲက ပိုလျှံလျှပ်စစ်တွေကို သိုလှောင်ထားမှာဖြစ်ပါတယ်။ အဲ့လို သိုလှောင်ဖို့အတွက် ကမာ္ဘမြေဆွဲအားကို အသုံးပြုမှာ ဖြစ်ပါတယ်။ အဲ့ဒိသတ္တုမိုင်း Pyhäjärvi က မြို့တော် Helsinki ရဲ့မြောက်ဘက် ၄၅၀ ကီလိုမီတာ အကွာ ဝေးလံခေါင်သီတဲ့ နေရာမှာ ရှိပါတယ် ။ ကမာ္ဘာမြေမှ မီတာ ၁၄၀၀ ကျော်အနက်က သွပ်နှင့် ကြေးနီတွေ ထုတ်လုပ်ပြီးနောက် မှာတော့ သတ္တုတွင်းကို ရပ်ဆိုင်းလိုက်ပါတယ် ။ အခုတော့ စကော့တလန်အခြေစိုက် Gravitricity ကုမ္ပဏီကို အငှားချထားလိုက်ပါတယ် ။ ကုမ္ပဏီက အလေးချိန်အတင်အချလုပ်ပေးတဲ့ […]

အေဂရိုဗို့တစ် ဆိုတာ ၂ စီးပွားဖြစ်လို့ အနာဂတ် စိုက်ပျိုး-စီးပွားရဲ့လမ်းပြဖြစ်လာမှာပါ

လယ်ယာလို့ပြောလိုက်ရင် စားသောက်ကုန်ထုတ်လုပ်တဲ့ စီပွားရေးကဏ္ဌ တစ်ရပ်လို့မြင်နေတဲ့ အမြင်က ဒီကနေ့ကမ္ဘာမှာ အပြောင်အလဲ ဖြစ်နေပါပြီ။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသီးအနှံတွေကို ပျိုးထောင်၊ ရိပ်သိမ်း ၊ အနှံခြွေလောက်နဲ့ မလုံလောက်တော့ပါဘူး။ ခေတ်မီတဲ့လယ်သမားတွေကတော့ စိုက်ခင်းတွေကနေ သီးနှံတွေအပြင် လျှပ်စစ်စွမ်းအင်တွေကို ထုတ်လုပ်နိုင်အောင် ရင်းနှီးမြုပ်နှံလာကြပါပြီ ၊ အေဂရိုဗို့တစ်လို့ခေါ်တဲ့ လယ်ယာထွက်လျှပ်စစ်တွေကို စီးပွားဖြစ်လုပ်ဖို့ကြိုးစားလာကြပါပြီ ။ စိုက်ခင်းတွေနဲ့ ဆိုလာခင်းတွေကို တွဲနိုင်အောင်လုပ်လာကြပါပြီ။ သီးနှံထုတ်မယ် ၊ ပြီးတော့ လျှပ်စစ်ထုတ်မယ်ပေါ့။ အမေရိကားက မက်ဆာချူးဆက်ပြည်နယ်မှာ Blue Wave လို့ခေါ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်တဲ့ ပရောဂျက်တွေ လုပ်တဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ အဲ့ဒိ ကုမ္ပဏီက ဂေဟစနစ်မပျက်စီးစေဘဲ စီးပွားရေးအရ အောင်မြင်တဲ့အပြင် သန့်စင်တဲ့စွမ်းအင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ရရှိရေးအတွက် စီမံကိန်းတွေ ရေးပေးနေတာပါ ။ အဲ့ဒိကုမ္ပဏီရဲ့ ညွှန်ချုပ် […]

၂၀၄၀ မှာ ဒီဇယ် ဘတ်စ်တွေနဲ့ ထရပ်တွေကို အပြီးပိတ်လိုက်တော့မယ်လို့ အီးယူစီစဉ်နေ

မနေ့ ( ဇန် ၁၈ )က ဘရက်ဆဲလ်မှာ ပြုလုပ်တဲ့ ဥရောပကော်မရှင် အစိုးရအဖွဲ့ဝင် အရာရှိကြီးများနဲ့ ပါလီမန် အဖွဲ့ဝင်များ ဆိုင်ရာ အစည်းအဝေးမှာ ရုပ်ကြွင်းလောင်စာအသုံးပြုရတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို ၂၀၄၀ မှာ အပြီးနားလိုက်ဖို့အတွက် လုပ်ငန်းစဉ်တွေကို တင်သွင်းခဲ့ပါတယ်။ အဲ့ဒါကို ပါလီမန်အမတ်တွေ အားလုံးနီးပါး ထောက်ခံခဲ့ပါတယ်။ လုပ်ငန်းစဉ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ရောင်းချ ပြေးဆွဲနေသော ထရပ်ကားများ နဲ့ အခြားကုန်တင်ယာဉ်များ အားလုံး ၂၀၄၀ တွင် လက်ရှိထုတ်လွှတ်နေသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ရဲ့ ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်မှာဖြစ်ပြီး မြို့တွင်းပြေဆွဲနေသော ယာဉ်များ က ၂၀၃၅ တွင် လုံးဝ ကာဗွန်ထုတ်လွှတ်မှု မရှိစေရဖြစ်ရမည်ဟု ပါရှိပါတယ်။ အကြီးစားယာဉ် အများစုသည် CO2 စံနှုန်းများကို […]

၂၀၂၄ က ဆိုလာပါဝါနှစ် ဖြစ်များ ဖြစ်လာမလား

အမေရိကန် လာဗီဂတ်စ်မြို့မှာ စားသုံးသူလျှပ်စစ်ပစ္စည်းပြပွဲ ( CES ) ကိုပြုလုပ်နေပါတယ် ။ အဲ့ဒိပြပွဲမှာ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ပစ္စည်းတွေကို အဓိကပြသနေတာပဲဖြစ်ပါတယ်။ ဆိုလာအမိုးတွေ ကနေစပြီး အိမ်သုံးလျှပ်စစ်ပစ္စည်း သေးသေးလေးတွေအထိ နေရောင်ချည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းတွေကို ခင်းကျင်းပြသထားတာပါ ။ ဆိုလာစွမ်းအင်သုံးလို့ ဆိုတဲ့ နေရာမှာ အလင်းများများရတဲ့ အိမ်ပြင်မှာသွားလာနေရတဲ့ လျှပ်စစ်ကား (အီးဗွီ) တွေမှာသုံးတဲ့ဘတ်ထရီတွေ ရော အိမ်တွင်းမှာ အလင်းနည်းနည်းလေးရတာနဲ့ အားသွင်းလို့ရတဲ့ ဘတ်ထရီဆဲလ်လေးတွေကိုလည်း ပြထားပါတယ်။ Ambient Photonics ကုမ္ပဏီက ၎င်းရဲ့ အိမ်တွင်းနှင့် ပတ်ဝန်းကျင် ပြင်ပအလင်းရောင်များမှ အဆက်မပြတ် ပါဝါပေးနိုင်သည့် ဆိုလာဆဲလ်အသစ်ကို ပြသခဲ့ပြီး ကုမ္ပဏီက လက်ရှိနည်းပညာများထက် ပါဝါသုံးဆပိုမို ထုတ်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ် ။ TV အဝေးထိန်းခလုတ်များနှင့် ကြိုးမဲ့ကီးဘုတ်များကဲ့သို့သော အိမ်သုံးပစ္စည်းများရှိ […]

ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရင် အခွန် တစ်ဝက်လျှော့ပေးမယ်လို့ အီဂျစ်ပါလီမန် ဆုံးဖြတ်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအစီအစဉ်တစ်ရပ်အနေနဲ့ မနေ့ ( အင်္ဂါနေ့ )က အီဂျစ်ပါလီမန်မှာ လွှတ်တော် အမတ်တွေက သန့်စင်တဲ့ အစိမ်းရောင်စွမ်အင်တစ်မျိုးဖြစ်တဲ့ ဟိုက်ဒရိုဂျင်စွမ်အင်ကိုသုံးတဲ့ ကုမ္ပဏီတွေကို အခွန် တစ်ဝက်ကျော် လျှော့ပေါ့ကောက်ခံမယ့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီး သဘောတူ ထောက်ခံလိုက်ကြ ပါတယ်။ အဲ့ဒိဥပဒေကြမ်းကို သမ္မတ ကနေ သဘောတူလက်မှတ်ထိုးပေးလိုက်ပါက အတည်ဖြစ်သွားမှာပါ ။ ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီများအနေနဲ့ ရုပ်ကြွင်းလောင်စာအစား ဟိုက်ဒရိုဂျင်စွမ်းအင်ပြောင်းလဲသုံးနိုင်ရန်အတွက် နောက်ထပ်ရင်းနှီးမြုတ်နှံမှုများ ပြုလုပ်ရန် လိုသည့်အတွက် အစိုးရအနေနဲ့ အခွန်လျှော့ပေါ့ကောက်ခံပြီး လုပ်ငန်းများကို အကာအကွယ်ပေးတာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့သည့်မေလကတည်းက ကဲဘိနတ်က အဲ့ဒိဥပဒေကြမ်းကို အတည်ပြုပေးခဲ့ပါတယ်။ အောက်လွှတ်တော်မှာ ထပ်မံစီစစ်ပြီး အတည်ပြုလိုက်တာပါ ။ ကုမ္ပဏီတွေအနေနဲ့ စီမံကိန်း တစ်ခုချင်းစီအလိုက် ဟိုက်ဒရိုဂျင် စွမ်းအင်သုံးစွဲပါက ၃၅ % […]

စက်ဘီး မစီးရင် စပိန်သားတွေ ပိုက်ဆံပြန်လျော် ဆိုပြီး အီးယူ ခိုင်း

Ref: EURONEWSစပိန်နိုင်ငံက မြို့ငယ်တွေနဲ့ မြို့ကြီးတော်တော်များများက အုပ်ချုပ်ရေးအဖွဲ့တွေက မြို့တွင်းမှာ စက်ဘီးလမ်းတွေ လုပ် ပြီး စက်ဘီးစီးကြဖို့အတွက် အားသုံး လုပ်ဆောင်နေပါတယ်။ ဒီနှစ်ထဲမှာစက်ဘီးလမ်းတွေ လူသွားလမ်းတွေကို အပြီး မလုပ်နိုင်ပါ ၂၀၂၄ အီးယူ ထောက်ပံ့ကြေး ဆုံးရှုံးရနိုင်ဖွယ်ရာ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက EU သည် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင်နှင့် ရေရှည်တည်တံ့သော တိုးတက်မှုအတွက် အဖွဲ့ဝင်နိုင်ငံများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ လူသွားလူလာများသောနေရာများ၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသောဇုန်များနှင့် စက်ဘီးလမ်းများ ဖန်တီးခြင်းကဲ့သို့သော အစိမ်းရောင် ရွေ့လျားသွားလာမှုတွင် ယူရိုသန်းပေါင်းများစွာကို မြှုပ်နှံထားပါတယ်။ သို့သော် စပိန်ရှိ မြို့တော်ကောင်စီအများအပြားသည် ရေရှည်တည်တံ့သော အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် နှေးကွေးနေခဲ့ပါတယ်။ ဒီနှစ်တော့ EU ပြန်လည်ထူထောင်ရေး၊ အသွင်ပြောင်းရေးနှင့် ခံနိုင်ရည်ရှိရေး ရန်ပုံငွေများ လက်ခံရရှိထားသော […]

ပြည့်ဖြိုးမြဲ စွမ်းအင် နောက်မလိုက်ရင် အရှေ့တောင်အာရှနိုင်ငံတွေ ဂိသွားနိုင်လား

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အားမကိုးဘဲ ရုပ်ကြွင်းလောင်စာတွေကိုသာ ဆက်သုံးနေမယ်ဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေ ရေရှည်မှာ ဂိသွားဖို့အလားအလာရှိနေပါတယ် ။ ဘာလို့လဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုကို ရပ်တန့်အောင်လုပ်ဖို့အတွက် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက စိတ်အားထက်သန်မှု အားနည်းနေတာ ကြောင့်ပါပဲ။ ရှည်လျားလွန်းတဲ့ ကမ်းရိုးတန်းတွေရှိနေတာတွေနဲ့ မြစ်ဝကျွန်းပေါ်မြေနိမ့်ပိုင်းဒေသတွေ များတာက ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေမြင့်တက်လာမယ်ဆိုရင်တော့ ထိခိုက်မှု အဆိုးဝါးဆုံး ဒဏ်ကိုခံရနိုင်တော့မှာ ဖြစ်ပါတယ် ။ လူဦးရေ သန်း၆၀၀ ကျော်ကို ဦးတည်လာတဲ့ သဘာဝဘေးအန္တရာယ်ကို တားဆီးဖို့က ရုပ်ကြွင်းလောင်စာကို ဖြတ်နိုင်မှ ဖြစ်မှာပါ ။ ရုပ်ကြွင်းလောင်စာ သုံးလို့ ကမ္ဘာကြီးပူနွေးလာချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မဟာဗျူဟာကျကျ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဖို့အတွက် လိုအပ်နေပါပြီ ။ ကမာ္ဘကြီးပူနွေးလာမှုကို ရပ်တန့်နိုင်မယ်ဆိုရင်တောင် ဒီရာစုနှစ်အကုန်မှာ အရှေ့တောင်အာရှနိုင်ငံတွေက နှစ်စဉ် ဂျီဒီပီ ၁၁ […]

Page 2 of 4
1 2 3 4