Knowledge

ထိန်းသိမ်းရမယ့် သဘာဝ ယဥ်ကျေးမှုအမွေ

ပုဂံကို ရောက်ရင် အိုးဖုတ်တန်းကိုလည်း သွားကြမယ်။ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်ကနေရလာတဲ့ ယဥ်ကျေးမှုအမွေအနှစ်လက်ရာတွေပါ။ မကွယ်ပျောက်အောင် ထိန်းသိမ်းသင့်ပါတယ်။

ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ် ပြောင်းလဲထုတ်လုပ်ရာ တစ်နှစ်လျှင် ပိဿာချိန် ၂၅ သိန်းခန့်ထုတ်လုပ်ရောင်းချရ

ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ်ပြောင်းလဲထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစားတစ်ခုမှာ ၂၀၁၄ ခုနှစ်ကစ၍ စစ်တွေမြို့တွင် တည် ရှိနေခြင်းဖြစ်ပြီး တစ်နှစ်လျှင်ပိဿာချိန် ၂၅ သိန်းခန့် ထုတ်လုပ်ရောင်းချနေရကြောင်း မီးသွေးချောင်းထုတ်လုပ်သည့် ကုမ္ပဏီမှပြောသည်။ မြို့ပေါ်အချို့နှင့် ကျေးလက်ဒေသအများဆုံးအသုံးပြုလေ့ရှိသည့်ထင်းမီးသွေးက ၁ ပိဿာလျှင် ၇၀၀ကျပ်လောက်ရှိပြီး မီးသွေးလောင်စာမှာ ၁ ပိဿာလျှင်၂၅၀ လောကျသာရှိနေသည်။ ယင်းကြောင်း အဆိုပါမီးသွေးလောင်စာကို ဒုက္ခသည်စခန်းကူညီကယ်ဆယ်ရေးလုပ်သူများက အများဆုံးဝယ်ယူကြပြီး ထင်းမီးသွေးထက် ၂ ဆ ကျော်ခန့်လျော့ကျသော ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း ရွှေပြည့်ဖြိုး လုပ်ငန်းတည် ထောင်သူ ကိုကျော်သန်းဝင်းကပြောသည်။ ” တစ်နှစ်ကို မီးသွေးပိဿာချိန် ၂၄ သိန်း၊၂၅ သိန်းလောက် ထုတ်လုပ်ပြီးရောင်းချရတယ်။ ဝယ်တာကတော့ လျှပ်စစ်မီးမရတဲ့နယ်ဖက်တွေ ပြီးတော့ ဒုက္ခသည်စခန်းတွေမှာ သုံးကြတယ်။ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ကျနော့်ဆီကဝယ်ကြတာပေါ့ ဟုပြောသည်။ ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ်ပြောင်းလဲထုတ်လုပ်သည့်မှာပြီးခဲ့သည့်၂၀၁၄ […]

ရေဟာ စစ်ပွဲ.. ရေဟာ ငြိမ်းချမ်းရေးသံလွင်ခက်

ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်သော အာရပ်-အစ္စရေးပဋိပက္ခသည် အဦးအစက နယ်မြေလုခြင်း လူမျိုးရေးပြဿနာစသည်တို့ကို အခြေခံခဲ့သော်လည်း လူဦးရေများလာသောအခါ ရေပြဿနာက ထပ်ဆင့်လာသည်။ အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးသည် မိုးနည်းသဖြင့် ရေအခက်အခဲရှိကြသည်ချည်း ဖြစ်သော်လည်း ဆီးရီးယား၊ ဂျော်ဒန်၊ ပါလက်စတိုင်းနယ်မြေနှင့် အစ္စရေးတို့သည်မူ ဘုံရေအရင်းအမြစ်တစ်ခုကို ခွဲဝေသုံးစွဲရသဖြင့် ပြဿနာပိုများသည်။ ယင်းနိုင်ငံများခွဲဝေသုံးစွဲရသည့် ဘုံရေအရင်းအမြစ်မှာ ဂျော်ဒန်မြစ်ရေ ဖြစ်သည်။ ပူးတွဲမြေပုံတွင် ဂျော်ဒန်မြစ်သည် ဂျော်ဒန်နိုင်ငံ၏ အနောက်ဘက် နယ်နိမိတ်တစ်လျှောက်လုံး၌ စီးဆင်းနေသည်ကို တွေ့နိုင်သည်။ သို့သော် ဂျော်ဒန်နိုင်ငံသည် မိမိနိုင်ငံ၏ဘေးတွင်လည်း ရှိနေ၊ မိမိနိုင်ငံအမည်နှင့်လည်း ရှိနေသော ယင်းမြစ်ရေကို မိမိလိုသလောက် ထုတ်ယူပိုင်ခွင့်မရှိချေ။ ဒေသတွင်းဘုံရေအရင်းအမြစ်ဖြစ်သော ဂျော်ဒန်မြစ်ရေကို ခွဲဝေရယူရေးအတွက် ချုပ်ဆိုထားသော စာချုပ်များအတိုင်းသာ ရယူပိုင်ခွင့်ရှိသည်။ ယင်းစာချုပ်များအရ အစ္စရေးသည် ဂျော်ဒန်မြစ်ရေကို တစ်နှစ်လျှင်ကုဗပေသန်း ၁၈၀၀၀ ခန့်၊ ဂျော်ဒန်နိုင်ငံသည် ကုဗပေသန်း ၁၁၀၀၀ […]

ကမ္ဘာ့အလှပဆုံးကျွန်းများ (ပလာဝမ်ကျွန်း)

ဖိလစ်ပိုင်နိုင်ငံရှိ ပလာဝမ်(Palawan)ကျွန်းသည် ကမ်ဘာ့အလှပဆုံးကျွန်းများတွင် အပါအဝင်ဖြစ် ယူနက်စ်ကို၏ ကမ္ဘာ့အမွေအနှစ်စားရင်းဝင် ကျွန်းတစ်ကျွန်းလည်း ဖြစ်သည်။ ပလာဝမ်ကျွန်းအား အဝေးမှ သေချာကြည့်ပါက ကောင်ကင်၏ မြင်ကွင်းတစ်ခုကို မြင်ရသကဲ့သို့ ခံစားရမည်ဖြစ်ပြီး လူတစ်ဦးတစ်ယောက်၏ စိတ်နှလုံးကို ဖမ်းစားနိုင်မှုပြင်းထန်သည့် ကျွန်းတစ်ခုလည်းဖြစ်သည်။ အဆိုပါကျွန်းတွင် ထူးခြားဆန်းပြားသည့် ဇီဝမျိုးစုံမျိုးကွဲများကို လေ့လာနိုင်သလို ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားခဲ့သော ဂျပန်စစ် သင်္ဘောများကိုလည်း ကျွန်း၏ရေမျက်ပြင်အောက်တွင် တွေ့ရှိလေ့လာနိုင်သည် Photo: internet

မြန်မာပြည်တွင်းက အထင်ကရချောင်းများ (မန်းချောင်း)

မန်းချောင်းသည်ဧရာဝတီမြစ်၏ လက်တက်တစ်ခုဖြစ်သည်။ ၇၈ မိုင်ရှည်လျား၍ ရှေးအခါက နမ္မဒါမြစ်ဟု ခေါ်သည်။မင်းဘူးခရိုင်ငဖဲမြို့နယ်၏ အနောက်တောင်ဖက်ရခိုင်ရိုးမတောင်တွင် မြစ်ဖျားခံ၍ အရှေ့ဖက်သို့ စီးဆင်းကာ မင်းဘူးခရိုင်တွင်းသို့ ဖြတ်သန်း ပြီးလျှင် မင်းဘူးအထက် ၅ မိုင်ခန့်အကွာတွင် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သည်။ တောင်ပေါ်မှ စီးဆင်းလာ၍ ဆည်တော်ရွာသို့ ရောက်သောအခါ မြေပြန့်သို့ ရောက်လာ၏။ ထိုဒေသတွင် မြစ်ဝှမ်းသည် တစ်မိုင်ခန့် ကျယ်၍ ဧရာဝတီမြစ်နှင့် ဆုံသောနေရာတွင် ၇ မိုင်၊ ၈ မိုင်ခန့်အထိ ကျယ်သည်။ မန်းချောင်း၏ အောက်ခင်းသည် ကျောက်စရစ် ထူသည်။ ရေတစ်နှစ်ပတ်လုံး အဆက်မပြတ် စီးဆင်းသည်။ သို့သော် နွေရာသီတွင် ရေအတော်နည်းသွားသည်။ မန်းချောင်းတစ်လျှောက် နွေရာသီတွင် လှေသမ္ဗန်များ ကူးသန်းသွားလာနိုင်ခြင်း မရွိဘဲ၊ မိုးရာသီတွင်မူ အိုင်းမအထိ ကူးသန်းသွားလာနိုင်သည်။ မန်းချောင်းသည် […]

မြန်မာနိုင်ငံအတွင်းရှိမြစ်များ (ကုလားတန်မြစ်)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသရှိ ရေဆင်းများမှတဆင့် ကုလားတန်မြစ်စီးဆင်းလာပြီး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၏ ကျဉ်းမြောင်း သည့် လျှိုမြောင်တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ အရှည် ကီလိုမီတာ ၃၅၀ မွ် စီးဆင်းလာပြီးနောက် ရခိုင် ပြည်နယ် စစ်တွေမြို့အနီးတွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်ပါသည်။ မြစ်၏အောက်ပိုင်းတွင် ကျယ်ဝန်းသည့် မြေဆီသြဇာကြွယ်ဝသော မြစ်ဝှမ်းလွင်ပြင်အဖြစ် ပေါ်ထွန်းလာပြီး ၁၁၀ ကီလိုမီတာအထိ ကျယ်ဝန်းပါသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်းမှသည် စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ ၃,၆၄၀ ကျယ်ဝန်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ဖြစ် ပေါ်စေပါသည်။ လူသူမထိတွေ့ရသေးသည့် သစ်တောရိုင်းများနှင့် ရှားပါးတိရိစ္ဆာန်များ မြစ်အထက်ပိုင်းဒေသတလျှောက်တွင် နေထိုင်ကြပြီး၊ တိုင်းရင်းသားလူမျိုးများသည်လည်း ဤျမစ္ကို မှီတင်း၍ သက်မွေးနေထိုင်နေကြပါသည်။ မြစ်ကြောင်း တလျှောက်ရှိ မြို့များတွင် လူဦးရေ စုစုပေါင်းတသန်းခန့်အထိ နေထိုင်ကြသည်ဟု ခန့်မှန်းရပါသည်။ Ref: […]

မြန်မာနိုင်ငံအတွင်းရှိမြစ်များ (မဲခေါင်မြစ်)

အရှည် ၄,၈၀၀ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎ျမစ္ဖ်ားခံရာ တိဘက်ဒေသမှ ဗီယက်နမ်မြစ်၀ှမ်းဒေသများအထိ လွှမ်းခြုံမှု ရှိပါသည်။ လူသန်းပေါင်း ၆၀ ခန့်သည် မဲခေါင်မြစ်နှင့် ၎၏ မြစ်လက်တက်များကို မွီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရပါသည်။ ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေး၀မ်းကြောင်း ကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူးအရေးပါသည့် မြစ်ဖြစ်ပါသည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ်ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါ လုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံးသော […]

မဲခေါင်ဆင်ဥယျာဉ်

မဲခေါင်ဆင်ဥယျာဉ်ဟာ လာအိုနိုင်ငံအတွင်းမှာရှိတဲ့ ဆင်တွေကို သဘာဝအတိုင်းထိန်းသိမ်းပြီး ဆင်တွေရဲ့ သဘာဝရှင်သန်သွားလာနေထိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဆင်တွေကို စိတ်ဝင်စားသူတွေနဲ့ လာအိုနိုင်ငံဆီအလည်အပတ်လာရောက်သူ ခရီးသွားကမ်ဘာ့လူသားတွေအနေနဲ့ လာအိုနိုင်ငံက ဆင်ဥယျာဉ်ကို မျဖစ္မနေသွားရောက် လည်ပတ်သင့်ကြောင်း အကြံပြုချင်ပါတယ်။ ဒီဆင်ဥယျာဉ်ကို ၂၀၀၈ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဆင်များကို ရုပ်ပိုင်းဆိုင်ရာကျန်းမာဖွံဖြိုးရေး၊ သိမြင်မှုအာရုံမြင့်တက်ရေးနဲ့ မျိုးဆက်ပွားများမှုအခွင့်အလမ်း ပိုမိုရရှိရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မဲခေါင်ဆင်ဥယျာဉ်မန်နေဂျာ Wendy Leggat က ဒီဥယျာဉ်ကိုတညဆောက်ရခြင်း ရည်ရွယ်ချက်က ဆင်တွေကို သူတို့နဲ့ထိုက်တန်တဲ့အခွင့်အလမ်းနဲ့ ဆင်တွေအတွက် ကိုမိုကောင်းမွန်တဲ့ဘဝကို ဖန္တီးပေးရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်တယ် ပြောပါတယ်။ Greeness ပရိသတ်များ၊ ပတ်ဝန်းကျင်ချစ်ုမတ်နိုးသူများ၊ ဆင်တွေကို စိတ်ဝင်စားသူများလည်း လာအိုကို ရောက်ဖြစ်ရင် ဒီဆင်ဥယျာဉ်လေးကို သြားရောက်လည်ပတ်လေ့လာဖို့ တိုက်တွန်းပါတယ်။ အားလုံး လြတ္လပ္စြာ ခရီးသွားရင်း ပတ်ဝန်းကျင်ကိုလေ့လာရင်း […]

မြန်မာနိုင်ငံရှိမြစ်များ (သံလွင်မြစ်)

သံလွင်မြစ်သည် မြန်မာနိုင်ငံ၏အရှည်ဆုံးမြစ်ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။ ဤမြစ်သည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသ (မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်း) ကိုလည်းကောင်း ဖြတ်သန်း၍ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်(အက်ဒမန်ပင်လယ်)အတွင်းသို့ စီးဝင်သည်။ စုစုပေါင်း အရှည်သည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ)ရှိသော်လည်း မြန်မာနိုင်ငံအတွင်း၌မူမိုင် ၆၅ဝ သာရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစင်းဖြစ်ပြီး […]

ကမ္ဘာ့အလှပဆုံးကျွန်းများ (ဘိုရာဘိုရာ(Bora Bora))

ဘိုရာဘိုရာ(Bora Bora) ကျွန်းသည် ပြင်သစ်နိုင်ငံ၊ ပိုလီနီးရှားတွင်ရှိပြီး Tahiti ၏အနောက်မြောက်ဘက်ရှိ တောင်ပစိဖိတ်အတွင်းမှ ကျွန်းငယ်တစ်ခုဖြစ်ကာ သန္တာကျောက်တန်းများ၊ သဲညှောင့်များနှင့် ပတ်ဝန်းကျင်ရှိစိမ်းလန်းသော ကန်များဖြင့်ဝန်းရံထားသည့်အတွက် ကမ်ဘာတွင် အလှဆုံးသောကျွန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဘိုရာဘိုရာကျွန်းသည် ရေငုပ်ခြင်းဝါသနာပါသူများကြားတွင် အင်မတန် ထင်ရှား လူသိများသည်။ ရေပေါ်တွင်တည်ဆောက်ထားသည့် ခြေတံရှည် ဘန်ဂလိုများကလည်း ကျွန်း၏အလှကို ဖြည့်ဆည်းပေးထားသည်။ ဘိုရာဘိုရာကျွန်းသည် ကျွန်း၏ဧရိယာမှာ ၃၃.၅၅ ကီလိုမီတာရှိပြီး၊ အရှည် ၂.၆၃ ကီလိုမီတာရှိကာ ကျွန်း၏အရှည််မှာ ၃.၈၁ ကီလိုမီတာရှိသည်။ ကျွန်း၏အလယ်ဗဟိုတွင် Mt. Otemanu ခေါ် မီးတောင်မြုံတစ်လုံးရှိပြီး အဆိုပါမီးတောင်မြုံမှာ ၇၂၇ မီတာရှိသည််။ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၀,၆၀၅ ရှိသည်။ Photo: Internet

Page 18 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19