Knowledge

ကမ္ဘာ့လေအသန့်ဆုံးမြို့များ

စက်မှုထွန်းကားရေးက ကမ္ဘာကြီးပေါ်မှာ ဆက်လက်ကြီးထွားနေတာဖြစ်လို့ လေထုညစ်ညမ်းမှုကလည်း ကမ္ဘာ့ကြီးပေါ်မှာ ပြောစရာလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ ကမ္ဘာပေါ်ရှိ အချို့မြို့ကြီးများတွင် လေထုညစ်ညမ်းမှု လွန်ကဲပြီး ၎င်းတို့ရှိ လေထုအရည်အသွေးသည် ဒေသခံများနှင့် ခရီးသွားများအတွက် ကျန်းမာရေးအန္တရာယ်ဖြစ်စေနေပါတယ် ။ ဒါပေမဲ့ အချို့သောမြို့များက စိမ်းလန်းသောပတ်ဝန်းကျင်နှင့် တင်းကျပ်သော ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကြောင့် သန့်ရှင်းသောလေထုအရည်အသွေးကို ရနေလို့ ဂုဏ်ယူနေရပါတယ်။ ကမာ္ဘပေါ်က လေအသန့်ဆုံးမြို့တွေအကြောင်းကို IQair website က စာရင်းလုပ်ထားပါတယ်။ ၁၄ ။ ။ ဟိုနိုလူလူ ( အမေရိကန် ) အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့သည် ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံးသောလေထုကို ပိုင်ဆိုင်ခွင့်ရသည့်အတွက် ဂုဏ်ယူရပါတယ်။ ၎င်း၏ ပထဝီဝင်တည်နေရာနှင့် ဟာဝိုင်အီ၏ တင်းကျပ်သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် သန့်ရှင်းသောလေထုကို ဖြစ်ပေါ်စေပါတယ် ။ ၁၃ […]

Shortridge’s langur မျောက်မြီးရှည်

မြန်မာပြည်မြောက်ပိုင်းမှာတွေ့ရတယ် တရုတ်ယူနန်မှာကော့ရှိတယ်လိုသိရတယ်။ သုံးလေးကောင်ကနေ ၁၅ကောင်ထိရှိတဲ့အုပ်တွေ မြင်ဖူးတယ်။ တခါတစ်လေတောထဲတွေ့ရင် အုပ်ထဲက အကြီးဆုံးကောင်က လူတွေကိုကြည့်ပြီ ရန်ရှာမဲ့ အမူအရာနဲ့လုပ်ပြတယ် တခြားကောင်တွေတော့ ပြေးတာပေါ့ လူတွေလာလို့ မရဘူး အရမ်းဝေးတယ်ဆိုရင် ခုလိုပဲ အေးအေးလူလူနဲ့နေတာပဲ လက်ရှိအခြေအနေကတော့ အမဲအလွန်အကျွံ လိုက်ခံနေရတယ် အကောင်သေအစိတ်အပိုင်းတွေကို အမြဲဈေးထဲရောင်းနေတာတွေ့ရတယ် အရှင်ကိုတော့ သိန်းဂဏန်းဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတာတွေ့ရတယ် မျောက်တွေထဲက ဒီမျိုးတော့ မြန်မြန်လေး ရှားလာမဲ့သဘောရှိတယ် ခရီးသွားသူများ သဘာဝနဲ့ တောရိုင်းတိရစ္ဆာန်ချစ်တတ်ပါစေ ဒေသအခေါ် ထန်စူ (ရဝမ်) ဘရန်ရှောင်

နိဂုံးရဲ့ နိဒါန်း

ကျွန်တော်ခင်ဗျားတို့အပေါ်မှာဘယ်လောက်အမှားတွေလုပ်ခဲ့မိလို့လဲဗျာ။ကျွန်တော်ခင်ဗျားတို့အပေါ်မှာဘယ်လောက်အမှားတွေလုပ်ခဲ့မိလို့လဲဗျာ။ ကျွန်တော့ကိုပြစ်ဒါဏ်ပေးသလို လုပ်နေကြတာ များလှပြီလေ။ တော်ကြပါတော့၊ ရပ်တန်းကရပ်ကြပါတော့ဗျာ။ မရပ်ကြရင်ကျွန်တောသေဆုံးတော့မယ်နော။ ကျွန်တော်သာသေဆုံးသွားရင်ခင်ဗျားတို့လဲ သေဆုံးသလိုဖြစ်သွားကြမှာ။ ဟုတ်ပါတယ် ကျွန်တော့ရဲ့ငယ်ဘဝ လို့ဆိုရမဲ့အစောပိုင်းကာလတွေတုံးကတော့ ကျွန်တော်က အားကောင်းမောင်းသန်ဆိုတော့ အရှိန်ပြင်းပြင်းနဲ့တိုးဝှေ့ဖြတ်သန်းလိုက်တာပါပဲ။ လမ်းမှာတွေ့တဲ့အနှောက်အယှက်အတားအဆီးဆိုတာတွေတော့အကုန်လုံးဖယ်ရှားရှင်းလင်းပြစ်ခဲ့တာ။ အဲလိုလုပ်တော့ ထိခိုက်နာကျင်တာလဲနဲနဲပါးပါးတော့ရှိခဲ့မှာပါ။ အလယ်ပိုင်းကာလမှာတော့ကျွန်တော်ဟာအစောပိုင်းကာလလို ဂမူးရှုးထိုးမဖြစ်တော့သလို အတတ်နိုင်ဆုံးလဲ မာန်မာနတွေကိုလျော့ချကာ တည်ငြိမ်စွာနဲ့သယ်ဆောင်ပေးခဲ့ပါတယ်။ နောက်ပိုင်းကာလဆိုတာကတော့အိုမင်းမစွမ်းချိန်လေ။ ဘဝကို သယ်ဆောင်လာသမျှပို့ချရင်းနဲ့ ကုန်ဆုံးရမှာမဟုတ်လား။ ခရီးလမ်းတလျောက်လုံးမှာရယူခဲ့တဲ့အဆီအနှစ်တွေအကုန်လုံး စုပုံပြီးပေးထားခဲ့တာပဲလေ။ ဟုတ်တယ်.. ကျွန်တော်က ”နဒီ”ဆိုတဲ့ ”မြစ်တစင်း” လေ။ ခုတော့ဗျာ ခင်ဗျားတို့ သုံးစွဲလို့ထွက်လာတဲ့အမှိုက်သရိုက်အစုံကိုနေရာအနှံကနေ ကျွန်တော့အပေါ်မှာပြစ်လိုက်ကြတာ ကြည့်လှဲ့ စမ်းပါဦး။ ကျွန်တော်နဲ့သဟာဇာတဖြစ်တဲ့အရာတွေဆိုရင်တော့ အားလုံးအတွက်အသုံးတဲ့အောင်ဆွေးမြေ့စေပြီးသင့်တဲ့နေရာမှာပြန်ထားပေးလို့ရပေမဲ့ ဘယ်လိုမှဖျက်ဆီးမရတဲ့ ပလစတစ်၊ ဖော့၊ပုလင်းခွံအပါအဝင် အမှိုက် ပစ္စည်းစုံကိုတော့ ကျွန်တော်ဖြတ်သန်းလာတဲ့လမ်းတလျောက်မှာတင်ကျန်ရစ်ခဲ့တာကကျန်၊ တင်ကျန်မရစ်ပြန်တော့လဲ အဝေးဆုံးပင်လယ်ထဲထိရောက်ရှိစေရပြန်တယ်။ ဒါတင်လားဆိုတော့မဟုတ်သေးဘူးဗျ ကျွန်တော်သွားလာလမ်းမှာ လမ်းမမှားအောင်ထိမ်းကြောင်းပေးတဲ့ကမ်းပါးတောင်စွယ်တွေကို ရွှေတူးတာဆိုပြီး ရေပန့်အကြီးစားတွေနဲ့ထိုးဖြိုကြလို့ […]

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရာဝယ်

သည်လပိုင်းမှာ ရွှေလက်တစ်ယောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင် ဖြစ်ခဲ့သည်။ သစ်ပင်စိုက်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ စသဖြင့် အမျိုးအစား စုံလင်လှ သည်။ လှုပ်ရှားမှုအားလုံးသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်သည့်အတွက် ရွှေလက်လည်း ပါဝင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရွှေလက်က သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သောကြောင့် ပျက်စီးလာနေသည့် သဘာဝပတ်ဝန်းကျင်ကို မည်ကဲ့သို့ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည်နည်း ဟူသည့် အကြောင်းအရာကို စိတ်ဝင်စားခဲ့သည်။ တတ်နိုင်သမျှ လေ့လာသင်ယူခဲ့သည်။ တတ်သိသလောက် ပြန်လည် မျှဝေခဲ့သည်။ ကြိုဆို အားပေးမှုများနှင့် ကြုံရသကဲ့သို့ ဝေဖန်တိုက်ခိုက် ဆဲဆိုမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့အချိန်အခါသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မဖြစ်မနေ မပျက်မကွက် လုပ်ရတော့မည့် အချိန်အခါ ဖြစ်သည်။ ထို့ကြောင့် ရွှေလက်တို့ […]

ဖတ်ပြီးရင် အပင်စိုက်လို့ရတဲ့ ဂျပန်သတင်းစာ

သတင်းစာဖတ်ပြီးရင် ခင်ဗျားတို့ဘာလုပ်သလဲ ။ တစ်ခုခု ထုတ်ပိုးဖို့ လုပ်ရင်လုပ် ၊ မလုပ်ရင် ကလေးမုန့်ဖိုး အတွက် ရောင်းစားလိုက်ကြတာပဲ မဟုတ်လား ။ ဂျပန်က သတင်းစာတိုက်ပိုင်ရှင်တစ်ယောက်ကတော့ သူ့ရဲ့ သတင်းစာတွေကို အပင်စိုက်လို့ ရအောင် လုပ်ထားပါတယ်။ အကယ်၍ တစ်နေရာရာမှာ မတော်တဆများ မြေကြီးပေါ်ကျခဲ့ရင်တောင် အပင်ပေါက်နိုင်အောင် လုပ်ပြီး ထုတ်ဝေနေပါတယ် ။ The Mainichi Shimbusha လို့ခေါ်တဲ့ သတင်းစာတိုက်ပိုင်ရှင်က အစိမ်းရောင်သတင်းစာလို့ခေါ်တဲ့ တီထွင် ဆန်းသစ်မှု တစ်ခုကို စလိုက်ပါတယ်။ သတင်းစာကို ဖတ်ပြီးလို့မသုံးတော့ဘူး ဆိုရင် အပင်စိုက်လို့ရအောင် သတင်းစာ စာရွက်တွထဲမှာ မျိုးစေ့တွေကို ထည့်ပေးလိုက်တာပါပဲ ။ အဲ့ဒိသတင်းစာကို ၂၀၁၆ မေလ ၄ ရက်နေ့တုန်းက နမူနာအဖြစ် မိတ်ဆက်ပေးဖူးပါတယ်။ သတင်းစာမှာ […]

ဒီအတိုင်းသွားနေလို့ကတော့ ဒီ၁၀နှစ်အတွင်းမှာပဲ အာတိတ်ရေခဲတွေ ကုန်သွားမယ်လို့ ဆိုကုန်ကြပြီ

လက်ရှိကမ္ဘာကြီးက ၎င်းထုတ်လွှတ်နေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို မဖြတ်တောက်နိုင်ဘူးဆိုရင် အာတိတ်ဒေသမှာ ရေခဲတွေကုန်သွားမယ်ဆိုတာက ရှောင်လွဲလို့မရတဲ့ အခြေအနေပဲလို့ ပညာရှင်တွေက ပြောလာပါပြီ ။ ဒါပေမဲ့ သူတို့က ဖန်လုံအိမ်ဓာတ်ငွေ့ကို ဖြတ်တောက်လိုက်ရင်တော့ ပုံမှန်အခြေအနေကို ပြန်ရောက်သွားမယ်လို့ အခိုင်အမာဆိုထားပါတယ်။ အာတိတ်သည် လာမယ့်နှစ်အနည်းငယ်အတွင်း ၎င်းရဲ့ပထမဆုံးသော ရေခဲကင်းစင်တဲ့နေ့ကို တွေ့ကြုံရနိုင် တယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စု Colorado Boulder တက္ကသိုလ်မှ လေ့လာမှုအသစ်တစ်ခုအရ အဲ့ဒိဖြစ်စဉ်က အရင်ကမှန်းထားတာထက် ၁၀ နှစ်စောပြီးရောက်လာတယ်လို့ ဆိုပါတယ်။ သူတို့အဆိုအရ အာတိတ်ဒေသမှာ ရေခဲတွေ လုံးဝကုန်ဆုံးသွားပြီး ရေချည်းသက်သက် ဖြစ်သွားမယ် လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး ။ သက်မှတ်ချက်အရ အာတိတ်သမုဒ္ဒရာအတွင်းမှာ ရေခဲထု စတုရန်းကီလိုမီတာ ၁ သန်း‌ အောက်ကျသွားရင် ရေခဲကင်းစင်တဲ့ ဝင်ရိုးစွန်း […]

သဘာဝပတ်ဝန်းကျင်ရဲ့ အနုပညာအရသာ

ညနေခင်းဝင်ခါနီးနေရောင်ဟာ အုန်းပင်ထိပ်ဖျားက အုန်းလက်တွေ၊ မန်ကျည်းပင်တွေပေါ်ကို ပက်ဖျန်းနေပါတယ်။ အုန်းလက်ပေါ်မှာရော၊ ကျီးကန်းငှက်မဲမဲတွေကို တွေ့မြင်နေရပါတယ်။ အုန်းလက်တွေကြားကိုဖြတ်ပြီး ဝင်လုဆဲနေရောင်ခြည်တွေကိုကြည့်ရင်း တစ်စုံတစ်ရာကိုလွမ်းသလိုလိုခံစားမိပါတယ်။ ကလေးဘဝက ဇာတိရပ်ရွာရှုခင်းတွေကို သတိရမိစိတ်ဖြစ်မိပါတယ်။ ဒီလိုနဲ့ကျနော်ဟာ ကိုယ့်အိမ်ဝင်းထဲက စံပယ်ပင်တွေကို ဆက်ပြီး ငေးနေမိတယ်။ စံပယ်ပင်လေးတွေက အဖူးတွေဖူးနေပြီ။ မနက်ဖြန်မနက်ပွင့်မယ့် အဖူးတွေကတော့ ဖွေးနေပြီပေါ့။ စံပယ်ကိုင်းတွေကြားမှာ စာငှက်ကလေးတွေကိုလည်း တွေ့မြင်ရတယ်။အိမ်နောက်က ကံကော်ပင်ကိုငေးကြည့်တော့လည်း ကံကော်ပင်က အဖူးတွေဖူးစပြုနေပါပြီ။ အပင်က ခြေသလုံးလောက်သာအရပ်ရှိတဲ့ ကံကော်ပင်ပုလေးနှစ်ပင်ကိုလည်းကြည့်မိတယ်။ သူတို့လေးတွေက စိမ်းစိမ်းစိုစိုပါပဲ။ အပွင့်တော့မပွင့်နိုင်ကြဘူး။ စကားဖြူပင်ကတော့ အရွက်တွေဖားဖားကြီးတွေနဲ့စိမ်းလို့။ ခြံဝင်းဟာလည်း ပေါင်းပင်တွေမရှိဘဲ ပြောင်ရှင်းနေပါတယ်။ ဩ… ဒီလိုဝန်းကျင်လေးမှာ နေရာတာ တော်ပါသေးရဲ့လို့ ကိုယ့်ကိုယ်တွေးနေမိပါတယ်။ တကယ်တော့ ကျနော်တို့တွေဟာ သီချင်း၊ ရုပ်ရှင်၊ စာပေ၊ ပန်းချီ စသဖြင့် ဒါတွေရယ်မှ အနုပညာလို့ […]

အဖေ့အိမ် သို့ အလွမ်း

အဖေနေခဲ့ဖူး၍အဖေ့အိမ်ဟု ရေးမိပေမယ့် အဖေရော ကျွန်မတို့ရော ထိုအိမ်က ထွက်ခွာလာခဲ့သည်က ကြာချေပြီ။အဖေတို့မှာမောင်နှမတွေအများကြီးရှိသည်။ထိုမောင်နှမတွေက မွေးထားသော သားသမီး မြေး မြစ်တွေက လည်း များပါသည်။ အဖေသည် ထိုအိမ်က ထွက်လာပြီးနောက်ပိုင်း လယ်လုပ်ချိန်၊ကိုင်းလုပ်ချိန်ဆိုလျှင်တော့ မိဘ အိမ်ပြန်ပြီး ကူညီတတ်သည်။အဖေ ထိုအိမ်ပြန်သွားချိန် ၊ ကျွန်မ ကျောင်းပိတ်ရက်များနှင့် တိုက်ဆိုင်လျှင်တော့ ကျွန်မ သည် အဖေ့ ထံလိုက်သွားတတ်သည်။ တစ်ခါတရံ နှစ်ထပ်သင်္ဘောလေးနှင့်၊ တစ်ခါတရံ မော်တော်ဘုတ်လေး နှင့် ကျွန်မ သည် လူကြုံ အမျိုးများဖြင့် လိုက်သွားတတ်သည်။ အဖေတို့အိမ်ရှေ့မှာ ရေထည့်သည့် အုတ်ကန်အကြီးကြီးရှိသည်။အုတ်ကန်ဘေးမှာ အိမ်ကို ပတ်ပြီး ကွန်ကရစ် ရေမြောင်း တွေဖော်ထားသည်။အဖိုးနှင့်အဖွားကလည်း လယ်ဧကတွေများစွာပိုင်ဆိုင်ပြီး ချမ်းသာကြွယ်ဝပါသည်။အိမ်ကတော့ ရိုးရိုးနှစ်ထပ် ပျဥ်ထောင် အိမ်ပင်ဖြစ်သည်။ အိမ်နောက်မှာ စပါးစေ့ ၊ […]

ဖင်လန်နိုင်ငံက သဲဘတ်ထရီ အကြီးကြီးတစ်ခုကို စမ်းသပ်တီထွင်

ဖင်လန်နိုင်ငံတောင်ပိုင်း ပေါ်နိုင်နမ်မြို့တွင် စက်မှုလုပ်ငန်းသုံးလို့ရတဲ့ လျှပ်စစ် သိုလှောင်မှုစနစ်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး သဲဘက်ထရီ တစ်လုံးကို စမ်းသက်တီထွင်မှုပြုနေပါတယ် ။ အဲ့ဒိဘတ်ထရီက နေရောင်ခြည်နှင့် လေအရင်းအမြစ်များမှ အပူစွမ်းအင် 100 MWh ကို သိုလှောင်ထားနိုင်ခြင်းကြောင့် ဒေသခံများအတွက် အပူပေးလို့ကုန်ကျနေတဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို ၇၀ ရာခိုင်နှုန်း နီးပါးလျှော့ချပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ၎င်းတို့၏ ခရိုင်အပူပေးကွန်ရက်မှ ဆီများကို ဖယ်ရှားနိုင်ကာ ဓာတ်ငွေ့ထုတ်လွှတ်မှု 70 ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ “Pornainen ရဲ့ခရိုင် အပူကွန်ရက် ထဲကို အဲ့ဒိဘတ်ထရီကလာတဲ့ အပူကို အဓိကထုတ်လုပ်ပေးတဲ့ စက်ရုံတစ်ခု အဖြစ် လုပ်ဆောင်မှာမို့လို့ အကြီးစား အပူစွမ်းအင် သိုလှောင်မှုကို တည်ဆောက်ရခြင်းက စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ” လို့ ဆန်းသစ်တီထွင်မှု နောက်ကွယ်ရှိ […]

လက်ဖက်ခြောက်ထုတ် ၊ အသင့်စားနဲ့ ဟော့‌ဒေါ့တွေမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ အများကြီးပါတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပြီ

အမေရိကန်နိုင်ငံ ကတ်ခ်ဆေးကျောင်းက ပတ်ဝန်းကျင်ကျန်းမာရေး ဌာနမှာ ဒေါက်တာဘွဲ့စာတမ်းတင်နေတဲ့ ဟေးလေးဟမ်ဆင် ဆိုသူရဲ့စာတမ်းပါ အချက်အလက်အရ အသင့်စား အစားအသောက်တွေကို ထုတ်ပိုးတဲ့ ပစ္စည်းတွေ ၊ လက်ဖက်ခြောက်အထုတ်လေးတွေ နဲ့ ဟော့‌ဒေါ့လို စားသောက်ကုန်တွေမှာ သွေးထဲမှာ မပျော်သွားဘဲ ခန္တာကိုယ်တွင်း တစ်နေရာရာမှာ အနည်ကျသွားစေပြီး ကင်ဆာရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ ဖော်အဲဗားဓာတုပစ္စည်း ( PFAS ) တွေ ပါဝင်မှုမြင့်မားတယ်လို့ သိရပါတယ်။ သူမနဲ့ အဖော်သုတေသီများက လူတွေရဲ့ အစားအသောက်များက အချိန်ကြာလာသည်နှင့်အမျှ သူတို့ရဲ့ သွေးထဲတွင် ထာဝရဓာတုပစ္စည်းများပါဝင်မှုနှုန်းနဲ့ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို ဆန်းစစ်ရန် ပထမဆုံး လေ့လာမှုဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်၊ အားကစားသမားတွေသောက်တဲ့ နို့အချိုရည်များ၊ လက်ဖက်ရည် နဲ့ ရေနွေးကြမ်း ကဲ့သို့သော အချို့သော အစားအစာများနဲ့ အဖျော်ယမကာများကို […]

Page 2 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19